(၁) နိဒါန်း

“သူတို့က တွေ့တဲ့သူတိုင်းကို ဒီလိုမျိုးသာလိုက်ပစ်သတ်နေမယ်ဆိုရင်တော့ ရွာသားတွေတစ်ယောက်မှရှိတော့မှာမဟုတ်ဘူး။” 

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော်နွဲ့ကျေးရွာအုပ်စု၊ ဝ---ကျေးရွာမှ အသက် (၅၁)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောန---၏သက်သေခံချက်[1]

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်[2] အချိန်မှစ၍ ကရင် ပြည်နယ်ရှိ လူ့အခွင့်အရေးနှင့်လုံခြုံရေးအခြေအနေသည် ပိုမိုဆိုးရွားလာခဲ့သည်။ ကရင်ပြည်နယ်ဒေသအတွင်းနိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)[3]မှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော အစီ ရင်ခံစာများ ပို၍တင်ပြလာခဲ့သည်။ SAC မှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု၊ အရပ်သားများအား အဓမ္မဖမ်းဆီးခြင်း၊ ညှဥ်းပမ်းနှိပ်စက်ခြင်း၊ ပိုင်ဆိုင်မှုများအားမီးရှို့ဖျက်ဆီးခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြတ်တောက်ခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် KHRG ၏ လှုပ်ရားရာနယ်မြေဖြစ်သော ခရိုင် (၇) ခုစလုံးတွင် အရပ်သားများအားသတ်ဖြတ်သည့်သတင်းအ ကြောင်းအရာများကိုလည်း KHRG မှ ပုံမှန်လက်ခံရရှိသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလအ တွင်း  အရပ်သားများသတ်ဖြတ်ခံရသည့်ဖြစ်စဉ် အနည်း ဆုံး (၄၅) မှု ဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုဖြစ်စဉ်များထဲမှ (၂၂) ခုသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလအကြား လွန်ခဲ့သည့်လအနည်းငယ်အတွင်းဖြစ်ပွားခဲ့သည်။ အမှန်တကယ်တွင် အရပ်သားများ အသတ်ခံရသည့်ဖြစ်စဉ်အရေအတွက်သည် အထက်ကဖော်ပြခဲ့သည့်အရေအတွက်ထက် ပို၍များနိုင်ပါသည်။

ဤအနှစ်ချုပ်စာတမ်းတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ကရင်ပြည်နယ်တစ်ဝှမ်းလုံးရှိ လက်နက်ကိုင်တပ်ဖွဲ့များမှ အရပ်သားများသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် (၁၄) ခုကို သုံးသပ်တင်ပြထားပြီး ရွာသားများ၏ လုံခြုံရေးနှင့်စားဝတ်နေရေးကို ထိခိုက်စေသည့်ဆိုးကျိုးသက်ရောက်မှုများကိုလည်း မီးမောင်းထိုးဖော်ပြထား သည်။ ဤအနှစ်ချုပ်စာတမ်းအတွက်သုံးသပ်လေ့လာထား သော အရပ်သားများသတ်ဖြတ်သည့် ဖြစ်စဉ် (၁၄) ခု အ နက် ဖြစ်စဉ် (၁၁) ခုကို SAC နှင့် ၎င်းတို့၏ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ကျူးလွန်ခဲ့ပြီး အခြားဖြစ်စဉ် (၃) ခုကိုဒေသခံလက်နက်ကိုင်တပ်ဖွဲ့များမှ ကျုးလွန်ခဲ့ခြင်းဖြစ်သည်။ မြန် မာပြည်အရှေ့တောင်ပိုင်းရှိ မလုံခြုံသည့်အခြေအနေများနှင့်ဆိုင်သော လေ့လာသုံးသပ်ချက်နှင့် နောက်ခံသမိုင်းကို ဤအနှစ်ချုပ်စာတမ်းတွင် အကျုဉ်းချုပ်ဖော်ပြထားသည်။ ထို့အပြင် ရွာသားများမှ ခရီးသွားလာနေစဉ်အတွင်း စစ် သားများနှင့်တွေ့ဆုံချိန်တွင် အသတ်ခံရသည့်ပုံစံများနှင့် သက်သေအထောက်အထားများကိုလည်း ဖော်ပြထား သည်။ ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် ဥပဒေရေးရာသုံးသပ်လေ့လာချက်များအပါအဝင် KHRG အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်နာဆောင်ရွက်ရန်အ တွက်မူဝါဒအကြံပြုချက်များကိုလည်း ဤအနှစ်ချုပ်စာ တမ်း၏အဆုံးတွင် ထည့်သွင်းဖော်ပြထားပါသည်။ 

(၂) ခြုံငုံသုံးသပ်ချက် - ဆယ်စုနှစ်ကြာလူ့အခွင့်အရေးချိုးဖောက်မှုများ ၂၀၂၁ မှစ၍ အသစ်တဖန်ဖြစ်ပွား

၂၀၂၁ ခုနှစ်တွင် SAC မှ ဦးဆောင်သော အာဏာသိမ်းမှုကြောင့် မြန်မာပြည်တစ်ဝှမ်းလုံးတွင် စစ်အစိုးရကိုဆန့် ကျင်ပြီး ဒီမိုကရေစီလိုလားသောလူထုဆန္ဒပြပွဲများ တစ် ရှိန်ထိုးဖြစ်ပေါ်လာခဲ့သည်။ စစ်အစိုးရကို ဆန့်ကျင်သည့်လူထုဆန္ဒပြပွဲများကို နွေဦးတော်လှန်ရေးဟုလည်း လူသိများကြသည်။ ထိုသို့ ဆန္ဒပြပွဲများဖြစ်ပေါ်လာပြီးနောက် မြန်မာပြည်အနှံ့အပြားတွင် မြန်မာစစ်တပ်နှင့်ဒေသခံတိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြားတိုက်ပွဲများပြင်း ထန်လာပြီး ပြည်တွင်းစစ်မီးပျံ့နှံ့လာခဲ့သည်။ အစောပိုင်းကာလတွင် ဒီမိုကရေစီရေးငြိမ်းချမ်းစွာဆန္ဒပြမှုနှင့် အာ ဏာဖီဆန်ရေးအကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) များ သည် အထူးသဖြင့်ရန်ကုန်မြို့ စသည့်မြို့ကြီးများတွင် စ တင်ဖြစ်ပေါ်ခဲ့သည်။ အရပ်သားအစိုးရအား ပြန်လည်ထူ ထောင်ရန်ရည်ရွယ်ချက်ဖြင့် ဤသို့လုပ်ရှားမှုများကိုစတင် ခဲ့ခြင်းဖြစ်သည်။  မြန်မာစစ်တပ်မှ ငြိမ်းချမ်းစွာဆန္ဒပြသူ များကို အကြမ်းဖက်သည့်နည်းလမ်းဖြင့် တုံ့ပြန်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)[4] ၏သတင်းထုတ်ပြန်ချက်အရ အာဏာသိမ်းမှုဖြစ် ပွားပြီးချိန်မှစ၍ စစ်အစိုးရမှ ဒီမိုကရေစီလှုပ်ရှားမှုတွင်ပါ ဝင်ခဲ့သော အရပ်သားပြည်သူအနည်းဆုံး (၃၅၂၀) ဦးကို သတ်ဖြတ်ခဲ့သည်။ လက်တွေ့တွင် AAPP မှ ထုတ်ပြန်ထားသော အသတ်ခံရသည့်ပြည်သူများ၏ အရေအတွက်ထက် ပိုများနိုင်ဖွယ်ရှိသည်။ အာဏာသိမ်းမှုအား ဆန့်ကျင်သည့်လှုပ်ရှားမှုများကို ထောက်ခံအားပေးသူများ၊ အထူးသဖြင့် CDM တွင်ပါဝင်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)[5] အဖွဲ့ဝင်များသည် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေသို့ ထွက် ပြေးတိမ်းရှောင်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် အစောပိုင်းကာလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) သည်  စစ်အစိုးရအား ထောက်ခံမှုမရှိကြောင်းနှင့် ၎င်းတို့ထိန်းချုပ်နယ်မြေထဲတွင် လုံခြုံမှုအတွက်လာရောက်ခိုလုံမှုရှာဖွေကြသည့် အရပ်သားပြည်သူများအား လုံးကိုကာကွယ်ပေးပြီး ကူညီသွားမည်ဟု  ၎င်း၏ရပ်တည် ချက်ကို ထုတ်ပြန်ခဲ့သည်။[6]

သို့သော်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိလူ့အခွင့်အ ရေးချိုးဖောက်မှုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းမဟုတ်ခဲ့ပါ။ အဆိုပါလူ့အခွင့် အရေးချိုးဖောက်မှုများသည် ၁၉၆၀ ခုနှစ်ဝန်းကျင်တွင် မြန်မာစစ်တပ်မှချမှတ်ခဲ့သော စစ်ရေးဆိုင်ရာမူဝါဒများနှင့် ဆက်စပ်မှုရှိသည်။ ယခင်က ကျူးလွန်ခဲ့သည့်လူ့အခွင့်အ ရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်ခေါင်းဆောင်များအား အရေးယူအပြစ်ပေးခြင်းမရှိခဲ့ပါ။ အဆိုပါစစ်ရေးဆိုင်ရာမူဝါဒများထဲမှ “ဖြတ်လေးဖြတ်” မဟာဗျူဟာသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပြီး တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသခံလူထုအ ကြားရှိ ဆက်နွယ်ချိတ်ဆက်မှုကိုဖျက်ဆီးရန်ဖြစ်သည်။ ထိုဆက်နွယ်ချိတ်ဆက်မှုကိုဖျက်ဆီးရာတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအတွက် စားနပ်ရိက္ခာများ၊ ငွေ ကြေးထောက်ပံ့မှုများ၊ သတင်းအချက်အလက်များနှင့်တပ် သားစုဆောင်းမှုများ ဖြတ်တောက်ခြင်းကို ဆိုလိုခြင်းဖြစ် သည်။ တိုင်းရင်းသားဒေသများတွင်လည်း မြန်မာစစ်တပ်မှ  တွေ့လျှင်ပစ်သတ်သည့်မူဝါဒများကို ချမှတ်၍ကျင့်သုံးခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်း (၇၀) ကျော်အတွင်း မြန်မာစစ်တပ်မှ ထိုကဲ့သို့ မူဝါဒများအား ကျင့်သုံးခြင်းကြောင့် မရေမတွက်နိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ် ပွားခဲ့ပြီး အရပ်သားပြည်သူများကြားတွင် ကြောက်ရွံ့မှုများဖြစ်ပေါ်စေခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဘားအံခရိုင်မှ အ သက် (၂၇) နှစ်အရွယ် ရွာသူအမျိုးသမီး တစ်ဦးဖြစ်သူ နော်ပ---မှ KHRG အား ဤသို့ပြောပြခဲ့သည်။ 

“အခုချိန်ထိ ကျွန်မကြောက်နေတုန်းပဲ။ နဝတ  (မြန်မာစစ်တပ်) စစ်သားတွေကို  နောက်တစ်ခါ ကျွန်မဘယ်တော့မှမမြင်ချင်တော့ဘူး။ ကျွန်မတို့မပြေးရင် သူတို့ကသေနတ်နဲ့ပစ်တယ်။ ကျွန် မတို့ပြေးပြန်တော့လည်း သူတို့ကပစ်တာပါပဲ။ စစ်သားတွေကပြောတယ် ‘ထွက်မပြေးနဲ့’ တဲ့။ ဒါပေမဲ့ကျမတို့ကို ပစ်တာပါပဲ။ ဒါကြောင့်ကျွန်မတို့လည်း လွတ်ရာပြေးရတာပဲ။” [7]

ထိုကဲ့သို့ထိတ်လန့်ကြောက်ရွံ့မှုနှင့် အကြမ်းဖက်မှုသည့်အ ခြေအနေအောက်တွင် ဗမာ့တပ်မတော် စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံသည့်မည်သူမဆို အသတ်ခံရနိုင်သည်။ ထို့ကြောင့် အရပ်သားများအနေဖြင့် ၎င်းတို့၏အသက်အန္တ ရာယ်အတွက် အမြဲတမ်းကြောက်ရွံ့၍ အသက်ရှင်နေထိုင်ခဲ့ရသည်။ နှစ်ပေါင်း (၃၀) ကြာပြီးနောက် အထူးသဖြင့် ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာစစ်တပ်သည် အတိတ်ကပုံစံများအတိုင်း ရွာသားများကို တွေ့လျှင် သေနတ်ဖြင့် ဆက်လက်ပစ်ခတ်သောကြောင့် အရပ်သားများ အသတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ တဖန်ပြန်လည်ဖြစ်ပေါ်လာခဲ့ပြန်သည်။

(၃) ဖြစ်စဉ်များ အကျဉ်းချုပ် - အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း

ဤအခန်းတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ SAC မှ KHRG ၏လှုပ်ရှားရာနယ်မြေအတွင်းရှိ အရပ်သားများအား သတ်ဖြတ်သည့်ဖြစ်စဉ်များကို ဖော်ပြထားသည်။ ထိုဖြစ်စဉ်များနှင့်သက်ဆိုင်သော သတင်းအ ချက်အလက်များကို KHRG မှ မှတ်တမ်းတင်ပြုစုခဲ့သည်။ အရပ်သားများအား သတ်ဖြတ်သည့်ဖြစ်စဉ်များကို ပုံစံသုံးမျိုးနှင့် ခွဲခြားတင်ပြထားသည်။ KHRG ၏သတင်းအချက် အလက်များအရ ပထမပုံစံတစ်ခုမှာ မြန်မာစစ်တပ်မှ ရွာ သားများအား တွေ့လျှင်ပစ်သတ်ခြင်းဖြစ်သည်။ ဒုတိယပုံစံမှာ ထွက်ပြေးတိမ်းရှောင်နေသောရွာသားများကို လိုက်လံဖမ်းဆီး၍ သတ်ဖြတ်ခြင်းဖြစ်သည်။ တတိယပုံစံမှာ ၎င်းတို့တွေ့ရှိသည့် အရပ်သားပြည်သူများကို ခေါ်ယူဖမ်းဆီးပြီးနောက် ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများပြု လုပ်ခဲ့သည်။ ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှ အရပ်သားများကို သတ်ဖြတ်သည့်ဖြစ်စဉ်များကိုလည်း KHRG မှ သတင်းလက်ခံရရှိခဲ့သည်။ 

(က) “တွေ့လျှင်ပစ်” မူဝါဒ

၂၀၂၁ ခုနှစ်အာဏာသိမ်းသည့်အချိန်မှစ၍ မြန်မာပြည်အ ရှေ့တောင်ပိုင်းရှိ ရွာသားများသည် ခရီးသွားလာနေသည့်အချိန်တွင် SAC စစ်သားများ၏ပစ်မှတ်ထားခြင်းခံရလျက်ရှိသည်။ ဤအနှစ်ချုပ်စာတမ်း၏ လေ့လာသုံးသပ်ချက်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း KHRG မှ လက်ခံရရှိသော ရွာသားများအားသတ် ဖြတ်သည့်ဖြစ်စဉ် (၁၄) ခုအနက် (၆) ခုသည် အမျိုးသားရွာ သားများကို တွေ့လျှင်ပစ်သတ်ခဲ့သော ဖြစ်စဉ်များဖြစ် သည်။ အဆိုပါရွာသားများသည် ၎င်းတို့မိသားစုများ၏စားဝတ်နေရေးအတွက် အလုပ်ထဲသို့ သွားလာသည့်အချိန်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ရွာသားများအား တွေ့လျှင်ပစ်သတ်ခဲ့သော ဖြစ်စဉ်များကိုကြည့်မည်ဆိုပါက ဒူးသထူခရိုင်တွင် ၁ ခု၊ တောအူးခရိုင်တွင် ၁ ခု၊ ခလယ်လွီထူခရိုင်တွင် ၁ ခု၊ မူတြော်ခရိုင်တွင် ၁ ခုနှင့် ဒူးပလာယာခရိုင်တွင် ၂ ခုဖြစ်ပွားခဲ့သည်။

ပထမဖြစ်စဉ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၌ ဘီးလင်းမြို့တွင်အခြေစိုက်သည့် ဒုတပ်ကြပ်မိုးဇော် ဦး ဆောင်သော ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၈)မှ SAC စစ်သား (၁၀) ဦးသည် ဒူးသထူခရိုင်၊ သထူးမြို့နယ်၊ ဒေါယာကျေးရွာအုပ်စု၊ ဇ---ကျေးရွာရှိလမ်းဘေးတစ်နေရာတွင်ကင်းလှည့်နေခဲ့သည်။ မနက် ၁၁:၃၀ မိနစ်ဝန်းကျင်တွင် အသက် (၁၈) နှစ်အရွယ်ရှိသည့် ရွာသားနှစ်ဦးသည် ရွာထဲရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ခြေလျင်ဖြင့်အ လုပ်သွားနေစဉ်အတွင်း ကင်းလှည့်နေသည့် SAC စစ်သားများနှင့်ထပ်တိုက်ဆုံတွေ့ခဲ့သည်။ ခလရ (၈)မှ SAC စစ် သားများသည် ထိုရွာသားနှစ်ဦးကိုတွေ့သွားပြီး လမ်းပေါ်တွင်ပစ်သတ်ခဲ့သည်။[8]

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် (၇) နာရီဝန်း ကျင်တွင် သံတောင်မြောက်ပိုင်းအေးချမ်းရေးအဖွဲ့ သည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဘောစောလော်ဒေသ၊ အ---ကျေးရွာအနီးရှိ ထုံးဘိုကြီးတပ်စခန်းတွင် အခြေစိုက်နေထိုင်သည့် SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၁၃)အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆို ပါတိုက်ပွဲဖြစ်ပွားပြီးနောက် တစ်နာရီခန့်အကြာ မနက် ၈း၃၀ မိနစ်ဝန်းကျင်တွင် လိပ်သိုမြို့တွင် နေထိုင်သည့် စောအောင်သူရသန်းသည် နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုမှုအတွက်ပြင်ဆင်ရန် ၎င်း၏မိသားများအတွက် တောင် ငူမြို့သို့ ဆိုင်ကယ်ဖြင့် စားစရာများသွားရောက်ဝယ်ယူခဲ့ပါ သည်။ စောအောင်သူရသန်းသည် အခင်းဖြစ်ပွားသည့်နေ့မနက်ပိုင်းတွင် ထုံးဘိုကြီးတပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အကြောင်းကို မသိရှိခဲ့ရပေ။ ဆိုင်ကယ်ဖြင့်မောင်းလာသည့်လမ်းတွင်ထုံးဘိုကြီးတပ်စခန်းအရှေ့တွင်ရှိသော SAC စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။ စောအောင်သူရသန်းမှ ထိုစစ်ဆေးရေးဂိတ်အနားမရောက်ခင်တွင် SAC စစ်သားများသည် စစ်ဆေးရေးဂိတ်အနီးတစ်နေ ရာတွင်ပုန်းနေခဲ့သည်။ စောအောင်သူရသန်းသည် ထိုစစ် ဆေးရေးဂိတ်ကိုဖြတ်ကျော်ပြီးနောက် SAC စစ်သားများမှ ၎င်း၏နောက်ကျောအား ပစ်ခတ်ခဲ့ခြင်းမှ သေဆုံးခဲ့ရကြောင်း အခင်းဖြစ်ပွားသည့်ဖြစ်စဉ်ကို မြင်တွေ့ခဲ့သောရွာ သားများ မှပြောပြခဲ့သည်။ သေဆုံးသူရွာသား၏မိသားစုသည် မည်သည့်လျော်ကြေးမှမရရှိသည့်အပြင် ထိုကိစ္စနှင့် ပတ်သတ်၍ SAC မှ စောအောင်သူရသန်း၏ရုပ်အလောင်းနှင့် ဆိုင်ကယ်ကိုပြန်လည်ရယူရန်အတွက် ငွေပေးဆောင်ရမည်ဟု  ၎င်းမိသားစုအားပြောကြားခဲ့သည်။[9]

ဒူးပလာယာခရိုင်တွင်လည်း ထိုကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ မနက် (၁၀) နာရီ အချိန်တွင် ကော်တရီမြို့နယ်၊ အံဖကြီးကျေးရွာအုပ်စု၊ ခဘ---ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ယာယီအခြေ စိုက်သည့် SAC စစ်သားများသည် ကော့ကရိတ်မြို့သို့ ခရီး သွားလာနေသော ရွာသားတစ်ဦးကို ပစ်သတ်ခဲ့သည်။[10] အခင်းဖြစ်ပွားသည့်နေရာသည် ထိုဘုန်းကြီးကျောင်းဘေးနားတွင်ဖြစ်သည်။ အလားတူဖြစ်စဉ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မနက် (၁၁)နာရီတွင် SAC ခလရ (၃၂)မှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့လမ်းမပေါ်တွင် အသက် (၂၈) နှစ်အရွယ် မွတ်စလင်လူမျိုးဖြစ်သူ က---ကို ပစ်သတ်ခဲ့သည်။ က---သည် ထိုင်းနိုင်ငံ၊ တပ်(ခ်)ခရိုင်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးဖြစ် သည်။ သို့သော်လည်း ဧပြီလ ၂၄ ရက်နေ့ မနက် (၈) နာရီခန့်တွင် က---သည် နို့ဖိုးဒုက္ခသည်စခန်းမှ ထွက်ခွာလာပြီး ကြာအင်းဆိပ်ကြီးမြို့သို့ သွားလည်သည့်အချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။[11]

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်း၌ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ တခေါပွာကျေးရွာအုပ်စု၊ စ---ကျေးရွာရှိ ရ---နေရာတွင် SAC နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကြားတိုက်ပွဲဖြစ်ပွားပြီး နောက် (တပ်ရင်းအမှတ်မသိရသည့်) SAC တပ် ဖွဲ့သည် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သည်။ ထိုအမျိုး သမီးသည် ဖျားနာနေပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် အဝေးသို့မပြေးနိုင်ခဲ့ပေ။ ထို့ကြောင့် SAC စစ်သားများက သူမကိုတွေ့ရှိသွားပြီး ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ သူမကိုပစ်သတ်ခဲ့ပြီးနောက် SAC စစ်သားများသည် သူမ၏ပိုက်ဆံနှင့်လက်ဝတ်ရတနာများကိုလည်း လုယူခဲ့သည်။[12]

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စောမူပလော ကျေးရွာအုပ်စု၊ ဖါ့ဝေါ်လိုးတပ်စခန်းတွင် အခြေစိုက်သည့် SAC ခလရ (၃၄၉)မှ စစ်သားများသည် စောမူပလောကျေး ရွာအုပ်စု၊ ပ---ကျေးရွာတွင်နေထိုင်သည့် စောဝ---နှင့် စောဟ---တို့အား သေနတ်ဖြင့်ပစ်ခဲ့သည်။ ထိုရွာသားနှစ်ဦးသည် အ---နေရာဖြစ်သည့်တောထဲတွင် အမဲထွက်လိုက်ပြီးနောက် အိမ်သို့ပြန်လာသည့်အချိန်တွင် SAC စစ်သားများမှ ၎င်းတို့အားပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်ကျည်ဆံနှစ်ခုသည် စောဝ---၏ဦးခေါင်းကိုထိမှန်ပြီး ပွင့်ထွက်သွား၍ ထိုနေရာတွင်သေဆုံးခဲ့သည်။ သို့သော်လည်း စောဟ---သည် SAC ၏ပစ်ခတ်မှုများကို ကြောက်ရွံ့သဖြင့် ချုံကြားတွင်ဝင်ပုန်း၍ ဝပ်တွားနေခဲ့သည်။ SAC စစ်သားများ သည် စောဟ---အားပစ်ခတ်ခဲ့ပြန်သည်။ သို့သော်လည်း စောဟ---ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ နောက်နေ့မ နက်ပိုင်းတွင် ပ---ရွာသားများသည် အခင်းဖြစ်ပွားသည့်နေရာသို့ရောက်ရှိလာပြီး စောဝ---၏ရုပ်အလောင်းကို ပ---ရွာသားများ စစ်ရှောင်သည့်နေရာဖြစ်သည့် န---နေရာတွင် ပြန်သယ်ဆောင်လာခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်၍ စောဟ---မှ ယခုလိုပြောပြခဲ့သည်။

“ကျွန်တော်သေနတ်သံကိုကြားတဲ့အချိန်မှာ သူ့ကို (စောဝ---) သေနတ်ထိမှန်ပြီး သူက ကျွန်တော့်ဘေးနားမှာ လဲနေပြီး။ သူက ကျွန်တော့်ရဲ့ရင်ဘတ်မှာလဲနေပြီး သွေးတွေလည်းထွက်နေတယ်။ ကျွန်တော်သူ့ကို ကြည့်လိုက်တော့ သူအသက်မရှိတော့ဘူး။ ကျွန်တော်လည်း ချုံ ပုတ်တွေကြားမှာ ပုန်းပြီးတွားသွားနေရတယ်။ SAC စစ်သားတွေကတော့ ကျွန်တော့်နောက်ကိုလိုက်လာတယ်။ ချုံပုတ်တွေကအရမ်းထူတော့ကျွန်တော်လည်း ချက်ချင်းမပြေးနိုင်ဘူး။ ကျွန်တော်လည်း ချုံပုတ်တွေကြားကနေ တစ်ဖြေးဖြေးရုန်းထွက်လာတယ်။ (…) အဲဒီနောက် SAC စစ်သားတွေက သေနတ်ပစ်တာကိုရပ်လိုက်တယ်။ ပြီးတော့ သူတို့ကနောက်ထပ် တစ်ကြိမ်ပစ်ခတ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော်လည်း ချောင်းထဲကို ပြေးသွားပြီး တောင်ပေါ်ကိုတက်လာခဲ့တယ်။” [13]

အထက်တွင်ဖော်ပြသည့်ဖြစ်စဉ်များတွင် SAC မှ ရွာသားများအား တွေ့လျှင်ပစ်သတ်သည့် လုပ်ရပ်များဖြစ်သည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင်ခရီးသွားလာနေသည့်ရွာသားများကို ရန်လိုနေသောအပြုအမူဖြင့်ပစ်ခတ်ကြသောကြောင့် ရွာ သားများသည် အသက်အန္တရာယ်ရှိသည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်။ ရွာသားများသည် လမ်းပေါ်တွင် SAC စစ်သားများအားတွေ့လျှင် ထွက်ပြေးနေရသည့်အခြေအ နေတွင်ရှိသည်။ သို့သော်လည်း SAC စစ်သားများသည် ထွက်ပြေးနေသည့်ရွာသားများကိုပစ်သတ်ရန် လက်မတွန့် ဆုတ်ကြပေ။

(ခ) ထွက်ပြေးသည့်ရွာသားများကို သေနတ်ဖြင့်ပစ်ခတ်ခြင်း

အထက်တွင်ဖော်ပြသည့်အတိုင်း SAC စစ်သားများသည် ရွာသားများကိုတွေ့လျှင်ပစ်သတ်လေ့ရှိသည်။ ထို့ကြောင့် ရွာသားများသည်  SAC စစ်သားများကို တွေ့လျှင် အမြန်ဆုံးထွက်ပြေးကြရသည်။ အကြောင်းမှာ SAC မှ ၎င်းတို့အား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဥ်းပမ်းနှိပ်စက်ခြင်း၊ အဓမ္မပျောက်ဆုံးစေခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ကြောက်ရွံ့နေသောကြောင့်ဖြစ်သည်။ ထွက်ပြေးရန်သာရွေးချယ်ရသည့်ရွာသားများသည် အသက်အန္တရာယ်ရှိသော်လည်း တစ်ခါတစ်ရံတွင် ဤရွေးချယ်မှုသည် အသက်ဘေးမှ လွတ်မြောက်ရန်အရေးကြီးသည်။ ထို့အတွက်ကြောင့် ရွာ သားအများအပြားသည် SAC စစ်သားများကိုတွေ့သည့်အ ခါတွင် ထွက်ပြေးကြရကြောင်း KHRG အား တင်ပြလေ့ရှိသည်။ ဥပမာဆိုလျှင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဝါးမာကျေးရွာတွင်အခြေစိုက်သည့် SAC စစ်သားများ သည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ဝါးမာကျေးရွာ အုပ်စု၊ ဝါးမာခီးကျေးရွာသို့ ခရီးသွားခဲ့သည်။ SAC စစ်သားများသည် ဝါးမာခီးကျေးရွာသို့ ရောက်ရှိသည့်အခါတွင် ရွာ သားများ၏အိမ်တံခါးများကိုဖျက်ဆီးပြီး အိမ်ထဲသို့ဝင်လာ ၍ ရွာသားများပိုင်ဆိုင်သည့်တန်ဖိုးရှိပစ္စည်းများကို ရှာဖွေခဲ့ ကြသည်။ ရွာသားများမွေးမြူသည့် ကြက်များကိုလည်း လု ယူခဲ့သည်။ ထိုနေ့တွင် ဝါးမာကျေးရွာအုပ်စု၊ တ---ကျေးရွာတွင် KNLA နှင့် SAC တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ခရီးသွားလာနေသည့်ရွာသားနှစ်ဦးသည် SAC စစ်သားများကို လမ်းပေါ်တွင်ထိပ်တိုက်တွေ့ခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ထိုရွာသားနှစ်ဦးအား ရပ်ရန်အမိန့်ပေးခဲ့သည်။ သို့သော်လည်း ရွာ သားများသည်မရပ်ခဲ့ပေ။ ထို့ကြောင့် SAC စစ်သားများ သည် ထိုရွာသားနှစ်ဦးအား ပစ်ခတ်၍ဖမ်းဆီးခဲ့သည်။ ထိုရွာသားနှစ်ဦးကို SAC မှ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့သည်ဟု ဒေသခံရွာသားများကယူဆကြသည်။[14]

အလားတူဖြစ်စဉ်မျိုးလည်း ခလယ်လွီထူခရိုင်တွင် ဖြစ်ပွားခဲ့သည်။၂၀၂၃ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် SAC တပ်မ (၇၇)၊ ခလရ (၅၉၈)နှင့် (၅၈၉) ပူးပေါင်းတပ်ဖွဲ့များသည် KNU အုပ်ချုပ်သည့် ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်ရှိကျေးရွာအုပ်စုလေးအုပ်စုသို့ ချီတက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ မနက် (၁၀) နာရီခန့်တွင် SAC တပ်ဖွဲ့များသည် ဘဘ---ကျေးရွာသို့ ဝင်ရောက်လာပြီး လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးဖြင့် ခရီးသွားလာနေသည့် ရွာသားသုံးဦးကို တွေ့ရှိသွားခဲ့သည်။  ထိုရွာသားများသည် စစ်ပြေးရှောင်စခန်းမှ ၎င်းတို့ရွာသို့ပြန်လာပြီး KNLA အ တွက် တစ်ချို့စားစရာများပြန်လာယူနေခြင်းဖြစ်သည်။ ထိုရွာသားများသည် SAC စစ်သားများကိုတွေ့ရှိသည့်အချိန်တွင် ဆိုင်ကယ်ကိုချက်ချင်းရပ်ပြီး ထွက်ပြေးခဲ့သည်။ SAC စစ်သားများသည် ထွက်ပြေးနေသော ထိုရွာသားများကိုပစ်ခတ်ခဲ့သည်။ ထိုရွာသားသုံးဦးအနက် စောလ---သည် သေနတ်ကျည်ဆံထိမှန်ခဲ့ပြီး အခြားရွာသားနှစ်ဦးမှာ ထွက် ပြေးလွတ်မြောက်ခဲ့သည်။ လွတ်မြောက်လာသည့်ရွာသားနှစ်ဦး၏ ပြောပြချက်အရ စောလ---သည် သေနတ်ထိမှန်ခဲ့သော်လည်း မသေဆုံးခဲ့ပေ။ အကြောင်းမှာ စောလ---ဒဏ် ရာရပြီး အကူအညီလှမ်းတောင်းအော်ဟစ်နေသည်ကို သူတို့ကြားခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ထိုရွာသားနှစ်ဦးသည် စောလ---အား ပြန်လာကူချင်သော်လည်း SAC စစ် သားများရှိနေသည့်အတွက်ကြောင့် အလွန်ကြောက်ရွံ့နေခဲ့သည်။ အဆိုပါ SAC တပ်ဖွဲ့များသည် ဘဘ---ကျေးရွာတွင် နှစ်ရက်ကြာစခန်းချခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် စောလ---၏ရုပ်အလောင်းကို အခြားရွာသားများမှ ပြန်လည်ရယူခဲ့ပြီး စောလ---၏ကျောကုန်းနှင့် ဦး ခေါင်းတွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။ SAC မှ စောလ---၏အင်္ကျီကိုချွတ်ပြီး KNLA စစ် သား၏ ယူနီဖောင်းကိုယူ၍ ဝတ်ပေးခဲ့သည်။ ထို KNLA စစ် သား၏ယူနီဖောင်းသည် စောလ--- နှင့်မတော်ကြောင်းတွေ့ရှိခဲ့ရသည်။ စောလ---သည် ၎င်း၏ကျောဖက်တွင်ဒဏ်ရာရရှိခဲ့ပြီး SAC မှ ၎င်းအား ပစ်သတ်၍အင်္ကျီလဲဝတ်ပေးခဲ့ကြောင်း ဒေသခံအာဏာပိုင်များနှင့် ရွာသားများကယူဆခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် စောလ--- ၏မိသားဝင်များနှင့် ဘဘ---ကျေးရွာရှိ အခြားရွာသားများသည် ကျေး ရွာမှ ထွက်ပြေးရှောင်တိမ်းခဲ့ရသည်။ ၎င်းဖြစ်စဉ်နှင့်ပတ် သက်၍ ဒေသခံရွာသားတစ်ဦးက KHRG အား ဤသို့ပြောပြခဲ့သည်။ 

“SAC စစ်သားတွေက သူ့ကို KNLA ယူနီဖောင်းလဲဝတ်ပေးလိုက်တာက သူ့ကို KNLA စစ်သားတစ်ဦးအဖြစ်ထင်မြင်စေချင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ KNLA စစ်သားတစ်ဦးကိုသတ်ခဲ့တာကို သူတို့ရဲ့အထက်ခေါင်းဆောင်တွေဆီတင်ပြရင် သူတို့နာမည်ကောင်းရမှာလေ။ အဲဒါကြောင့် သူတို့က စောလ---ကို အင်္ကျီလဲဝတ်ပေးခဲ့ပြီး သူဟာရွာသားတစ်ယောက်မဟုတ်ပဲစောလ---ကစစ်သားတစ်ယောက်ဖြစ်တယ်လို့ ထင်စေချင်တာ။” [15]

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဘိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ဇ---ကျေးရွာတွင် နေထိုင်သည့် အသက် (၄၀) အရွယ် ဦးဖ---သည် မိသားစုစားဝတ်နေရေးအတွက် မီးစက်တစ်လုံးဝယ်ရန်အတွက် ၎င်း၏သားနှင့်အတူ ဘုတ်ပြင်းမြို့သို့ ခရီးသွားခဲ့သည်။ လမ်းတွင်ကင်းစောင့်နေသည့် SAC စစ်သားများသည် ၎င်းတို့သားအဖကိုတွေ့ရှိသွားပြီး ရပ်ခိုင်းခဲ့သည်။ သို့သော် လည်း ထိုသားအဖနှစ်ဦးသည် SAC စစ်သားများကိုကြောက်သည့်အတွက်ကြောင့် မရပ်ဘဲထွက်ပြေးခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ထိုသားအဖနှစ်ဦးကို ပစ် ခတ်ခဲ့ပြီး ဦးဖ---ကိုထိမှန်သေဆုံးစေခဲ့သည်။ သားဖြစ်သူသည် အသက်ရှင်ကျန်ရစ်ခဲ့သည်။ သို့သော် ၎င်း၏ကျော ကုန်းနှင့်တံတောင်တွင် ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေး ကုသမှုခံယူရန်လိုအပ်သည်။

အထက်ပါဖော်ပြသည့် ဖြစ်စဉ်များအားလုံးတွင် SAC ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ်ရှိ ရွာသား များကြားတွင် အကြောက်တရားများတည်ရှိနေသည့်အ ခြေအနေကို မီးမောင်းထိုးပြထားသည်။ SAC စစ်သားများနှင့်ထိပ်တိုက်တွေ့ဆုံသည့်မည်သူမဆို အပစ်သတ်ခံရနိုင် သည်။ ထို့ကြောင့် ရွာသားများသည် SAC စစ်သားများကို လမ်းပေါ်တွင်တွေ့လျှင် ထွက်ပြေးကြရသည်။ အထက်တွင်ဖော်ပြသည့်အတိုင်း  စစ်ဘက်ဆိုင်ရာလှုပ်ရှားမှု တိုးမြင့်လာခြင်းနှင့် အရပ်သားများအား ဘေးအန္တရာယ်ရှိစေ သော ဖြတ်လေးဖြတ်စသည့် စစ်ရေးဆိုင်ရာမူဝါဒများ ကြောင့် SAC စစ်သားများအား လူ့အသက်ကိုပမာဏမထားဘဲ ထွက်ပြေးနေသည့်ရွာသားများကို ပစ်ခတ်ရန် တွန်းပို့စေသည်။ အမှန်တကယ်တွင် SAC စစ်သားများ သည် အကြောင်းပြချက်မရှိဘဲ ရွာသားများအား တွေ့လျှင်ပစ်ခတ်လေ့ရှိသည်။ 

(ဂ) ညှဥ်းပမ်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးပြီးသတ်ဖြတ်ခြင်း

SAC သည် အရပ်သားများကိုတွေ့လျှင် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဥ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းစသည့်လုပ် ရပ်များကို ဆယ်စုနှစ်များစွာကျူးလွန်ခဲ့ကြကြောင်း ရွာ သားများက သိရှိနားလည်ထားပြီးဖြစ်သည်။ ဥပမာဆိုလျှင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် SAC စစ် သား ၂၀၀ ခန့်သည် ဒူးသထူခရိုင်၊ ကျိုက်ထုံမြို့နယ်၊ ပျဉ်း ကတိုးကုန်းကျေးရွာအုပ်စုသို့ ဝင်ရောက်လာကာ SAC စစ် သားများနှင့် KNLA တပ်ရင်းအမှတ် (၃) လက်အောက်ခံ တပ်ခွဲ (၁) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အောက်တို ဘာလ ၂၁ ရက်နေ့တွင် SAC စစ်သား (၁၀၀) ခန့်ရှိသည့်ပူး ပေါင်းတပ်ဖွဲ့များသည် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ င---ကျေးရွာသို့ဝင်ရောက်လာပြီး ရွာသားများ၏ ပိုင်ဆိုင်မှုများကိုလုယူခဲ့ပြီး ဦးဌ---အိမ်အပါအဝင် ရွာသားများ၏အိမ် (၉) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ င---ရွာထဲသို့ SAC စစ် သားများမရောက်မှီတွင် ရွာသားများအားလုံးသည် ထွက် ပြေးတိမ်းရှောင်နေပြီးဖြစ်သည်။ သို့သော်လည်း ဦးဌ---သည် သူ၏သားသမီးများကို လုံခြုံသည့်နေရာသို့ခေါ်ဆောင်ပြီးနောက် သူ၏အိမ်နှင့်အခြားပိုင်ဆိုင်မှုပစ္စည်းများ ကိုပြန်လည်ကြည့်ရှုရန် ရွာထဲသို့ပြန်လာခဲ့သည်။ ဦးဌ--- သည် ရွာထဲသို့ပြန်မရောက်လာမီအချိန်တွင် SAC စစ်သားများနှင့်ပက်ပင်းတိုးခဲ့သည်။ ထို့နောက် SAC စစ်သားများ သည် ဦးဌ---ကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး သူ၏အိမ်ဘေးနားတစ်နေရာတွင် ၎င်းအားသတ်ဖြတ်ခဲ့သည်။ SAC စစ်သားများသည် င---ရွာမှ ထွက်ခွာလာပြီးနောက် ကျေးရွာအုပ် ချုပ်ရေးမှူးသည် ဦးဌ---ကို ရှာဖွေရန် တောထဲမှရွာထဲသို့ပြန်လာခဲ့သည်။ ရွာသို့ရောက်ရှိသည့်အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးသည် ၎င်း၏နေအိမ်အနီးတွင် သေဆုံးနေသည့်ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ သေနတ်ကျည်ဆံကြောင့် ဦးဌ---၏ဦးခေါင်းကြေမွသွားခဲ့ကြောင်း ရွာသားများကယူဆခဲ့သည်။[16]

(ဃ) ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှကျုးလွန်သော သတ်ဖြတ်ခြင်းများ

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့ တောင်ပိုင်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့သစ်များဖွဲ့စည်းခြင်းအပါအဝင် စစ်ရေးလှုပ်ရှားမှုများလည်း ပိုမိုများပြားလာခဲ့သဖြင့် ရွာသားများအတွက် မလုံခြုံမှုပတ်ဝန်းကျင်တစ်ခုကို ပိုမိုဖြစ်ပေါ်လာစေခဲ့ပါသည်။ ရွာသားများသည် SAC စစ်သားများ၏သတ်ဖြတ်ခြင်းခံရမည်ကို အဆက်မ ပြတ်ကြောက်ရွံ့နေရသည့်သာမက သူလျှိုအဖြစ်သံသယရှိခံရလျှင် လူမှုအသိုက်အဝိုင်းတွင် လှုပ်ရှားနေသောဒေသ ခံလက်နက်ကိုင်တပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းခံရမည်ကိုလည်း ကြောက်ရွံ့နေကြရပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၂ ရက်နေ့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့ နယ်၊ မနိုးရိုဒေသ၊ မ--- ကျေးရွာသို့လာရောက်ခဲ့ကြပြီး မ--- ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားသုံးဦးတို့အား SAC ၏ သူလျှိုများဖြစ်သည်ဟုစွပ်စွဲကာ ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ဦးဖ--- သည် အ သက် ၇၀ နှစ်အရွယ်ရှိပြီးဖြစ်သည့် မ--- ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပါသည်။ PDF များမှ ၎င်းအားဖမ်းဆီးချုပ်နှောင်ထားစဥ်တွင် သတ်ပစ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၅ ရက်နေ့ နံနက်တွင် ၎င်း၏ရုပ်အလောင်းအား ရွာသားများမှတွေ့ရှိခဲ့ပါသည်။[17] ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များ၏ အရပ်သားများအားသတ်ဖြတ်ခြင်းသည် SAC စစ်သားများ၏ တိုက်ခိုက်ခြင်းထက်ဖြစ်ပွားမှုနည်းသော်လည်း လူ့အခွင့်အရေးချိုးဖောက်ခြင်း‌မြောက်ပြီး ထိုကဲ့သို့သောချိုးဖောက်မှုများသည် စစ်ရေးဖြစ်ပွားမှုဥပဒေအောက်တွင်တရားဝင်ခြင်းမရှိပဲ ကရင်ပြည်နယ်ရှိရွာသားများ၏လုံခြုံရေးကို ပိုမိုဆိုးရွားစေပါသည်။ 

၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် တောအူးခရိုင်အတွင်းရှိ ထောတထူမြို့နယ်၊ ပယ်ထီးဒေသ၊ လ--- ကျေးရွာမှရွာ သားနှစ်ဦးသည် အခြားကျေးရွာ၌ မက်ကျည်းသီးသွား ရောက်ရှာဖွေခဲ့ကြပါသည်။ အဆိုပါရွာသားနှစ်ဦးသည် SAC တပ်မ အမှတ် (၂၂) စစ်သားများနှင့်လမ်းတွင်ဆုံပြီး ၎င်းတို့အား မည်သည့်အကြောင်းပြချက်မှမရှိပဲ ဖမ်းဆီး သွားခဲ့ပါသည်။ ဒေသခံရွာသားများသည် ရွာသားနှစ်ဦးပျောက်ဆုံးသွားသည်ကို သိရှိပြီးနောက် လိုက်လံရှာဖွေခဲ့ကြကာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် သေဆုံးသွားသည့် ၎င်းတို့၏ရုပ်အလောင်းကို တွေ့ရှိခဲ့ပါသည်။ အသတ်ခံရသူနှစ်ဦးသည် ကျေးရွာမှထွက်ခွာသွားခဲ့သည့်အချိန်တွင် စစ်သားဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိသော်လည်း ၎င်းတို့ရုပ်အလောင်းအားတွေ့သည့်အချိန်တွင် အသတ်ခံရသူထဲမှတစ်ဦးမှာ စစ်သားဝတ်စုံဝတ်ဆင်ထားပါသည်။ ထို့အပြင် ၎င်းတို့၏လက်များအား နိုင်လွန်ကြိုးများဖြင့် နောက် ပြန်ကြိုးတုတ်ထားခဲ့ကြောင်း ရွာသားများမှတင်ပြခဲ့ပါသည်။[18]

၄. ခွဲခြမ်းစိတ်ဖြာခြင်း - ရွာသားများ၏ဘဝအပေါ်သက်ရောက်မှုများနှင့် နိုင်ငံတကာဥပဒေနှင့် စံချိန်စံနှုန်းများအားချိုးဖောက်ခြင်း

ရွာသားများသည် SAC စစ်သားများ၏ အကြမ်းဖက်တိုက် ခိုက်မှုနှင့်ကြုံတွေ့ရသည့်အချိန်တိုင်း သတ်ဖြတ်ခြင်းခံရနိုင်ချေများပါသည်။  မြန်မာပြည်အရှေ့တောင်ပိုင်းတွင် သတ်ဖြတ်မှုများသည် ပုံစံတစ်ခုအဖြစ် အမြဲတစေရှိနေ သည်။ စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်စဥ်အတွင်း သို့မဟုတ် လုပ်ဆောင်ပြီးနောက်ပိုင်းတွင် SAC စစ်သားများသည် နေ ရာဒေသအနီး တွေ့ရှိသောရွာသားအား သတ်ပစ်ကြသည်။ ဤကဲ့သို့သောဖြစ်ရပ်များကြောင့် ရွာသားများသည် SAC စစ်သားများနှင့် ထိတ်တိုက်ရင်ဆိုင်ခြင်းကို ကြိုးစားရှောင်ကျဥ်ကြသည်။ သို့သော်လည်း  SAC စစ်သားများကျေးရွာ ၏အနီးသို့ အမှတ်မထင်ရောက်ရှိလာချိန်ရွာသားများကိုတွေ့ခြင်း သို့မဟုတ် ရွာသားများအားလမ်းတွင်တွေ့ရှိသ ဖြင့်  ရွာသားများသည် ၎င်းတို့နှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းကို မရှောင်ရှားနိုင်ကြပါ။  ထို့နောက် SAC စစ်သားများသည် ရွာသားများအား ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ နှိပ်စက်ခြင်း၊ အစဖျောက်ပစ်ခြင်းနှင့် သတ်ပစ်ခြင်းများကို ကျူး လွန်ကြပါသည်။ ရွာသားများသည် ဤကဲ့သို့ အသက်အန္တ ရာယ်ဖြစ်စေသောဆုံတွေ့မှုများမှ ထွက်ပြေးမည်ဆိုပါက ပစ်သတ်ခြင်းကို အမြဲတစေခံကြရပါသည်။ 

ကရင်ပြည်နယ်တွင် ဗမာစစ်တပ်မှ အရပ်သားများအပေါ်တိုက်ခိုက်ခြင်းသည် အသစ်သောအရာ မဟုတ်တော့ပါ။ ၎င်းသည် အထက်တွင်ဖော်ပြထားသကဲ့သို့ ဗမာစစ်တပ်၏ ကြောက်မက်ဖွယ်ကောင်းသော အယူဝါဒနှင့်ဆက်စပ်လွမ်းမိုးနေသည်။ ဗမာစစ်တပ်မှ ရွာသားများအား တော် လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သတ်ဆက်နွယ်မှုရှိသည်ဟု ယူ ဆခြင်းကြောင့် ၎င်းတို့ကို ရန်သူသဖွယ်ရှုမြင်ကြပါသည်။  ဤကဲ့သို့သောအယူဝါဒသည် ဗမာစစ်တပ်၏ “ဖြတ်လေးဖြတ်” နည်းဗျုဟာနှင့် တွေ့လျှင်ပစ်မူဝါဒကို အားဖြည့်လောင်းပြီး ၎င်းကို ကရင်ပြည်နယ်အတွင်း ယနေ့အချိန်အ ထိကျင့်သုံးနေဆဲဖြစ်ပါသည်။ ဆယ်စုနှစ်များစွာဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် ကျယ်ပြန့် သောကြောက်မက်ဖွယ်ရာနှင့် လူမှုအသိုက်အဝန်းအပေါ် စိတ်ဒဏ်ရာကို ဖြစ်လာ‌စေခဲ့ပါသည်။ စစ်‌ရေးလှုပ်ရှားမှုများပြားလာခြင်း၊ ဒေသတွင်း အဆက်မပြတ်သံသယရှိမှုမှ ဖြစ်ပေါ်လာသောတင်းမာမှုနှင့် ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှ အရပ်သားများအား SAC သ တင်းပေးအဖြစ်သံသယရှိကာ သတ်ဖြတ်ခြင်း စသည့်အ ကြောင်းအရင်းများကြောင့် ဤကဲ့သို့သော ကြောက်ရွံ့ခြင်းဖြစ်ပေါ်လာပါသည်။

SAC စစ်သားများ၏အရပ်သားများအားပစ်သတ်ခြင်းသည် ရွာသားများ၏ဘဝလုံခြုံ‌ရေးအပေါ် ဆိုးကျိုးသက်‌ရောက်မှုဖြစ်စေပါသည်။ လယ်ယာမြေ၌ စိုက်ပျိုးလုပ်ကိုင်ခြင်း၊ ပစ္စည်းဥစ္စာများအား မြို့ပေါ်၌သွား‌ရောက်ဝယ်ယူခြင်းနှင့် ရွာသားများ၏ နေ့စဥ်အသက်ရှင်နေထိုင်မှုဖြစ်သောအခြား သာမှန်လုပ်ငန်းဆောင်တာများသည် အန္တရာယ်ရှိသည့်အ နေအထားတစ်ခု ဖြစ်လာပါသည်။ ရွာသားများအသုံးပြုသည့် မည်သည့်လမ်းမဆိုသည် ကျော့ကွင်းတစ်ခုဖြစ်လာနိုင်ပြီး ကျေးရွာများတွင် ၎င်းတို့နေထိုင်စေကာမှု သေခြင်းတရားနှင့်ကြုံတွေရနိုင်ပါသည်။ ဤကဲ့သို့သောအခြေအ နေများသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နေထိုင်သော ရွာသားများအတွက် အထူးသဖြင့် SAC အား အလွန် တရာကြောက်ရွံ့ရခြင်းကိုဖြစ်ပေါ်စေပါသည်။ ဤကြောက် ရွံ့မှုသည် ရွာသားများ ၎င်းတို့၏လယ်ယာမြေသို့ သွား ရောက်လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုရန် ပိုမိုခက်ခဲစေပါသည်။ အထူးသဖြင့် SAC စစ်သားများ ၎င်းတို့ ၏ ‌ဒေသအတွင်းရှိနေချိန် သို့မဟုတ် လူမှုသိုက်အဝန်းတွင်နေထိုင်သူတစ်ဦးဦးမှ အသတ်ခံရသည့်အချိန်တွင်ဖြစ်ပါ သည်။ အကယ်၍ ရွာသားများအနေဖြင့် ၎င်းတို့လယ်ယာမြေများတွင် သွားရောက်အလုပ်နိုင်မှုမရှိခြင်း၊ ၎င်းတို့ထုတ် ကုန်များကို စျေးသို့သွား၍ရောင်းချဝယ်ယူနိုင်မှုမရှိခြင်း၊ သို့မဟုတ် ဝင်ငွေရရန်အတွက် တစ်နေရာမှတစ်နေရာသို့သွားရောက်နိုင်မှုမရှိခြင်းအား ရင်ဆိုင်ရမည်ဆိုပါက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းကိုလည်း ခြိမ်း‌ခြောက်မှုဖြစ်စေမည်ဖြစ်ပါသည်။ SAC သည်အမျိုးသားရွာသားများအား မကြာခဏ ပစ်မှတ်ထားလျက်ရှိသည်။ ဤအနှစ်ချုပ်စာ တမ်းတွင် အဖြစ်အပျက်အားလုံးကို လေ့လာဆန်းစစ်ထားပြီး ၎င်းတို့အားလုံးထဲမှ KHRG ထံသို့ တင်ပြခဲ့သည့်သတ် ဖြတ်မှုတစ်ခုသည် အမျိုးသားရွာသားများအပေါ် စိုးရိမ်ပူ ပန်မှုဖြစ်သည်။ ထိုကြောင့်၊ မိသားစုအတွင်းအဓိက ဝင်ငွေရှာသူကွယ်လွန်သွားပြီးသည့်နောက် အသက်မွေးဝမ်း ကျောင်းဆိုင်ရာမလောက်ငှမှုနှင့် ကြောက်ရွံမှုများသည် ခံ စားရသူမိသားစုများအပေါ် လွန်စွာဆိုးကျိုးသက်ရောက်မှုရှိစေပါသည်။ 

လူအခွင့်အရေးချိုးဖောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ သည့်ရွာသားများသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဆယ်စုနှစ်ကြာကျင့်သုံးလာခဲ့သော ‌ရှောင်ရှားမှုနည်းဗျုဟာကို အသုံးပြုကြပါသည်။ SAC မှ ကျေးလက်လူမှုအ သိုက်အဝန်းအတွင်းနေထိုင်သောအရပ်သားများအား ဖမ်း ဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကိုအဆက်မ ပြတ်ပြုလုပ်လာပါသည်။ ထိုကြောင့် ရွာသားများသည် SAC ၏ ‌ဒေသတွင်း သို့မဟုတ် အနီးတွင်တည်ရှိနေသည့် သတင်းကိုကြားသည်နှင့် တပြိုင်နက်ထွက်ပြေးခြင်းနှင့် SAC စစ်သားများကို လမ်း၌တွေ့ချိန်တွင် ၎င်းတို့၏အသက် ရှင်လွတ်‌မြောက်ရန်အတွက် ထွက်ပြေးခြင်းအားဖြင့် SAC ၏ ကျုးလွန်မှုများကို ရှောင်ရှားကြပါသည်။ အထက်တွင် ဖော်ပြသကဲ့သို့ ရွာသားများသည် ၎င်းတို့၏အသက်အန္တ ရာယ်အတွက် ထိုသို့လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။ 

အရပ်သားများအားသတ်ဖြတ်ခြင်းသည်  နိုင်ငံတကာဥပ ဒေကိုချိုးဖောက်ခြင်းဖြစ်ပါသည်။ “အသက်ရှင်သန်ခွင့်” သည် အခြေခံအကျဆုံးသော လူ့အခွင့်အရေးအားလုံးထဲမှတစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏အခန်း (၃) တွင်တွေ့ရှိရပါသည်။ ၎င်းသည် လူသားဂုဏ်သိက္ခာ ဖြစ်မြောက်ရန်အတွက်မရှိမဖြစ်သောအရာဖြစ်ပြီး ကြေညာစာတမ်း၏ပထမဆုံးသောအ ခန်းတွင် ဖော်ပြထားပါသည်။ ထို့ကြောင့် အာဏာပိုင်များအားလုံးမှ အဆိုပါတာဝန်ဝတ္တရားကိုလေးစားရန်၊ ကာကွယ်ရန်နှင့် ဖြည့်ဆည်းရမည့်တာဝန်ရှိပါသည်။ နိုင်ငံတ ကာ ဓလေ့ထုံးတမ်း လူသားခြင်းစာနာထောက်ထားမှုဆိုင် ရာဥပဒေ (IHL) ၏စည်းကမ်းချက် ၈၉ အရ အသက်ရှင်ရပ် တည်နိုင်မှုကို ငြိမ်ချမ်းရေးကာလအတွင်း ကာကွယ်ရန်သာမက စစ်ပွဲဖြစ်ပွားချိန်တွင်လည်း ကာကွယ်ရမည်ဖြစ်ပါသည်။  IHL ၏ ပထမအပိုင်းတွင်ပါရှိသော ဓလေ့ထုံး တမ်းဥပဒေသည် အရပ်သားများအား ပစ်မှတ်ထားခြင်းကို တားမြစ်ထားပြီး တစ်ဆက်တည်းတွင် အရပ်သားများအ ပေါ်အကြမ်းဖက်ခြင်းလုပ်ရပ်အား ၎င်းတွင်ပါရှိသည့် ဒုတိ ယဥပဒေတွင် တားမြစ်ထားပါသည်။ သို့ဖြစ်၍ SAC မှ အ ရပ်သားများကို စစ်ဝတ်စုံဝတ်ဆင်ပေးခြင်း သို့မဟုတ် အစ ဖျောက်ပစ်ခြင်းအားဖြင့် ၎င်းတို့အားသတ်ဖြတ်ခြင်းပြုလုပ် ပါသည်။ SAC မှ ဤကဲ့သို့သောနည်းလမ်းအားဖြင့် အရပ် သားများကိုသတ်ဖြတ်ခြင်းသည်လည်း IHL ဓလေ့ထုံးတမ်း ၏ စည်းကမ်းချက် ၈၇ ပါ ဥပ‌ဒေဖြစ်သည့် လူသားတို့အား လူသားဆန်စွာဆက်ဆံရမည်မူကို ချိုးဖောက်ရာမြောက်ပါသည်။

ဤအခြေခံဝတ္တရားများကိုချိုးဖောက်ခြင်းသည် စစ်ရာဇ ဝတ်မှုဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပြီး အကယ်၍ အရပ် သားများအားစနစ်တကျနှင့်ကျယ်ကျယ်ပြန့်ပြန့်သတ်ဖြတ် ချိုးဖောက်မှုဖြစ်သည်ဆိုပါကလူသားမျိုးနွယ်စုအပေါ်ကျူး လွန်သောရာဇဝတ်မှု‌မြောက်ပါသည်။ ထိုအပြင် ဤကဲ့သို့သော သတ်ဖြတ်ခြင်းနှင့် ကြောက်ရွံ့မှုများကြောင့် ရွာသားများ၏အသက်မွေးဝမ်းကျောင်း အခွင့်အရေးကဲ့သို့သော အစားအစာရရှိရန်အခွင့်အရေး၊ လုံခြုံမှုရရှိရန်အခွင့်အရေး သို့မဟုတ် ပြည့်စုံလုံလောက်မှုရှိသည့် အသက်ရှင်ရပ်တည်နိုင်မှုအခွင့်အရေးများအပေါ် ဆိုးကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပါသည်။ ညှဥ်းပမ်းနှိပ်စက်ခြင်းကို နိုင်ငံတကာဥပ‌ဒေ၏အစိတ်အပိုင်းများအားလုံးတွင် တားမြစ်ထားသ ကဲ့သို့ ၎င်းသည် jus congens စည်းမျဥ်းကိုကျူးလွန်ခြင်းမြောက်ပြီး မည့်သည်အချိန်နှင့် မည်သည့်အခြေအနေ‌ အောက်တွင်မဆို သက်ဆိုင်မှုရှိပါသည်။ KHRG မှမှတ်တမ်းပြုစုထားသည့်အထောက်အထားများအရ ၂၀၂၁ ခုနှစ်က တည်းက မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လုံခြုံရေးနှင့်လူ့အခွင့်အရေးအခြေအနေများ ပိုမိုဆိုးရွားလာခဲ့ပါသည်။ အထူး သဖြင့် ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်း ရွာသားများအားသတ်ဖြတ်သောကိန်းဂဏာန်းများကို KHRG မှ အ များအပြားလက်ခံရရှိခဲ့ပါသည်။ SAC မှအရပ်သားများအ ပေါ် စနစ်တကျပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ လူသားတို့၏ အသက်အားလျစ်လျူရှုခြင်းနှင့် နိုင်ငံတကာလူ့အခွင့် အရေးစံချိန်စံနှုန်းများကိုချိုးဖောက်နေမှုများကြောင့် မြန် မာပြည်ရှိ အရပ်သားများအား ချက်ချင်းကာကွယ်နိုင်ရန်အ တွက် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အရေးတကြီးလိုအပ်ပါသည်။ ထို့အပြင် SAC မှ ၎င်းတို့ကျူးလွန်သောတိုက်ခိုက်မှုများမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသမျှကာလပတ်လုံး လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြောက်တ ရားနှင့် မလုံခြုံမှုများဖြစ်ပေါ်လာမည်ဖြစ်ပြီး ကရင်ပြည် နယ်အတွင်း အခြေအနေများပိုမိုဆိုးရွာလာမည်ဖြစ်သည်။ ဤအရာများသည် လူမှုအသိုက်အဝန်းအတွက် ပို၍ဆိုးဝါးသောဆိုးကျိုးသက်‌ရောက်မှုများ ဖြစ်ပေါ်စေပါလိမ့်မည်။ ထို့ကြောင့် မြန်မာနိုင်ငံကျေးလက်‌‌ဒေသတွင်နေထိုင်သော တိုင်းရင်းသားများတွက် ငြိမ်းချမ်းရေး၊ လူမှုဖူလုံရေးနှင့် တ ရားမျှတမှုရရှိစေရန်အတွက် ရှေ့ဆက်အကူအညီများလို အပ်လျက်ရှိပါသည်။

၅. အကြံပြုချက်များ

နိုင်ငံတကာသက်ဆိုင်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ အာဆီယံနိုင်ငံများနှင့် အစိုးရများထံသို့ -

  • မြန်မာစစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုအများအပြား ချိုးဖောက်နေကြောင်းကို လက်ခံအသိအမှတ်ပြုပြီး ၎င်းတို့နှင့်သဘောတူညီမှုလက်မှတ်ရေးထိုးခြင်း၊ စစ်အုပ်စုအား တရားဝင်အခွင့်အာဏာပေးအပ်နေမှုများနှင့် နိုင်ငံ တကာဆွေးနွေးပွဲများနှင့် ဆောင်ရွက်မှုများသို့ ဖိတ်ခေါ်ခြင်းမှရပ်တန့်ရန်။ 
  • ဒေသတွင်းလူထုအကျိုးပြုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် လူထုဝန်ဆောင်မှုပေးသော တိုင်း ရင်းသားအဖွဲ့အစည်းများမှလုပ်ဆောင်နေသော SAC စစ်သားများနှင့် ‌ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များ၏ လူ့အခွင့် အရေးချိုးဖောက်မှုခံရသူများ၊ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် နှိပ်စက်ခံရခြင်းခံရသည့်ရွာသားများ၏ဆွေမျိုးများအတွက် ကူညီထောက်ပံ့ပေးမှုစနစ်မြှင့်တင်ရာတွင်ပံ့ပိုးမှုပေးရန်။ 
  • နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရာရုံး (ICC) နှင့် နိုင်ငံတကာတရားစီရင်ရေးရုံး (ICJ) နှင့် အပြည်ပြည်ဆိုင်ရာ တရား စီရင်ပိုင်ခွင့်ဥပဒေများရှိသည့်နိုင်ငံများအပါအဝင် ဘက်လိုက်မှုမရှိခြင်းနှင့် လွပ်လပ်သောတရားရုံးများမှ ဗမာစစ် တပ်ကျူးလွန်သော ရာဇဝတ်မှုမြောက်များစွာအတွက် တာဝန်ယူမှုရှိလာစေရန်အတွက် ကြိုးစားဆောင်ရွက်မှုများကိုပံ့ပိုးမှုပေးရန်။
  • လက်ရှိတရားရေးရာဆောင်ရွက်မှုများအတွင်း မပါဝင်သေးသည့် ကရင်လူမျိုးများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများ၏ တာဝန်ခံမှုနယ်ပယ်ကိုချဲ့ထွင်ရန်။  
  • နိုင်ငံတကာရာဇဝတ်မှုများအတွက်တာဝန်ရှိပြီး အပြည်ပြည်ဆိုင်ရာဥပဒေများအား ဆိုးရွားစွာချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်သည့် စစ်အာဏာရှင်၏အရာရှိများအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများပြုလုပ်ရာတွင် ပံ့ပိုးပေးရန်။ 

 

လက်နက်ကိုင်တပ်ဖွဲ့များသို့ -

  • လူ့အခွင့်အရေးနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပ‌ဒေနှင့်အညီ အရပ်သားများအပေါ် တိုက် ခိုက်မှုများအားရန်တန့်ရန်အတွက် စစ်သားများကိုအမိန့်ပေးရန်နှင့် ထိုအမိန့်များအား မည့်သည့်အချိန်တွင်မဆိုလိုက်နာစေရန်။ 
  • ရွာသားများ၏အသက်မွေးဝမ်းကျောင်းပြုခြင်းအား ကာကွယ်ခြင်းနှင့်အရပ်သားများအားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့်သတ်ဖြတ်ခြင်းတို့အား အဆုံးသတ်ရန်အပါအဝင် ၎င်းတို့၏အသက်ရှင်သန်ခွင့်အပေါ် လေးစားမှုထားရှိရန်။
Thu, 08 Jun 2023

Footnotes: 

[1] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင်ရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။ 

[2] ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာစစ်တပ်မှ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်ပြီး ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်တင်မြောက်ထားသည့်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ အရေးပေါ်အခြေအနေအရ  တိုင်းပြည်ကိုတစ်နှစ်အုပ်ချုပ်စေရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အစိုးရအာဏာကို လွှဲ ပြောင်းပေးခဲ့သည်ဟု စစ်တပ်မှကြေညာထုတ်ပြန်ခဲ့သည်။ ၂၀၂ဝ ခုနှစ်၊ နိုဝင်ဘာလအတွင်းပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော NLD ပါတီသည် သောင်ပြိုကမ်းပြို အနိုင် ရရှိခဲ့သည်မဟုတ်ဟု တပ်မတော်မှ ထွက်ဆိုခဲ့သည်။ 

[3] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တပ်မတော်အစိုးရအရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့ စည်းခဲ့သည်။ ဥက္ကဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲ အဖြစ်သော် လည်းကောင်း၊ မြန်မာနိုင်ငံ၏စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော် လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာ ဏာသိမ်းပြီးနောက်ပိုင်းတွင် SAC ၏ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ 

[4] “aappb.org/?lang=en” တွင် ကြည့်ပါ။ 

[5] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံအား အုပ်ချုပ်သော နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဒီချုပ်ပါတီသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှအာဏာသိမ်းပြီး ရွေး ကောက်ခံ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ ဝန်ကြီးများ၊ လက် ထောက်ဝန်ကြီးများနှင့် လွှတ်တော်အမတ်များ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဒီချုပ်အစိုးရအားဖယ်ရှားခဲ့သည်။ 

[6] KHRG မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင်ထုတ်ဝေသော “စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများနှင့်ပြည်သူများ၏ခုခံတွန်းလှန်မှု - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော မတရားမှု၊ မလုံခြုံမှု၊ အကြမ်းဖက်မှုများနှင့်ပတ်သက်သော သက်သေခံချက်များ” တွင် ကြည့်ပါ။

[7] Burma News International, “KNU Offer Anti-Coup Protestors’ its Protection”, February 2021.

[8] KHRG, “SLORC Shootings & Arrests of Refugees”, January 1995.

[9] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင်ရရှိခဲ့ပြီးမထုတ်ဝေရသေးသော အစီရင်ခံစာမှကောက်နှုတ်ထားပါသည်။ 

[10] KHRG မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင်ထုတ်ဝေသော “တောအူးခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ့ဖာခို့မြို့နယ်တွင် SAC တပ်သားများမှ ရွာသားတစ်ဦးအား ပစ်သတ်ခဲ့ (၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ)” တွင် ကြည့်ပါ။ 

[11] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်ရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက်နှုတ်ထားပါသည်။ 

[12] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်ရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက်နှုတ်ထားပါသည်။ 

[13] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင်ရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက်နှုတ်ထားပါသည်။ 

[14] KHRG မှ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်ထုတ်ဝေသော “မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC စစ်သားများမှ တောထဲတွင် အမဲထွက်လိုက်နေသည့်ရွာသားတစ်ဦးအား ရက်ရက်စက်စက်ပစ်သတ်ခဲ့ (၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ)” တွင် ကြည့်ပါ။ 

[15] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက်နှုတ်ထားပါသည်။ 

[16] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင်ရရှိခဲ့ပြီးမထုတ်ဝေရသေးသော အစီရင်ခံစာမှကောက်နှုတ်ထားပါသည်။ 

[17] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်ရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက်နှုတ်ထားပါသည်။ 

[18] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင်ရရှိခဲ့ပြီးမထုတ်ဝေရသေးသော အစီရင်ခံစာမှကောက်နှုတ်ထားပါသည်။ 

Related Readings