ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလနှင့်မေလအတွင်း မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ် တွင် ဖြစ်ပွားခဲ့သည့်အကြောင်းအရာများကို ဖော်ပြထားပါသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုနှင့် ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှု အကြောင်း အရာနှစ်ခုကို ဤမှတ်တမ်းလွှာတွင် ဖော်ပြထားခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်း ၉း၁၅ မိနစ် တွင် ခေးပူကျေးရွာအုပ်စု၊ ရ---ကျေးရွာတွင်နေထိုင်သည့် အသက် (၁၉)နှစ်အရွယ်အမျိုးသားတစ်ဦးသည် ခေးပူကျေး ရွာအုပ်စု၊ အ---ကျေးရွာရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အသုံးပြုသည့်လမ်းအနီးနားတွင် ခရီးသွားလာ နေစဉ်အတွင်း မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့သည်။ ၂၀၂၂ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင်လည်း ခေးပူကျေးရွာအုပ်စု၊ လ---ကျေးရွာတွင် နေထိုင်သော အသက်(၂၇)နှစ်အရွယ်အမျိုးသားတစ်ဦးသည်လည်း ၎င်းယောက္ခမ၏အိမ်မှ ၎င်းအိမ် သို့ ပြန်လာနေခိုက်တွင် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့ပြန်သည်။ မြေမြှုပ်မိုင်းနင်းမိခဲ့သူရွာသားနှစ်ဦးသည် Free Burma Rangers (FBR) မှ ထောက်ပံ့မှုငွေအချို့ကို လက်ခံရရှိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုမှ ရရှိခဲ့သည့်ဒဏ်ရာပြင်း ထန်မှုကြောင့် ထိုရွာသားနှစ်ဦးစလုံးသည် ၎င်းတို့၏ခြေထောက်တစ်ဖက်စီ ဖြတ်ခဲ့ရသည်။ ဤမြေမြှုပ်မိုင်းပေါက် ကွဲမှုကြောင့် ခြေထောက်ဖြတ်ခံရသည့်ရွာသားနှစ်ဦးသည် ၎င်းတို့ဘဝအား ထိခိုက်စေပြီး ၎င်းတို့မိသားစုဝင်များ၏ စား ဝတ်နေရေးအတွက်  ဝင်ငွေရှာ ပေးရန် အခက်အခဲစိန်ခေါ်မှုများနှင့်ရင်ဆိုင်ကြုံတွေ့ရပါသည်။[1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ ဧပြီလ ၈ရက်

၂၀၂၂ခုနှစ်၊ မေလ ၁၆ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု၊ အ---ကျေးရွာ

မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု၊ လ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောက---

စောယ---

အသက်

၁၉နှစ်

၂၇နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

မရှိ 

ရှိ 

အလုပ်အကိုင်

လယ်ယာ

လယ်ယာ

ကိုးကွယ်သည့်ဘာသာ

ခရစ်ယာန်

မိရိုးဖလာ

ရာထူးအဆင့်

-

-

နေရပ် ရွာအမည်

မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု၊ ရ---ကျေးရွာ

မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု၊ လ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ (ဧပြီလ ၈ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်မြေမြှုပ်မိုင်းပေါက်ကွဲမှု)

မသိရှိရ

မသိရှိရ

SAC ဆာလော်ကျိုး တပ်စခန်း

မသိရှိရ

မသိရှိရ (မေလ ၁၆ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်မြေမြှုပ်မိုင်းပေါက်ကွဲမှု)

မသိရှိရ

SACခြေလျင်တပ် ရင်း(ခလရ)အမှတ် (၇၀၅)

ခေးပူကျေးရွာအုပ်စုရှိ SAC ခေါ်ဒေါခို့တပ်စခန်း

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၂ရက်နေ့တွင် KHRG သတင်းစုဆောင်းသူတစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိခဲ့သော ရွာသားနှစ်ဦး ဖြစ်သူ စောက--- နှင့် စောဝ--- တို့အား တွေ့ဆုံ၍ အင်တာဗျူးပြုလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ရွာသားနှစ်ဦးသည် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သတ်သည့်သတင်း အကြောင်းအရာများကို KHRG သတင်းစုဆောင်းသူအား ကိုယ်တိုင်ပြောပြခဲ့ခြင်းဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

မြေမြှုပ်မိုင်းပေါက်ကွဲမှုပထမဖြစ်စဉ်

၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ရက်နေ့ မနက်ပိုင်း ၉း၁၅မိနစ်တွင် မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု၊ ရ--- ကျေးရွာတွင်နေထိုင်သည့် အသက် (၁၉)နှစ်အရွယ်အမျိုးသားတစ်ဦးသည်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ထောင်ထားသည့် M-14 မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့သည်။ (SAC စစ်သားများသာ အဆိုပါ M-14 မြေမြှုပ်မိုင်းကို အသုံးပြုကြသည်။) ထိုရွာသားသည် အခြားရွာသားများနှင့်အတူ စားစရာများဝယ်ရန်အတွက် တောအူး (တောင်ငူ)ခရိုင်၊ ဒေါဖာခို့မြို့နယ်၊ ထီးသာစောကျေးရွာအုပ်စု၊ ဟ---ကျေးရွာသို့ သွားနေစဉ်အတွင်း မြေမြှုပ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ ရ---ကျေးရွာမှ ဟ---ကျေးရွာသို့ တစ်ရက်ခန့်သွားရသည်။ စောက---သည် မူတြော်ခရိုင်၊ ခေးပူကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာသည် စစ်ကောင်စီအသုံး ပြုသည့် လမ်းအနီးနားတွင်တည်ရှိသည်။ (ထိုလမ်းသည် ဟ---လမ်းဟု ခေါ်တွင်ပြီး ဆာလော်ကျို့ တပ်စခန်းအနီးနား တွင် ရှိသည်။)

 

ခရီးသွားလာနေသည့် (မြေမြှုပ်မိုင်းနင်းမိခဲ့သူရွာသားတစ်ဦးအပါအဝင်) အခြားရွာသားများကြားတွင်လည်း ကျန်းမာ ရေးလုပ်သားတစ်ဦးလည်းပါသည်။ ထိုကျန်းမာရေးလုပ်သားသည် မြေမြှုပ်မိုင်းနင်းမိခဲ့သူ ရွာသားတစ်ဦး၏ဒဏ်ရာကို စည်းပေး၍ကူညီပေးခဲ့သူဖြစ်သည်။ ထို့နောက် ခရီးအတူသွားလာနေသည့် အခြားရွာသားများသည် ထိခိုက်ဒဏ်ရာ ရရှိသူအား မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု၊ တ---ကျေးရွာတွင်တည်ရှိသည့် ပ---ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ (ပ---ဆေးခန်းသည် တ---ဆေးခန်းဟု လည်း ခေါ်ဝေါ်သည်။)

 

ထိုည ၁၂နာရီအချိန်တွင် စောက---အား ဝ---ကျေးရွာအုပ်စုရှိ ဝ---ဆေးခန်းသို့ ပို့ဆောင်ခဲ့ပြန်သည်။ အကြောင်းမှာ ပ---ဆေးခန်းတွင် လုံလောက်သည့်ဆေးကုသမှုကိရိယာများမရှိသည့်အပြင် ခွဲစိတ်ဆရာဝန်လည်းမရှိသောကြောင့် ဖြစ်သည်။ ၂၀၂၂ခုနှစ်၊ ဧပြီလ ၉ရက်နေ့တွင် စောက---သည် ဝ---ဆေးခန်းတွင် နေခဲ့ရသည်။ ထို့နောက် ၂၀၂၂ခုနှစ်၊ ဧပြီလ ၁၀ရက်နေ့တွင် ဒူးအောက်ပိုင်းစ၍ ၎င်း၏ဘယ်ဖက်ခြေထောက်ကို ဖြတ်ခဲ့ရသည်။ ဝ---ဆေးခန်းတွင်လည်း ဆေးဝါးပစ္စည်းများအစုံအလင်မရှိသောကြောင့် ကျန်းမာရေးလုပ်သားများသည်လိုအပ်သည့်ဆေးဝါးများကို (ထုံဆေး) မြို့သို့ သွားဝယ်ခဲ့ရသည်။ ကျန်းမာရေးလုပ်သားများအတွက် မြို့ပေါ်သို့ဆေးဝါးများသွားဝယ်ရန် ခရီးသွားလာမှုအခက် အခဲများရှိသည်။ (အဘယ်ကြောင့်ဆိုသော် SAC စစ်သားများသည် ရွာသားများ ဆေးဝါးပစ္စည်းများကို သယ်ယူရာတွင် တွေ့ရှိပါက ထိုဆေးဝါးပစ္စည်းများကို သိမ်းယူနေသောကြောင့်ဖြစ်သည်။) လူငယ်တစ်ဦးဖြစ်သည့်အတွက် ၎င်း၏ခြေ ထောက်တစ်ဖက် အဖြတ်ခံရမည်ဟု ကြားသိရှိရသည့်အချိန်တွင် အရမ်းဝမ်းနည်းမိကြောင်း စောက---မှ ရင်ဖွင့်ပြော ပြခဲ့သည်။ (ကျန်းမာရေးလုပ်သားတစ်ဦးဖြစ်သူ) ဆရာစ---သည် စောက---၏ခြေထောက်ကို ဖြတ်၍ဆေးကုသမှုပေး ခဲ့သည်။ စောက---သည် ဆေးခန်းတွင် သုံးလခန့် ဆေးကုသမှုခံယူခဲ့သည်။ စောက---သည် ဆေးခန်းတွင်ဆေးကုသမှု ခံယူနေစဉ်အတွင်း ၎င်း၏မိဘသည်လည်း ၎င်းအား ကူညီစောင့်ရှောက်ပေးခဲ့သည်။

 

(ဤသတင်းအကြောင်းအရာကို KHRG မှ ၂၀၂၂ခုနှစ်၊ ဇူလှိုင်လအတွင်း လက်ခံရရှိချိန်တွင်) ဝ---ဆေးခန်းတွင် ဆေး ကုသမှုခံယူနေသည့်စောက---သည် ၎င်း၏ဒဏ်ရာ တဖြည်းဖြည်းသက်သာလာပြီးဖြစ်သည်။ Free Burma Rangers (FBR) မှ စောက---အား ၎င်း၏ဆေးကုသမှုကုန်ကျစရိတ်အတွက် ထိုင်းငွေဘတ်တစ်သောင်း ထောက်ပံ့ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လတွင် စောက---သည် ဆေးခန်းမှ ဆင်းလာနိုင်ခဲ့ပြီးဖြစ်သည်။ စောက---သည် ဆေးခန်းမှ ဆင်းလာပြီး အိမ်သို့ပြန်လာခဲ့သော်လည်း ၎င်းသည် လမ်းလျှောက်နိုင်ရန်အတွက် ချိုင်းထောင့်ကို အသုံးပြုနေ ရပါသည်။ စောက---သည် တောင်ယာလုပ်ကိုင်နေသော ရွာသားတစ်ဦးသာဖြစ်သည်။ အခုချိန်တွင် သူသည် ခြေထောက်တစ်ဖက် အဖြတ် ခံရသည့်အတွက် တောင်ယာသို့သွား၍ အလုပ်လုပ်ရန်အခက်အခဲများရှိနေပါသည်။ စောက---မှာ FBR မှလွဲ၍ မည်သူတစ်ဦး၊ တစ်ယောက်မှ ငွေကြေးထောက်ပံံ့မှုမရရှိခဲ့ပေ။ အခြားရွာသားများသည်လည်း ၎င်းတို့စားဝတ်နေရေး အတွက် ရုန်းကန်နေရပါသည်။ ထို့ကြောင့် ၎င်းတို့မှ စောက---အား ငွေကြေးကူညီရန် မတတ်နိုင်ခဲ့ပေ။ တောင် ပေါ်ဒေသတွင် နေထိုင်ကြသည့်ရွာသားများအတွက် အခြားစီးပွားရေးလုပ်ကိုင်ရန်အတွက် သွားလာလှုပ်ရှားရာမှာ အခက်အခဲရှိနေသည်။ အကြောင်းမှာ ရွာသားများသည် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် စိန်ခေါ်မှုများနှင့် ကြုံတွေ့ နေရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရွာသားများသည် ဝင်ငွေရရှိရန်အတွက် ၎င်းတို့၏လယ်ယာလုပ်ငန်းများကိုသာ မှီခိုအားထားနေရသည်။

 

ရ---ကျေးရွာတွင်နေထိုင်ကြသည့်ရွာသားများသည် မိုင်းအန္တရာယ်အသိပညာပေးသင်တန်းကို တစ်ခါမှ တက်ရောက် ဖူးခြင်းမရှိခဲ့ပါ။ ထို့အပြင် ကျေးရွာအနီးရှိနေရာများတွင် ထောင်ထားခဲ့သည့်မြေမြှုပ်မိုင်းများ၏တည်နေရာကို ညွှန်ပြ သည့်အမှတ်အသားများလည်း မရှိကြပါ။ ရွာသားများသည် မြေမြှုပ်မိုင်းများ မည်သည့်နေရာတွင်ရှိနေသည်ကို မသိကြ သောကြောင့် ၎င်းတို့အတွက် အလွန်အန္တရာယ်များပါသည်။ ဤမြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ရွာသား များသည် အ---ရွာသို့ ခရီးသွားရန်အတွက် စစ်ကောင်စီမှ အသုံးပြုသည့်လမ်းကိုသာအသုံးပြုသွားလာနေဆဲ ဖြစ်သည်။ သို့သော်လည်း ကြောက်ရွံ့မှုများစွာနှင့် ခရီးသွားလာနေရပါသည်။ ဒေသခံခေါင်းဆောင်များသည် မြေမြှုပ်မိုင်းတည်ရှိ သည့်နေရာများကို အသွားအလာမပြုလုပ်ကြရန် ရွာသားများအား သတိပေးခဲ့ပါသည်။ (မြေမြှုပ်မိုင်းတည်နေရာကို အတိအကျမဖော်ပြဘဲ ယေဘုယျအားဖြင့်သာ ရွာသားများကို ပြောပြခဲ့ခြင်းဖြစ်သည်။) ထို့ကြောင့် အခုချိန်တွင် ရွာသား များသည် ခရီးသွားလာရာတွင် အထူးသတိထား၍ သွားလာနေရပါသည်။

 

မြေမြှုပ်မိုင်းပေါက်ကွဲမှုဒုတိယဖြစ်စဉ်

၂၀၂၂ ခုနှစ်၊ မေလ ၁၆ရက်နေ့ ည ၁၀း၃၀မိနစ်တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု၊ လ---ကျေးရွာတွင် နေထိုင်သည့် အသက် (၂၇)အရွယ် ရွာသားတစ်ဦးဖြစ်သူ စောယ--- သည် SAC ခြေလျင်တပ်ရင်း (ခလရ)အမှတ် (၇၀၅)မှ ထောင်ထားသည့်မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့သည်။ (ထိုမြေမြှုပ်မိုင်းသည် မည်သည့်အမျိုး အစားဖြစ်သည်ကို မသိရှိရပါ။) စောယ---သည် ၎င်း၏မိခင်နှင့်အတူ (ရွာတစ်ရွာရှိ) ၎င်း၏ယောက္ခမဆီသို့ သွားလည် ပြီး ပြန်လာသောအခါ မာဒူးလူး (တောင်ကုန်း)လမ်းတွင် ရောက်ရှိနေချိန်တွင် မြေမြှုပ်မိုင်းအား နင်းမိခဲ့ခြင်းဖြစ်သည်။ ထိုမြေမြှုပ်မိုင်းကို SAC ခလရ (၇၀၅)မှ ထောင်ထားခဲ့ကြောင်း ရွာသားများမှ ထင်မြင်ယူဆကြသည်။ အဘယ်ကြောင့် ဆိုသော် အဆိုပါ ခလရ တပ်ရင်းသည် ခေးပူကျေးရွာအုပ်စု၊ ဆ---ကျေးရွာရှိ ခေါ်ဒေါခို့တပ်စခန်းတွင် အခြေစိုက်နေ ထိုင်ပြီး မာဒူးလူး (တောင်ကုန်း)လမ်းတွင် မကြာခဏသွားလာလှုပ်ရှားနေသောကြောင့်ဖြစ်သည်။

 

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မကြာမှီအတွင်း စောယ---၏မိခင်ရောက်ရှိလာပြီး ၎င်းအား ထိုအခင်းဖြစ် ပွားသည့်နေရာတွင်သာ စောင့်နေခိုင်းခဲ့သည်။ ထို့နောက် သူမသည် အခြားရွာသားများအား အကူအညီတောင်းရန် အတွက် သူမ၏ရွာသို့ (လ---ရွာ) ပြန်လာခဲ့သည်။ စောယ---သည် အခင်းဖြစ်ပွားသည့်နေရာတွင်နေ၍ ၎င်း၏ဘယ် ခြေထောက်မှာ ဒဏ်ရာရရှိသည့်နေရာကို သွေးတိတ်သွားစေရန် လုံချည်ဖြင့်ပတ်၍ စည်းခဲ့သည်။ စောယ---၏မိခင်သည် ရွာသို့ပြန်ရောက်ရန် နှစ်နာရီကြာ လမ်းလျှောက်ခဲ့ရသည်။ ထို့နောက် လ---ရွာမှရွာသားများသည် အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိလာပြီး စောယ---၏ ဒဏ်ရာကို စည်းပေး၍ ထုံဆေးတစ်လုံးထိုးပေးခဲ့သည်။ ထုံဆေးတစ်လုံးထိုးပေးပြီးနောက်တွင် စောယ---ကို ၎င်း၏ယောက္ခမရွာသို့ ပြန်ပို့ပေးခဲ့သည်။ (အခင်းဖြစ်ပွားသည့် နေရာသည် ၎င်း၏ယောက္ခမရွာနှင့် ပို၍နီးသောကြောင့်ဖြစ်သည်။)

 

၂၀၂၂ခုနှစ်၊ မေလ ၁၇ရက်နေ့ ညနေပိုင်းတွင် ဒေသခံရွာသားများမှ စောယ---အား ဆေးကုသမှုရရှိစေရန်အတွက် ၎င်းအား သယ်ဆောင်ပြီး လူသောမြို့နယ်၊ ခေးပူကျေးရွာရှိ ပ---ဆေးခန်းသို့  ပို့ဆောင်ခဲ့သည်။ (ပ---ဆေးခန်းသည် တ---ဆေးခန်းဟုလည်း ခေါ်ဝေါ်သည်။) ရွာသားများသည် စောယ---ကို သယ်ဆောင်ပြီး ခြေလျင်ဖြင့်သာ သွားခဲ့ရ သည့်အတွက် ဆေးခန်းသို့ရောက်ရှိရန် နေ့တစ်ဝက်ခန့်ကြာမြင့်ခဲ့သည်။ ပ---ဆေးခန်းသို့ရောက်ရှိပြီးနောက်တွင် ဆေးခန်းရှိကျန်းမာရေးလုပ်သားများသည် ဒဏ်ရာရရှိနေသော စောယ---၏ခြေထောက်ကို ဆေးကြောပြီး စည်းပေး ခဲ့သည်။ ထို့နောက် စောယ---ကို လူသောမြို့ နယ်၊ လယ်မူပလောကျေးရွာအုပ်၊ ဇ---ကျေးရွာတွင်တည်ရှိသည့် ဝ---ဆေးခန်းသို့ ပို့ဆောင်ခဲ့ပြန်သည်။ (ဝ---ဆေးခန်းသို့ရောက်ရန် အချိန်လေးနာရီခန့်ကြာသည်။) ထိုနေ့တွင် စောယ---ဘယ်ခြေထောက်ကို ဖြတ်ခဲ့ရပါသည်။ ဝ---ဆေးခန်းတွင် ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်း စောယ---သည် သွေးများ အလွန်ထွက်သောကြောင့် သွေးသွင်းရန်လိုအပ်ခဲ့သည်။ စောယ---၏ဖခင်သည် သားဖြစ်သူမှ သွေးသွင်းရန်လိုအပ် သောကြောင့် ထိုကုန်ကျစရိတ်ကို ၎င်း၏လုပ်အားခဝင်ငွေမှ ပေးဆောင်ခဲ့ရသည်။ ဆေးခန်းတွင် စောယ---မှ ဆေးကုသမှုခံယူရန်လိုအပ်နေသော်လည်း ထိုဆေးခန်းတွင် ဆေးဝါးများ လုံလောက်မှုမရှိခဲ့ပေ။ အကြောင်းမှာ နေရာဒေသအလှမ်းဝေးလှသည့်အတွက် ဆေးဝါးပစ္စည်းများကို သယ်ယူပို့ဆောင်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။

 

ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည့်အတွက် စောယ---သည် အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ် နိုင်ရန် အခက်အခဲစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထို့အပြင် စောယ---၏ဇနီးဖြစ်သူလည်း စားဝတ်နေရေး အတွက် ၎င်း၏အမျိုးသားလုပ်ငန်းများကို တာဝန်ယူပေးရသည့်အတွက် အခက်အခဲများ လည်းရှိနေပါသည်။ စောယ---သည် မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးရသဖြင့် ကျန်ရှိသော မိသားစုဝင်များကိုလည်း ထိခိုက် နစ်နာစေပါသည်။ စောယ---၏ဇနီးဖြစ်သူမှ စောယ---ကို ဆေးရုံသို့ လိုက်လံပို့ဆောင်ရသည့်အတွက်ကြောင့် စားဝတ်နေရေးအတွက် အိမ်တွင်ကျန်ရှိသော မိသားစုဝင်များသည်လည်း အလုပ်လုပ်၍ မရခဲ့ပေ။ စောယ---၏ဇနီးသည် စောယ---ဆေးရုံတွင် သုံးလကြာ ဆေးကုသမှုခံယူနေစဉ်အတွင်း ၎င်းဆီသို့ သွားလည်၍ ကြည့်ရှု စောင့်ရှောက်ခဲ့ရသည်။ (ပုံမှန်အခြေအနေတွင် စောယ---၏မိသားစုများသည် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ် ရှားရန် အခက်အခဲများ ကြုံတွေ့ရမည်ဖြစ်ပြီး ယခုလိုအခင်းဖြစ်ပွားပြီးနောက်တွင် ၎င်းတို့၏အနာဂတ်အတွက် စိုးရိမ် ပူပန်မှုများ ပို၍မြင့်တက်လာခဲ့သည်။) စောယ---သည် ၎င်း၏လယ်ယာမှထွက်သည့် ကောက်ပဲသီးနှံ များသည် တစ်နှစ်ပတ်လုံးအတွက် ဖူလုံမှုမရှိကြောင်း ၎င်း၏စိုးရိမ်မှုကို ပြောပြခဲ့သည်။ အခြားနေရာတွင်လည်း အလုပ်အကိုင် ရှာဖွေရန်အတွက် ခရီးသွားလာမှုပိတ်ပင်ကန့်သန့်ထားသည့်အခြေအနေလည်း ရှိနေသည်။ FBR မှ ဆေးကုသမှုကုန်ကျ စရိတ်အတွက် စောယ---အား ဘတ်တစ်သောင်း ထောက်ပံ့ခဲ့သည်။ ဆေးခန်းတွင် ဆေးကုသမှုခံယူနေစဉ်တွင် စောယ---သည် အချို့ဆေးဝါးများအတွက် ၎င်းကိုယ်တိုင် ဝယ်ယူခဲ့ရသည်။ အကြောင်းမှ ဆေးခန်းတွင် ဆေးဝါးများ လုံလုံလောက်လောက်မရှိသောကြောင့်ဖြစ်သည်။

 

လ--- ကျေးရွာတွင် နေထိုင်သည့် စောယ---နှင့်အခြားရွာသားများသည် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာ ပေးသင် တန်းကို တစ်ခါမှတက်ရောက်ဖူးခြင်းမရှိခဲ့ပါသည်။ ထို့ကြောင့် ရွာသားများအတွက် မြေမြှုပ်မိုင်းနှင့်ပတ်သတ်၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများအကြောင်းကို သိရှိနားလည်မှု အားနည်းခဲ့သောကြောင့် ခရီးသွားလာရာတွင် အခက်အခဲများရှိနေပါသည်။ ယခုအချိန်တွင် စောယ---သည် ၎င်း၏လယ်ယာတွင် အလုပ်မလုပ်နိုင်တော့သည့် အတွက် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မြေမြှုပ်မိုင်းနင်းမိခဲ့သူ ရွာသားနှစ်ဦးစလုံးသည် ဤသတင်းအကြောင်းအရာကို အသုံးပြု၍ဖြန့်ဝေရန် KHRG အား ခွင့်ပြုချက်ပေးခဲ့ပါသည်။

Wed, 11 Jan 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings