တိုက်ပွဲရှောင် ကရင်ကျောင်းသူကျောင်းသား ၁၀၀ ကျော်ကို ထိုင်းက နေရပ်ကို ပြန်ပို့

Sun, 02 Oct 2022

   

 

ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်ကျောင်းသူကျောင်းသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ဆီ ပြန်ပို့လိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒီလူငယ်တွေကို ရေကြီးနေတဲ့သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ ၃၀ ရက်မှာ မြန်မာဘက်ခြမ်းဆီကို ပြန်ပို့လိုက်တာလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောပါတယ်။

အဲဒီလိုပြန်ပို့ချိန်အတွင်း လှေတစ်စီးက နောက်ထပ်လှေတစ်စီးကို တိုက်မိခဲ့တာကြောင့် ရေစီးသန်နဲ့ မြစ်ထဲ လှေနစ်မြုပ်မယ့်အခြေအနေကြုံခဲ့ရတယ်လို့ KHRG က သူတို့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Related Readings

There is no data.