ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ ခုနှစ်၊ နိုဝင်လဘာလအတွင်း ဒူးပလာယာခရိုင်၊  နို့တကော (ကြာအင်းဆိပ်ကြီး) မြို့ နယ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကိုဖော်ပြထားပါသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့ ညအချိန်တွင် ဒူးပလာခရိုင်၊ကော်တရီ (ကော့ကရိတ်) မြို့နယ်၊ ထဲဝါးလော် (ထော်ဝါ‌လော်) ကျေးရွာအုပ်စု၊ င--- ကျေးရွာတွင် နေထိုင်သော အသက် (၁၅) နှစ်အရွယ် နော်ဝ--- မှ ဒူးပလာယာခရိုင်၊ နို့တ‌ကောမြို့နယ်၊ နို့တော်ပလာကျေးရွာအုပ်စု၊ အ--- ကျေးရွာတွင် နေထိုင်သော အသက် (၅၄) နှစ်အရွယ်ရှိ ဆ--- ကျောင်းကော်မတီ ဖ--- မှ လိင်ပိုင်းဆိုင်ရာစော်ကားမှုကျူးလွန်ခဲ့ကြောင်း တင်ပြခဲ့ပါသည်။ထိုလိင်ပိုင်းဆိုင်ရာစော်ကားမှုသည် ‌ကျောင်းကော်မတီမှ ၎င်း၏အိမ်သို့အဆိုပါကျောင်းသူနှင့် အခြားကျောင်သူနှစ်ဦးအား ကွမ်းသီး ခွံခွါခိုင်းရန်သွားပြီးသည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပါသည်။ ဖြစ်ပျက်မှုဖြစ်ပွားသည့်နောက်ပိုင်း ကျူးလွန်ခံရသူအနေဖြင့် ကျောင်းဆက်လက်တက်ရန်အတွက် အခက်အခဲဖြစ်နေပါသည်။ အစပိုင်းတွင် ‌ဒေသခံခေါင်းဆောင်များထံသို့ ဤကိစ္စအား တင်ပြခဲ့ပုံပေါ်သော်လည်း ကျူးလွန်ခံရသူ၏ မိသားစုဝင်မှ ဤကိစ္စအားဆက်လက်မလိုက်ရန်အတွက် ဆုံးဖြတ်ခဲ့ပါသည်။ ထိုကျောင်းမှ ဤဖြစ်ပျက်မှုအတွက်ဆောင်ရွက်မှုမပြုမီ ဒေသခံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို စောင့်နေခဲ့ကြပါသည်။ တစ်ချိန်တည်း တွင် ဖ--- ၏ ကျောင်းစာချုပ်သက်တမ်းမှာလည်း ကုန်သွားပြီး ကျောင်းမှထွက်ခဲ့ပါသည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လိင်ပိုင်းဆိုင်ရာစော်ကားမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ နို့တ‌ကော် (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ နို့တော်ပလာကျေးရွာအုပ်စု၊
အ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ဝ---

အသက်

၁၅ နှစ်

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

မရှိ

အလုပ်အကိုင်

ကျောင်းသား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကောတရီ (ကော့ကရိတ်) မြို့နယ်၊ ထဲဝါးလောကျေးရွာအုပ်စု၊ င--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အသက်

ရာထူး

နေရပ်ရွာအမည်

ဖ---

၅၄

ကျောင်းကော်မတီအဖွဲ့ဝင်

ဒူးပလာယာခရိုင်၊ နို့တ‌ကော် (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ နို့တော်ပလာကျေးရွာအုပ်စု၊
အ--- ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ သတင်းမှတ်တမ်းကောက်ယူသူမှ ဖြစ်ပျက်မှုအား ဒူးပလာယာခရိုင်၊ နို့တ‌ကော် မြို့နယ်၊ နို့တော် ပလာကျေးရွာအုပ်စု၊ ဟ--- ကျေးရွာနေ ဟ--- ကျောင်းတွင် နော်ရ--- ထံမှ ပထမဦးစွာ သိရှိခဲ့ ပါသည်။ သတင်းမှတ်တမ်းကောက်ယူသူသည် အ--- ကျေးရွာအတွင်းရှိ ဆ--- ကျောင်း မှ ဆရာမနှစ်ဦးနှင့် မေးမြန်းမှု ပြုခဲ့ပါသည်။ ထို့အပြင် ကျူးလွန်ခံရသူကိုယ်တိုင်နှင့် ၎င်း၏မိခင်ကိုလည်း မေးမြန်းမှုပြုလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းအချက်အလက်များကို ကျူးလွန်ခံရသူ၊ ၎င်း၏မိခင် နှင့် အ--- ကျေးရွာရှိ (နော်ရ--- နှင့် နော်ပ---) ဆရာမနှစ်ဦးတို့မှ ပြောပြခဲ့ပါသည်။ ကျူးလွန်ခံရသူမှ ဖြစ်ပျက်မှုအား ၎င်းနှင့်နီးစပ်သူတို့ထံ ပြောပြခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့ ညအချိန်တွင် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်၊ ထဲဝါးလော် (ထော်ဝါ‌လော်) ကျေးရွာအုပ်စု၊ င--- ကျေးရွာတွင် နေထိုင်သော အသက် (၁၅) နှစ်အရွယ် (ဒူးပလာခရိုင်၊ နို့တ‌ကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ နို့တော်ပလာကျေးရွာအုပ်စု၊ အ--- ကျေးရွာတွင်ပညာဆည်းပူး) နော်ဝ--- အား ဒူးပလာယာခရိုင်၊ နို့တ‌ကောမြို့နယ်၊ နို့တော်ပလာကျေးရွာအုပ်စု၊ အ--- ကျေးရွာတွင် နေထိုင်သော အသက် (၅၄) နှစ်အရွယ်ရှိ ဆ--- ကျောင်းကော်မတီ ဖ--- မှ လိင်ပိုင်းဆိုင်ရာစော်ကားမှုကျူးလွန်ခဲ့ကြောင်း ကရင်လူ့အခွင့်အရေး အဖွဲ့ (KHRG)ထံ တင်ပြခဲ့ပါသည်။

 

ကျောင်းကော်မတီအဖွဲ့ဝင်၏အိမ်တွင် ကွမ်းသီးအခွံခွါကူရန်မေးမြန်းခံရပြီးသည့်နောက် နော်၀--- သည် သူမ၏ သူငယ်ချင်းကျောင်းသူနှစ်ဦးနှင့်အတူ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေအချိန်တွင် ကျောင်းကော်မတီအဖွဲ့ဝင် ဖ--- ၏အိမ်သို့လိုက်ပါသွားခဲ့ပါသည်။ ၎င်တို့၏လုပ်အားခအတွက် မုန့်ဖိုးရရှိမည်ဟုပြောပါသည်။ အဆိုပါကျောင်းသူများသည် ဆ--- အထက်တန်းကျောင်း၏ ဘော်ဒါဆောင်တွင်နေကြပါသည် (ဘောဒါဆောင်သည် ဆ--- ‌ကျောင်းဝန်းထဲတွင်တည်ရှိပါသည်)။

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့ ညနေအချိန်တွင် ကျောင်းကော်မတီအဖွဲ့ဝင် ဖ--- မှ ဆ--- အထက်တန်းကျောင်းဘောဒါ‌ဆောင်တွင်နေထိုင်ကြသောကျောင်းသူသုံးဦးကိုသွားကြိုကာ ၎င်း၏အိမ်တွင် အလုပ်လုပ်ရန်ခေါ်လာခဲ့ပါသည်။ အဆိုပါကျောင်းသူသုံးဦးသည် ကွမ်းသီးအခွံအားနာရီအနည်းငယ်ခွါကူခဲ့ကြရကြောင်း နော်၀--- မှ ပြောပြခဲ့ပါသည်။

 

အလုပ်လုပ်ပြီးသည့်အချိန် နောက်ကျသဖြင့် အဆိုပါမိန်းကလေးများသည် ကျောင်းကော်မတီအဖွဲ့ဝင်၏အိမ်တွင် တစ်ညအိပ်ခဲ့ကြရပါသည်။ ထိုမိန်းကလေးသုံးဦး (အ--- ကျေးရွာရှိ အသက် ၁၅ နှစ်အရွယ် ရွာသားတစ်ဦး) သည် အခန်း တစ်ခန်းထဲတွင် အတူတူညအိပ်ခဲ့ကြပါသည်။ နော်ဝ--- သည် အခြားမိန်းကလေးများ၏ အလယ်တွင်အိပ်ခဲ့ပါသည်။ညသန်းခေါင်ကျော်အချိန်တွင် သူမအိပ်နေစဥ် ခြုံထားသောစောင်မှာ ဆွဲချခြင်းခံရသဖြင့်ချမ်းနေသည့်ဟုခံစားရ ကြောင်း နော် အ--- မှ ပြောခဲ့ပါသည်။  သူမအနေဖြင့် ၎င်း၏ ပေါင်အား တစ်ခုခုမှ ထိတို့သည်ဟု ခံစားရပါသည်။ အစပိုင်းတွင် ၎င်းအားထိတို့သည့်အရာမှာ ကြောင်တစ်ကောင်ဖြစ်သည်ဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်တစ်ဖက်သာဖြစ်နေခဲ့ကြောင်းသိရှိသွားပါသည်။ သူမမှ ဓာတ်မီးဆွဲယူသည့်အချိန်တွင် ထိုလက်အားထုတ်လိုက်ပါသည်။ ထို့နောက် သူမသည် ဓာတ်မီးအားဖွင့်လိုက်ပြီး ‌ကျောင်းကော်မတီအဖွဲ့ဝင်မှ လှေကားနှင့်အနီးတွင် ကျောခိုင်း၍ထိုင်နေသည်ကိုတွေ့ရှိခဲ့ပါသည်။ ကျောင်းကော်မတီအဖွဲ့ဝင်သည် အကျီမပါပဲ ဘောင်းဘီတိုတစ်ထည်သားဝတ်ဆင်ထားသည်ကို သူမမြင်တွေ့ခဲ့ပါသည်။ ထိုနောက် ၎င်း၏ဓာတ်မီးအားပိတ်ခဲ့ပြီး ပြန်အိပ်ရန်ကြိုးစားခဲ့ပါသည်။ သို့သော်လည်း သူမအနေဖြင့်ကြောက်ရွံ့မှုကြောင့် ဆက်မအိပ်ရဲတော့ပါ။ သူမမှ “ကျမအရမ်းဝမ်းနည်းတာပဲ” ဟုပြောခဲ့ပါသည်။

 

နောက်နေ့မနက်တွင် သူမနှင့် အခြားကျောင်းသူများမှာ ဆက်လက်အလုပ်လုပ်ခဲ့ကြသော်လည်း သူမအနေဖြင့် အလုပ်လုပ်လိုစိတ်မရှိတော့ကြောင်းခံစားရပါသည်။ ဖြစ်ပျက်မှုအားပြန်စဥ်းစား၍မျက်ရည်မထိန်းနိုင်သည့်အချိန်တွင် သူမ၏ သူငယ်ချင်းများအား ဘောဒါဆောင်သို့ ၎င်းတို့ပြန်ကြရန်ပြောခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ကျောင်းသို့ပြန်မသွားမီ လုပ်အားခအတွက် တစ်ဦးလျှင်(၁၀၀၀)ကျပ်စီရရှိခဲ့ပါသည်။ ၎င်းတို့သည် ဆ--- အထက်တန်း‌ကျောင်းသို့ နေ့လည် (၁း၃၀) အချိန်တွင်ပြန်သွားခဲ့ပါသည်။ သူမသည် ပထမဦးစွာ သူနှင့်တစ်ရွာတည်းနေသူငယ်ချင်းအား ဤဖြစ်ပျက်မှုကို ကျောင်းသို့ပြန်သွားချိန်တွင် ပြောပြခဲ့ပါသည်။

 

ထိုနေ့ညနေတွင် သူမမှ မိခင်ဖြစ်သူကို ဖုန်းဖြင့်ခေါ်ခဲ့ပြီး ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိခင်ဖြစ်သူသည်သူမ၏ ကျောင်းသို့သွားခဲ့ပါသည်။ သူမ၏မိခင်သည် ကျောင်းဆရာမနှစ်ဦးနှင့် တွေ့ဆုံခဲ့ပါသည်။ ကျောင်းဆရာမများမှဤဖြစ်ပွားခဲ့သည့်ဖြစ်ရပ်အတွက် ၎င်းတို့အနေဖြင့် ဆောင်ရွက်ပေးမည်ဟုပြောခဲ့သော်လည်း အဆိုပါဆရာမများထံမှမည်သည့်တုန့်ပြန်မှုကိုမျှပြန်လည်ကြားရခြင်းမရှိကြောင်း နော်၀--- ၏ မိခင်ပြောပြခဲ့ပါသည်။ ထိုနောက် မိခင်ဖြစ်သူအနေဖြင့် သူမ၏သမီးကို ကျောင်းပြီးအောင်တက်ပါက ပို၍အဆင်ပြေမည်ဟူသောယုံကြည်မှုဖြင့် ကျောင်းနေခိုင်း ခဲ့ပြီး အိမ်သို့ပြန်လာခဲ့ပါသည်။ “ကျမသမီးလေး ကျမနဲ့အတူပြန်လိုက်ချင်ခဲ့တယ်။ ကျမက သတင်းပေါက်ကြားသွားမှာကိုကြောက်တော့ သူ့ကိုအဲ့မှာပဲနေထားခိုင်းလိုက်တယ်။ သူ့ကိုတော့ ဒီနှစ်ကျောင်းပြီးအောင်တက်ခိုင်းလိုက်မယ်။ လာမယ့်နှစ်ကျမှပဲ အဲ့ဒီကျောင်းကနေ ပြောင်းခိုင်လိုက်မယ်။ သူငယ်ချင်းတွေကြားမှာတော့ သူရှက်မှာသေချာတယ်။ သူ့ကိုယ်သူနှစ်သိပ်ပြီး သူ့သူငယ်ချင်းတွေကလည်း သူ့ကို ဒီနှစ်ကျောင်းပြီးတဲ့အထိတက်ဖို့ ကြိုးစားပြီးနှစ်သိပ်ပေးကြတယ်။ ရှေ့ဆက်ဒီလိုဖြစ်မလာဖို့ ကျမမျော်လင့်တယ်။ ဒါမှ ကျမသမီးလေးလည်း အနှောက်အယှက်မရှိ ပညာဆည်ပူးနိုင်မှာ။”

 

နော်၀--- မိခင်ဖြစ်သူနှင့် စကားပြောခဲ့သော ဆရာမတစ်ဦးမှ ဖြစ်ပျက်မှုဖြစ်ပွားပြီးသည့်နောက်ပိုင်း ကျူးလွန်ခံရသူနှင့်တစ်ရွာတည်းနေပြီး ၎င်းတို့၏သားသမီးများကို ဘောဒါဆောင်တွင်ထားသော မိဘများသည် အထူးသဖြင့် ၎င်းတို့၏သမီးများကို ဘောဒါဆောင်တွင်လုံးဝ မထားချင်ကြတော့ကြောင်း ပြောခဲ့ပါသည်။ (ဖြစ်ပျက်မှုသတင်းသည် အခြား ကျောင်းသူ/ကျောင်းသားများကြားတွင် ပေါက်ကြားခဲ့ပြီးနောက် ၎င်းတို့၏မိဘများကို ပြန်လည်ပြောပြခဲ့ကြသည်။) ကျောင်းအုပ်၏အတွင်းရေးမှူးမှ ကျောင်းသားမိဘမျာအား ဘောဒါဆောင်တွင်ဆက်လက်ထားရန်နှင့် ကျောင်းစာသင်နှစ်ပြီးရန် နှစ်လ သို့မဟုတ် သုံးလာလိုတော့သောကြောင့် ကျောင်းပြီးသည့်အထိတက်ရန် အားပေးခဲ့ကြောင်း ဖြည့်စွက်ပြောပြခဲ့သည်။ အကယ်၍ ကျောင်းသားများ ကျောင်းမှထွက်သွားမည်ဆိုပါက စာသင်နှစ်တစ်နှစ်လုံးအ တွက်ဆုံးရှုံးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းသားမိဘများသည် ၎င်းတို့၏ကလေးများကို အခြားကျောင်းသို့ပြောင်းရန်အတွက် ကျောင်းစာသင်နှစ်ပြီးသည့်အထိ စောင့်ခဲ့ကြပါသည်။ (ဆ--- အထက်တန်းကျောင်းတွင် ပညာဆည်းပူးသော င--- ရွာမှ ကလေးစုစုပေါင်း (၁၁) ဦး (ယောကျ်ာလေး လေးဦး၊ မိန်းကလေး ခုနှစ်ဦး) ရှိပါသည်။ ကျောင်းပြန်တက်သည့်အချိန်တွင် ကျူးလွန်ခံရသူအပါဝင်ကျောင်းသူခုနှစ်ဦးလုံးသည် ထိုင်းနိုင်ငံရှိ န--- ဒုက္ခသည် စခန်းသို့ ကျောင်းသွားတက်ခဲ့ကြပါသည်။

 

နော်၀--- သည် ကျူးလွန်ခံရသူ၏ အန္တရာယ်ပြုခြင်းခံရမည်ကိုကြောက်ရွံ့နေပါသည်။ သူမအနေဖြင့် ဘော်ဒါဆောင် တွင်နေရန်ကြောက်ရွံ့သဖြင့် ၎င်း၏ ဆရာမဖြစ်သူနှင့်သွားနေရန်ပြောခဲ့ကြောင်း ဆရာမဖြစ်သူမှ ပြောပြခဲ့ပါသည်။ ဆရာမဖြစ်သူမှ ကျူးလွန်ခံရသူ ၎င်းနှင့်အတူလာနေပါက ကောလဟာလသတင်းပေါက်ကြားမည်ဟု ထင်ခဲ့ပါသည်။နော်၀--- မှ “ကျမဒီကိစ္စကိုဖြေရှင်းပေးစေချင်တယ်။ ကျမခြိမ်းခြောက်ခံရမှာကိုစိုးရိမ်တယ်။ ဒါကကျမရွာမှာဖြစ်တာမဟုတ်‌တော့ ကျမကြောက်တယ်။ ကျမက မိဘတွေရဲ့အဝေးမှာနေနေတာ။အ--- ကျေးရွာက ဒေသခံခေါင်ဆောင်တွေက ဒီကိစ္စကိုဖြေရှင်းပေးမယ် မဖြေရှင်းပေးဘူးဆိုတာ ကျမမသိဘူး။ ဒီကိစ္စကိုဖြေရှင်းပေးစေချင်တယ်။ ကျမကျောင်းထွက်ဖို့အတွက်စဥ်းစားနေတာ။ သူ့ကို (ကျောင်းကော်မတီအဖွဲ့ဝင်)ကျမကြောက်တယ်။ သူနဲ့ဝေးရာမှာပဲနေချင်တယ်။ အမှန်တကယ်တော့ ကျမကျောင်းတက်ချင်တာပေါ့၊ ဒါပေမဲ့ ဒီမှာနေပြီး ပညာဆက်သင်ဖို့ ကြောက်တယ်။ သူငယ်ချင်းကြားမှာနေရမှာ ကျမရှက်တယ်လို့ခံစားရတယ်။ ကျမသူငယ်ချင်းတွေ ဒီလိုဖြစ်ရပ်မျိုး ဖြစ်မှာကို ကျမ မလိုလားဘူး။”   

 

ဖြစ်ပျက်မှုဖြစ်ပွားပြီးသည့်နောက်ပိုင်း နော်၀--- သည် ယခင်ကကဲ့သို့ တက်ကြွမှုမရှိတော့ပါ။ သို့သော် ရက်သတ္တပတ်  အနည်းငယ်ကြာပြီးသည့်နောက်ပိုင်း သူမသည် အားကစားပြုလုပ်ခြင်းနှင့် ကျောင်းစာများပုံမှန်ပြန်လုပ်လာပါသည်။ နော်ဝ--- မှ အခြားဆရာမတစ်ဦးအား “ဒီဖြစ်ပျက်မှုက ကျမအတွက် အိမ်မက်ဆိုးနဲ့ စိုးရိမ်မှုဖြစ်လာတယ်။” ပြော ပြခဲ့သည်။ နောက်နှစ်ပညာသင်နှစ်အတွက် ဆ--- ကျောင်းတွင် ကျောင်းပြန်တက်ရန်မ၀ံ့မရဲဖြစ်ကြောင်း နော်၀--- မှ ပြောပြခဲ့ ပါသည်။

 

ဆ--- အထက်တန်းကျောင်းဆရာ/ဆရာမများမှ ဤဖြစ်ရပ်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ခုကိုမြင်ချင်ကြသော်လည်း ကျောင်းကော်မတီဝင်ကို ကျောင်းမှထုတ်ပစ်ရန်သည် ဒေသတွင်းဒေသခံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေကြောင်းသတိမူမိပါသည်။ ထိုကြောင့် ဖ--- အား ကျောင်းမှထုတ်ရန် ဆုံးဖြတ်ချက်သည် ရပ်ထားစဲဖြစ်နေပါသည်။

 

ဆ--- အထက်တန်းကျောင်းဆရာမတစ်ဦးမှ “ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လူငယ်တွေနဲ့ ကျောင်းသားတွေရဲ့အခွင့်အရေးအနေနဲ့သာကြည့်ပြီးဆုံးဖြတ်မယ်ဆိုရင် ဒါဟာ သူမရဲ့ စိတ်ခန္ဓာပိုင်းဆိုင်ရာအခွင့်အ‌ရေးနှစ်ခုလုံးကိုချိုးဖောက်ကျူးလွန်တာဖြစ်တယ်။” အခြားသောကျောင်းဆရာမတစ်ဦးမှ “ဒီကိစ္စပျောက်သွားဖို့ဆိုတာ အဆင်ပြေ မှာမဟုတ်ဘူး။” (...) ဒီကိစ္စကိုသာ ကျမတို့မဖြေရှင်းပေးဘူးဆိုရင် ဒီကလေးက ကျမတို့ (ခေါင်းဆောင်) တွေကို ဘယ်လိုအားကိုးနိုင်မှာလဲ။”

 

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ရက်နေ့ နောက်ဆုံးရသတင်း -  ဆရာ/ဆရာမများနှင့်ကျူးလွန်ခံရသူများသည် ဤဖြစ်စဥ်နှင့်ပတ်သက်၍ တရားမျှတမှု ရှာဖွေလိုစိတ်ရှိကြသော်လည်း မည်သည့်ဆက်လက်အရေးယူဆောင်ရွက်ခြင်းမှ မရှိပါ။ ဖြစ်ပျက်မှုဖြစ်ပွားပြီးသည့်နောက် ကျောင်းကော်မတီဝင်သည် ကျောင်းတွင်ဆက်လက်အလုပ်လုပ်နေခဲ့ပါသည်။ ၎င်းအနေဖြင့်ကျောင်းမှ နောက်ပိုင်းထွက်ခဲ့သော်လည်း ၎င်းသည် ဒေသခံခေါင်းဆောင်များနှင့် ကျောင်း၏ဆုံးဖြတ်ချက် ကြောင့်မဟုတ်ပါ။ ၎င်း၏သုံးနှစ်တာဝန်ထမ်းဆောင်ရန်ချုပ်ဆိုထားသည့် စာချုပ်ပြည့်သွားပြီးဖြစ်သောကြောင့် ဖြစ်ပါ သည်။ လက်ရှိတွင် ဤဖြစ်ရပ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေသည့် တရားရေးရာအဖွဲ့များမရှိပဲ ဖြစ်နေပါ သည်။ အဘယ်ကြောင့်ဆိုသော် ကျူးလွန်ခံရသူ၏ မိသားစုသည် ဤဖြစ်ရပ်ကို ဒေသခံခေါင်းဆောင်များထံသို့ မတင်ပြခဲ့ခြင်းကြောင့်ဖြစ်သည်။ ကျူးလွန်ခံရသူ၏မိဘများသည် ဤဖြစ်ရပ်အား တရားရုံးသို့မတင်ပြချင်ကြသည်မှာ တရားရုံးတွင် ဘာပြောရမည်ကို ၎င်းတို့အနေဖြင့်မသိကြသောကြောင့်ဖြစ်ပါသည်။ ကျူးလွန်ခံရသူ၏မိဘများမှ ကျူးလွန်ခံရသူသည် စကားပြောကြွယ်ပြီး ၎င်းတို့၏သမီးဖြစ်သူ နော်ဝ--- အပေါ် လိင်းပိုင်းဆိုင်ရာစော်ကားမှုအား ငြင်းဆိုမည်ကိုလည်း စိုးရိမ်နေကြသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ကျူးလွန်ခံရသူ၊ ၎င်း၏မိခင်နှင့် ကျောင်းဆရာမနှစ်ဦးမှ KHRG အား ပေးထားသည့်အချက်အလက်များကို အသုံးပြု ရန် ခွင့်ပြုချက်ပေးထားပါသည်။

Fri, 01 Jul 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရရှိသောအကြောင်းအရာ၌ အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

 

Related Readings