ကော့ကရိတ်မှာ လက်နက်ကြီးမှန်ပြီး ဆယ်တန်းကျောင်းသူတစ်ဦးသေဆုံး

Thu, 24 Mar 2022

  

 

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ထီးမူထကျေးရွာထဲကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဆယ်တန်းကျောင်းသူသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်လ ၂၄ ရက်နေ့ မနက် ၅ နာရီ ၄၅ မိနစ်အချိန်က စစ်ကောင်စီတပ်ဟာ ထီးမူးထကျေးရွာထဲကို လက်နက်ကြီးနဲ့ အချက်ပေါင်း ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး နေအိမ်တွေထိမှန်ပျက်စီးကာ အသက် ၁၇ ရွယ် ဆယ်တန်းကျောင်းသူတစ်ဦးသေဆုံးသွားခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

တိုက်ပွဲတွေဖြစ်ပွားတာမရှိပဲ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ KHRG ရဲ့ ပြောကြားချက်အရ သိရပါတယ်။

#လူထုနွေဦး
#LuduNwayOo
#People'sSpring
#PS
https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

Related Readings