စစ်တပ်မှ ဆက်လက်ကျူးလွန်နေသော ရာဇဝတ်မှုများအဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံအပေါ်နိုင်ငံတကာတာဝန်ယူမှုတာဝန်ခံမှုအတွက် တရားစွဲဆိုမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီရန်ပိုမိုလုပ်ဆောင်ရမည်။

နေ့စွဲ- ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့

ရိုဟင်ဂျာများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်ခြင်းတို့ကို ကျူးလွန်သူများအား တရားစွဲဆိုမှုဆိုင်ရာ လုပ်ဆောင်ချက်သုံးရပ်လုံးအား ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) နှင့်တကွ ကရင်လူမှုအ သိုက်အဝန်းများ၊ အခြားသောတိုင်းရင်းသားများ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ လက်ခံကြိုဆိုကြောင်းနှင့် ထောက်ခံကြောင်းဖော်ပြလိုပါသည်။ အဆိုပါတရားစွဲဆိုမှုဆိုင်ရာလုပ်ဆောင်မည့်အရာများသည် အပြည်ပြည်ဆိုင် ရာတရားရုံး (ICJ) သို့လျောက်တင်ထားသည့်လူမျိုးတုံးသတ်ဖြတ်မှု၊ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) တွင် အတင်းအဓမ္မနေရပ်ပြန်ခိုင်းစေခြင်းတို့ကို စုံစမ်းစစ်ဆေးခြင်းနှင့် မကြာသေးမီက အာဂျင်တီးနားတွင်ရရှိခဲ့သည့် အ ပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့် စသည်တို့ဖြစ်ပါသည်။ ရက်စက်ကြမ်းကြုတ်မှုများကို ရိုဟင်ဂျာလူမျိုးများ ရင်ဆိုင်ရသည့်နည်းတူ မြန်မာစစ်တပ်၏လက်အောက်တွင် ကရင်လူမျိုးများမှာလည်း အချိန်ကာလကြာမြင့်စွာ ခံစားလာခဲ့ရပြီးဖြစ်ပါသည်။ ဤတရားရေးလုပ်ဆောင်ချက်များသည် တာဝန်ယူမှုတာဝန်ခံမှုနှင့် တရားမျှတမှု အပြင်၊ မြန်မာစစ်တပ်မှ စနစ်တကျနှင့် ကျယ်ပြန့်သောလူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်မှုအား ဆောင်ကြဉ်းပေးမည်ဟု ကျွန်ုပ်တို့မှ မျှော်လင့်ပါသည်။

ဤတရားစွဲဆိုမှုဆိုင်ရာလုပ်ဆောင်ချက်သုံးရပ်သည်မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ် မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖော်ထုတ်ပြီး တရားမျှတမှုရရှိစေရန်ဖြစ်ပါသည်။ နိုင်ငံအဆင့်တွင် ယင်းအမှုကိစ္စများကို တရားမျှတမှုရရှိရန် လုပ်ဆောင်ရာ၌ မဖြစ်နိုင်သည့်အနေအထားတွင်ရှိနေပါသည်။ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ ထိရောက်မှုမရှိသောစုံစမ်းမှုရှစ်ခုကို ပြု လုပ်လာခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM) ၏ စုံစမ်းစစ်ဆေးရေးမှူးများမှ “မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် စစ်တပ်မှကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့်အမှန်တရားကို ဖြည့်ဆည်းမည်ဟူသော မျှော်လင့်ချက် သည် အခြေအမြစ်လုံးဝမရှိပါ။ မြန်မာနိုင်ငံ၏ ဥပဒေများ၊ တရားရေးနစ်၏ လွပ်လပ်မှုမရှိခြင်းနှင့် စွမ်းရည်မရှိ ခြင်းများသည် တရားမျှတမှုမရှိအောင် တားဆီးထားသည်။ မြန်မာနိုင်ငံ၏ တရားရေးစနစ်သည် အမှန်တရားကို ဖော်ထုတ်မည့်အစား တရားမျှတမှုရှာဖွေသူကို အပြစ်ပေးတတ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူအခွင့်အ ရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန်၊ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုယူဆောင်လာရန်နှင့် ဆက် လက်ချိုးဖောက်မှုများမရှိရန်အတွက် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများမှ နိုင်ငံတကာအသိုင်း အဝိုင်းအပေါ် တွင် မျှော်လင့်ချက်ထားခဲ့ကြရသည်။

မြန်မာစစ်တပ်၏ လူအခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြံပြုချက်များကို ထိထိရောက်ရောက်အကောင်အထည်ဖော်ရန် တိုင်းရင်းသား လူနည်းစုများမှ ဆယ်စုနှစ်များစွာနှင့်ချီ စောင့်စားခဲ့ကြရသည်။ မြန်မာနိုင်ငံအတွင်းရှိလူနည်းစု အစုအဖွဲ့များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုပုံစံများကို ၁၉၉၂ ကတည်းက မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် တစ်ဦးပြီး တစ်ဦးဆက်တိုက်တင်ပြခဲ့ကြသည်။ အချို့အခြေအနေများတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အထူးကိုယ်စားလှယ်တို့မှ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန် သောရာဇ၀တ်မှုများနှင့် စစ်ရာဇဝတ်မှုမြောက်ကြောင်းနှင့် ICC မှ စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ဖော်ပြခဲ့ကြ သည်။ KHRG ကဲ့သို့သော တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ လူ့အခွင့်အ ရေးအဖွဲ့အစည်းများသည် တရားလက်လွတ်သတ်ဖြတ်မှု၊ အတင်းအဓမ္မအစ‌ဖျောက်မှု၊ ပိုင်ဆိုင်မှုဖျက်ဆီးမှု၊ ညှင်းဆဲ မှုနှင့် လူမဆန်စွာဆက်ဆံမှု၊ မုဒိန်းမှုနှင့်အခြားသောလိင်ပိုင်းဆိုင်ရာနှင့် ကျား၊မအခြေပြု အကြမ်းဖက်မှု၊ အတင်းအ ဓမ္မခိုင်းစေမှု၊ ကလေးစစ်သားစုဆောင်းမှု၊ အရပ်သားများကို ရမ်းသန်းတိုက်ခိုက်မှု၊ ဝပ်ပြုရာနေရာ၊ ဆေးရုံနှင့် ကျောင်းများကိုတိုက်ခိုက်မှုနှင့် လူသားဒိုင်းအသုံးပြုမှုကဲ့သို့သော နိုင်ငံတကာလူအခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု ဥပဒေများအားချိုးဖောက်သည့်ဖြစ်စဉ်များကို သက်သေအထောက်အထား လုံလောက်စွာဖြင့်မှတ် တမ်းပြုစုခဲ့သည်။ သို့သော်လည်း နိုင်ငံတကာတရားရေးစနစ်နှင့် တာဝန်ယူမှုဆိုင်ရာယန္တရားများမှ မြန်မာစစ်တပ် ကိုတာဝန်ယူမှုရှိစေရန်နှင့် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုယူဆောင်လာနိုင်ခြင်း မရှိခဲ့ပါ။

ဤလုပ်ဆောင်မှုများသည် တရားမျှတမှုရရှိအတွက် မျှော်လင့်ချက်များကို ပြန်လည်ဖြစ်ပေါ်စေပြီး နိုင်ငံတကာ အဆင့်တွင် တရားမျှတမှုရရှိရန် အခက်အခဲများကိုလည်း ဖော်ပြနေသည်။ ၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံမှ ICJ တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုသဘော တူစာချုပ်ကို ချိုးဖောက်ရာရောက်သည့်အတွက် မြန်မာနိုင်ငံကိုအမှုဖွင့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်မှ ထိုစွပ်စွဲချက်များကို လူသိရှင်ကြား ငြင်းဆိုခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံမှ ICJ ၏တရားစီရင်ပိုင် ခွင့်နှင့် ဂမ်ဘီယာနိုင်ငံတရားစွဲဆိုပိုင်ခွင့်များကိုမေးခွန်းထုတ်သည့် ကန့်ကွက်ချက်များကိုလည်း တင်ပြခဲ့သော ကြောင့် တရားရေးလုပ်ဆောင်မှုများ နှောင့်နှေးခဲ့ရသည်။ ICJ မှ နောက်ဆုံးစီရင်ချက် မချမှတ်မီအချိန်တွင် ရိုဟင် ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များအား ထပ်မံကျူးလွန်ခြင်းမခံရစေရန် ကာကွယ်ပေးရမည့် တရားရေးအရ စည်းနှောင်မှုရှိသော ယာယီညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သည်။ သို့သော် မြန်မာစစ်တပ်မှ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်ရာရောက်သည့် အကြမ်းဖက်မှုများအပြင် မြန်မာနိုင်ငံအတွင်းရှိ အခြားလူနည်းစု တိုင်းရင်းသားနှင့် ဘာသာများအပေါ်တွင် အကြမ်းဖက်မှုများကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်နှင့် နောက်ပိုင်းတွင် ဆက်လက်ကျူးလွန်ခဲ့သည်။

ICC မှ ရိုဟင်ဂျာလူမျိုးများအပေါ် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် များအတွင်း ကျူးလွန်ခဲ့သော နိုင်ငံတကာရာဇဝတ် မှုမြောက်သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ၂၀၁၉ ခုနှစ် နှစ်နှောင်းပိုင်းတွင် ခွင့်ပြုချက်ပေးခဲ့သည်။ ဤစုံစမ်းစစ်ဆေးမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဧရိယာနှင့်ဆက်စပ်ပြီး ကျူးလွန်သည့် ရာဇ ဝတ်မှုများ၊ ရာဇဝတ်မှုကျူးလွန်သည့်အချိန်တွင် ရောမဥပဒေကို အတည်ပြုထားပြီးသော နိုင်ငံများအတွင်းကျူး လွန်သော ရာဇဝတ်မှုများအတွက်သာ အကျုံးဝင်သည်။ ထို့ကြောင့် မြန်မာစစ်တပ်မှ  ကျူးလွန်သည့် အခြားသော ရာဇဝတ်မှုများသည် ချန်လှပ်ခံရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်းဖြစ်ပွားသည့် နိုင်ငံတကာ ရာဇဝတ်မှုအားလုံးကို ICC အား စုံစမ်းစစ်ဆေးခွင့်နှင့် တရားစီရင်ခွင့်ပေးမည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ၏ကြေညာချက် (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ) ကို ICC မှလက်ခံပါက စုံစမ်းစစ်ဆေးမှုကို ပိုမိုကျယ်ပြန့်စေမည်ဖြစ်ပြီး ရောမဥပဒေမှခွင့် ပြုထားသည့်  ၂၀၀၂ ခုနှစ်၊ ဇူလိုင်လတည်းက ကျူးလွန်ထားသည့် ရာဇဝတ်မှုများကိုပါဝင်စေမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ နိုင်ဝင်ဘာလတွင် အာဂျင်တီးနားခုံရုံးမှ အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့်အောက်တွင် မြန်မာနိုင်ငံအ တွင်း ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်ထာသည့် စစ်ရာဇဝတ်မှုများကိုစုံစမ်းစစ်ဆေးရန်နှင့် သက်သေခံချက်များ ကို ကြားနာရန်ဖြစ်နိုင်ခြေရှိသည်။ ဤအမှုသည် ရိုဟင်ဂျာလူမျိုးနှင့်ပတ်သက်ပြီး ပထမဦးဆုံးသော အပြည်ပြည် ဆိုင်ရာတရားစီရင်ခွင့်ဖြစ်သောကြောင့် ဤစုံစမ်းစစ်ဆေးမှုသည် မှတ်တိုင်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရို ဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများစွာကို စစ်ဆေးမည့်အပြင် ကျူးလွန်ခံရသူများ၏ သက်သေ ခံချက်များကိုလည်း ကြားနာမည်ဖြစ်သောကြောင့် ကျူးလွန်ခံရသူများ၏အခွင့်အရေးနှင့် နောက်ခံအကြောင်းအ ရာများသည် တရားရုံးထဲတွင်အလေးပေးခံရမည်ဖြစ်သည်။ ထို့ကြောင့် ဤအမှုသည်နိုင်ငံတကာအဆင့်တွင်သက် ရောက်မှုကြီးမားမည့် အမှုတစ်ခုဖြစ်သည်။

လက်ရှိအချိန်တွင် တရားမျှတမှုရရှိရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပပျောက်ရေးတို့အတွက် အခွင့်အရေးများစွာရှိ နေသည်။ အခြားလူနည်းစုများအပေါ် မြန်မာစစ်တပ်မှကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးခြင်း များမရှိသေးသည့်အတွက် အခြားလူနည်းစုများအတွက် တရားမျှတမှုရရှိရေးနှင့် ဆက်လက်ဖြစ်ပေါ်နေသည့် အ ကြမ်းဖက်မှုများ အဆုံးသတ်ရေးသည် ရိုဟင်ဂျာအမှုဆုံးဖြတ်ချက်အပေါ်တွင် များစွာမူတည်နေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာစစ်တပ်မှ တိုင်းရင်းသားလူနည်းစုများပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့သောကြောင့် ဤအမှုကိုစီရင်ရန် ပို၍ပင် အရေးတကြီးလိုအပ်နေပါသည်။ အာ ဏာသိမ်းမှုကိုဆန့်ကျင်သည့် အရပ်သားများကို တိုက်ခိုင်ခြင်းများသည် စစ်တပ်မှ လူ့အသက်နှင့် လူအခွင့်အရေးကို အလေးမထားကြောင်း ထပ်မံပြသနေပါသည်။ ၁၉၉၀ ခုနှစ်ကတည်းက တိုင်းရင်းသားလူနည်းစုများအပေါ် ကျူး လွန်လာခြင်းများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိထိရောက်‌ရောက် တုန့်ပြန်ဖြေရှင်းခြင်းများမရှိသောကြောင့် ဤအခြေအနေသို့ ရောက်ရှိလာရခြင်းဖြစ်သည်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ တာဝန်ယူ မှုများမရှိခဲ့သောကြောင့် မြန်မာစစ်တပ်အား အကြမ်းဖက်မှုများ ထပ်မံကျူးလွန်ရန် ဖြစ်လာစေခဲ့သည်။ ဤအချိန် သည် တာဝန်ယူမှုတာဝန်ခံမှုနှင့် ပြစ်ဒဏ်ကင်းလွတ်မှု ပြဿနာများကို ပြတ်ပြတ်သားသားဖြေရှင်းရမည့် အချိန် ဖြစ်ပါသည်။

တရားမျှတမှုရရှိရန်နှင့် အကြမ်းဖက်မှုများကိုရပ်တန့်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ တရားရုံး အသီး သီး၏ တရားစီရင်‌ရေးကို ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးရမည့်အပြင် မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် များ စွာသော ရာဇဝတ်မှုများအတွက် တာဝန်ယူမှုရှိစေရန် အခြားနည်းလမ်းများကိုလည်း လုပ်ဆောင်ရမည်။ ကရင်လူ့ အခွင့်အရေးအဖွဲ့နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများမှ အောက်ပါအကြံပြုချက်များကို ပေးထားပါသည်။

  • အခြားသောနိုင်ငံများမှ ကနေဒါနှင့် နယ်သန်လန်နိုင်ငံတို့နှင့်ပူးပေါင်းပြီး ICJ တွင်ရှိသော လူမျိုးတုံးသတ် ဖြတ်မှု အမှုတွင်ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် ငွေကြေး သို့မဟုတ် တရားရေးအထောက်အကူပေးရန်။
  • ရုရှားနှင့် တရုတ်တို့မှ ဗီတိုအာဏာသုံးရန်အလားအလာရှိသော်လည်း နိုင်ငံအသီးသီး အထူးသဖြင့် လုံခြုံ ရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ အမှုကို ICC သို့လွဲပြောင်းရန်အတွက် ဝိုင်းဝန်းထောက်ခံရန်။
  • NUG ၏ ရောမဥပဒေ ပုဒ်မ ၁၂ (၃) အောက်တွင် ထုတ်ပြန်ခဲ့သောကြေညာချက်ကို အစိုးရရှေ့နေမှ (Prosecutor) မှလက်ခံသင့်ပြီး ICC ၏တရားစီရင်ခွင့်အောက်တွင်ပါဝင်နိုင်စေရန်အတွက် စုံစမ်းစစ်ဆေးမှု နယ်နိမိတ်ကိုချဲ့ထွင်ပြီး မြန်မာနိုင်ငံအတွင်း ၂၀၀၂ ခုနှစ်၊ ဇူလိုင်လကတည်းက ကျူးလွန်ခဲ့သော ရာဇဝတ်မှု များကိုပါဝင်စေရန်။
  • မြန်မာစစ်တပ်၏ ရာဇဝတ်မှုများကိုတာဝန်ယူမှုရှိစေရန် နိုင်ငံအများမှ အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့် ကို အသုံးပြုရန်။
  • ကုလသမဂ္ဂ၊ အစိုးရများနှင့် တရားရေးအဖွဲ့အစည်းများ အသုံးပြုသောအချက်အလက်များကို မှတ်တမ်းပြု စုပေးသည့် မြန်မာနိုင်ငံအတွင်း သို့မဟုတ် မြန်မာနိုင်ငံမှလာသော အဖွဲ့အစည်းများကို နိုင်ငံများမှ ငွေကြေး ထောက်ပံ့မှုများပေးရန်။
  • မြန်မာနိုင်ငံအတွက် တူညီသောအကြံပြုချက်များကို ထပ်မံတလဲလဲပေးမည့်အစား နောင်လာမည့် ကုလ သမဂ္ဂ ဆုံးဖြတ်ချက်များကို အလေးထားပြီး ပေးထားခဲ့ပြီးသောအကြံပြုချက်များအား လိုက်နာရန် ကွက် ပျက်ခြင်းများကို တင်ပြရန်။
  • စုံစမ်းစစ်ဆေးရေးနှင့် တရားစီရင်းရေး၏ ကြာရှည်မှုကို အသိအမှတ်ပြုပြီး မြန်မာစစ်တပ်၏ လက်ချက်ဖြင့် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ ရင်ဆိုင်နေရသော ပြည်သူများအတွက် နိုင်ငံများမှလုံ လောက်သော လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်။
  • နိုင်ငံအသီးသီးမှ တစ်နိုင်ငံချင်းအလိုက်ဖြစ်စေ၊ ကုလသမဂ္ဂအဆင့်တွင်ဖြစ်စေ၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွင်ဖြစ်စေ၊ ဒေသတွင်းအဖွဲ့အစည်းများတွင်ဖြစ်စေ မြန်မာစစ်တပ်ကို အသိအမှတ်ပြုခြင်း များမပေးရန်နှင့် စီးပွားရေးပိတ်ဆို့မှုများနှင့် အပြည်ပြည်ဆိုင်ရာလက်နက်ရောင်းချမှု ပိတ်ဆို့မှုများကိုပြု လုပ်ရန်။

 

ဆက်သွယ်ရန်

နော်ထူးထူး - +66 87 205 1856
စောနန္ဒဆူး -
+ 66 81129 7564

အောက်ပါအရပ်ဖက်လူထုအဖွဲ့အစည်းများမှလက်မှတ်ရေးထိုးသည်။

  1. Albany Karen community, Albany, NY
  2. Assistance Association for Political Prisoners
  3. Association of Human Rights Defenders and Promoters
  4. Athan - Freedom of Expression Activist Organization
  5. Australia Karen Organisation
  6. Burmese Rohingya Organisation UK
  7. Burmese Women's Union
  8. Calgary Karen Community Association
  9. California Karen Youth Forum
  10. Chin Human Rights Organization
  11. Committee of the Internal Displaced Karen People
  12. Democracy for Ethnic Minorities Organization
  13. Edmonton Karen Community Youth Organization
  14. European Karen Network
  15. Future Light Center
  16. Future Thanlwin
  17. Gender Equality Network
  18. Generation Wave
  19. Human Rights Foundation of Monland
  20. International Karen Organisation
  21. Kachin Women's Association Thailand
  22. Karen American Association of Wisconsin, Milwaukee, WI
  23. Karen Association of Huron, SD
  24. Karen Baptist Churches USA
  25. Karen Community Association UK
  26. Karen Community in Norway
  27. Karen Community in the Netherlands
  28. Karen Community of Akron, OH
  29. Karen Community of Austin, TX
  30. Karen Community of Canada
  31. Karen Community of Czech Republic
  32. Karen Community of Finland
  33. Karen Community of Hamilton
  34. Karen Community of Iowa, IA
  35. Karen Community of Ireland
  36. Karen Community of Israel
  37. Karen Community of Kansas City, KS & MO
  38. Karen Community of Kitchener & Waterloo
  39. Karen Community of Leamington K
  40. Karen Community of Lethbridge
  41. Karen Community of London
  42. Karen Community of Louisville
  43. Karen Community of Minnesota, MN
  44. Karen Community of North Carolina
  45. Karen Community of Ottawa
  46. Karen Community of Regina
  47. Karen Community of Saskatoon
  48. Karen community of Tennessee
  49. Karen Community of Thunderbay
  50. Karen Community of Toronto
  51. Karen Community of Windsor
  52. Karen Community of Winnipeg
  53. Karen Community Society of British Columbia
  54. Karen Environmental and Social Action Network
  55. Karen Finland Culture Association
  56. Karen Organization of America
  57. Karen Organization of Illinois, IL
  58. Karen Organization of San Diego
  59. Karen Organization of San Diego - Signed
  60. Karen Peace Support Network
  61. Karen Society of Nebraska
  62. Karen Student Association, University of Nebraska
  63. Karen Swedish Community
  64. Karen Thai Group
  65. Karen Women's Organization
  66. Karen Youth Education Pathways
  67. Karen Youth Networks
  68. Karen Youth of Norway
  69. Karen Youth of Toronto
  70. Karen Youth Organization
  71. Karen Youth UK
  72. Karen-Canadian Education Alliance
  73. Karenni Civil Society Network
  74. Karenni Human Rights Group
  75. King N Queens Organization
  76. Korea Karen Organization
  77. Korea Karen Youth Organization
  78. Let's Help Each Other
  79. Metta Campaign Mandalay
  80. Myanmar People Alliance (Shan State)
  81. Oversea Karen Organization Japan
  82. Pa-O Women’s Union
  83. Progressive Voice
  84. Save and Care Organization for Ethnic Women at Border Areas
  85. Synergy - Social Harmony Organization
  86. Ta'ang Legal Aid
  87. Utica Karen Community, NY
  88. Women Advocacy Coalition Myanmar
  89. Women's League of Burma
Mon, 20 Dec 2021

Related Readings