နိဒါန်း

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားသည့်အချိန်မှစ၍ အလွန်တရာအားနည်း သော ကျန်းမာရေးစောင့်ရှောက်မှုများ၊ အချိန်ကြာမြင့်စွာဖြစ်ပွားလျက်ရှိသောပဋိပက္ခနှင့် နိုင်ငံရေး မတည်ငြိမ်မှုများအပြင် ဆင်းရဲနွမ်းပါးမှုနှင့် နိုင်ငံအတွင်းဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်ပတ် သက်၍ ပြည်သူလူထုများမှ စိုးရိမ်ပူပန်မှုများရှိခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ပထမနှစ်ဝက်အထိ မြန်မာနိုင်ငံ အတွင်း ဗိုင်းရပ်စ်ရောဂါပိုးပြန့်ပွားမှုနှုန်းနည်းသည့်အတွက် မြန်မာအစိုးရ၏လုပ်ဆောင်ချက်များမှာ မှန် ကန်သည်ဟု အချို့ကယုံကြည် ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မြန်မာနိုင်ငံကိုယ်စားလှယ်မှ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် “လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနေဖြင့် အလွန်ကောင်းမွန်စွာဆောင်ရွက်ခဲ့သည်” ဟု မြှောက်ပင့်ပြောဆိုခဲ့ပါသည်။ မြန်မာနိုင်ငံ၏ “အစိုးရတစ်ရပ်လုံးပါဝင်လာရေး” မူကို ဖော် ပြခဲ့ပြီး “နိုင်ငံရဲ့ကျန်းမာရေးဝန်ဆောင်မှု၊ ရောဂါထိန်းချုပ်မှုနဲ့ပြန်လည်တုန့်ပြန်မှုတွေကို အားကောင်း အောင်လုပ်နေကြပြီးတော့ မြန်မာနိုင်ငံမှာရောဂါကူးစက်မှုအနည်းငယ်ပဲရှိအောင် တတ်နိုင်သမျှလုပ် ဆောင်ဖို့အတွက်အရေးကြီးတယ်”[1] ဟု ထပ်မံဖြည့်စွက်ခဲ့ပါသည်။  

မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (Economic Relief Plan) တပေါင်းတည်း အတူကျော်လွှားခြင်း[2]တွင် “မည်သူတစ်ဦးမှမကျန်စေရ” ဟူသည့် ပူးပေါင်းပါဝင်နိုင်ရေး လုပ်ဆောင် ချက်များကို ထည့်သွင်းဖော်ပြထားသည်။ သို့သော်လည်း အစိုးရ၏ဆောင်ရွက်ချက်များမှာ ပြည်သူအား လုံးထံသို့ ရောက်ရှိနိုင်ခြင်းမရှိပါ။ အချိန်ကြာမြင့်စွာဆက်လက်ဖြစ်ပွားလျက် ရှိသောတိုက်ပွဲများ၊ နေရပ် ရွှေ့ပြောင်းနေထိုင်ရခြင်းများနှင့် ဗဟိုအစိုးရ၏ တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများကြောင့် တိုင်းရင်းသားအများစုနေထိုင်လျက်ရှိသော မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသအများစုတွင် ကူညီ ထောက်ပံ့မှုမလုံလောက်မှုများကို ဆက်လက်ကြုံတွေ့နေကြရသည်။ ထို့ကြောင့် တိုင်းရင်းသားများနေထိုင် သည့်ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါအား တုန့်ပြန်မှုနှင့်သက်ရောက်မှုများကို အနီးကပ်စောင့်ကြည့်လေ့လာပြီးမှသာလျှင် မြန်မာနိုင်ငံ၏ ရောဂါတုန့်ပြန်ခြင်းဆိုင်ရာ “အောင်မြင်မှု” အား တိုင်းတာနိုင်မည်ဖြစ်သည်။ 

ရောဂါကူးစက်မှုစတင်သည့် အစောပိုင်းကာလများတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် မြန်ဆန်မှုမရှိသ ဖြင့် ကာလကြာရှည်စွာဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် အခြေခံ စောင့်ရှောက်မှုအားနည်းချက်များရှိကြောင်းကို အစိုးရ၏တုန့်ပြန်ဆောင်ရွက်မှုများတွင် အလွယ်တကူ မသိရပါ။ သို့သော်လည်း အခြားအဖွဲ့အစည်းများဖြစ်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းများ၏ တုန့်ပြန်ဆောင်ရွက်မှု များသာလျှင် ထင်သာမြင်သာရှိသည်။ ကိုဗစ် ၁၉ ရောဂါပထမလှိုင်းစတင်သည့်အချိန်အတွင်း မြန်မာပြည်အရှေ့တောင်ပိုင်း၏အခြေအနေအား တင်ပြခဲ့သည့် အစီရင်ခံစာအကျဉ်းချုပ်တွင် အဖွဲ့များအချင်း ချင်းကြား ပူးပေါင်းလုပ်ဆောင်ရာတွင် အားနည်းချက်ရှိကြောင်းနှင့် ရောဂါကပ်ဆိုးအား ပြန်လည်တုန့်ပြန် ရာတွင် ‌‌နှောက်နှေးခြင်း၊ မျှတမှုမရှိခြင်းများနှင့်ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှတင်ပြ ခဲ့ပြီးဖြစ်သည်။ “နိုင်ငံရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းသည် ရွာသားများနှင့် ဒေသခံ ခေါင်းဆောင်များအတွက် သတင်းအချက်အလက်များ၊ စဉ်ဆက်မပြတ်သောသင်တန်းများနှင့် လိုက်နာ ရမည့်စည်းမျဉ်းစည်းကမ်းများအား လက်ခံရရှိရန် အခက်အခဲကြုံတွေ့ရစေပါသည်။  ထိုသို့သတင်းအချက် အလက်နှင့် အရင်းမြစ်မရှိသူများအနေဖြင့် ထိရောက်သောအသိပညာပေးမှုများနှင့်ကာကွယ်မှုများအတွက် လုပ်ဆောင်ရန်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရခြင်းမှာ အလွန်ပင်ဝန်ထုပ်ဝန်ပိုးကြီးမားစေသည်”[3] ဟု KHRG မှ ဖော်ပြခဲ့သည်။ ထိုသို့ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းကြောင့် စစ်ဆေးရေးဂိတ် များအား တပ်မတော်မှ အဓမ္မဖယ်ရှားခြင်းများကို ကြုံတွေ့ရသည်သာမက ကျေးရွာများအကြား ပဋိပက္ခ များနှင့်တင်းမာမှုများပေါ်ပေါက်လာခဲ့ပါသည်။ ထို့အပြင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင် ရွက်ရာတွင်လည်း အခက်အခဲများ ပိုမိုရင်ဆိုင်လာကာ ဒေသတွင်းအပြန်အလှန်အကူအညီပေးမှုစနစ်ကိုလည်း ပျက်စီးစေသည်ကို KHRG မှ တွေ့ရှိခဲ့ရပါသည်။ 

အစောပိုင်းကာလများတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အရေးကြီးသည့်ဒေသအချို့သို့ ကိုဗစ်-၁၉ ရောဂါတုန့်ပြန်မှုများနှင့် အထောက်အပံ့များမရောက်ရှိနိုင်ခဲ့ပါ။ ထို့ကြောင့် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ   ရောဂါကူးစက်မှု ဒုတိယလှိုင်းစတင်ချိန်မှစ၍ ရောဂါတုန့်ပြန်မှုဆိုင်ရာစီမံခန့်ခွဲမှု အားနည်းချက်များနှင့် အဟန့်အတားများ၏အခြေအနေကို KHRG မှ ဆက်လက်လေ့လာစောင့်ကြည့်နေခဲ့ပါသည်။ ကျေးလက် ဒေသများတွင် ရောဂါကူးစက်မှုနှုန်းတိုးမြင့်လာသည့်အတွက် အသိပညာပေးခြင်းနှင့်ကာကွယ် ရေးလုပ် ငန်းများကို ပိုမိုလုပ်ဆောင်လာသော်လည်း ယေဘုယျအားဖြင့် မြန်မာအစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး(KNU)[4] နှစ်ဖက်စလုံး၏ကန့်သတ်တားမြစ်မှုများ ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် ရွာသား တစ်ဦးစီ၏အသိပညာနှင့် တာဝန်ဝတ္တရားများကိုသိရှိလာစေရန် လုပ်ဆောင်ရမည့်အစား  အထူးသဖြင့် ရွာသားများအတွက် ဆိုးကျိုးရှိစေသော ခရီးသွားလာမှုပိတ်ပင်ခြင်းနှင့် ကျောင်းများပိတ်ထားခြင်းများကို အများအားဖြင့်လုပ်ဆောင်ကြသည်။ ထိုသို့ပိတ်ဆို့မှုများက ဝန်ဆောင်မှုနှင့် အကူအညီပေးမည့်အဖွဲ့အ စည်းများ၏အရေအတွက်ကို လျော့ကျစေသည်။ အစိုးရအနေဖြင့် အကူအညီလိုအပ်သောအိမ်ထောင် စုများအား ငွေကြေးနှင့်ပစ္စည်းအထောက်အပံ့များ အနည်းငယ်ပံ့ပိုးပေးသော်လည်း ရောနှောထိန်းချုပ်နယ်မြေများနှင့် KNU ၏ထိန်းချုပ်နယ်မြေများမှာ ဖယ်ကျဉ်ထားခြင်းခံရကြသည့်အတွက် ဒေသခံအာဏာ ပိုင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ထိုလူမှုအသိုက်အဝန်းများအား ထောက်ပံ့နိုင်ရန် အဖြေရှာကြရသည်။ 

မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ဒေသအများစုမှာ ဒေသအတွင်းဗိုင်းရပ်စ်ရောဂါပိုး ကျယ်ပြန့် စွာကူးစက်ပျံ့နှံ့မှုကို ကြုံတွေ့ရခြင်းမရှိသေးသည့်အတွက် အခြားနေရာဒေသများတွင်ဖြစ်ပွားသော ကျန်းမာရေးကပ်ဆိုးများကြောင့် အသွားအလာကန့်သတ်မှုများနှင့် ကာကွယ်ရေးနည်းလမ်းများကြောင့် ထိခိုက်နှစ်နာမှုများပို၍ခံစားရကြောင်း ထင်ရှားပါသည်။ သို့သော်လည်း ကျေးလက်ဒေသရှိ လူမှုအသိုက် အဝန်းအများစု၏အခြေအနေများမှာ အလွန်တရာအားနည်းနေပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အားထိခိုက်ခြင်းကြောင့် ၎င်းတို့၏လူနေမှုဘဝအပေါ် သက်ရောက်မှုရှိစေသည်။ သတင်းအချက်အလက် ဖြန့်ဝေရေးနှင့် အကာအကွယ်ပေးရေးများတွင်သာမက ရောဂါစစ်ဆေးမှုနှင့် ကုသ မှုအပိုင်းများတွင်လည်း အားနည်းချက်ရှိသဖြင့် ဝေးလံသောဒေသများတွင် ရောဂါကူးစက်မှုများစတင်ဖြစ်ပွားပါက ထိခိုက်နစ်နာမှုများဖြစ်စေနိုင်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ ရွေးကောက်တင်မြှောက်ထားသော အစိုးရသစ်အားဆန့်ကျင်ကာ အာဏာသိမ်းယူခဲ့ပါသည်။ ဤအစီရင်ခံစာသည် အာဏာသိမ်းမှုမတိုင်မီ အခြေ အနေများကို အဓိကထားဖော်ပြထားသော်လည်း ဗဟိုအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် အခြားအဖွဲ့အစည်းများမှ လွန်ခဲ့သည့်နှစ်များက အားစိုက်ဆောင်ရွက်ခဲ့ကြသော အခြေခံ အဆောက်အအုံများနှင့်ဝန်ဆောင်မှုများမှာ ဖျက်စီးခြင်းခံခဲ့ရသည်။ အချို့ဒေသများတွင် ပြည်သူ့ကျန်းမာ ရေးဝန်ဆောင်မှုစနစ်များရပ်တန့်ခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေးများ ဘဏ်ဝန်ဆောင်မှုများလည်း ကြီးမား သည့်ပျက်စီးဆုံးရှုံးမှုများကို ကြုံတွေ့ခံစားရစေသည်။ ကိုဗစ်-၁၉ ရောဂါရှိမရှိစစ်ဆေးမှုများသည် အလွန် တရာလျှော့နည်းသွားပြီး လက်ရှိအခြေအနေတွင် ရောဂါစစ်ဆေးမှုနှင့်ပတ်သက်၍ တင်ပြချက်အနည်း ငယ်သာရှိသည်။ နေရာအနှံ့အပြားတွင် ကာကွယ်ဆေးထိုးမည့်အစီအစဉ်များမှာလည်း လုံးဝပျက်စီးသွား ခဲ့ပုံရသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ဒေသများတွင် ရောဂါကူးစက်မှုအန္တရာယ် ကြုံတွေ့ရခြင်းမရှိ သေးပါက ဤအခြေအနေအားလုံးပြောင်းလဲနိုင်ခြေရှိသည်။ ဒေသခံဆရာဝန်များက “စစ်တပ်အာဏာ သိမ်းပြီးတာနဲ့ ကိုဗစ် ၁၉ ရောဂါတုန့်ပြန်ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ရတယ်။ လူအများနဲ့စုဝေးဆန္ဒပြ တာတွေက တော်လှန်တာနဲ့စည်းလုံးညီညွှတ်မှုနှစ်ရပ်လုံးကိုပြသဖို့အတွက် အရေးကြီးတဲ့လုပ်ဆောင်မှုတွေဖြစ်ပေမယ့် ဒါတွေက ရောဂါပိုးကူးစက်ပျံ့နှံ့စေတဲ့ပွဲတွေလည်းဖြစ်နေတယ်။ လုံလောက်တဲ့စမ်းသပ်မှု၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုနဲ့ သီးသန့်နေထိုင်မှုတွေ၊ အထူးကုသစောင့်ရှောက်မှုတွေနဲ့ ကာကွယ် ဆေးထိုးပေးတာတွေမရှိတဲ့အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေဟာ ပိုမိုများပြားလာနိုင်တယ်”[5] ဟု ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဒေသအတွင်းအခြေအနေဆိုးရွားလားပြီး ကူညီထောက် ပံ့မှုများအား ပို့ဆောင်နိုင်မည့်နည်းလမ်းများအားရှာဖွေရန် အလွန်လိုအပ်လျက်ရှိသည်။ လက်ရှိအချိန် တွင် စစ်တပ်မှအုပ်ချုပ်နေသည့်အတွက် ထိုအထောက်အပံ့များနှင့်ဝန်ဆောင်မှုများအား ကျေးလက်ဒေ သများရှိ တိုင်းရင်းသားများလူမှုအသိုက်အဝန်းသို့ ရောက်ရှိနိုင်ရန်မှာ ပိုမိုခက်ခဲလိမ့်မည်။

ဤအစီရင်ခံစာသည် စစ်တပ်မှအာဏာမသိမ်းမီအခြေအနေကိုဖော်ပြထားသော်လည်း ယခုအချိန်တွင် ကာကွယ်ကုသရေးအစီအစဉ်များ လုပ်ဆောင်ခြင်းမရှိတော့သဖြင့်၊ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်လာ သောပြဿနာများ ပျောက်ကွယ်သွားခြင်းမရှိသလို အစိုးရ၏တုန့်ပြန်မှုများမှာလည်းဆက်လက်လုပ် ဆောင်ရမည်ဖြစ်ပါသည်။ ထို့အပြင် ကျေးလက်ဒေသရှိ တိုင်းရင်းသားလူနည်းစုများအတွက် လိုအပ်ချက် များအားဖြည့်ဆည်းပေးနိုင်မည့် အခြေခံအဆောက်အအုံများ၏ ဖွံ့ဖြိုးတိုးတက်မှုအား ဟန့်တားလျက်ရှိ သော နိုင်ငံရေးမတည်ငြိမ်မှုများကလည်း ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ ဤအစီရင်ခံစာကို ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအစီအစဉ်များနှင့် ကျန်းမာရေးဝန်ဆောင်မှုများအပေါ် သက်ရောက်မှုရှိစေ နိုင်သော နိုင်ငံရေးအခြေအနေများကိုဖော်ပြခြင်းဖြင့် စတင်ထားသည်။ ထို့နောက် ကိုဗစ်- ၁၉ အခြေအ နေတင်ပြမှုနှင့် ရောဂါစမ်းသပ်မှုအစီအစဉ်များ၊ ကူးစက်လူနာတိုးမြှင့်လာမှုများအား အကောင်အထည် ဖော်ဖြေရှင်းမည့် ကာကွယ်ရေးအစီအစဉ်များကို ဆက်လက်ဆွေးနွေးတင်ပြထားပါသည်။ ထိုအချက်များ အားတင်ပြပြီးနောက်တွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် သက်ရောက်မှုများ၊ ကူညီထောက်ပံ့မှုအမျိုးမျိုးအားလက်ခံရရှိမှုနှင့် ကျန်းမာရေး၊ ပညာရေးအခြေအနေများကိုလည်း ဆွေးနွေးတင်ပြထား ပါသည်။ 

အဓိကရှာဖွေတွေ့ရှိချက်များ

ရှုပ်ထွေးလှသည့်နိုင်ငံရေးအ‌ပြောင်းအလဲနှင့် ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခများသည် အုပ်ချုပ်ရေး ဆိုင်ရာပူးပေါင်းလုပ်ဆောင်မှုများနှင့် တစ်နိုင်ငံလုံးဆိုင်ရာရောဂါကာကွယ်ရေးအစီအစဉ်များအတွက် အခက်အခဲများကိုဖြစ်စေသည်သာမက လက်တွေ့ကျမှုပင်မရှိပါ။ ဒေသတွင်းပူးတွဲဆောင်ရွက်ခြင်းနှင့်  ကွဲပြားခြားနားသောနိုင်ငံရေးလုပ်ဆောင်သူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းကိုမှီခိုနေရသောအစီအမံများသည် အချို့သောကိစ္စရပ်များတွင် အောင်မြင်နိုင်မည်ဖြစ်သော်လည်း ၎င်းတို့သည် ဝန်ဆောင်မှုပေး ခြင်းနှင့် အခွင့်အရေးအကာအကွယ်ပေးခြင်းအတွက်မျှသာမဟုတ်ချေ။ နေရာဒေသအသီးသီးတွင် အုပ် ချုပ်ရေးပိုင်းဆိုင်ရာကွဲပြားခြားနားသည့် စိန်ခေါ်မှုများဖြင့်ရင်ဆိုင်ကြရသည်။ ထို့ကြောင့် ‌သီးခြားထိန်းချုပ် မှုရှိသောနေရာဒေသများအတွက် ဖြေရှင်းမှုနည်းလမ်းများအားထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ 

ပြည်သူအားလုံးထံသို့ အစိုးရ၏အထောက်အပံ့မျာ ရောက်ရှိသည်ဟုဆိုသော်လည်း ထိုအထောက်အပံ့ များသည် မြန်မာအစိုးရ၏အုပ်ချုပ်မှုအောက်ရှိ‌ဒေသများတွင်သာ ရောက်ရှိကြပါသည်။ ဆိုလိုသည်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ အုပ်ချုပ်မှုအောက်တွင်ရှိသောကျေးရွာများသည် ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားသောရောဂါကြောင့် ၎င်းတို့ကြုံတွေ့ရသော အသက်မွေးဝမ်းကျောင်းပြဿနာအား မိမိတို့ကိုယ်တိုင်ဖြေရှင်းကြရသည်။ 

နိုင်ငံတကာအထောက်အပံ့များသည် ကျေးလက်‌ဒေသများသို့ အကန့်အသတ်ဖြင့်သာ‌ရောက်ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ ခရီးသွားလာခြင်းပိတ်ပင်ခြင်းထက် မြန်မာအစိုးရ၏အခွင့်အာဏာအောက်ရှိ NGOs နှင့် INGOs အနေဖြင့် မည်သည့်နေရာ‌ဒေသများ၌သာ ကူညီထောက်ပံ့မှုများပေးနိုင်သည်ဟူသော ကန့်သတ်ချက်ကြောင့်ပင်ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် အဖွဲ့အစည်းကြီးများဖြစ်သည့် ကမ္ဘာ့ဘဏ် (World Bank), နိုင်ငံတကာငွေကြေးရန်ပုံငွေအ‌ဖွဲ့(IMF)နှင့် နိုင်ငံခြားရေးအစိုးရများမှထောက်ပံ့ပေးသော နိုင်ငံတကာရန်ပုံငွေများကို သိသာစွာထိန်းချုပ်ထားပါသည်။ ဒေသခံလူမှုအသိုက်အဝန်းများဆီသို့ အခြေခံဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကဲ့သို့သော KNU ကျန်းမာရေးနှင့်ပညာရေးဌာနတို့သည် နိုင်ငံတကာမှပေးသောအထောက်အပံ့များနှင့် အကျိုးကျေးဇူး အပြည့်အဝမခံစားရခြင်းမရှိပါ။ 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့် အစီရင်ခံစာတင်ပြခြင်းများသည် ပြည့်စုံလုံလောက်မှုမရှိခြင်းနှင့် အချက်အလက်မှားယွင်းနေခြင်းဖြစ်သည်သာမက တိုင်းရင်းသားအုပ်ချုပ်ရေး‌ဒေသ များရှိ လူဦးရေများကိုကာကွယ်ရာတွင်လည်း ပြည့်စုံလုံလောက်မှုမရှိပေ။ 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းမရှိသော ကျေးလက်ဒေသများရှိ ရွာသူရွာသားများသည် ကြီးမားသော ကျန်းမာရေး၊ ပညာရေးသင်ကြားနိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းအခက်အခဲများဖြင့် ရင်ဆိုင်နေကြ ရသည်။ ၎င်းပြဿနာများ၏ သက်ရောက်မှုများသည် ကြာရှည်စွာသက်ရောက်မှု ဧကန်မုချရှိပေလိမ့် မည်ဖြစ်သည်။
●    ခရီးသွားလာ‌ရေးကျယ်ပြန့်စွာကန့်သတ်မှုများချမှတ်ထားခြင်းသည် ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်း ချုပ်ထားရာတွင် အကူအညီဖြစ်စေသည်မှန်သော်လည်း ကျေးလက်‌ဒေသအတွင်း အသက်မွေးဝမ်း ကျောင်းဆိုင်ရာယန္တရားများအပေါ် သက်ရောက်မှုများကို ပို၍ပင်ဖြစ်စေသည်။ ထို့ပြင် အစားအသောက်‌မလောက်ငှမှုတိုးများလာခြင်းနှင့် လူမှုသိုက်အဝန်းအတွင်း အပြန်အလှန်ထောက်ပံ့မှုများ ကျဆင်းသွားခြင်းကို ပို၍ပင်ဖြစ်ပေါ်လာစေပါသည်။ 
●    အစိုးရ၏ဝန်ဆောင်မှုများ လုံးဝရပ်တန့်သွားခြင်းနှင့်အတူ ပညာရေးသင်ကြားမှုရရှိရန်အခွင့်အလမ်း များမှာလည်း လုံးလုံးလျားလျားပျက်ပြယ်သွားပါသည်။ သို့သော်လည်း တိုင်းရင်းသားဒေသရှိ ပညာရေးဝန်ဆောင်မှုပေးသောအဖွဲ့များမှ ထောက်ပံ့သောကျောင်းများသာဖွင့်လှစ်သင်ကြားလျက်ရှိ  သည်။ ဝေးလံခေါင်ဖျားသည့်‌ဒေသများတွင် အစိုးရမှ‌ဖွင့်လှစ်ပေးထားသည့် သင်ကြားမှုအခွင့်အလမ်း များကို ကျေးလက်ဒေသရှိရွာသားများရရှိနိုင်ခြင်းမရှိပဲဖြစ်နေသည်။ 
●    ကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးပေါ်မဟုတ်သည့်လိုအပ်သောဝန်ဆောင်မှုများနှင့် ပတ်သတ် ၍ အဓိကအားဖြင့် ဖြတ်တောက်ခြင်းခံရသည်။ ထိုကဲ့သို့သောဝန်ဆောင်မှုများအား ဖြတ် တောက်ခြင်း များ‌ကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများတိုးလာခြင်းနှင့် ကျန်းမာရေးဝန်‌ဆောင်မှု အလုံအ လောက်မရရှိသော ‌ကျေးလက်ဒေသနေလူမှုအသိုက်အဝန်းများအတွက် အထူးအကူအညီပို၍လိုအပ် ခြင်းကိုဖြစ်စေသည်။

အ‌ရေးပေါ်အထောက်အပံ့များကူညီပံ့ပိုးရာတွင် အစားအ‌သောက်နှင့်ငွေကြေး‌များပေးဝေခြင်းတို့သည် အရေးပါသော်လည်း ထိုအထောက်အပံ့လည်ပတ်ပုံစနစ်သည် မျှတမှုမရှိခြင်းနှင့် ပွင့်လင်းမြင်သာမှုမရှိ ခြင်းများဖြစ်နေသည်။ ထို့ကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာအခက် အခဲများကိုတွန်းလှန်ရန်အတွက် ထပ်မံလုပ်ဆောင်မှုများလိုအပ်ပါသည်။

အကြံပြုချက်များ 

ဤအစီရင်ခံစာထဲတွင် ဖော်ပြထားသည့်အကြံပြုချက်များသည် လက်ရှိမြန်မာပြည်၏နိုင်ငံရေးအကြပ် အတည်းများအတွက် ဖြေရှင်းပေးနိုင်ရန်ဖြစ်ပါသည်။ အမှန်စင်စစ်အားဖြင့် လက်ရှိအချိန်တွင် ကရင်လူ့ အခွင့်အရေးအဖွဲ့အပါအဝင် မြန်မာပြည်သူများချဉ်းကပ်နိုင်သည့် တရားဝင်အစိုးရမရှိသေးပါ။ စစ်အစိုး ရသည် လက်ခံနိုင်ဖွယ်ရှိသော ကျန်းမာရေးနှင့်ဆိုင်သောလုပ်ထုံးလုပ်နည်းများနှင့် လူ့အခွင့်အရေးစံချိန် စံနှုန်းများကို လိုက်နာခြင်းမရှိသောကြောင့် အုပ်ချုပ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းခြင်းများ ပြန်လည်အဖြေရှာရန် အရေးတကြီးလိုအပ်နေကြောင်း မီးမောင်းထိုးပြနေပါသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အကြပ်အတည်းများအားတုန့်ပြန်ရာတွင် ပါဝင်သည့်ထောက်ပံ့မှုများရရှိရေး၊ တိုင်းရင်းသား နယ်မြေများမှ သတင်းအချက်အလက်များရရှိရေး၊ အရေးပေါ်အသက်မွေးဝမ်းကျောင်းနှင့် ဒေသခံပြည် သူများအတွက် ကျန်းမာရေးလိုအပ်ချက်များအား အစိုးရမှလုပ်ဆောင်နေသောလမ်းကြောင်းအပြင် အခြားသောလမ်းကြောင်းများဖြင့်လည်း လုပ်ဆောင်ရန်လိုအပ်နေပါသည်။ အောက်ပါအကြံပြုချက်များ သည် အဓိကအားဖြင့် နိုင်ငံတကာအသိုက်အဝန်းများအတွက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ပေးထား သည့်အချို့သောအကြံပြုချက်များလည်းရှိပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများမှ ဒေသခံပြည်သူများ၊ ပြည်တွင်းစစ်ဘေးရှောင်ပြည်သူများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသအတွင်းရှိ ဒေသခံပြည်သူများအတွက် အကာအကွယ်ပေးရန်နှင့် ကောင်းမွန်စွာနေထိုင်နိုင်ရန်အတွက် အားလုံးပါဝင်သည့်ထောက်ပံ့ရေးကဏ္ဍ တစ်ရပ်အား ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်အတွက် ကြားဖြတ်အစိုးရ (သာဓကအားဖြင့် အာဏာသိမ်း စစ်အုပ်စု) သို့မဟုတ် နောက်ဆုံးတွင် (ဒီမိုကရေစီစံချိန်စံနှုန်းရှိသော) ရွေးကောက်ခံအစိုးရတစ်ရပ်အား ဖိအားပေးရန်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)[6] ၊ တပ်မတော်

ချက်ချင်းအာဏာစွန့်ပြီး ပြည်သူရွေးကောက်၍ နိုင်ငံတကာမှအသိအမှတ်ပြုသော အစိုးရတစ်ရပ်သို့ အာဏာလွှဲပြောင်းပေးရန်။ 

ကျန်းမာရေးဝန်ထမ်းများအပေါ် ပစ်မှတ်ထားသည့် နှိမ်နင်းမှုလုပ်ရပ်များအား အဆုံးသတ်ရန်၊ ဆေးရုံ အတွင်းနေရာယူထားသောစစ်သားများအား ပြန်လည်ရုတ်သိမ်းပေးရန်နှင့် ကိုဗစ်-၁၉ စစ်ဆေးမှုနှင့် ကြည့်ရှုစောင့်ရှောက်မှုများ ပြန်လည်လုပ်ဆောင်ပေးရန်။ 

ဆက်သွယ်ရေးဝန်ဆောင်မှုများအား ချက်ချင်းပြန်လည်ပတ်စေရန်နှင့် မီဒီယာလွှတ်လပ်ခွင့်ဖိနှိပ်မှုများသည် သတင်းအချက်အလက်ရရှိနိုင်သည့်အခွင့်အရေးကို ချိုးဖောက်ရာရောက်သည့်အတွက် ကျန်း မာရေးဝန်ဆောင်မှုများရရှိရန် ဟန့်တားနိုင်သည့် လုပ်ဆောင်ချက်များအားရပ်တန့်ပစ်ရန်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ၎င်းတို့၏ အစိုးရမဟုတ်သည့်လုပ်ဖော်ကိုင်ဖက်များအား မိမိတို့ ထိန်းချုပ်နယ်မြေတွင် လွှတ်လပ်စွာ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် စစ်ဆေးမှုများပြုလုပ်ခွင့်ပေးရန်။ ထိုအထဲတွင် စစ်ဆေးရေးဂိတ်များတည်ဆောက်ရန်၊ လည်ပတ်စေလုပ်ရန်အပြင် အခြားသတင်းအချက်အ လက်နှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပါဝင်ရမည်။

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန

ပိုမိုကောင်းမွန်သည့် ကယ်ဆယ်ရေးမူဝါဒများအားကျင့်သုံးပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေမှဒေသခံများအပေါ်ကျရောက်သော ကိုဗစ်-၁၉ အန္တရာယ်၏ဆိုးကျိုးသက်ရောက်မှုများကို ကူညီဖြေရှင်းပေးရန်။ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးလုပ်ဆောင်ချက်များကို အတိုင်းအတာတစ်ခုအထိ ပြန်လည် တည်ဆောက်ရန်။ ကျန်းမာရေးနှင့်ဆိုင်သည့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ဆောင်မှု ဆက် လက်တိုးမြှင့်လုပ်ဆောင်ပြီး ရောဂါစစ်ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို တိုးချဲ့ လုပ်ဆောင်ရန်။

နိုင်ငံတကာအဖွဲ့အစည်းများ (အထူးသဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF)၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB)၊ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအင်ဂျင်စီ (Japan International Cooperation Agency)၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ရန်ပုံငွေနှင့်ဆိုင် သည့်အသင်းအဖွဲ့များနှင့် နိုင်ငံခြားအစိုးရများ

ဗဟိုအစိုးရ၏အစီရင်ခံတင်ပြခြင်းအပေါ်တွင်သာ မှီခိုခြင်းမရှိဘဲ ထိရောက်သောကြည့်ရှုစစ်ဆေးရေး ယန္တရားများတည်ဆောက်ရန်နှင့် လူနည်းစုတိုင်းရင်းသားများထံသို့ အထောက်အပံ့များရောက်ရှိအောင် သေချာစွာလုပ်ဆောင်စေရန်။

အစိုးရမဟုတ်သည့် အသင်းအဖွဲ့များသို့ (တိုက်ရိုက်)ရန်ပုံငွေများ ပိုမိုရရှိနိုင်ရေးအတွက် နိုင်ငံတကာ ရန်ပုံငွေများအား ဖြန့်ဝေပေးရမည်။  အထူးသဖြင့်  တိုင်းရင်းသားများအတွက် ဝန်ဆောင်မှုပံ့ပိုးပေးသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် ရောဂါကာကွယ်ရေးကဏ္ဍများတွင် လုပ်ဆောင်သည့်အဖွဲ့အစည်းများထံသို့ ရန်ပုံငွေများအားတိုက်ရိုက်ပိုမိုရရှိစေရန်။

ဒေသခံများထံသို့ ထောက်ပံ့ရေးအစီအစဉ်များအား  အကောင်အထည်ဖော်ရာတွင် ဒေသခံများယုံကြည် စိတ်ချရသော အရပ်ဘက်အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုပေးသောတိုင်းရင်းသားအဖွဲ့အစည်းများတွင်ရှိသည့် လုပ်နိုင်စွမ်းနှင့်ကွန်ယက်များကိုအခြေခံသော ဝန်ဆောင်မှုဖြန့်ဝေရေးနည်းလမ်းများနှင့် ဆက်သွယ်ရေးများကို ဦးစားပေးလုပ်ဆောင်ရန်။

တောင်သူလယ်သမားများနှင့် နေ့စားအလုပ်သမားများအပေါ် ထိခိုက်နစ်နာမှုများ လျော့နည်းသွားစေ ရန်အတွက် ကျေးလက်ဒေသများတွင် ရေရှည်တည်တံ့ခိုင်မြဲသည့်အသက်မွေးဝမ်းကျောင်းမှုများ ပိုမို ကောင်းမွန်လာစေရန် ကူညီထောက်ပံ့မှုများ စတင်လုပ်ဆောင်ရန်။ သာဓကအားဖြင့် ကမ္ဘာတစ်ဝှမ်းလုံး အတိုင်းအတာဖြင့်ဖြစ်စေ၊ ဒေသအလိုက်အတိုင်းအတာဖြင့်ဖြစ်စေ စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက် များတွင် တောင်သူလယ်သမားများ ပိုမိုပါဝင်လာစေရန်။ ဒေသအလိုက် ပြန်လည်ပြုစုပျိုးထောင်ခြင်း နည်းလမ်းများကိုလေ့လာပြီး ဒေသအလိုက်ကိုက်ညီသောဖြေရှင်းချက်များကိုရှာဖွေရန်။

တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် အခြားအစိုးရမဟုတ်သည့် ကျန်းမာရေးဆိုင်ရာအဖွဲ့များ သည် ကိုဗစ်-၁၉ ကာကွယ်ခြင်းနှင့် ကုသခြင်းနှစ်ခုစလုံး (စစ်ဆေးခြင်း/စမ်းသပ်ခြင်းနှင့် ကူးစက်ရောဂါရှိ သည့် သံသယလူနာများအားထားရှိသည့်အဆောက်အဦးများထားရှိခြင်း ပါဝင်ရန်)၊ နှင့် အရေးပါသည့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများအား ကျေးလက်ဒေသများတွင်ပံ့ပိုးရန်။

ကိုဗစ်-၁၉ သတင်းအချက်အလက်များနှင့် အသိပညာပေးမှုများသည် ပဋိပက္ခဖြစ်ပွားရာဒေသအပါအ ဝင် ရပ်ရွာဒေသများအနှံ့အပြားသို့ရောက်ရှိရန်။ ထိုအရေးကြီးသည့် သတင်းအချက်အလက်များအား တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုတို့နှင့်ကိုက်ညီသည့် မိမိတို့၏မိခင်ဘာသာစကားများအားလုံး ကိုက်ညီစွာရရှိစေရန်။

ပဋိပက္ခဖြစ်ပွားရာဒေသအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ အခြေခံပညာပေးပံ့ပိုး ပေးသူများ ကူညီထောက်ပံ့မှုများတိုးတက်လာရေးနှင့် ကောင်းမွန်သည့်ဗျူဟာအသစ်များဖြင့် ကျေး လက်ဒေသများတွင် ပညာရေးဆိုင်ရာကူညီထောက်ပံ့မှုများပေးပို့ရန်။

မြန်မာပြည်အရှေ့တောင်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများ၏ နယ်စပ်ဒေသများမှ ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်များ၏ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းဝန်ဆောင်မှု လိုအပ်ချက်များ နှင့် နေရပ်ပြန်လာသည့်ရွှေ့ပြောင်းအလုပ်သမားများမှ ၎င်းတို့၏မူလအလုပ်အကိုင်များသို့ပြန်သွားရာ တွင် လွယ်ကူချောမွေ့စေရန် ကူညီထောက်ပံ့ပေးပို့မှုများအား အတူတကွလုပ်ဆောင်ရန်။

(အနာဂတ်) နိုင်ငံတော်အစိုးရနှင့် နိုင်ငံတစ်နိုင်ငံ၏တာဝန်အရပါဝင်လုပ်ဆောင်သူများ (နိုင်ငံ၏ တာဝန်ရှိပုဂ္ဂိုလ်များ)

လူနည်းစုတိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားကြည့်ရှုစောင့်ရှောက်ရေး ယန္တရား များအားကောင်းမွန်အောင်တည်ဆောက်ပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခွင့်အရေးများနှင့် လူနည်းစုတိုင်းရင်းသားများ၏ သာယာဝပြောရေးအတွက် အကာအကွယ်ပေးခြင်းအား တိကျစွာလုပ် ဆောင်ရန်။ လူနည်းစုတိုင်းရင်းသားကိုယ်စားလှယ်များအား အနာဂတ်အရေးပေါ် စီးပွားရေးနှင့်လူမှု ကယ်ဆယ်ရေးအစီအစဉ် အခြေခံမူကြမ်းရေးဆွဲရေးဖြစ်စဉ်တွင် ပါဝင်စေရန်။

ကျေးလက်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာစိုးရိမ်စရာများ လျော့နည်းစေရန်အတွက် နေ့စားအလုပ်သမားများနှင့် တောင်သူလယ်သမားများအား အမျိုးသားလူမှုကာကွယ်စောင့်ရှောက် ရေးယန္တရားတွင် ပါဝင်စေရန်။  ဥပမာ အလုပ်လက်မဲ့ပံ့ပိုးပေးခြင်းနှင့် လူမှုဖူလှုံရေးအကျိုးကျေးဇူးများ ရရှိရန်။

တိုင်းရင်းသားများအား ဝန်ဆောင်မှုပေးသူများကို လွတ်လပ်ခွင့်ပေးရန်။ အစိုးရမှ တိုင်းရင်းသားနှင့် အစိုးရမဟုတ်သည့် ဝန်ဆောင်မှုပံ့ပိုးသူများ ပူးပေါင်းလုပ်ဆောင်ရန်။ အဓိကအားဖြင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့် အခြားကျန်းမာရေးဆိုင်ရာလုပ်ကိုင်ဆောင်ရွက်သည့်အဖွဲ့များသည်  ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် ဝန်ဆောင်မှုများချဲ့ထွင်ဆောင်ရွက်ခြင်းနှင့်ပံ့ပိုးမှုများ ဆက်လက်လုပ် ကိုင်ဆောင်ရွက်ရန်။

Thu, 27 May 2021

Footnotes: 

[1] ဧရာဝတီသတင်းဌာန၏သတင်းထောက်ဖြစ်သူ ကျော်ဖြိုးသမှ ၂၀၂၀ခုနှစ်၊ ဇူလိုင်လတွင် ရေးသားထုတ်ဝေခဲ့သော “WHO Country Chief Urges Myanmar to Sustain ‘Amazing’ COVID-19 Response” တွင် ကြည့်ပါ။

[2] ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ၂၀၂၀ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေသော “Overcoming as One: COVID-19 Economic Relief Plan” တွင် ကြည့်ပါ။

[3] KHRG မှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော “Delayed and Uneven, COVID-19 Response in Southeast Myanmar, March to June 2020” တွင် ကြည့်ပါ။

[4] ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ကရင်လူမျိုး၏ အဓိကနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းအား ၁၉၄၇ ခုနှစ်တွင် အစပြုပြီး မြန်မာ အစိုးရနှင့် ၁၉၄၉ခုနှစ်တွင်စ၍ သဘောထားကွဲလွဲခဲ့ကြ၍ ပဋိပက္ခဖြစ်ခဲ့ပါသည်။ KNU သည် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတစ်ဝိုက်တွင် ကျယ်ပြန့်စွာအုပ်ချုပ်နိုင်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်စနစ်အားတည် ထောင်ရန် ၁၉၇၆ ခုနှစ်တွင် စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုးခဲ့သော်လည်း မြန်မာအစိုးရနှင့်ဆက်ဆံရေး တင်းမာနေဆဲဖြစ်သည်။

[5] Lancet သတင်းဌာနက ဇော်ဝေစိုးနှင့် အခြားစာရေးသူများမှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ တွင် ရေးသားထုတ်ဝေခဲ့သော “Myanmar’s health leaders stand against military rule” တွင် ကြည့်ပါ။ 

[6] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကိုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၂ရက်နေ့တွင် တပ်မတော်အစိုးရအရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲအဖြစ်သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော်လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် SAC ၏ဥက္ကာဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

Related Readings