နိဒါန်း 

ဤကွင်းဆင်းအစီရင်ခံစာသည် ၂၀၁၉ခုနှစ်၊ ဇူလှိုင်လမှ ဒီဇင်ဘာလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့၏သတင်း မှတ်တမ်းပြုစုသူများမှ ကောက်ယူထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ စိစစ်သုံးသပ်ထားခြင်းဖြစ် သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် တပ်မတော်မှ ခိုင်မာစွာစစ်ဘက်ဆိုင်ရာတိုးချဲ့လုပ်ဆောင်ခဲ့ပြီး တောအူး (တောင် ငူ) ခရိုင်တွင်ရှိသော ၎င်းတို့၏ဗဟိုဌာနချုပ်မှ တပ်စခန်းများသို့ စစ်သားအင်အားများနှင့်လက်နက်ခဲယမ်းများအား သယ်ယူပို့ဆောင်ခြင်းများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ တပ်မတော်စစ်သားများသည် ဒူးပလာယာနှင့် တောအူး ခရိုင်များရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေဒေသများတွင် မကြာခဏကျူးကျော်ဝင်ရောက်ခြင်းများရှိသည်။ ထိုနေရာတို့ တွင် တပ်မတော်စစ်သားများ သွားလာလှုပ်ရှားခြင်းကြောင့် ဒေသခံများ၏လုံခြုံမှုအတွက် စိုးရိမ်ခြင်းများဖြစ်ပေါ်စေခဲ့ ပြီး လက်ရှိငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း ထိခိုက်ပျက်ပြားစေသည်။ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်တွင် ဒေသ ခံများနှင့်ကေအဲန်ယူမှ ကန့်ကွက်နေသော တပ်မတော်မှပြုလုပ်သည့် လမ်းဆောက်လုပ်ရေးလုပ်ငန်းများသည် မိုးရာသီကာလတွင် ရပ်တန့်ထားသည်။ ရွာသားများမှ ဤလမ်းစီမံကိန်းအားဆန့်ကျင်၍ ဆန္ဒပြပွဲများပြုလုပ်ခဲ့သော်လည်း ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ၎င်းလမ်းဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ 

ဤခြောက်လတာကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များမှ ၎င်းတို့၏လုပ်ငန်းများကို ထိုနေရာတစ်ဝိုက်တွင်နေထိုင် သောဒေသခံများ၏ အသက်မွေးဝမ်းကျောင်းအား ထိခိုက်မှုများကိုအလေးမထားပဲ ဆက်လက်လုပ်ဆောင်နေသည်။ ဒူးသထူ(သထုံ)ခရိုင်တွင် တပ်မတော်ဦးဆောင်ဆောင်ရွက်နေသော ဘိလပ်မြေစက်ရုံမှ မီးသွေးမှုန့်များသည် မိုးရာသီ အချိန်တွင် နီးစပ်ရာမြစ်ချောင်းများအားညစ်ညမ်းစေပါသည်။ အကျိုးဆက်အားဖြင့် ရွာ ၁၅ရွာမှ ရွာသူရွာသားများ ရေပြတ်လပ်မှုနှင့်ရင်ဆိုင်ခဲ့ရပါသည်။ မူတြော်(ဖာပွန်)ခရိုင်နှင့် ခလယ်လွီထူခရိုင်တို့တွင် ရွှေတူးဖော်မှုလုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ကျေးရွာအုပ်စုတစ်ချို့တွင် သစ်တောများပျက်စီးစေပြီး ရေနှင့်မြေများကိုလည်းပျက်စီးညစ်ညမ်း စေခဲ့ပါသည်။ ထိုအကြောင်းနှစ်ခုစလုံးမှ ပါဝင်သောစီးပွားရေးလုပ်ငန်းရှင်များသည် ဒေသခံများထံမှ လွတ်လပ်စွာကြို တင်အသိပေးခြင်းနှင့်သဘောတူညီမှုရယူခြင်း (FPIC) အား မလုပ်ဆောင်နိုင်ခဲ့သည့်အပြင် ထိခိုက်နစ်နာသောလူထု များအား ပျက်စီးဆုံးရှုံးသောပစ္စည်းဥစ္စာများအတွက် ထိခိုက်နစ်နာကြေးပေးဆောင်ခြင်းလည်း မရှိပေ။

များစွာသောကလေးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများလည်းဖြစ်ပေါ်ခဲ့ပါသည်။ ထိုလိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုများမှာ မိသားစုဝင်များမှကျူးလွန်ခြင်း၊ အဓမ္မအိမ်ထောင်ပြုစေခြင်းမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ရဲသားမှ ကျူးလွန်ခဲ့သောအမှုများပါဝင်ပါသည်။ တိတ်ဆိတ်စွာနေထိုင်ရန် ခြိမ်းခြောက်ခြင်းသော်လည်းကောင်း၊ အကြမ်းဖက် ခြင်း သို့မဟုတ် တစ်ဖက်သတ်အမြင်ထားရှိမှုနှင့် ခံစားရသူအားအပြစ်တင်မှုများအားဖြင့်ဖိအားပေးမှုများသည် ခံစားရ သူများအတွက် ၎င်းတို့၏အခြေအနေအားဖွင့်ပြောရန်အဟန့်အတားဖြစ်စေပါသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု များအား တင်ပြတိုင်ကြားသောအခါတွင်လည်း ကျူးလွန်သူများအားအပြစ်မပေးခြင်း သို့မဟုတ် ထိရောက်မှုမရှိသော အပြစ်ကိုသာပေးပြီး ခံစားရသူများအတွက်စိတ်မလုံခြုံမှုနှင့်စိတ်ဒဏ်ရာရရှိမှုများပိုမိုများပြားစေပါသည်။ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ တရားရေးရာစနစ်နှင့်စိတ်ကျန်းမာရေးဝန်ဆောင်မှုများနှစ်ခုစလုံးသည် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုအား လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုအနေဖြင့် ထိရောက်စွာဖြေရှင်းနိုင်ရန်အခြေခံလိုအပ်သောအဆင့်အ တန်းအား မရရှိနိုင်သေးပါ။

ဤအစီရင်ခံစာရေးသားချိန်တွင် ထိုနေရာဒေသတစ်လျှောက်တွင် လက်နက်ကိုင်လုပ်ဆောင်သူမှကျူးလွန်သော အကြမ်းဖက်မှုတစ်ချို့ကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့မှမှတ်တမ်းတင်ခဲ့ပါသည်။ ၎င်းတို့မှာ တရားလက်လွတ်ဖမ်း ဆီးချုပ်နှောင်ခြင်း၊ မြေယာသိမ်းဆည်းမှု၊ ခြောက်လန့်တောင်းယူမှုနှင့် ရွာသားများ၏လုံခြုံမှုကိုအန္တရာယ်ဖြစ်စေသော လုပ်ရပ်များဖြစ်သည့် ပြည်သူလူထုများ၏နေရပ်များနှင့်နီးသောဒေသများ၌ အမြောက်ကျည်ပစ်မှတ်လေ့ကျင့်မှုများ လုပ်ဆောင်နေခြင်းများဖြစ်သည်။ ပုဂ္ဂလိကကုမ္ပဏီများလည်း သိသာထင်ရှားစွာ အလုပ်သမားအခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေပြီး ဝေးလံသောဒေသများတွင်လည်း ပညာရေးနှင့်ကျန်းမာရေးအား လက်လှမ်းမီနိုင်ရန်အ ခက်အခဲများရှိနေပါသည်။  

အပိုင်း (၁) အကြီးစားဖွံ့ဖြိုးရေးများ
(က) စစ်ဘက်ဆိုင်ရာ တိုးချဲ့လုပ်ဆောင်ခြင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား တင်းမာမှုများဖြစ်ပွား 

ဤခြောက်လာတာကာလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့၏မှတ်တမ်းတင်မှုအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် တပ်မတော်မှ စစ်သားအင်အားများ၊ လက်နက်ခဲယမ်းမီးကျောက်များနှင့်စားနပ်ရိက္ခာများအား ၎င်းတို့၏ရှေ့တန်းစစ် စခန်းများထံသို့ ဆက်လက်ပို့ဆောင်နေပါသည်။ လူထုဒေသတွင် စစ်သားများလှုပ်ရှားမှုများနှင့် စစ်ကားနှင့်လက်နက် များသယ်ယူပို့ဆောင်ခြင်းသည် ဒေသခံရွာသားများအကြား စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေပါသည်။ မူတြော်ခရိုင်၊ ဘူးသိုမြို့ နယ်ရှိကားလမ်းမကြီးတစ်လျှောက်တွင် နေထိုင်သောလူထုများသည် တပ်မတော်မှ ၎င်းတို့၏ကားများတွင်တင်သော ပစ္စည်းများကိုသိရှိခြင်းအားကာကွယ်ရန် ၎င်းတို့၏ကားများကိုဖုံးထားခြင်းဖြစ်သည်ဟု တင်ပြထားခဲ့သည်။ ကရင်လူ့ အခွင့်အရေးအဖွဲ့မှ အချက်အလက်မှတ်တမ်းတင်သူတစ်ဦးအရ ဤကဲ့သို့သောအခြေအနေသည် ငြိမ်းချမ်းရေးခရီးစဉ် တွင်ထားရှိသော ပြည်သူလူထုများ၏ယုံကြည်မှုများအား လျော့ကြစေပါသည်။[1]  

တောအူး (တောင်ငူ) ခရိုင်တွင် တပ်မတော်မှ ခိုင်မာစွာသွားလာလှုပ်ရှားမှုများပြုလုပ်ပါသည်။ စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၄) ၏လက်အောက်တွင်ရှိသောစစ်တပ်များသည် ထောတထူ (ထန်းတစ်ပင်) နှင့် ဒေါ်ဖာ့ခို (သံ တောင်ကြီး) မြို့နယ်များတွင်ရှိသောရှေ့တန်းစခန်းများတွင် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ပြီး ဒေါ်ဖာ့ခိုမြို့နယ်ရှိ ဘုရင့် နောင်စစ်လေ့ကျင့်ရေးကျောင်းမှ စစ်ချီစစ်တက်လေ့ကျင့်မှုများနှင့်လက်တွေ့ပစ်ခတ်မှုလေ့ကျင့်ရေးများလည်း ဆက် လက်ပြုလုပ်နေပါသည်။ စကခ အမှတ်(၆)အောက်ရှိစစ်တပ်များသည် သံတောင်မြို့သစ်၊ ရွှေညောင်ပင်၊ တောပြာကြီးနှင့် လိပ်သိုမြို့အနီးတစ်ဝိုက်တွင်ရှိသောစခန်းများနှင့် တောင်ငူမှသောက်ရေခပ်သို့သွားသော လမ်းမ တစ်လျှောက် ဒေသများနှင့် ထီးသာစောစခန်းများတွင်လှုပ်ရှားနေပါသည်။[2]  

၂၀၁၉ခုနှစ်၊ ဇူလှိုင်လမှ ဒီဇင်ဘာလအထိ ကရင်လူ့အခွင့်အရေးအဖွဲ့မှ လက်ခံရရှိသော သတင်းအချက်အလက်များ အရ ခရိုင်လေးခုဖြစ်သော တောင်ငူ၊ ခလယ်လွီထူ၊ မူတရော်နှင့် ဒူးပလာယာခရိုင်များတွင် ဆက်လက်ဖြစ်ပေါ်နေ သော စစ်ဘက်ဆိုင်ရာ တိုးချဲ့လုပ်ဆောင်ခြင်း၏ သက်ရောက်မှုအားမီးမောင်းထိုးပြထားပါသည်။ ဒေသခံလူထုများ နေထိုင်သောနေရာအနီးတစ်ဝိုက်တွင် တပ်မတော်မှသွားလာနေထိုင်ခြင်းသည် ရွာသားများအတွက် အခက်အခဲ ဖြစ်စေပြီး ၎င်းတို့၏ နေရာဒေသတွင် သွားလာမှုများမပြုလုပ်ရဲကြပါ။ ထိုကဲ့သို့ ရှောင်ကျဉ်ခြင်းသည် ကျန်းမာရေးနှင့် ပညာရေးအား လက်လှမ်းမီမှုနှင့် ၎င်းတို့၏ပုံမှန်လှုပ်ရှားသွားလာမှုအားလုပ်ဆောင်ခြင်းနှင့် ၎င်းတို့၏အသက်မွေး ဝမ်းကျောင်းဖြည့်စွက်မှုများအတွက် အဟန့်အတားဖြစ်စေပါသည်။ ဤခြောက်လတာကာလတွင် ခလယ်လွီထူခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်ရှိ တစ်ချို့သောရွာများမှ ကလေးများသည် လုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုကြောင့် ကျောင်းသို့သွားခြင်းများ ရပ်တန့်ခဲ့ပါသည်။

ထို့အပြင် တပ်မတော်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ကြိုပြီးအသိပေးခွင့်ယူခြင်း မရှိပဲ ဝင်ရောက်လှုပ်ရှားနေမှုကြောင့် လက်နက်ကိုင်နှစ်ဖွဲ့အကြား တင်းမာမှုများပိုမိုတိုးစေပြီး တိုက်ခိုက်မှုပြန်လည် ဖြစ်ပွားမည်ကို ဒေသခံရွာသားများအကြား စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေသည့်အကြောင်းကို ကရင်လူ့အခွင့် အရေးအဖွဲ့မှ မှတ်တမ်းတင်ယူခဲ့ပါသည်။ ခလယ်လွီထူခရိုင်တွင် လယ်ဒိုမြို့နယ်ရှိ ဒေသခံများသည် ၎င်းတို့ဒေသတွင် အခြေချနေထိုင်သောတပ်မတော်အား ထိုဒေသမှ ထွက်ခွာရန်နှင့် အငြင်းပွားစေသောလမ်းဆောက်လုပ်မှုစီမံကိန်း အား ရှေ့ဆက်လုပ်ဆောင်ခြင်းမှ ရပ်တန့်ရန်အတွက် အတူတကွတောင်းဆိုခဲ့ပါသည်။ 

     (၁) တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တို့ (KNLA) အကြား တင်းမာမှုများဖြစ်ပွား 

တပ်မတော်စစ်သားများမှ KNU ထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုချက်မပါပဲလာရောက်လှုပ်ရှားမှုဖြစ်စဉ်များအား ဒူးပလာယာနှင့် တောအူးခရိုင်တို့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့မှ မှတ်တမ်းတင်ခဲ့ပါသည်။ ၂၀၁၂ခုနှစ်တွင် ပဏာမ ပစ် ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နှစ်ဦးနှစ်ဖက်မှ စားနပ်ရိက္ခာများပို့ဆောင်ခြင်း၊ စစ်သားများ၏လှုပ်ရှားမှု များနှင့် စစ်တပ်များလှည့်လည်ခြင်းများပြုလုပ်ရာတွင် လှုပ်ရှားမှုကန့်သတ်ခြင်းတစ်ချို့အား ချမှတ်ထားခဲ့သည်။ သို့ သော် ဤကန့်သတ်ခြင်းများသည် ဒေသခံအဆင့်တွင် သဘောတူခဲ့ကြသော်လည်း တရားဝင်စာရွက်စာတမ်းကဲ့သို့ စည်းမျဉ်းစည်းကမ်းတို့ဖြင့် ပုံသေဘောင်ခတ်ထားခြင်း သေချာစွာလုပ်ဆောင်ထားခြင်းမရှိပါ။

KNU အာဏာပိုင်များမှ တပ်မတော်အား လူထုဒေသများ သို့မဟုတ် ၎င်းတို့၏ထိန်းချုပ်နယ်မြေအတွင်း ရွာသားများမှ အသုံးပြုသောလမ်းများတစ်လျှောက်တွင်လှုပ်ရှားရန် ခွင့်ပြုလေ့မရှိပါ။ သို့သော် ၂၀၁၉ခုနှစ်၊ ဧပြီလတွင် စကခ အမှတ် (၄) အောက်တွင်ရှိသော တပ်မတော်စစ်သားများမှ ရွာသားများအသုံးပြုသောလမ်းအား အသုံးပြုနေသော ကြောင့် တောအူးခရိုင်၊ ဒေါ်ဖာ့ခိုမြို့နယ်၊ မောင်နွဲ့ကြီးအုပ်စုတွင် ဒေသခံ KNU နှင့်တပ်မတော်အာဏာပိုင်များအကြား နှုတ်ဖြင့်သဘောတူထားမှုအား ချိုးဖောက်ရာရောက်ပါသည်။ မောင်နွဲ့ကြီးနှင့် နန်းချိန်ခွင်မှ စခန်းများတွင်ရှိသော တပ်မတော်စစ်သားများလည်း ကားပိုင်ဆိုင်ထားသောရွာသားများအား ၎င်း၏စစ်ရိက္ခာများနှင့် လက်နက်များကို ၎င်းတို့အတွက်ပို့ဆောင်ရန်ခိုင်းစေခဲ့ပါသည်။ တပ်မတော်မှ ဤသဘောတူညီမှုအား ချိုးဖောက်ခြင်းသည် ထိုလက် နက်ကိုင်နှစ်ဖွဲ့၏ကြားတွင် ဖြစ်ပေါ်လာသောတင်းမာမှုသည် တိုက်ပွဲထပ်မံဖြစ်လာမည်ကို ကြောက်ရွံ့နေကြသော ဒေသခံပြည်သူများအကြား စိုးရိမ်မှုဖြစ်ပေါ်စေခဲ့ပါသည်။

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့တွင် KNLA စစ်သားအဖွဲ့တစ်ဖွဲ့သည် မောင်နွဲ့ကြီးမှ နန်းချိန်ခွင်သို့သွားခဲ့ ကြသည်။ KNLA တောင်းဆိုမှုအရ မြန်မာအစိုးရမှ မောင်နွဲ့ကြီးကျေးရွာအုပ်စုမှူးသည် မောင်နွဲ့ကြီးတပ်စခန်းသို့ ကြိုတင်သွားခဲ့သည်။ ၎င်းမှ ဗိုလ်မှူးဝနဇော် ဦးဆောင်သော ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၇၀၉)အား ထိုရွာနှစ်ရွာ ကြားရှိလမ်းအား ထိုနေ့တွင်အသုံးမပြုရန်အသိပေးခဲ့ပါသည်။ ထိုကဲ့သို့သတိပေးထားသော်လည်း KNLA အဖွဲ့အား တပ်မတော်စစ်သား (၈) ဦးမှ နောက်လိုက်ခဲ့သည်။ KNLA စစ်သားများမှ တပ်မတော် ခမရ အမှတ် (၇၀၉)အား ဖြတ်သန်းသွားလာခွင့်ပေးသော်လည်း  ဖြစ်ပျက်မှုတစ်စုံတစ်ခုမျှ ဖြစ်ပွားခြင်းမရှိခဲ့ပေ။  ဒေသတစ်ခုထဲတွင် လှုပ်ရှား နေကြသောအဖွဲ့နှစ်ဖွဲ့အားတွေ့ရှိကြသော ဒေသခံများကမူ ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ကြသည်။[3] ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်နေ့တွင် ဒုတပ်ရင်းမှူး ထင်လင်းမြတ်ဦးဆောင်သော ခမရ အမှတ် (၅၈၅)နှင့် ခလရ အမှတ် (၃၁)တို့မှ တပ်မတော်စစ်သား ၅၃ ဦးသည် ထိုင်းနယ်စပ်တစ်ဝိုက်ရှိ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တွင်ရှိသော မော်ကတိုတောင်ပေါ်တွင် လှည့်လည်လှုပ်ရှားခဲ့သည်။ နယ်ကြားစောင့်တပ် (BGF) တပ်ရင်းအမှတ် (၁၀၂၃) မှ စစ်သားနှစ်ဦးသည်လည်း ထိုတပ်မတော်စစ်သားတို့နှင့်အတူပါရှိခဲ့ပါသည်။ KNLA စခန်းက ထိုတောင် ထိပ်ပေါ်တွင် တည်ရှိနေခြင်းကြောင့် ထိုနေရာအနီးတစ်ဝိုက်တွင် တပ်မတော်မှ ကြိုတင်ခွင့်ပြုချက်မပါပဲ လှုပ်ရှားမှုကို တားမြစ်ထားပါသည်။ တပ်မတော်တို့သည် ၎င်းတို့မှ DKBA ခွဲထွက်အဖွဲ့၏ ဗိုလ်ဆန်းအောင်အား လာရောက်ရှာဖွေ ရန်အတွက် ဒေသခံ KNU/KNLA အရာရှိများအား ၎င်းတို့၏လာရောက်ခြင်းအကြောင်းရင်းကို ကြိုတင်အသိပေးခဲ့ပါ သည်။ ဒေသခံ KNU/KNLA အာဏာပိုင်များမှ ၎င်းတို့အား ဤလှုပ်ရှားမှုကိုလုပ်ဆောင်ရန် ခွင့်မပြုထားသော်လည်း တပ်မတော်မှ စစ်တပ်များအား ဒေသထဲသို့ပို့ဆောင်ခဲ့ပါသည်။ နောက်ဆုံးတွင် တပ်မတော်စစ်သားများမှ ထိုနေရာ တွင်နှစ်ရက်နေခဲ့ပါသည်။ ၎င်းတို့မှ ဤကဲ့သို့ထပ်မံလှုပ်ရှားနေခြင်းသည် ဒေသခံပြည်သူများအကြား တိုက်ပွဲဖြစ်ပွား လာမည်ဖြစ်ပြီး ၎င်းတို့အား နေရပ်ရွှေ့ပြောင်းခံရမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်ကြပါသည်။[4]  

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဒုတပ်ရင်းမှူး မျိုးမင်းသောင်းဦးဆောင်သော ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၅၉) မှ တပ်မတော်စစ်သားများသည် ဒေသခံ KNU/KNLA အာဏာပိုင်များအားအသိပေးမှု မပြုလုပ်ပဲ KNU အုပ်ချုပ်နယ်မြေဖြစ်သော ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်ရှိ အောကျော တောင်ပေါ်ဒေသတွင် လှည့်လည်လှုပ်ရှားခဲ့ကြသည်။ တပ်မတော်စစ်သားများမှ အထူးသဖြင့်ထိုနေရာတွင် လှည့် လည်လှုပ်ရှားနေသည်ကို ဒေသခံပြည်သူများ ကြိုတင်မသိရှိကြပါ။ ထိုတစ်နေ့တည်းတွင် ရ---ရွာမှ အမျိုးသမီးနှစ်ဦး သည် စ---မြစ်တွင် ငါးသွားမျှားကြသည်။ စစ်သားများမှ ၎င်းတို့အားသတိပေးချက်အနေနင့် သေနတ်နှစ်ချက် ပစ်ခဲ့သောကြောင့် ၎င်းတို့မှကြောက်ရွံ့၍ ရွာသို့ပြေးပြီးပြန်လာခဲ့သည်။ ဤအမျိုးသမီးနှစ်ဦးမှ ထိုဖြစ်ပျက်မှုကို အခြား ရွာသားများဆီသို့တင်ပြခြင်းမရှိခဲ့လျှင် ထိုတပ်မတော်စစ်သားအဖွဲ့မှ စ---မြစ်တစ်လျှောက်တွင် လှည့်လည်လှုပ်ရှား နေသည်ကို တစ်ဦးတစ်ယောက်မျှသိမည်မဟုတ်ပါ။ ယခုအချိန်မှာမူ တပ်မတော်မှ ဤကဲ့သို့ဆက်လက်လှည့်လည် လှုပ်ရှားပါက မကြာမီ သို့မဟုတ် နောင်တွင် KNLA စစ်သားများက ၎င်းတို့အားတိုက်ခိုက်မည်ကို ဒေသခံရွာသား များမှထင်မြင်နေကြသည်။ 

     (၂) တပ်မတော်မှ လမ်းဆောက်လုပ်မှုအား ဆန္ဒပြကန့်ကွက်ခြင်း

KHRG ၏ မှတ်တမ်းပြုစုမှုအရ တပ်မတော်မှ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များဖြင့် မကြာသေးခင်အချိန်အတွင်းလမ်းများအား တောအူး၊ ခလယ်လွီထူနှင့် မူတြော်ခရိုင်များအတွင်းရှိ KNU ၏ ခွင့်ပြုချက် မပါပဲဆောက်လုပ်နေခဲ့ကြသည်။ ၂၀၁၉ ခုနှစ်၏ ပထမခြောက်လအချိန်အတွင်း KNLA နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေပြီး ဒေသခံရွာသားများအကြား ပြောင်းရွှေ့နေထိုင်မှုနှင့် လုံခြုံမှုအတွက်စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလနှင့် ဧပြီလအကြား ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ဃဲဒဲကျေးရွာအုပ်စုရှိ သံပိုရွာနှင့် ပါကော်ထ(ခီး)ရွာအကြား စစ်တပ်အခြေစိုက်များအားပြန်လည်အားဖြည့်ရန်နှင့် လွယ်ကူစွာလက်လှမ်းမီနိုင်ရန် တပ်မ တော်မှ လမ်းနှင့်တံတားများဆောက်လုပ်ခဲ့ပါသည်။[5] 

ထိုလမ်းအား မိုးရာသီအချိန်ကာလတွင် (မေလအလယ်လောက်မှ အောက်တိုဘာလအထိ) ရပ်ဆိုင်းခဲ့သော်လည်း တပ်မတော်မှ ဆောက်လုပ်မှုပြုလုပ်သောနေရာများအား စောင့်ကြပ်ကာကွယ်ရန် ထိုနေရာများတွင် ခိုင်မာစွာရှိနေဆဲ ဖြစ်သောကြောင့် ဒေသခံပြည်သူများ၏လုံခြုံမှုအတွက် အန္တရာယ်ဖြစ်စေပြီး တစ်ချို့မှာ မသွားလာရဲကြတော့ပေ။ ဤအရာများသည် ၎င်းတို့၏လယ်ယာများသို့သွားလာရန်၊ ပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုအား လက်လှမ်းမီ နိုင်ရန်အတွက် တားဆီးမှုဖြစ်ခဲ့သည်။ ၂၀၁၉ခုနှစ် သြဂုတ်လတွင် [KHRG မှ နေ့ရက်အတိအကျမသိရှိရ] ဒေသခံ ရွာသားတစ်ဦးမှ တ---ရွာသို့ သူ၏အမျိုးသမီးနှင့်ကလေးနှင့်အတူသွားလာရာတွင် ယ--- နေရာတွင် တပ်မတော်၏ လှည့်လည်လှုပ်ရှားမှုနှင့် ဆုံတွေ့ခဲ့သည်။ တပ်မတော်စစ်သားနှစ်ဦးမှ ပထမတွင် ထိုရွာသားအား သေနတ်ဖြင့်ချိန်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းအားဘာမျှမလုပ်ဘဲဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။ သို့သော် ၎င်းမှခရီးဆက်သွားရန် အလွန် ကြောက်ရွံ့သဖြင့် အိမ်သို့ပြန်လာရန်ဆုံးဖြတ်ခဲ့သည်။[6] 

စစ်သားများဆက်လက်လှုပ်ရှားနေမှုအပေါ်ကြည့်ပြီး ဒေသခံလူထုများမှ လမ်းဆောက်လုပ်မှုသည် မိုးရာသီပြီးလျှင် ဆက်လက်လုပ်ဆောင်မည်ကို လက်ခံယုံကြည်ကြသည်။ ထို့အပြင် တပ်မတော်မှ၎င်းတို့၏ကားများနှင့် မြေတူးကား များအား ဆောမီးလူဒေသအနီးတွင်ထားခဲ့သည်။ ပါကော်ထ(ခီး)ရွာပေါ်တွင် ၂၀၁၉ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် ကျင်းပသော ကရင်အာဇာနည်နေ့အပါအဝင် အခြားသောအခမ်းအနားများကျင်းပရာတွင် စစ်ဘက်ဆိုင်ရာထောက် လှမ်းရန်အတွက် ဒရုန်းများအား လေပေါ်တွင်စေလွှတ်ထားသည်ကို ရွာသားများမှတွေ့ရှိနေသည်က တပ်မတော်မှ ဒေသအားစောင့်ကြည့်နေဆဲဖြစ်သည်အကြောင်း ဖော်ပြနေသည်။[7] ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နှင့် ၂ရရက် တွင် ဃဲဒဲအုပ်စုလူမှုရေးကော်မတီသည် ဒေသခံလူထုများနှင့် ဗ---အလယ်တန်းကျောင်းတွင်တွေ့ဆုံခဲ့ပြီး တပ်မတော် မှ လမ်းဆောက်လုပ်မှုများကို တိုင်ပင်ဆွေးနွေးကြခြင်းဖြစ်သည်။ ၎င်းတို့၏အစည်းအဝေးတွင် သဘောတူခဲ့ကြသော အဓိကတောင်းဆိုချက် ခြောက်ခုများမှာ - 

"(၁) ဌာနေကရင်တိုင်းရင်းသားမှ ခွင့်ပြုချက်မပါပဲ ဆောက်လုပ်နေသော လမ်းများအားလုံးရပ်တန့်ရမည်။
(၂) ဌာနေကရင်တိုင်းရင်းသားများအတွက် ပြိုကွဲပျက်စီးမှု၊ ကြောက်ရွှံ့မှု သို့မဟုတ်အခြားသောပြဿနာများဖြစ်ပေါ် စေသော လမ်းဆောက်လုပ်မှုများအားလုံး ရပ်တန့်ရမည်။
(၃) တပ်မတော်မှ ဌာနေကရင်တိုင်းရင်းသားများ၏မြေပေါ်တွင် လက်ရောက်အုပ်ချုပ်ခြင်း မပြုရ။ 
(၄) တပ်မတော်မှ ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်ပဋ္ဋိပက္ခအား ဖြစ်ပွားစေသည့်လုပ်ရပ်များကို မပြုလုပ်ရ၊ ဌာနေ ကရင်တိုင်းရင်းသားဒေသတွင် စစ်ဘက်ဆိုင်ရာတိုးချဲ့လုပ်ဆောင်ခြင်းများ လုံးဝရပ်တန့်ရမည်။
(၅) ဒေသအတွင်း တပ်မတော်မှ စစ်စခန်းများ မတည်ဆောက်ရ။
(၆) ဌာနေကရင်တိုင်းရင်းသားများ၏မြေယာများအားနေထိုင်သိမ်းပိုက်သော ဌာနေတိုင်းရင်းသားမဟုတ်သောသူများ ဒေသမှချက်ချင်းထွက်သွားရမည်။

မှတ်ချက်- ပါဝင်သောအဖွဲ့များမှ ဤတောင်းဆိုချက်များအား မလိုက်နာနိုင်ပါက ကျွန်ုပ်တို့ဌာနေကရင်တိုင်းရင်းသား များက နောက်ဆက်တွဲများအတွက် တာဝန်မယူနိုင်ပါ။"

အစည်းအဝေးပြီးနောက် ရွာသားများမှလမ်းစီမံကိန်းဆောက်လုပ်သည့်တစ်လျှောက်တွင် ထိုတောင်းဆိုချက်များအား ရေးသားထားသောပိုစတာများဖြင့် ချိတ်ဆွဲခဲ့ကြသည်။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့တွင် KHRG သတင်း မှတ်တမ်းပြုစုသူတစ်ဦးမှ ဃဲဒဲကျေးရွာအုပ်စုမှူးအား တွေ့ဆုံမေးမြန်းရာတွင် ၎င်း၏စိုးရိမ်မှုဖြစ်သော ထိုလမ်းဆောက် လုပ်မှုသည် စည်းစိမ်ဥစ္စာပျက်စီးမှုနှင့် တပ်မတော်နှင့် KNLA အကြားတိုက်ပွဲ ထပ်မံဖြစ်ပွားမှုများဖြစ်ပေါ်စေသည်ကို ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ ၎င်းမှ၊ "စစ်တပ်ရဲ့လမ်းဆောက်လုပ်မှုက ပြည်သူတွေရဲ့လုံခြုံမှုကိုခြိမ်းခြောက်သလိုဖြစ်ပြီး သူ တို့ရဲ့စားဝတ်နေရေးအတွက်မှီခိုတဲ့ လယ်ယာများကိုဖျက်ဆီးခဲ့တယ်။ […] သူတို့ [တပ်မတော်] က တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို မလိုက်နာသလို ပြည်သူတွေကိုလည်းနားမထောင်တဲ့အတွက် သူတို့က NCA ကိုဆက်ချိုးဖောက်ပြီးလမ်းကိုဆက်ဆောက်ရင်တော့ ကျွန်တော်ထင်တာတိုက်ပွဲဖြစ်နိုင်တယ်[…] တိုက်ပွဲဖြစ်ရင်ပြည်သူတွေကိုသာထိခိုက်တယ်။ အကျိုးဆက်အနေနဲ့ နေရပ်ရွှေ့ပြောင်းခံရမယ်။ ကျွန်တော်တို့ ခက်ခဲ တဲ့အခြေအနေမှာ ထပ်နေရမယ်။"

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁ရရက်နေ့တွင် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှ ရွာသားများသည် လမ်းဆောက် လုပ်ရေးစီမံကိန်းအား ဆန္ဒထုတ်ဖေါ်ပြပွဲပြုလုပ်ခဲ့သည်။ ဃဲကာခို၊ စောခါဒဲနှင့် ဃဲဒဲကျေးရွာအုပ်စုများမှ စုစုပေါင်းရွာ သား ၃၉၃ဦးများမှ ထိုဆန္ဒပြပွဲတွင်ပါဝင်လှုပ်ရှားခဲ့သည်။ ၎င်းတို့သည်မူသယ်ကျေးရွာရှိ သေဂေပလောလယ်ကွင်းမှ ကဘောစိုးတပ်မတော်စခန်းသို့လမ်းလျှောက်လာခဲ့သည်။ တပ်မတော်ရှေ့တန်းစခန်းအနီးလမ်းတစ်လျှောက်နှင့်လူသူ များရှင်းလင်းစွာတွေ့မြင်နိုင်မည့်နေရာများတွင် ပိုစတာများချိတ်ထားခဲ့သည်။ NCA လက်မှတ်ထိုးခဲ့သောအဖွဲ့များအား NCA ကတိကဝတ်များကိုလေးစားရန်နှင့် ချမှတ်ထားသောသဘောတူညီမှုများကိုချိုးဖောက်သောသူများအား အပြစ် ပေးခံရမည်အကြောင်း တောင်းဆိုခဲ့ကြသည်။

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် စောခါဒဲနှင့် ဃဲကာခိုကျေးရွာအုပ်စုတာဝန်ရှိသူများမှ ဒေသခံလူထုနှင့်တွေ့ဆုံ ပြီး လမ်းနှင့်ပတ်သက်သောဖွံဖြိုးရေးစီမံကိန်းအသစ်များအား ဆက်လက်စုံစမ်းရန်ပြောဆိုခဲ့သည်မှာ ဒေသခံရွာသား များမှ ထိုလမ်းအားမကြာခင်အတွင်း ဆက်လက်ဆောက်လုပ်မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ ၂၀၁၉ခုနှစ်၊ နိုဝင် ဘာလ ၁၁ရက်နေ့တွင် ဒေသခံရွာသားများနှင့်တာဝန်ရှိသူများသည် တပ်မတော်ရှေ့တန်းစခန်းအနီးတွင် ပိုစတာများ ထပ်မံချိတ်ဆွဲရာတွင် ဖေါကောထ (ခီး)ရွာမှ မူသယ်ရွာသို့ ဆန္ဒပြပွဲနောက်တစ်ခုထပ်မံပြုလုပ်ခဲ့ကြသည်။ ဤဆန္ဒပြပွဲ ၏ရည်ရွယ်ချက်မှာ အထက်အာဏာပိုင်များမှ မှန်ကန်၍တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအား ဒေသထဲတွင်ယူဆောင် လာရန်တောင်းဆိုခြင်းဖြစ်သည်။

ဤလှုပ်ရှားမှုများလုပ်ဆောင်ခဲ့သော်လည်း တပ်မတော်မှ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် လမ်းဆောက်လုပ် မှုဆက်လက်လုပ်ဆောင်နေသောကြောင့် စစ်တပ်နှင့် KNLA အကြား တင်းမာမှုများပိုတိုးလာ၍ တိုက်ခိုက်ဖြစ်ပွားမှု များဖြစ်ပေါ်လာကြောင်း ပြည်တွင်းသတင်းဌာနမှဖော်ပြခဲ့သည်။[8] 

(ခ) စီးပွားရေးလှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

KHRG မှတ်တမ်းတင်မှုမှ စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၎င်းတို့၏လှုပ်ရှားမှုများ အား ဆက်လက်လုပ်ဆောင်ကာ ထိုမှသဘာဝပတ်ဝန်းကျင်နှင့်ဒေသခံလူထုအပေါ် ထိခိုက်သက်ရောက်မှုရှိမည်ကို အာရုံစိုက်မှုနည်းပါးသည်ကိုဖော်ပြထားသည်။ ဒူးသထူခရိုင်တွင် ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်း တပ်မတော် ပိုင်ဆိုင်သော ဘိလပ်မြေစက်ရုံနှစ်ခုသည် ကျောက်မီးသွေးဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ လုံခြုံမှုမရှိသောသိုလှောင်မှုကြောင့် မိုးရေများသည် ကျောက်မီးသွေးမှုန့်များနှင့်ရောနှောကာ နီးစပ်ရာရေစီးချောင်းများအား ၂၀၁၉ခုနှစ် မိုးရာသီအချိန်တွင်ညစ်ညမ်းစေခဲ့သည်။ ထို့ကြောင့် ရေသန့်မလုံလောက် မှုများဖြစ်ပေါ်စေပြီး စိုက်ပျိုးရေးအတွက်ဤရေအားမှီခိုနေကြသော ဒေသခံရွာသားများ၏ အသက်မွေးဝမ်းကျောင်းကို ခြိမ်းခြောက်မှုဖြစ်စေသည်။ မူတြော်နှင့် ခလယ်လွီထူခရိုင်များရှိ ရွှေတူးဖေါ်မှုများသည်လည်း ရေစီးချောင်းနှင့်လယ် ယာမြေများကိုညစ်ညမ်းစေပြီး သစ်တောများကိုလည်း ပျက်စီးစေခဲ့သည်။

ထိုဖြစ်မှုနှစ်ခုလုံးတွင် ပါဝင်လုပ်ဆောင်သော စီးပွားရေးလုပ်ငန်းရှင်မှ ၎င်းတို့၏လုပ်ဆောင်မှုများအား အကောင် အထည်မဖော်ခင် ဒေသခံလူထုများ၏ လွတ်လပ်သော၊ ကြိုတင်အသိပေးတိုင်ပင်မှုနှင့် လူထုသဘောထားရယူမှု (FPIC) ၏ အခြေခံအဆင့်များအား လုပ်ဆောင်ခြင်းမရှိပဲ ဒေသခံများမှဆန့်ကျင်ကန့်ကွက်သည့်ကြားမှ ၎င်းတို့မှ ဆက်လက်လုပ်ဆောင်နေကျဖြစ်သည်ကိုတွေ့ရှိရသည်။ ဤသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်သည့်ဥပဒေ၏ အခန်း (၅)ကို ချိုးဖောက်ရာရောက်ပါသည်။ ၎င်းအခန်း (၅)တွင် ဌာနေတိုင်းရင်းသားများ သည်  ယင်းတို့၏ဒေသနယ်မြေအတွင်း သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်မှုနှင့်အခြားစီးပွားရေးလုပ်ငန်းများ မစတင်မီ ပြီးပြည့်စုံပြီး တိကျသောသတင်းအချက်အလက်များ ရရှိရန်လိုအပ်ကြောင်းအားဖော်ပြထားပါသည်။ ထို့အပြင် ဤလုပ်ငန်းရှင်များသည် ထိခိုက်နစ်နာသော သဘာဝပတ်ဝန်းကျင်အား လျော့ချရန်မကြိုးစားကြသကဲ့သို့ ထိခိုက်နစ်နာသော ရွာသားများကိုလည်း လျော်ကြေးမပေးကြပါ။

တပ်မတော်နှင့် ဒေသခံတာဝန်ရှိသူများမှ ထိုလုပ်ငန်းရှင်များနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုဖြစ်ရပ်သည်ကား ပြည်သူ၏သတိမူခြင်းမှကာကွယ်ပေးစေသည်။ ရွာသားများမှ မကြာခဏအာဏာမဲ့အဖြစ်ခံစားရသော်လည်း ၎င်းတို့မှ ကျေးလက်စွမ်းရည်ဗျူဟာတစ်ချို့အသုံးပြုပြီး စီးပွားရေးစီမံကိန်းများအားဆန့်ကျင်ရန်နှင့် ၎င်းတို့၏နေ့စဉ်ဘဝထိခိုက် နစ်နာမှုလျော့နည်းလာရန် လုပ်ဆောင်ခဲ့ကြသည်။ သို့သော် ၎င်းတို့မှအတော်အတန်ရှိသော အသက်မွေးဝမ်းကျောင်း အခက်အခဲများနှင့် ပီတိဖြစ်စေသောဖြေရှင်းချက်မရှိပဲ ဆက်လက်ရင်ဆိုင်နေရကြသည်။
    
     (၁) တပ်မတော်ပိုင် ကျောက်မီးသွေးစက်ရုံနှစ်ခုကြောင့် ဖြစ်ပေါ်လာသောရေညစ်ညမ်းမှု

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)[9] မှလုပ်ဆောင်သော ဒေသခံအရသိရှိသော တန်လေးထောင်နှင့် တန်ကိုးရာ ဘိလပ်မြေစက်ရုံနှစ်ရုံသည် မြိုင်ကလေး၊ ဘားအံမြို့နယ်၊ သထုံခရိုင်တွင်နှစ်ပေါင်းနှစ်ဆယ်မကတည်ရှိပြီဖြစ်ပါသည်။ ၂၀၁၆ခုနှစ်တွင် ထိုကုမ္ပဏီများမှ ၎င်းတို့၏အလုပ်အကိုင်များဖြစ်သော သဘာဝဓါတ်ငွေ့မှကျောက်မီးသွေးဖြင့်ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအင်အဖြစ်သို့ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်းအသိပေးရန် ဒေသခံလူထုများအားအစည်းအဝေးခေါ်ခဲ့ပါသည်။[10]  ရွာပေါင်း ၁၁ရွာမှရွာသူရွာသားများ ထိုအစည်းအဝေးအားတက်ရောက်ခဲ့ပါသည်။ ကုမ္ပဏီကိုယ် စားမှ လာရောက်ခဲ့သောသူများမှာ ကုမ္ပဏီ၏အကြီးအကဲဖြစ်သော ဦးညိုဝင်း၊အင်ဂျင်နီယာခေါင်းဆောင် ဦးမိုးဝင်းနှင့် အစိုးရအရာရှိတစ်ချို့များဖြစ်ပါသည်။ ၎င်းတို့မှ ဂျပန်မှထုတ်လုပ်သောအဆင့်မြင့်သောစက်များဖြင့် ကျောက်မီးသွေး များအားမီးရှို့ပြီးအသုံးပြုမည်နှင့် ထိုမှဒေသခံလူထုအတွက်ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်နိုင်ခြင်းအကြောင်းကို ပြောကြားခဲ့ပါသည်။[11] 

ထိုအစည်းအဝေးအားတက်ရောက်သော ရွာသားတစ်ဦးဖြစ်သော စော ဇ---မှ ၎င်း၏စိုးရိမ်ပူပန်မှုကို ကုမ္ပဏီကိုယ် စားလှယ်များထံသို့တင်ပြပြီး အာမခံတောင်းဆိုခဲ့ရာတွင်- "စက်က ဘယ်အချိန်ဖြစ်ဖြစ်ပျက်စီးမှုဖြစ်ပေါ်စေနိုင်ပြီး တော့ မခိုင်ဘူးလို့ကျွန်တော် သူတို့ကိုပြောတယ်။ အဲ့ဒါကြောင့် ကျွန်တော်သူ့ကိုကို အစည်းအဝေးမှာမေးတယ် 'စက် ကတစ်ခုခုဖြစ်ခဲ့ရင် လျော်ကြေးပေးမှာလား၊ ဒီနေရာမှာရှိတဲ့ လေနဲ့မြေတွေညစ်ညမ်းမယ်။ ကျွန်တော်တို့ရဲ့မွေးမြူရေး အတွက်တစ်ခုခုဖြစ်ခဲ့ရင် လျော်ကြေးပေးမှာလား။ ဥပမာ၊ တိရိစ္ဆာန်တစ်ကောင် မဟုတ်ရင်လူတစ်ယောက်က သေလို့ ရှိရင် အဲဒီတိရိစ္ဆာန်နဲ့လူတစ်ယောက်အတွက် သင့်လျော်တဲ့လျော်ကြေးပေးမှာလား။ ကျန်းမာရေးအခက်အခဲဖြစ်ခဲ့ရင် ကုသဖို့အတွက် လျော်ကြေးပေးမှာလား။ စိုက်ထားတဲ့စိုက်ပျိုးသီးနှံ သို့မဟုတ် သစ်ပင်တွေပျက်စီးရင် စိုက်ပျိုးထားတဲ့ နေရာနဲ့ သစ်ပင်တစ်ပင်ချင်းအတွက် လျော်ကြေးပေးမှာလား။ လျော်ကြေးပေးမယ့် တာဝန်ယူမှုတာဝန်ခံမှုရှိမှာလား။ ပျက်စီးမှုကြောင့် လျော်ကြေးပေးမယ့်ကတိအနေနဲ့စာချုပ်ရော ရှိမလား။' လို့မေးခဲ့တယ်။"

သို့သော် တန်လေးထောင်ဘိလပ်မြေစက်ရုံဦးချုပ်ဖြစ်သော ဦးညိုဝင်းသည်် ဤကျောက်မီးသွေးများအား မီးရှို့ခြင်းမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအတွက် ဒေသခံများကို ထိခိုက်နစ်နာကြေးပေးရန် တိုက်ရိုက်တာဝန်ယူခြင်းမရှိပါ။ ရွာ သားတစ်ဦးမှ "သူ (ဦးညိုဝင်း) ကပြောတယ်။ အဲဒီသဘောတူစာချုပ် (ကန်ထရိုက်) ကသူနဲ့မဆိုင်ဘူး။ ဌာနတာဝန် ရှိသူတွေနဲ့ သက်ဆိုင်တာတဲ့။ သူကကျွန်တော်တို့ကိုမေးတယ် သူသေရင်သို့မဟုတ် သူတစ်ခြားတစ်နေရာကိုသွားရင် သူ့တာဝန်ကို ဘယ်သူထမ်းဆောင်မလဲတဲ့။ ကျွန်တော်တို့က ဘာမှဆက်မပြောချင်တာနဲ့ အဲ့မှာပဲရပ်လိုက်ကြတယ်။" ဟုပြောခဲ့ပါသည်။

၂၀၁၆ ခုနှစ်တွင်ပြုလုပ်သော အစည်းအဝေးအပြီးတွင် ဒေသခံများမှ ၎င်းတို့၏အတတ်ပညာများအား အသုံးပြုပြီး ဓါတ်ငွေ့မှ ကျောက်မီးသွေးအင်အားသို့ပြောင်းလဲသုံးသောစက်ရုံအား ရပ်တန့်ရန်လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့၏ လုပ်ရှားမှုများမှာ သတင်းစာရှင်းလင်းပွဲ၊ လူထုဆက်သွယ်ရေးစည်းရုံးလှုံ့ဆောင်ခြင်း၊ လမ်းဘေးတွင်အမှတ်အသား များကပ်ခြင်းနှင့် သက်ဆိုင်သောတာဝန်ရှိသူများထံသို့ စာပို့ခြင်းပြုလုပ်ခဲ့ပါသည်။

စောဇ---မှ "၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၄ရက်နေ့မှာ ကျွန်တော်တို့တိုင်ကြားစာတစ်စောင်ရေးခဲ့တာကြောင့် ကရင်ပြည် နယ်ဝန်ကြီးချုပ် (ဒေါ်နန်းခင်ထွေးမြင့်) ကျွန်တော်တို့နဲ့လာတွေ့ခဲ့တယ်"။ သို့သော် ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ၎င်းတို့ကိုနားမထောင်တဲ့အပြင် ၎င်းကျောက်မီးသွေးများအသုံးပြုပြီးလျှပ်စစ်အားထုတ်လုပ်ခြင်းသည် အန္တရာယ်နှင့် ကင်းလွတ်သည်ဟုထပ်မံပြောခဲ့သေးသည်။ သူမမှ 'အမေရိကနဲ့တရုတ်နိုင်ငံတွေက ကြွယ်ဝချမ်းသာပြီး တိုးတက်တာ အဲ့ဒါကျောက်မီးသွေးကိုသုံးတဲ့အတွက်ကြောင့်ဖြစ်တယ်။ ငါတို့ရဲ့နိုင်ငံပဲသူများနောက်မှာကျန်ခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်မတို့ကျောက်မီးသွေးကိုသုံးရမယ်။ ကျောက်မီးသွေးမသုံးပဲဆက်မသွားနိုင်ဘူး။ အခုက ဒေသခံပြည်သူတွေက ဘိလပ် မြေစက်ရုံတွေမှာကျောက်မီးသွေးတွေကိုသုံးဖို့ကြောက်ကြတာ လူတွေကမနက်ဖြန်မှာသေတော့မလို့အတိုင်း ပဲ။ အက်စစ်မိုးတွေလည်းမရွာပါဘူး။ ဘာပဲဖြစ်ဖြစ်ကျွန်မက ကျောက်မီးသွေးကိုဘိလပ်မြေစက်ရုံမှာသုံးမှာပဲ။' ဟုယုံ ကြည်မှုရှိစွာ ရွာသားတွေအားပြောခဲ့သည်။

ဤအစည်းအဝေးသည် ဒေသခံများအတွက် အကျိုးတစ်စုံတစ်ခုမှမရှိသောကြောင့် အစည်းအဝေးအပြီးတွင် ဒေသခံ များမှ တစ်နိုင်ငံလုံးအဆင့်တာဝန်ရှိသူများထံသို့ မှတ်တမ်းတင်အကြောင်းကြားခဲ့ပါသည်။ ရွာသားတစ်ဦးမှ "တိုင် ကြားစာနောက်တစ်စောင်ထပ်ရေးပြီးတော့ နိုင်ငံတော်သမ္မတထံမှာ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလအကုန်မှာတင်ခဲ့တယ်။ အဲ့အချိန်မှာ တပ်မတော်က သူတို့နဲ့သွားတွေ့ဖို့ အမိန့်ပေးလိုက်တယ်။" ရွာသားများမှ ဒေသခံတပ်ထံသို့ မိမိတို့၏ စိုးရိမ်ပူပန်မှုကိုတင်ပြခဲ့သော်လည်း တပ်တွေမှ ကျောက်မီးသွေးအင်အားသို့ပြောင်းရန်နေ့ရက်သာ ထပ်မံရွှေ့ဆိုင်း နိုင်ခဲ့သည်။ စောဇ---ပြောဆိုချက်အရ "ကျွန်တော်တို့က အနာဂါတ်မျိုးဆက်သစ်များနဲ့ သူတို့ရင်ဆိုင်ရမယ့်ဆိုးကျိုး များအတွက်စိုးရိမ်တယ်လို့ သူတို့ကိုပြန်ဖြေတယ်။ အဲဒါကြောင့် ဒီကျောက်မီးသွေးကိုအသုံးပြုမယ်ဆိုတာ ကျွန်တော် တို့ကန့်ကွက်တာပဲဖြစ်ပါတယ်။ ငါတို့ကျောက်မီးသွေးကိုသုံးရင် စိုက်ပျိုးမြေ၊ လယ်ယာမြေနဲ့ ကုန်းပေါ်ရော ရေထဲရော ရှိတဲ့သတ္တဝါတွေကိုထိခိုက်ပျက်စီးစေမယ်။ ကျွန်တော်တို့အတွက်ရော၊ စားဝတ်နေရေးအတွက်ရော ပြီးတော့လာမယ့် မျိုးဆက်တွေအတွက်ရောအခက်အခဲဖြစ်စေမယ်။ အဲ့ဒါသူတို့အသံသွင်းထားပြီး အထက်ကတာဝန်ရှိသူတွေထံပြန် တင်ပြမယ်ဆိုပြီးပြောတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၈ခုနှစ်၊ အောက်တိုဘာကတည်းက သူတို့ကျောက်မီးသွေးကို စသုံး ခဲ့တယ်။[…] သူတို့က ၂၀၁ရခုနှစ်၊ သြဂုတ်လတွင် စသုံး ကြမယ်လို့အစီအစဉ်ရှိတယ် ဒါပေမယ့်ဒေသခံရွာသားတွေ ကသဘောမတူ ဆန်ကျင့်ခဲ့လို့အချိန်ရွှေ့ခဲ့တယ်။"

ထိုအချိန်မှစ၍ စက်ရုံများမှကျောက်မီးသွေးအား သဘာဝ ဓာတ်များအားကာကွယ်မှု နည်းပါးစွာပေးနိုင်သောနေရာ တွင်သိုလှောင်ထားသည်။ ထို့ကြောင့် ၂၀၁၉ခုနှစ် မိုးတွင်း တွင် ဘိလပ်မြေများပေါ်သို့မိုးရွာချပြီး ထိုအရည်များသည် ဒေသ ခံချောင်းများထဲသို့ စီးဝင်ခဲ့ပါသည်။

၂၀၁၉ခုနှစ်၊အောက်တိုဘာလတွင် ဘိလပ်မြေစက်ရုံအနား တစ်ဝိုက်တွင်နေထိုင်သောဒေသခံများက ၎င်းတို့အနီးအ နားရှိရေများ၊ ရေတွင်းနှင့်ကန်ထဲတွင်ရှိသောရေများမှာ အ မည်းရောင်သို့ ပြောင်းလဲသွားသည်ကိုတွေ့ရှိခဲ့ကြပြီး ထိုကဲ့ သို့အဖြစ်အပျက်မျိုးသည် ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးပါ။ တစ်ချို့ရွာသားများသည် ထိုရေများချိုးပြီးနောက် ကိုယ် ခန္ဓာယားနာခြင်းများရရှိခဲ့သည်သာမက ကန်ထဲ၌ရှိသော ငါးများလည်းသေဆုံးခဲ့ရသည်။

ထိုကဲ့သို့ရင်ဆိုင်နေရသော ဒေသခံများမှာ ရေညစ်ညမ်း ခြင်းကြောင့် စပါးစိုက်ပျိုးရန်တောင်ကြောက်ရွံ့ကြသည်။ ဒေသခံတစ်ဦးဖြစ်သော နော်ဝ---ရှင်းပြချက်အရ၊ "ဒေသခံ ရွာသားတွေက စပါးစိုက်ဖို့ကြောက်နေကြပြီ။ အရင်တုန်းက ကျွန်မတို့စပါးတွေစိုက်နေကျပဲ။ ဒါပေမယ့် ရေတွေကြောင့် ကျွန်မတို့စပါးစိုက်ရမှာကြောက်တယ်။ စပါးပင်တွေပျက်စီး မှာကိုကြောက်တယ်။ အဲ့ဒါကြောင့်ကျွန်မ တို့အခက်အခဲတွေအများကြီးကြုံရတယ်။ […] မြေဆီ တွေလည်းမည်းလာ တယ်။ မြေအပေါ်ပိုင်းတစ်လွှာက အဲ့အတိုင်းရှိပေမယ့် အောက်တစ်လွှာကိုတူးလိုက်ရင် အ မည်းရောင်ဖြစ်နေတယ်။"

ထို့ကြောင့် ဤရွာသားများသည် ၂၀၁၉ခုနှစ်တွင် ၎င်းတို့၏မိသားစုစားဝတ်နေရေးလုံလောက်မှုအတွက် စပါးများအား မရိတ်ရကြပါ။

ထို့အပြင် ရေညစ်ညမ်းခြင်းအခက်အခဲကိုရင်ဆိုင်နေရသောရွာသားတစ်ချို့မှာမူ ရေသန့်မလုံလောက်မှုကြောင့် ဘား အံနှင့်အခြားသောရွာမှ လာလှူသောအလှူရှင်တွေကိုသာမှီခိုအားထားခဲ့ရပါသည်။ သို့သော် တစ်ချို့သောရေအလှူ ရှင်များမှ ၎င်းတို့ကြာရှည်ရေဆက်မလှူနိုင်ကြောင်းကိုလည်းပြောပြခဲ့ကြသည်။ ယခုအချိန်တွင် ရွာသားများမှရေအား ကျောက်ချဉ်ဖြင့် သန့်စင်အောင်ထားခြင်းအားဖြင့်ချွေတာကြပြီး မိမိကိုယ်ကိုဆေးကြောမှုအတွက်ဖြစ်စေ၊ ၎င်းတို့၏ တိရိစ္ဆာန်တို့အတွက်ဖြစ်စေသုံးရန်ဖြစ်သည်။ ဤကဲ့သို့ရေအခက်အခဲနှင့်ကြုံတွေ့ရသောသူများမှာ အနည်းဆုံးကျေး ရွာအုပ်စုလေးအုပ်စုမှ ရွာပေါင်း ၁၅ရွာလောက်ရှိပေမဲ့ အချက်အလက်အတိအကျရရှိရန် သွားရောက်စုံစမ်းစစ်ဆေးမှု များပြုလုပ်ခြင်းမရှိပါ။ ဤအခက်အခဲ၏ပမာဏအား မေးမြန်းသောအခါ၊ စောဇ---မှ "ကျွန်တော်မသိဘူး။ ခန့်မှန်း လည်း မခန့်မှန်းနိုင်ဘူး။ ဒါပေမယ့်ရေမည်းလာတဲ့နေရာဖြစ်တဲ့ သံလွင်မြစ်နဲ့ဒုန်နာမီးကြားအတွက်တော့ မြေပုံဖြန့် ထားတယ်။ စ---ရွာလိုမျိုးရွာတွေကဝေးပြီး တောင်အနောက်မှာရှိနေပေမယ့် သူတို့ရဲ့ရေတွင်းတွေလည်း ဒီဒုက္ခနဲ့ ကြုံရတယ်။"

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသခံရွာသားများနှင့်လာရောက်တွေ့ ဆုံပြီး ထိုရေအားသောက်သုံးသောအခါ ဘာဆိုးကျိုးမှမရှိပါဟုပြောပြီးနောက် ၎င်းကိုယ်တိုင်ရွာသားများ၏အရှေ့တွင် သောက်သုံးပြသခဲ့ပါသည်။ တာဝန်ရှိသူများမှ ရေသန့်ရှင်းစေသောစက်တစ်လုံးနှင့် ရေတွင်းများတူးခဲ့ကြသော်လည်း ထိုရေများသည် ထိခိုက်နစ်နာသောဒေသခံများ၏လိုအပ်မှုများအတွက်မလုံလောက်ပါ။ ထို့အပြင် စောဇ---မှ ရေတွင်း သစ်ထဲမှရေများသည် ကျောက်မီးသွေးမှုန့်များနှင့်ညစ်ညမ်းနေသည်ကိုတွေ့ရပါသည်ဟုပြောဆိုခဲ့သည်။ 

KHRG မှမေးမြန်းထားသောရွာသားများသည် မြန်မာအစိုးရမှ၎င်းတို့၏ထင်မြင်ချက်နှင့် ရေရှည်ဖြေရှင်းမှုဖြစ်မည်ဟု ထင်သောအရာများအား လက်ခံစဉ်းစားမှုမရှိသောကြောင့် ပူဆွေးဝမ်းနည်းနေကြသည်။ ဒေသခံပတ်ဝန်းကျင်နှင့် သဘာဝရေအရင်းအမြစ်များ ပြန်ရရှိရန်အတွက် ဘိလပ်မြေစက်ရုံများအားပိတ်ချချင်ကြသည်။ ဘားအံမြို့နယ်၊ ရသေ့ ပြန်ကျေးရွာအုပ်စု၊ ဇစ---ရွာမှ နော်ဝ---သည် KHRG သို့ ဤကဲ့သို့ "သူတို့ရွာကိုလာတုန်းက ရွာသားတွေရဲ့စိုးရိမ်မှု ကဘာလဲ၊ ရွာသားတွေကဘာလုပ်ချင်လဲ ပြီးတော့ဘယ်လိုခံစားရလဲကို တစ်ခုမှမမေးဘူး။ သူတို့လာပြီး ရေတွင်းထဲ လာကြည့်ပြီးတော့ပြန်တော့တာပဲ။ […] သူတို့ကျွန်မတို့ကိုမေးခဲ့ရင် သူတို့နဲ့စကားပြောချင်တယ်။ ကျွန်မတို့မြေနဲ့ ရေကန်ထဲကရေတွေ အရင်လိုပြန်ဖြစ်ဖို့ကူညီခိုင်းတာကလွဲလို့ အခြားဟာဘာမှမတောင်းပါဘူး။[…] ကျောက်မီးသွေး စက်ရုံကိုပိတ်ပေးဖို့ ကျွန်မသူတို့ကိုတောင်းဆိုချင်တယ်။ ကျွန်မတို့ သူတို့ကိုအဲ့ဒါပဲတောင်းဆိုချင်တယ်။"

     (၂) ရွှေတူးဖော်ခြင်းကြောင့် ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ပျက်စီးခြင်း 

၂၀၁၉ခုနှစ်ကတည်း၌ ပုဂ္ဂလိကပိုင်ကုမ္ပဏီများနှင့် ချမ်းသာသောစီးပွားရေးသမားတို့သည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့ နယ်ရှိ ဝေကလိုးချောင်း၊ ဘုလိုကလိုး (ဘီးလင်း) ချောင်းနှင့် ဘောပေါ်ကလိုးချောင်း တစ်လျှောက်ရွှေတူးဖော်ခြင်း လုပ်ငန်းကိုစတင်ခဲ့ပါသည်။ ပထမဦးစွာ ရွှေတူးဖော်ခြင်းလုပ်ငန်းကို ၂၀၀၉ခုနှစ်မှ ၂၀၁ဝခုနှစ်အထိ ချစ်လင်းမြိုင်ကုမ္ပ ဏီလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းကုမ္ပဏီအား ဗိုလ်မှူးကြီးမောင်ချစ်သူမှပိုင်ဆိုင်ပါသည်။ KHRG မှရရှိသော သတင်းအ ချက်အလက်များအရ ရွှေတူးဖော်ခြင်းလုပ်ငန်းအား ထိုဒေသတွင်းလက်ရှိချဲ့ထွင်ပြုလုပ်နေကြပြီး ကုမ္ပဏီအများ အပြားမှပါဝင်လုပ်ဆောင်နေကြပါသည်။ ၂၀၁၈ခုနှစ်နှင့် ၂၀၂ဝခုနှစ်တွင် တရုတ်ဟိုချမ်းကုမ္ပဏီသည် ရွှေတူးဖော်ခြင်း လုပ်ငန်းအကြီးစားအား ဘူးလိုကလိုးတြော်၊ မာလေးလဲနှင့် မယ်ဝေကျေးရွာအုပ်စုများတွင်ဝင်ရောက်လုပ်ဆောင် ခဲ့ပါသည်။ 

၂၀၁၇ ခုနှစ်ကတည်း၌ အမည်ဖော်ပြထားခြင်းမရှိသည့် ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ သောတကူးကျေးရွာအုပ်စုရှိ ကလောမျောချောင်းတစ်လျှောက်ရွှေတူးဖော်ခြင်းလုပ်ငန်းကို ဒေသခံ KNLA တပ်ရင်း အမှတ်(၂) တပ်ရင်းမှုးနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။ ဤရွှေတူးဖော်ခြင်းလုပ်ငန်းနယ်မြေတွင် ဖြည်းဖြည်း ခြင်းတိုးချဲ့ဆောင်ရွက်မှုများပြုလုပ်လာခဲ့ကြပါသည်။ ယခု ဤရွှေတူးဖော်ခြင်းလုပ်ငန်းသည် စ---ကျေးရွာသို့ ရောက် ရှိနေပြီး ထိုနေရာရှိချောင်းတစ်လျှောက်တွင် ဧကပေါင်း ၃၄၆ဧကရှိပါသည်။ 

ကုမ္ပဏီများနှင့် စီပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့ရွှေတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ကြသော မြို့နယ်နှစ်ခုလုံး တွင်နေထိုင်ကြသောဒေသခံရွာသားများ၏ သဘောတူညီမှုအတွက် ကြိုတင်အကြောင်းကြားခြင်းသာမက တွေ့ဆုံ ဆွေးနွေးခြင်းအစည်းအဝေးပြုလုပ်ခြင်းများလည်းမရှိခဲ့ပါ။ ဒွယ်လိုးမြို့နယ်၊ မာလေးလဲကျေးရွာအုပ်စု၊ ရ---ကျေးရွာ တွင်နေထိုင်သော စောယ---မှ “သူတို့က ရွှေတူးဖော်ခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ကျွန်နော်တို့နဲ့တွေဆုံ အကြောင်း ကြားတာတောင်မရှိဘူး။ ရွှေတူးဖော်တဲ့လုပ်ငန်းကိုရွာသားတွေက ခွင့်ပြုချက်ပေးတာမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုရင် အာဏာပိုင်တွေနဲ့ဆန့်ကျင်ပြီး ကျွန်တော်တို့ကဘာမှလုပ်လို့မရဘူးလေ။ အာဏာပိုင်တွေ ကျွန်တော်တို့ကို သေဆိုရင်သေ၊ ရှင်ဆိုရင်ရှင်ဖြစ်နေတယ်လေ။” ဟု ပြောခဲ့ပါသည်။ 

မူးမြို့နယ်နှင့် ဒွယ်လိုးမြို့နယ်တို့တွင်နေထိုင်ကြသော ဒေသခံရွာသားများသည် ရွှေတူးဖော်ခြင်းလုပ်ငန်းကြောင့် ဖြစ်လာသည့် ညစ်ညမ်းမှုအကျိုးဆက်အား ရင်ဆိုင်နေကြရပါသည်။ အဆိပ်အတောက်ရှိသော ရွှံ့ဆေးရေများသည် လယ်ကွင်းထဲသို့စီးဝင်သွားပြီး မြေဆီလွှာနှင့် ကောက်ပဲသီးနှံပင်များကိုပျက်စီးစေပါသည်။ ထို့ကြောင့် ဤညစ်ညမ်းမှု ဒဏ်ကိုခံနေရသောဒေသများတွင် လယ်ယာစိုက်ပျိုးရေးမှထွက်ရှိမှုသည် အလွန်တရာကျဆင်းသွားပါသည်။ မူး မြို့နယ်တွင်နေထိုင်သော ရွာသားတစ်ဦးသည် KHRG ထံသို့ ယခုကဲ့သို့ပင် တင်ပြခဲ့ပါသည်။ “ခန့်မှန်းခြေအားဖြင့် ရွာသား ၁ဝဦးပိုင်ဆိုင်တဲ့လယ်ကွက် ၁၀ ကွက်ကပျက်စီးသွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှုးကနေပြီး ကျွန်တော်တို့ကို နစ်နာကြေးပေးမယ်လို့ပြောပေမဲ့မပေးဘူး။ လယ်ကွက်တိုင်းရဲ့တစ်ဝက်စီလောက်က ရွှေလုပ်လို့ဝင်လာတဲ့ ရွှံ့ဆေး ရည်တွေကြောင့်ပျက်စီးသွားတယ်။ ဒါကြောင့် စပါးတင်း ၃၀၀ ရမယ့်အစား တင်း၁၀၀ ကျော်လောက်ပဲရတော့တယ်။ စပါးသုံးတင်းရမယ့်အစား တစ်တင်းကျော်ကျော်လောက်ပဲရတော့တယ်။” ထို့ပြင် ရွှေတူးဖော်ခြင်းလုပ်ငန်းများကြောင့် စမ်းချောင်းနှင့်ချောင်းများညစ်ညမ်းသွားပြီး ရွာသားများအသက်မွေးဝမ်းကျောင်းအတွက် မှီခိုနေရသောငါးနှင့်ဖားများ သည်သေဆုံးကုန်ပြီး သန့်ရှင်းသောရေများမှာလည်းရှားပါးသွားပါသည်။ ရွွှေတူးဖော်ခြင်းလုပ်ငန်းမှပျက်စီးသွားသော သစ်တောများကြောင့် ရွာသားများအတွက်ထင်းရှာရန်နှင့်ဟင်းသီးဟင်းရွက်များရှာရန် ပို၍ပင်အခက်တွေ့နေကြပါ သည်။ မူးမြို့နယ်တွင်နေထိုင်ကြသောရွာသားများသည် ဤအခြေအနေအား မြို့နယ်နှင့်ကျေးရွာအုပ်စုတွင်ပြုလုပ် သည့်အစည်းဝေးတွင် အကြိမ်ရေများစွာတင်ပြခဲ့ပါသည်။ ဒေသခံခေါင်းဆောင်များမှ ဤကိစ္စအားစုံစမ်းစစ်ဆေးမှု ပြု လုပ်ပြီး ဓာတ်ပုံများရိုက်ယူခဲ့သော်လည်း ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ဆက်လက်၍လုပ်ဆောင်နေကြဆဲပင်ဖြစ်ပါ သည်။ 

အချို့သောရွာသားများ၏မြေယာများသည့် ရွှေ့တူးဖောက်ခြင်းလုပ်ငန်းများကြောင့် ပျက်စီးသွားမည့်အနေအထား တွင်ရှိနေသဖြင့် ၎င်းတို့မှမြေယာများအားရောင်းရန်ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ဒွယ်လိုးမြို့နယ်၊ မာလေးလဲကျေးရွာ အုပ်စုတွင်နေထိုင်သော စောယ---မှ “အချို့ရွာသားတွေမှာ အခြားရွေးချယ်စရာမရှိတော့တဲ့အတွက် သူတို့ရဲ့မြေတွေ ကို အလဟသပ်ဆုံးရှုံးခံမဲ့အစား ကုမ္ပဏီတွေထံကိုရောင်းလိုက်ကြတယ်။” ဟုရှင်းပြခဲ့ပါသည်။ အချို့သောဒေသများ တွင် မြေယာစျေးနှုန်းများမြင့်တက်နေခြင်းသည် မြေယာများအားရောင်းရန်အတွက် တွန်းအားဖြစ်စေပါသည်။ အထူး သဖြင့် မယ်ဝေကျေးရွာအုပ်စုတွင်ဖြစ်ပါသည်။ ရွာသားအများစုသည် ၎င်းတို့နေထိုင်ရန်အခြားနေရာများနှင့် အသက် မွေးဝမ်းကျောင်းပြုရန်နေရာမရှိသဖြင့် မြေယာများအားမရောင်းချင်ကြပါ။ ဤရွာသားများသည် နီးစပ်ရာရွှေတူးဖော် ခြင်းကြောင့်မြေတိုက်စားမှုဖြစ်သွားပြီး အသက်မွေးဝမ်းကျောင်းလုပ်နိုင်ရန် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည့် အန္တရာယ်ရှိအနေအထားတွင်ရှိနေပါသည်။ စော---ယမှ ဒေသခံရွာသားများ ရွှေတူးဖော်ခြင်းလုပ်ငန်းအား ရပ်တန့် သွားရန်နှင့် ၎င်းတို့၏စိုးရိမ်ပူပန်မှုများအားထုတ်ဖော်ပြေပြရန် အလွန်ကြောက်ရွံ့ကြကြောင်း ဤကဲ့သို့ပြောပြခဲ့ပါ သည်။ “ကျွန်တော်တို့ရဲ့ခံစားချက်တွေကို လွတ်လပ်စွာနဲ့အပြည့်အဝထုတ်ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်တွေကို ကြောက်နေရလို့ဖြစ်တယ်။ ရွှေတူးဖော်ခြင်းလုပ်ငန်းကို အာဏာပိုင်တွေကပဲရပ်ပစ်နိုင်မှာ။” 

ရွှေတူးဖော်ခြင်းလုပ်ငန်းသည် ဒေသခံလူမှုအသိုက်အဝိုင်းများအတွက် အကျိုးဖြစ်ထွန်းမှုမရှိခြင်း သို့မဟုတ်ဒေသခံ ဖွံ့ဖြိုးတိုးတက်မှုကိုလည်းယူဆောင်လာခြင်းမရှိပေ။ ဒွယ်လိုးမြို့နယ်၊ မဲ့ချိုးကျေးရွာအုပ်စု၊ စ---ကျေးရွာတွင် နေထိုင် သော စော---တမှ “ရွှေတူးဖော်ခြင်းလုပ်ငန်းက လူမှုအသိုက်အဝိုင်းအတွက် ဘာအကျိုးကျေးဇူးမှမရှိဘူး။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုတော့ ကျွန်တော်တို့က ကုမ္ပဏီတွေကိုကျောင်းတစ်ကျောင်းနဲ့ ဆေးခန်းဆောက်ပေးဖို့တောင်း ဆိုခဲ့ပေမဲ့ ကျွန်တော်အတွက်မဆောက်ပေးကြဘူး။ ကျွန်တော်တို့က ရွှွေတူးဖော်ခြင်းလုပ်ဆောင်နေတဲ့ကုမ္ပဏီတွေမှ နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နိုင်ခွင့်အနည်းငယ်ရရုံကလွဲပြီး စီမံကိန်းလုပ်ငန်းကိုလုပ်ဆောင်တဲ့နေရာမှာ ကျွန် တော်တို့ရဲ့အသံနဲ့ထင်မြင်ချက်တွေကိုထုတ်ဖော်ပြောပြလို့မရဘူး။ များသောအားဖြင့် သူတို့ကအာဏာရှင်နည်းလမ်း ဖြစ်တဲ့ငွေရယ် စစ်ရေးဆိုင်ရာအလုပ်လိုမျိုးတွေကိုကျင့်သုံးကြတယ်။” ဟုရှင်းပြခဲ့ပါသည်။  အချို့သောအခါသမယ များတွင် ၎င်းတို့သည် ရွာသားများ၏ပိုင်ဆိုင်မှုများကို ဖျက်ဆီးပစ်ကြပါသည်။ ဒွယ်လိုးမြို့နယ်၊ ရ---ကျေးရွာနေ စောယ---မှ “ရွှေတူးဖော်ခြင်းလုပ်ငန်းက ကျွန်တော်တို့ရဲ့ရွာကိုရောက်တော့ ရွာသားတွေရဲ့အိမ်တွေက ပျက်စီးတော့ မလိုတောင်ဖြစ်ကုန်ပြီး။ ရွာထဲမှာနေတဲ့အမျိုးသမီးတွေက သူတို့ကိုလေးခွနဲ့ပစ်တော့မှ ရွာထဲမှာရွှေတူးတာကိုရပ် လိုက်တာ။” ဟုရှင်းပြခဲ့ပါသည်။ 

ရွာသားများသည် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းအတွက် မြစ်ချောင်း၊ သစ်တော၊ လယ်ယာနှင့်စိုက်ပျိုးရေးကို မှီခို အားထားရသဖြင့် ရွှေတူးဖော်ခြင်းလုပ်ငန်းများသည် ၎င်းတို့၏ဘဝအားခြိမ်းခြောက်မှုဖြစ်စေပါသည်။ ရွာသားများမှ ဤကဲ့သို့သောစီမံကိန်းများသည် ချမ်းသာကြွယ်ဝသောပုဂ္ဂိုလ်များနှင့် လက်နက်ကိုင်များကိုသာအကျိုးဖြစ်စေ ကြောင်း ၎င်းတို့မှခံစားကြရပါသည်။ ဒေသခံရွာသားများမှ ဤစီမံကိန်းများကို ရပ်ပစ်စေချင်ကြကြောင်း စောတ---မှ KHRG ထံသို့တင်ပြခဲ့ပါသည်။ “ကျွန်တော်တို့က ရွှေတူးဖော်ခြင်းလုပ်ငန်းကိုရပ်ပစ်ဖို့အတွက် အာဏာပိုင်တွေထံကို တောင်းဆိုခဲ့တယ်။ ဘာကြောင့်လဲဆိုရင်ဒါက ရွာတွေနဲ့အဓိကသဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေလို့လေ။ တစ်နေ့၊ ရွှေတွေကကုန်သွားမှာဖြစ်ပေမဲ့ ပြည်သူလူထုတွေကတော့ မျိုးရိုးတစ်ဆက်ပြီးတစ်ဆက် ထာဝစဉ်တည်ရှိနေဦးမှာ၊ ဒါကြောင့်၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နိုင်ဖို့အတွက် လယ်ယာမြေတွေမရှိဘူးဆိုရင် အနာဂတ်မှာဘယ်လိုအ သက်ရှင်နိုင်မှာလဲ။ ကျွန်တော်တို့က ရေရှည်အတွက်စဉ်းစားသင့်တယ်လေ။” 

ဂ. ကလေးများအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု 

KHRG မှအစီရင်ခံစာရေးသားစဉ်ကာလအတွင်း ကလေးများအပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလေးခုကိုလက်ခံ ရရှိခဲ့ပါသည်။ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုလေးခုအနက် နှစ်ခုကိုမိသားစုဝင်များမှကျူးလွန်ခဲ့ပြီး အခြားတစ်ခုသည် အတင်းအဓမ္မလက်ထပ်ထိမ်းမြားစေခြင်းနှင့် အဓမ္မပြုကျင့်ခြင်းဖြစ်ပြီး လေးခုမြောက်မှာ ရဲအရာရှိတစ်ဦးမှကျူးလွန် သောအဓမ္မပြုကျင့်ခြင်းဖြစ်ပါသည်။ လူမှုအသိုက်အဝိုင်း၏ကဲ့ရဲ့ရှုပ်ချခြင်းနှင့် ကျူးလွန်ခံရသူအပေါ်ပြစ်တင်ဝေဖန်မှု အစဉ်အလာသည် မကြာခဏဆိုသကဲ့သို့ပင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူလွန်ခံရသူများအား ထိုကဲ့သို့သော ကျူးလွန်မှုဖြစ်ရပ်များကိုဖော်ပြရန်နှင့် တင်ပြရန်မှအတားအဆီးဖြစ်စေပါသည်။ ၎င်းတို့သည် တရားစီရင်ရေးစနစ် အတွင်း၌ပါ အတားအဆီးများကိုဆက်လက်ရင်ဆိုင်နေရပြီး ၎င်းတို့မှရှာဖွေသောဆုံးဖြတ်ချက်များကို ရရှိနိုင်မှုသည် ရှားပါးလှခြင်းသို့မဟုတ် ပြင်းထန်သောဆန့်ကျင်မှုများကိုသာရင်ဆိုင်နေရပါသည်။ ကျူးလွန်မှုခံရသူများသည့် မကြာ ခဏဆိုသကဲသို့ ၎င်းတို့၏လုံခြုံမှုအတွက် ဆက်လက်၍ကြောက်ရွံ့နေကြရပါသည်။ အထူးသဖြင့် ပြစ်မှုချိုးဖောက် ကျူးလွန်သူများမှအပြစ်ပေးခံရသည် သို့မဟုတ် အပြစ်ပေးမခံရသည်နှင့်ဆိုလျှင် ဖြစ်ပါသည်။ ၎င်းတို့သည် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုမှရရှိသောစိတ်ဒဏ်ရာအတွက် စိတ်ပိုင်းဆိုင်ရာလမ်းညွှန်မှုအကူအညီကို ရံဖန်ရံခါရရှိကြပါ သည်။ အချို့သောကိစ္စရပ်များတွင် ၎င်းတို့သည်လူမှုအသိုက်အဝိုင်းအတွင်းလျစ်လျူရှုခြင်းနှင့် အရှက်ကွဲခြင်းတို့ကို ဆက်လက်ကြုံတွေ့နေကြရပါသည်။ အချို့သောလိင်ပိုင်းဆိုင်ရာကျူးလွန်မှုခံရသူများသည် ကျောင်းဆက်မတက် တော့ခြင်းသို့မဟုတ် ကျောင်းအတင်းအဓမ္မထွက်ခိုင်းစေခြင်းတို့ကြောင့် လူမှုအသိုက်အဝိုင်းတွင် သီးခြားနေထိုင်မှုများ ကိုရှေ့ဆက်ဖြစ်ပေါ်စေပါသည်။ ဤကဲ့သို့သောဖြစ်ရပ်သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခြင်းကို ပိုပိုတိုးများ စေလာနိုင်ခြင်းအပြင် စီးပွားရေးကိုထူထောင်ရပ်တည်နိုင်သည့် ကျူးလွန်ခံရသူ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုပါ ထိခိုက်စေပါသည်။ 

     (၁) မိသားစုဝင်မှ ကျူးလွန်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု 

KHRGသည် မိသားစုဝင်များမှ ကလေးများအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုဖြစ်ရပ်နှစ်ခုကို လက်ခံရရှိခဲ့ ပါသည်။ ကလေးများသည် မိသားစုဝင်များ၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခြင်းကို ခံရနိုင်ချေပို၍များပါသည်။ အဘယ်ကြောင့်ဆိုသော် မိသားစုများ၏ရင်နှီးအကျွမ်းတဝင်ရှိမှုနှင့် မိသားစုဝင်များအားဆန့်ကျင်ပြောဆိုရန် အခက် အခဲများကြောင့်ပင်ဖြစ်ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မိဘများ၏စောင့်ရှောက်ထိန်းချုပ်မှုအောက်တွင်ရှိ သောကလေးများသည်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုမှ တိတ်တဆိတ်နေရန်အလွယ်တကူဖိအားပေးခံရ နိုင်ပါသည်။ ထို့ပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခံရမှုပြဿနာများအပေါ် ထုတ်ဖော်ပြောပြရန်အပါအဝင် အသိအမြင်နည်းပါးခြင်းတို့သည် ကလေးများအတွက်၎င်းတို့၏အခြေအနေများကို အခြားသူများထံသို့ဖွင့်ဟပြောဆို ရန်အခက်အခဲဖြစ်စေနိုင်ပါသည်။ 

ပထမမှုခင်း

နော်ဂ---သည် တောအူးခရိုင်၊ ဒေါ့ဖခို့မြို့နယ်တွင် ပညာသင်ယူဆည်းပူးနေသော မူလတန်းကျောင်းသူတစ်ဦးဖြစ်ပါ သည်။ သူမ၏မိဘများသည်သူမငယ်စဉ်အချိန်၌ ကွာရှင်းသွားခဲ့ကြပါသည်။ ထို့ကြောင့်၊ သူမသည် ဦးလေးဖြစ်သူ၏ ငွေကြေးအထောက်အပံ့နှင့် ကျောင်းဆက်တက်နိုင်ရန်အတွက် မိခင်နှင့်အတူဦးလေးဖြစ် သူ၏နေထိုင်ရာအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။ သူမသည် အသက်ဆယ်နှစ်အရွယ်ကတည်းမှစ၍ ကြိမ်ဖန်များစွာ ဦးလေးဖြစ်သူ စောမ--- ၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်အဓမ္မပြုကျင့်ခြင်းတို့ကိုခံခဲ့ရပါသည်။ ၂၀၁၉ခုနှစ်၊ ဇူလိုင်လတွင် သူမ သည် ကိုယ်ဝန်ရရှိခဲ့ပြီး ထိုအချိန်၌အသက် ၁၃နှစ်သာရှိပါသေးသည်။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂ဝရက်နေ့တွင် ဦးလေးဖြစ်သူသည် သူမ၏ကျောင်းအုပ်ကြီး ဒေါ်န---အား သူမကိုယ်ဝန်ရှိနေပြီးဖြစ်၍ ကျောင်းမှထုတ်ပေးရန်တောင်း ဆိုခဲ့ပါသည်။ ကျောင်းအုပ်ကြီးသည် သူမှအားမေးမြန်းမှုပြုခဲ့ပြီး သူမသည်ဦးလေးဖြစ်သူ၏ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုကိုခံခဲ့ရကြောင်းရှင်းပြခဲ့ပါသည်။ ကျောင်းအုပ်ကြီးဖြစ်သူသည် ကျေးရွာအာဏာပိုင်များထံသို့ဤကိစ္စရပ်ကို တင်ပြခဲ့ပြီးနောက် အာဏာပိုင်များမှသံတောင်မြို့သစ်မြို့ရှိ မြန်မာရဲများကိုဆက်သွယ်ခဲ့ကြပါသည်။ ထိုနေ့နောက် ပိုင်းတွင် မြန်မာရဲများမှသူမ၏ဦးလေးအားဖမ်းဆီးခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂၁ရက်နေ့တွင် မြန်မာ ရဲများမှ သူမ၏ဦးလေးဖြစ်သူအားပြန်လွှတ်ပေးခဲ့ပါသည်။ အကြောင်းအရင်းမှာ ပြစ်မှုကျူးလွန်ခံရသူ၏မိခင်မှ ရဲစခန်း သို့သွားရောက်ကာ တရားဝင်စွဲချက်တင်ရန်မရောက်ရှိနိုင်ခဲ့၍ဖြစ်ပါသည်။ ထို့ကြောင့် သူမ၏ဦးလေးဖြစ်သူသည် အပြစ်ပေးခံရခြင်းမှ လွှတ်မြောက်သွားခဲ့ပါသည်။ 

စောမ---သည် တရားဥပဒေရှေ့မှောက်သို့ခေါ်ဆောင်ခြင်းမခံရသဖြင့် ရွာသားမျာမှယင်းကိစ္စနှင့်ပတ်သက်၍ဆွေးနွေး ခြင်းပြုလုပ်ရန်အတွက် အစည်းအဝေးတစ်ခုစီစဉ်ခဲ့ကြပါသည်။ အစည်းဝေးပြီးသည့်နောက် ကျေးရွာအုပ်စုမှူး ဝ--- သည် စောမ---အား အပြစ်ပေးခြင်းအဖြစ် ကျေးရွာမှနှင်ထုတ်ခဲ့ပါသည်။ သို့သော်လည်း နော်ဂ---သည် သူမ၏လုံခြုံ ရေးအတွက်ကြောက်ရွံ့စိုးရိမ်နေဆဲဖြစ်သဖြင့် တောအူးခရိုင်ရှိ သူမ၏ဖခင်နေထိုင်ရာအခြားကျေးရွာတစ်ရွာသို့ပြောင်း ရွှေ့နေထိုင်ခဲ့ပါသည်။ ဤကိစ္စအား တရားဥပဒေစနစ်ရှိနည်းလမ်းဖြင့်မဖြေရှင်းပေးသောကြောင့် ပြစ်မှုခံရသူ၏ဖခင် ဖြစ်သူမှ ယင်းအဖြစ်အပျက်အား တောအူးခရိုင်၊ ဒေါ့ဖခို့မြို့နယ်ရှိ KNU ရုုံးသို့တင်လျှောက်ခဲ့ပါသည်။  

ကျေးရွာအုပ်စုမှူးသည် ယင်းကိစ္စအား KNU ဖြေရှင်းပေးမည်အစား မြန်မာအစိုးရမှဖြေရှင်းပေးရန်ုလိုလားလျက်ရှိပါ သည်။ မြန်မာအစိုးရခန့်အပ်ခံဝန်ထမ်းအနေဖြင့် ယင်းကိစ္စအားမိမိကိုယ်တိုင်တာဝန်ယူ၍ စောမ---အား မြန်မာရဲထံသို့ သွားရောက်ရန်အားပေးအားမြှောက်ပြုခဲ့ပါသည်။ ထို့နောက် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင်သွားရောက်ခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်နေ့တွင် သံတောင်မြို့သစ်မြို့ရှိမြန်မာရဲများမှပြစ်မှုကျူးလွန်သူအား ဘားအံတွင် တရားရုံးကြားနာမှုအတွက် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ဘားအံမြို့ရှိ ခရိုင် တရားရုံးတွင် စစ်ဆေးမေးမြန်းမှုအားပြုလုပ်ခဲ့သော်လည်း မည်သည့်ဆုံးဖြတ်ချက်မှမပြုလုပ်ရသေးပေ။ KHRG ၏ ကွင်းသုတေသနပြုလုပ်သူ၏ပြောပြချက်အရ ၂၀၂ဝခုနှစ် အစောပိုင်းလများတွင် ဒုတိယအကြိမ်တရားရုံးကြားနာရ မည်ဖြစ်ပါသည်။ သို့သော်လည်း တရားသူကြီးမှရက်စွဲအတိအကျကိုမကြေညာရသေးပေ။ တစ်ဆက်တည်းတွင် ပြစ်မှုကျူးလွန်ခံရသူသည် တွေ့ကြုံခံစားနေရမှုနှင့်ပတ်သက်၍ မဆုံးဖြတ်နိုင်သေးပဲဖြစ်နေပါသည်။ 

ပြစ်မှုကျူးလွန်ခံရသူနှင့်မိသားစုများသည် ဘားအံမြို့ရှိခရိုင်တရားရုံးသို့သွားရန် အခက်အခဲရှိကြောင်းသတိမှုသင့်ပါ သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့နေထိုင်ရာနေရာနှင့် ခရိုင်တရားရုံးသို့သွားရန် အလှမ်းဝေးလှသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် နော်ဂ---သည် ကိုယ်ဝန်လွယ်ထားနေရသဖြင့် ခရီးသွားလာ၍မရတော့ပါ။ အခြားသောမိသား စုဝင်များသည် တရားရုံးသို့ကြိုးစားသွားရောက်မည်ဖြစ်သော်လည်း ပြစ်မှုကျူးလွန်ခံရသူကသာ ဦးလေးဖြစ်သူ၏ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရခြင်းကို သက်သေခံနိုင်မည်ဖြစ်ပါသည်။ နော်ဂ--- သည်တရားစွဲဆိုခြင်းကို မတက်ရောက် နိုင်ပါက ရုံးတင်စစ်ဆေးခြင်းလုပ်ငန်းစဉ်နှင့်ရလာဒ်များတွင် ထိခိုက်မှုရှိကောင်းရှိနိုင်မည်ဖြစ်ပါသည်။ 

ဒုတိယမှုခင်း

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ် တွင်နေထိုင်သော အသက် ၂၂နှစ်အရွယ်ရှိ နော်လ---သည် ၂၀၁၀ မှ ၂၀၁၉ ခုနှစ်အထိ ဖခင်ဖြစ်သူ ဦးအောင်မင်း၏လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကိုခံလာခဲ့ရပါသည်။ သူမ၏မိဘများကွာရှင်းပြီး သည့်နောက်ပိုင်း သူမအသက် ၁၃နှစ်သာရှိသေးချိန်၌ သူမသည်ဖခင်နှင့်အတူလိုက်နေရန် အတင်းအကျပ်ပြုခြင်း ခံရသည့်အချိန်တွင်စတင်ဖြစ်ပျက်ခဲ့ပါသည်။ ဖခင်ဖြစ်သူ၏ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုမှ သားသမီးနှစ်ဦးဖွားမြင် ခဲ့ပါသည်။ 

၂၀၁၀ နှင့် ၂၀၁၉ခုနှစ်များအတွင်း ပြစ်မှုကျူးလွန်ခံရသူသည် ၎င်း၏ကျူးလွန်ခဲ့ရခြင်းအား ဒေသခံအာဏာပိုင်များ ထံသို့ ကြိုးစားတင်ပြရန်အတွက် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ၎င်းတို့ကြားရှိ ဆက်ဆံရေးအစစ်အမှန်ကို အခြားသူများမှမသိရှိရန်အတွက် ဦးအောင်မင်းမှ သူမအားဖခင်ဟုခေါ်ရန်ခွင့်မပြုခဲ့ပေ။ ၎င်းတို့သည် အခြားသော ကျေးရွာမှပြောင်းရွှေ့လာခဲ့ကြ၍ လူအားလုံးမှ ၎င်းတို့နှစ်ဦးအား ကြင်ယာဖက်ဖြစ်သည်ဟူ၍သာယုံကြည်ကြပါသည်။ တစ်ဦးတစ်ယောက်မှ အခြေအနေမှန်ကိုသိရှိသွားပါက အဖမ်းခံရမည်ကိုသိ၍ သမီးဖြစ်သူအားအခြားသူများကိုဖွင့် ပြောပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့ပါသည်။ 

\သူမသည် အခြားသူများနှင့်အဆက်အသွယ်မလုပ်နိုင်ရန်အတွက်် သီးသန့်ထားခြင်းကိုလည်းခံခဲ့ရပါသည်။ တစ်နေ့၌ နော်လ---သည် အိမ်ပြင်သို့ထွက်ခွင့်ရခဲ့ပြီး ဖြစ်ကြောင်းကုန်စဉ်အား အိမ်းနီးချင်းဖြစ်သူထံသို့ပြောပြခဲ့ပါသည်။ ထို့နောက် အိမ်နီးချင်းဖြစ်သူမှ သူမအားလွတ်မြောက်ရန်အတွက် ကြိုးစားကူညီပေးခဲ့ပါသည်။ သို့သော် နောက်ပိုင်း တွင် ဖခင်ဖြစ်သူမှ သူမအပြင်ထွက်သည်ကိုသိရှိသွားခဲ့၍ သူမအားပြင်းထန်စွာရိုက်နက်ခဲ့ပြီး နောက်တစ်ခါအပြင်သို့ ထွက်ပါက သတ်ပစ်ခံရမည်ဟုခြိမ်းခြောက်ခဲ့ပါသည်။ ထို့ပြင် ခြိမ်းခြောက်မှုအနေဖြင့် သူမ၏အလောင်းအားမြုပ်နှံ ရန်အတွက် ကျင်းတစ်ကျင်းကိုပါတူးခဲ့ပါသည်။ 

၂၀၁၉ခုနှစ်၊ မေလတွင် သူမ၏အခြေအနေအား အိမ်နီးချင်းထံသို့နောက်တစ်ကြိမ်ပြောပြခွင့်ရရှိခဲ့ပါသည်။ ၎င်း၏အိမ် နီးချင်းဖြစ်သူသည် KHRG မှပေးသော ကျေးလက်ဒေသဆိုင်ရာလူ့အခွင့်အရေးနှီးနှောဖလှယ်ပွဲသင်တန်းကို တက် ရောက်ခဲ့ဖူးပြီး ၂၀၁၉ခုနှစ်၊ သြဂုတ်လ ရရက်နေ့တွင် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ထံသို့ သူမ၏ကျူးလွန် ခံရခြင်းကိုတင်ပြခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလတွင် KNU အာဏာပိုင်များထံသို့ ယင်းကိစ္စအားလွှဲပြောင်း ပေးအပ်မှုမပြုသေးခင် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလတွင် နော်လ---သည် ဖခင်ဖြစ်သူနေအိမ်မှထွက်ပြေးလွှတ်မြောက် နိုင်ခဲ့ပြီး ထိုင်နိုင်ငံရှိဒုက္ခသည်စခန်းသို့ပြောင်းရွှေ့ခဲ့ပါသည်။ သူမ၏ဖခင်ဖြစ်သူသည် လက်ရှိအချုပ်ကျခံနေသော် လည်း မည်သည့်အဆုံးအဖြတ်မှပြုလုပ်ခံရခြင်းမရှိသေးပေ။ ထိုကြောင့် နော်လ---သည် ၎င်း၏ဖခင်အကယ်၍ ပြန် လည်လွတ်မြောက်မည်ဆိုပါက လုံခြုံရေးအတွက်စိုးရိမ်နေပါသည်။ 

     (၂) အတင်းအဓမ္မလက်ထပ်ထိမ်းမြားပေးခြင်းနှင့်အတူကလေးအပေါ်အဓမ္မပြုကျင့်ခြင်း

ကလေးလက်ထပ်ထိမ်းမြားခြင်းသည် နိုင်ငံတကာစံနှုန်းများကိုချိုးဖောက်နေသော်လည်း မြန်မာပြည်အရှေ့တောင် ပိုင်းရှိ သူမှုအသိုက်အဝိုင်းအချို့တွင် လက်ခံနိုင်ဖွယ်ရာဖြစ်နေပြီး အဖြစ်များလျှက်ရှိနေပါသည်။ အတင်းအကျပ်ပြု လက်ထပ်ထိမ်းမြားခြင်းခံကြရသောကလေးများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ၎င်းတို့အိမ်ထောင်ဖက် ဖြစ်သူ၏ အိမ်တွင်းအကြမ်းဖက်မှုကို ခံရနိုင်ခြေပိုများပါသည်။ KHRG မှ အတင်းအဓမ္မလက်ထပ်ထိမ်းမြားခြင်းနှင့် အတင်းအဓမ္မပြုကျင့်ခြင်းဖြစ်ရပ်ကို ဤအစီရင်ခံစာရေးသားတင်ပြချိန်အတွင်း လက်ခဲ့ရရှိခဲ့ပါသည်။ 

၂၀၁၉ခုနှစ်၊ မေလတွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်တွင်နေထိုင်သော နော်အ--- ခေါ် အသက် ၁ရခုနှစ်အရွယ်မိန်းက လးငယ်တစ်ဦးအား သူမ၏မွေးစားမိခင်ဖြစ်သူမှ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည့် စောဖ--- နှင့် လက်ထပ်ထိမ်းမြားစေခဲ့ပါသည်။ သူမသည် အဆိုပါအမျိုးသားအားလက်ထပ်ထိမ်းမြားရန် ငြင်းဆိုခဲ့ခြင်းကြောင့် ပြင်းထန်စွာနှိပ်စက်ရိုက်နှက်ခြင်းကိုခံခဲ့ရပါသည်။ နော်အ---သည် ချိုးဖောက်ကျူးလွန်ခံရမှုကို မခံနိုင်သည့်အဆုံး ထိုအမျိုးသားအား လက်ထပ်ရန်သဘောတူခဲ့ရပါသည်။ သူမ၏အမျိုးသားဖြစ်သူ စောဖ---မှ သူမအပေါ် လိင်ပိုင်း ဆိုင်ရာချိုးဖောက်ကျူးလွန်မှုအား ကြိမ်ဖန်များစွာကျူးလွန်ခဲ့ပြီး သူမအား ပြည့်တန်ဆာသို့မဟုတ် လိင်ကျွန်သဖွယ် ပေါင်းသင်းဆက်ဆံခဲ့ပါသည်။ သူမသည် ကြိမ်ဖန်များစွာကြိုးစားထွက်ပြေးခဲ့သော်လည်း အချိန်တိုင်းကျူးလွန်သူနှင့် လက်ထပ်ထိမ်းမြားခံရပြန်ပါသည် (ထွက်ပြေးရှောင်ရှားခြင်းကို တရားမဝင်လင်မယားကွာရှင်းခြင်းအဖြစ်ယူဆ ကြခြင်းဖြစ်သည်)။ သူမ၏ကျူးလွန်ခံရမှုတွင် မျက်မြင်သက်သေများရှိသော်လည်း မည်သူကမှသူမအတွက်တာဝန်ယူ ကာကွယ်ပေးမှုမရှိခြင်းသည် ကလေးလက်ထပ်ထိမ်းမြားခြင်းအား သူမ၏အသိုက်အဝိုင်းအတွင်း ပြစ်မှုသဖွယ်မယူဆ ကြသောကြောင့်ဖြစ်ပါသည်။ ဒေသခံအာဏာပိုင်များသည် ပြန်လည်လက်ထပ်ခြင်းအခန်းအနားတွင် ပါဝင်ဆင်နွဲခဲ့ကြ ပါသည်။ ကျူးလွန်မှုခံရသူမှ ၎င်း၏ခင်ပွန်းနှင့်တရားဝင်ကွာရှင်းရန်တောင်းဆိုခဲ့ချိန်၌ ဒေသခံအာဏာပိုင်များမှ သုံးလ စဉ်းစားအချိန်ပေးခဲ့ပြီး နောက်ဆုံးအကြိမ် သူမသည်အတင်းအဓမ္မလက်ထပ်ထိမ်းမြားခြင်းခံခဲ့ရပါသည်။ 

နော်အ---သည် ကြိမ်ဖန်များစွာကျူးလွန်ခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုစတင်ခံစားနေရပါသည်။ ရလာဒ်အနေဖြင့် ဒေသခံများက သူမသည်အောက်လမ်းပညာဖြင့်ပြုစားခြင်းခံရသည်ဟုယူဆခဲ့ပြီး သူမအားဖယ်ကျဉ် ထားခဲ့ပါသည်။ သူမ၏မွေးစားဖခင်သည် သူမ၏အပြုအမှုပြောင်းလဲသွားသည်ကိုသတိပြုမိခဲ့ပြီး အောက်လမ်းပညာ ဖြင့်ပြုစားခြင်းခံရသည်ဟုသံသယဝင်ကာ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ကိုခေါ်ကာ စုံစမ်းစစ်ဆေးခြင်းပြုလုပ်ခဲ့ပါ သည်။ 

စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းမှ KNPF အဖွဲ့သည် အတင်းအဓမ္မလက်ထပ်ထိမ်းမြားခိုင်းနှင့် အဓမ္မပြုကျင့်ခြင်းစသည့်ကိစ္စ ရပ်များကိုသိရှိခဲ့ပြီး ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့တွင် သူမခင်ပွန်းဖြစ်သူစောဖ--- အားဖမ်းဆီးခဲ့ပါ သည်။ ထို့နောက် သူမ၏မွေးစားမိခင်ဖြစ်သူ နော်ပ---အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖမ်းဆီးခဲ့ပါသည်။ သူမ ခင်ပွန်းသည် အချုပ်ထားခံနေရဆဲဖြစ်ပြီး ရုံးတင်စစ်ဆေးချက်ကိုစောင့်ဆိုင်းလျှက်ရှိနေပါသည်။ 

ပြစ်မှုကျူးလွန်ခံရသူကိုယ်တိုင် သူမကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့များအားဘယ်သောအခါမှ တိုင်ကြားခဲ့ခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏မွေးစားမိခင်နှင့်ခင်ပွန်းသည်အားကြောက်ရွံ့ခြင်းနှင့် ၎င်းတို့မှသူမအပေါ် နှိပ်စက်ညှင်းပန်းမှုပေါ်စိတ်ဒဏ်ရာကိုခံစားနေရသောကြောင့်ဖြစ်ပါသည်။ သူမသည် တရားမျှတမှုစနစ်နှင့်ရာဇဝတ် ကျင့်ထုံးဥပဒေများနှင့်ပတ်သက်ပြီး အသိပညာများနည်းပါးခြင်းနှင့်အခြားသူများအား ၎င်း၏စိတ်ခံစားချက်များအား ပြောပြရန်အလွန်ရှက်လျှက်ဖြစ်နေပါသည်။ နော်အ---သည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအားပြင်းထန်စွာခံစားနေရပြီး စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုမှုများကိုလက်ခံရရှိခြင်း မရှိသေးပဲဖြစ်နေပါသည်။ 

     (၃) မြန်မာရဲအရာရှိတစ်ဦးမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်း            

KHRG မှ မြန်မာရဲအရာရှိများ၏ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကိုရရှိခြင်းသည် အလွန်ရှားပါးလှပါသည်။ အကြမ်းဖက်မှုနှင့် အလွှဲသုံးစားခြင်းဖြစ်ရပ်များအား မကြာခဏဆိုသကဲ့သို့ အလွတ်သဘောတရားစီရင်ရေးယန္တရားမှတဆင့် ကိုင်တွယ်ဖြေရှင်းလျှက်ရှိပြီး ပြစ်မှုကျူးလွန် သူများသည် နိုင်ငံရေးရာထူးတွင်ရှိနေသောအခါနှင့် အုပ်ချုပ်ရေးအာဏာများရှိသည့်အခါ ၎င်းတို့၏ပြစ်မှုသည် ကင်းလွတ်ခွင့် လုံးဝခံရကောင်းခံရနိုင်ပါသည်။ ပုံမှန်အားဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခြင်း သို့မဟုတ် အဓမ္မပြုကျင့်ခြင်းတို့အား ကျေးရွာအုပ်စုမှူးမှကိုင်တွယ်ဖြေရှင်းပေးခြင်းနှင့် ပြစ်မှုကျူးလွန်သူများသည် ပြစ်မှုခံရသူနှင့် လက်ထပ်ထိမ်းမြားရန်တောင်းဆိုခံရခြင်း သို့မဟုတ်နစ်နာကြေးအနည်းငယ်ဖြင့်ပေးဆောင်စေပါသည်။ ဤဖြေရှင်း ဆောင်ရွက်ပုံကို ပြစ်မှုကျူးလွန်ခံရသူ၏မိသားစုများမှာ သဘောတူကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စအား တရားဝင်တရားရုံးသို့ကူးပြောင်းခြင်းသည် အကျင့်ပျက်ချစားမှုပြဿနာနှင့် စိတ်ပျက်မှုကိုသာဖြစ်စေခြင်း၊ တရားစီရင် ရေးစနစ်တွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဘာသာစကားအခက်အခဲနှင့် တရားရုံးသို့သွားရောက်ရန် ငွေကြေးအခက် အခဲကိုသာဖြစ်ပေါ်စေနိုင်သောကြောင့်ပင်ဖြစ်သည်။ လူများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များအားတင်ပြရန်သတိမူမိခြင်းမရှိကြပေ။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် တရားဝင်တရားစီရင်ရေးစနစ် နှစ်ခုဖြစ်သည့် မြန်မာအစိုးရနှင့် KNU ၏တရားစီရင်ရေးနှစ်ခုသည် တစ်ပြေးညီတည်ရှိနေပါသည်။ သို့သော်လည်း ဒေသခံလူထုများသည် ထိုစနစ်နှစ်ခုလုံးပေါ် ဗဟုသုတအနည်းငယ်စီသာရှိပါသည်။ 

၂၀၁၉ခုနှစ်၊သြဂုတ်လ ၃ဝရက်နေ့ညတွင် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ရှိ ကျောက်ကြီးမြို့ရဲစခန်းတွင်း၌အသက် ၂ရနှစ်အရွယ်ရှိ ရဲအရာရှိအာကာဖြိုးမှ အသက် ၁၅နှစ်အရွယ်ရှိ နော်ဝ---အား လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခဲ့ပါသည်။ သူမသည် ရဲစခန်းရှိအကိုဖြစ်သူထံသို့အလည်သွားမည်ဟုအစပိုင်းတွင်ပြောခဲ့ပါသည်။ သို့သော် သူမအားလိုက်ပို့ပေး သည့် မိသားစုမိတ်ဆွေများကသံသယရှိပြီး စိုးရိမ်မှုများအားပြောပြခဲ့ပါသည်။ တာဝန်ဆောင်ရွက်နေသော ရဲအရာရှိ တစ်ဦးသည် ကျူးလွန်ခံရသူကိုအခန်းတစ်ခန်းတွင်း ကိုယ်ဗလာတစ်ဝက်ဖြင့်ရှိနေသောရဲအရာရှိတစ်ဦးနှင့်တွေ့ခဲ့ပါ သည်။ သို့သော် ထိုအချိန်၌ မည့်သည့်အခြင်းအရာများ ဖြစ်ပျက်ခဲ့သည်ကိုရှင်းလင်းစွာမသိရှိခဲ့ကြပါ။ 

အစပိုင်းတွင် နော်ဝ---သည် အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာအား မည့်သူတစ်ဦးတစ် ယောက်နှင့်မျှမဆွေးနွေးခဲ့ပေ။ ဤကိစ္စအားသူမ၏ဒေါ်ဖြစ်သူမှ ရွာတွင်းရှိလူများတီးတိုးပြောနေကြသည်ကို ကြားသိခဲ့ ပြီးနောက် ကျူးလွန်ခံရသူမိခင်အားအသိပေးခဲ့ပါသည်။ ထို့နောက် နောဝ---သည် ရဲအရာရှိ၏လိင်ပိုင်းဆိုင်ရာအဓမ္မ ပြုကျင့်ခြင်းကိုခံခဲ့ရကြောင်း မိခင်ဖြစ်သူထံသို့ဖွင့်ပြောခဲ့သည်။ ပြီးနောက် သူမ၏မိသားစုမှပြစ်မှုအား ကျောက်ကြီးရဲ ထံသို့တင်ပြခဲ့ပါသည်။ 

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့တွင် ကျောက်ကြီးမြို့ရှိရဲအရာရှိများသည် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးခဲ့ပါ သည်။ ထိုရက်တွင် ၎င်းတို့သည်မိသားစုနှစ်ဖွဲ့ဝင်လုံးနှင့်အတူ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ယင်းကိစ္စအား အဆုံး သတ်ရန်လပ်ထပ်ထိမ်းမြားခြင်းကို ဖြေရှင်းမှုနည်းလမ်းအဖြစ်အဆိုပြုခဲ့သော်လည်း နှစ်ဖက်မိသားစုများမှငြင်းဆိုခဲ့ကြ ပါသည်။ ပြစ်မှုကျူးလွန်သူ၏မိခင်သည် ကျူးလွန်ခံရသူအားနစ်နာကြေးပေးခြင်းဖြင့် ထိုကိစ္စအားဖြေရှင်းချင်ခဲ့ပါ သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခြင်းအပေါ်ငွေကြေးနစ်နာကြေးပေးခြင်းဖြင့် ကိစ္စအားကျေအေးစေနိုင် ခြင်းဟူသောယူဆချက်သည် အချို့သောလူမှုအသိုက်အဝိုင်းတွင်ဖြစ်နေဆဲပင်ဖြစ်ပါသည်။ ကျူးလွန်ခံရသူ၏မိဘ များသည် ယင်းကိစ္စအားကျောက်ကြီးရဲစခန်းသို့တင်ပြပြီး တရားစီရင်ရေးယန္တုရားဖြင့်ဖြေရှင်းပေးခြင်းကိုသာလိုလားပါ သည်။ မိခင်ဖြစ်သူမှ “ကျွန်မကဒီကိစ္စကို ရဲစခန်းကိုတိုင်ကြားခဲ့တယ်။ ကျွန်မသမီးလေးက အသက်ငယ်ငယ်လေးပဲ ရှိပြီး ကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဥပဒေကိုလေးစားလိုက်နာရမှန်းသိတဲ့လူရဲ့ အဓမ္မကျင့်ခြင်းကိုခံရတယ်။ ဒါကြောင့် ကျွန်မက ဒီကိစ္စကိုအရေးယူဆောင်ရွက်ပေးစေချင်တယ်။” 

အာကာဖြိုးမှ နော်ဝ---အားလိင်ပိုင်းဆိုင်ရာအဓမ္မကျူးလွန်မှုပြုခဲ့ကြောင်းဝန်ခံခဲ့ပါသည်။ပြစ်မှုကျူးလွန်သူအား ဒေသခံ အစိုးရ၏တရားရုံးတွင် ရာဇဝတ်မှုဖြင့်တရားစွဲဆိုခဲ့ပါသည်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်မှုပြုလုပ်ခြင်း တွင်နှောက်နှေးမှုများရှိနေပါသည်။ ၎င်းကိစ္စအားမည်သည့်အချိန်နှင့် မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ကိုင်တွက်ဖြေ ရှင်းပေးသွားမည်နှင့်ပတ်သက်၍ ကျူးလွန်ခံရသူမိဘများအားအသိပေးအကြောင်းကြားခြင်းမရှိပါ။ ဤကဲ့သို့ပွင့်လင်း မြင်သာမှုမရှိခြင်းသည် နော်ဝ---၏မိသားစုအား မြန်မာအစိုးရ၏တရားစီရင်ရေးစနစ်အပေါ်အယုံအကြည်ကင်းမဲ့စေပြီး ၎င်းတို့မှ ယခုတွင်အဆိုပါကိစ္စအား KNU ထံသို့တင်ပြပြီး တရားသောအဆုံးအဖြတ်ပေးမှုကိုသာ မျှော်လင့်စောင့်စား နေပါတော့သည်။ KNUတွင် လွတ်လပ်သောတရားစီရင်ရေးစနစ်ရှိသော်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန် ခြင်းနှင့်ပတ်သက်သည့်ပြဌာန်းချက်များမှာ ရှင်းရှင်းလင်းလင်းဖော်ပြပေးထားခြင်းမရှိခြင်းနှင့် အပြည်ပြည်ဆိုင်ရာလူ့အ ခွင့်အရေးစံနှုန်းအတိုင်း အပြည့်အဝလိုက်နာဆောင်ရွက်မှာလည်းမရှိကြောင်း သတိမူသင့်ပါသည်။ 

အပိုင်း ၂. မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လုံခြုံရေးအခြေအနေနှင့် လူ့အခွင့်အရေး အကြောင်းအရာတို့အပေါ်ခြုံငုံ သုံးသပ်ခြင်း

(က) လက်နက်ကိုင်များမှ ကျူးလွန််သောချိုးဖောက်မှုများ

လက်နက်ကိုင်များသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်သူလူထုများအပေါ်လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု များကိုဆက်လက်ခံစားရစေလျက်ရှိပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၉ခုနှစ်၊ ဇူလိုင်လမှ သြဂုတ်လအထိ မှတ်တမ်းပြုစုရာတွင် ဘားအံခရိုင်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှချိုးဖောက်သည့် မတရားဖမ်း ဆီးချုပ်နှောင်ခြင်းဖြစ်စဉ်တစ်ခုနှင့် မြေယာသိမ်းဆည်းမှုဖြစ်စဉ်တစ်ခုတို့ပါဝင်ပါသည်။ 

အဆိုပါအမှုနှစ်ခုစလုံးသည် တစ်နိုင်ငံလုံးပစ်ခတ်တိုင်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုချိုးဖောက်ခြင်းဖြစ် နေသော်လည်း ပြစ်ဒဏ်မှကင်းလွတ်ခွင့်ကိုရရှိခဲ့ပါသည်။ ဤကဲ့သို့ တာဝန်ယူမှုတာဝန်ခံမှုမရှိခြင်းနှင့် ၎င်းတို့၏ကျူး လွန်မှုအပေါ် မည်သည့်ဆန့်ကျင်အရေးယူဆောင်ရွက်မည်မဟုတ်ဟူသည့်အသိသည် KNU/KNLA-PC အဖွဲ့များမှ လူ့ အခွင့်အရေးချိုးဖောက်ကျူးလွန်မှုကိုဖြစ်စေသည့် အဓိကအခြေအနေတစ်ရပ်အဖြစ်တည်ရှိနေစေပါသည်။ ဤအ ကြောင်းအရာနှစ်ခုအပြင် မူးတရော် (ဖာပွန်) ခရိုင်ရှိ အရပ်သားများ၏ပိုင်ဆိုင်မှုများကို တပ်မတော် ခြေလျင်တပ်ရင်း အမှတ် (၉၆) တပ်သားများမှခိုးယူခြင်းဖြင့် NCA ကိုချိုးဖောက်ကျူးလွန်ခဲ့ကြသည့် နောက်ထပ်အမှုတစ်ခုဖြစ်ပါသည်။ တပ်မတော်မှ တောအူး (တောင်ငူ) ခရိုင်အတွင်းရှိ အရပ်သားနေရာဒေသအနီးတွင် စစ်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့ကြ သောကြောင့် အရပ်သားများ၏ပိုင်ဆိုင်ရာများပျက်စီးပြီး ဒေသခံလူထုများလုံခြုံမှုအပေါ်စိုးရိမ်ပူပင်မှုကိုဖြစ်စေပါသည်။ 

     (၁) မတရားဖမ်းဆီးချုပ်နှောင်ခြင်း

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့တွင်KNU/KNLA-PCတပ်ရင်းအမှှတ်(၇၇၃)မှ ဘားအံခရိုင်၊တာကရယ်(ပိုင်ကျူံ) မြို့နယ်၊ ထ---ကျေးရွာအုပ်စု၊ ထ--- ကျေးရွာရှိ စောဂ--- အား လူ့သတ်တရားခံအဖြစ်စွပ်စွဲဖမ်းဆီးခဲ့ပါသည်။ အဆိုပါ အမျိုးသားအား လေးရက်ကြာချုပ်နှောင်ထားပြီးသည့်နောက် မည်သည့်ရုံးတင်စစ်ဆေးမေးမြန်းခြင်းကိုမှမပြုလုပ်ပဲ KNU/KNLA-PC ၏အချုပ်စခန်းသို့ ၎င်းအားခေါ်ဆောင်သွားခဲ့ပြီးထောင်ဒဏ်သုံးလချမှတ်ခဲ့ပါသည်။ ၎င်းနှင့်အတူ အ ခြားရွာသား (၁၀) ဦးတို့ကိုလည်း စွပ်စွဲကာဖမ်းဆီးခဲ့ကြပါသည်။ 

စော ဂ--- သည် (၄၅) ရက်ကြာဖမ်းဆီးချုပ်နှောင်ထားခြင်းခဲ့ပြီး ရေးချိုးခွင့်မပေးသည့်အပြင် ဇနီးနှင့်တွေ့ဆုံခွင့်ကိုပါမ ပေးခဲ့ပါ။ ထို့ပြင် လုံလောက်သည့်အစားအသောက်တို့ကိုလည်းမရရှိခဲ့ပါ။ သို့သော် ဇနီးဖြစ်သူမှ KNU/KNLA-PC ထံ သို့ (၂၀၀၊၀၀၀) ကျပ်ပေးခဲ့ပြီးသည့်နောက်ပိုင်း စောဂ---အား အချုပ်ခန်းထဲမှလွတ်ပေးခဲ့ပါသည်။ အခြားဖမ်းဆီးထား ခြင်းခံရသူများသည်လည်း ထိုကဲ့သို့အခြေအနေနှင့်ကြုံတွေ့ခဲ့ရပြီး ၎င်းနည်းတူပင် တူညီသောငွေပမာဏကိုပေးခဲ့ရပါ သည်။  သို့သော် ၎င်းတို့သည် အချုပ်ခန်းထဲတွင် ရက်အနည်းငယ်မျှသာချုပ်နှှောင်ထားခံခဲ့ရပါသည်။ 

ဤဖြစ်ရပ်သည် NCA ပါအခန်း ၉(င)နှင့် ၉(ခ)ပါ မတရားဖမ်းဆီးခြင်းနှင့်ချုပ်နှောင်ခြင်းအား ကန့်ကွက်မှုကိုချိုးဖောက် ရာရောက်ပါသည်။ ဖမ်ဆီးချုပ်နှောင်ထားခြင်းခံရသူအရပ်သားများ၏ မိသားစုများထံမှ ခြောက်လှန့်ငွေတောင်းယူခြင်း ဖြင့် ဖမ်းဆီးခံရသူလွတ်မြောက်ရန်အတွက် ငွေကြေးတောင်းခံလဲလှယ်မှုပြုလုပ်ခြင်းသည် NCA ၏ကတိကဝတ်ပါ အ ခန်း ၇(ဃ)တွင်ဖော်ပြထားသည့် “ပြည်သူထူထုများထံမှငွေတောင်းယူခြင်းမပြုရ”ဟူသည့် ကတိကဝတ်ကိုချိုးဖောက် ရာရောက်ပါသည်။

     (၂) မြေယာသိမ်းဆည်းမှု

၂၀၁၉ခုနှစ်၊ သြဂုတ်လတွင် ဘားအံခရိုင်၊ တနေးဆား (နဘူး) မြို့နယ်၊ ထို့ကောကိုးကျေးရွာအုပ်စုနေ ဒေသခံအမျိုး သမီးတစ်ဦး၏မြေယာတစ်ဧကကိုKNU/KNLA-PC မှသိမ်းဆည်းခဲ့ကြောင်း KHRG အားအသိပေးခဲ့ပါသည်။ KHRG မှ မည်သည့်တပ်ရင်းသို့မဟုတ် မည့်သည့်နေ့ရက်တွင်မြေယာသိမ်းဆည်းခဲ့ကြောင်းစသည့် အချက်အလက်များအားမရ ရှိခဲ့ပါ။ 
KNU/KNLA-PC မှ ၎င်းတို့၏ကျောင်းအတွက် အားကစားကွင်းဆောက်လုပ်ရန် သူမ၏လယ်ယာအနီးရှိမြေယာများကို သိမ်းဆည်းခဲ့ပါသည်။ ထို့နောက်သစ်ပင်များအားခုတ်လှဲပြီးမြေညှိခဲ့ကြပါသည်။ မြေသိမ်းဆည်းခံရသည့်အဆိုပါအမျိုး သမီးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏မြေယာပိုင်ဆိုင်မှုတရားဝင်စာရွက်စာတမ်းရှိပါသည်။ သူမမှ KNU/ KNLA-PC ထံသို့မြေယာပိုင်မှုစာရွက်စာတမ်းပြခဲ့သော်လည်းအကျူံးမဝင်ခဲ့ပါ။ သူမ၏မြေယာဆုံးရှုံးခြင်းအတွက် မည် သည့်လျော်ကြေးမျှမရရှိခဲ့ပါ။ ဤကိစ္စအားကျေးရွာလူကြီးနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့တင်ပြခဲ့သော်လည်း သူမ အား မကူညီပေးနိုင်ခဲ့ကြပါ။ 

ဤဖြစ်ရပ်သည် NCA ၌ပါရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အရပ်သားများ၏မြေယာများအား သိမ်းဆည်းမှှုမပြုရဟူသည် အခန်း ၉(စ) ကို ထင်ရှားပေါ်လွင်စွာချိုးဖောက်ရာရောက်ပါသည်။ 

     (၃) အတင်းအဓမ္မငွေတောင်းယူခြင်း (ငွေညစ်ခြင်း)

ဒွယ်လိုးမြို့နယ်၊ မာလေးလယ်ကျေးရွာအုပ်စု အခြေစိုက်တပ်မတော်ခြေလျင်တပ်ရင်းအမှတ် (၉၆)သည် အစီရင်ခံစာ ရေးသားတင်ပြချိန်အတွင်း အတင်းအဓမ္မငွေတောင်းခံခြင်းနှင့် ပိုင်ဆိုင်မှုများခိုးယူခြင်းစသည့်ဖြစ်ရပ်များတွင်ပါဝင်ခဲ့ ကြပါသည်။ ဤတပ်ရင်းသည် ဇေယျထွန်း၏လက်အောက်ခံတပ်ရင်းဖြစ်ပါသည်။ 

KHRG ၏၂၀၁၉ခုနှစ်၊ ဇွန်လမှဇူလှိုင်လအထိ လက်ခံရရှိသည့်အချက်အလက်များအရ တပ်မတော်ခြေလျင်တပ်ရင်း အမှတ်(၉၆)တပ်သားများသည် ဒေသခံရွာသားများ၏ပိုင်ဆိုင်မှုများ၊ သီနှံပင်များ၊ အိမ်မွေးတိရိစ္ဆာန်များအားယူခဲ့ကြပြီး ၎င်းတို့အားလျော်ကြေးများလည်းမပေးကြပါ။ တပ်မတော်မှ ရွာသားများ၏ဆီအုန်းရွက်များ၊ သစ်၊ ဝါးနှင့်ငရုတ်ပင် များကိုခုတ်ပစ်ခဲ့ကြပြီး ၎င်းတို့၏စစ်စခန်းသို့ဝင်မိသွားသောဝက်သုံးကောင်အား ပိုင်ရှင်ထံသို့အသိပေးခြင်းမရှိပဲ သတ် ပစ်စားသုံးခဲ့ကြပါသည်။ ဤကဲ့သို့သောလုပ်ရပ်မျိုးသည် NCA အခန်း ၉(ဃ)၌ပါရှိသော တပ်မတော်သည်ရွာသားများ ထံမှ အတင်းအဓမ္မငွေ၊ ပိုင်ဆိုင်မှုနှင့်အစားအစာတောင်းယူခြင်းကိုမပြုရဟူသည့်ကတိကဝတ်ကို ချိုးဖောက်ရာရောက်ပါသည်။   

တပ်မတော်သည် ရွာသားများထံမှသိမ်းယူလာသည့်ပစ္စည်းများအား ခေးခို့စစ်စခန်းကိုချဲ့ထွင်ရန်နှင့်ခိုင်မာစေရန်အ တွက်အသုံးပြုခဲ့ကြပါသည်။ ပစ္စည်းသိမ်းယူခြင်းခံရသည့်ရွာသားတစ်ဦးမှ ဤကဲ့သို့ပင်ပြောခဲ့ပါသည်။ “တပ်မတော်စစ်သားတွေက လစာရတာပဲ၊ ဘာဖြစ်လို့ရွာသားတွေဆီကနေ သီးနှံပင်၊ ပစ္စည်းနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုမဝယ်ကြ ရတာလဲ။”အချို့ရွာသားများသည် ဤဖြစ်ရပ်အား KNU ကျေးရွာအုပ်ချုပ်ရေးမှူးထံနှင့်မြို့နယ်အာဏာပိုင်များထံသို့ တင်ပြခဲ့သော်လည်း မည်သည့်အရေးယူဆောင်ရွက်ပေးခြင်းကိုမျှ မပြုလုပ်ပေးကြပါ။ 

     (၄) စစ်ရေး (လက်နက်ပစ်ခတ်) လေ့ကျင့်ခြင်းနှင့် ပိုင်ဆိုင်မှုပျက်စီးခြင်း

KHRG မှ တပ်မတော်သည် စစ်သင်တန်းနှင့်သေနတ်ပစ်လေ့ကျင့်မှုတို့အား အခါသမယအတော်များများတွင်အရပ် သားများ၏ ဒေသအနီးတွင်ပြုလုပ်ကြကြောင်းသတင်းကိုရရှိခဲ့ပါသည်။ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူးအားဒဲကျေး ရွာအုပ်စုရှိ သီးရိုထစစ်တပ်စခန်းအခြေချ  ခြေမြန်တပ်ရင်းအမှတ် (၃၁၄)တပ်မတော်တပ်သားများသည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့တွင် ၃ကြိမ်၊ စက်တင်ဘာ ၉ရက်နေ့တွင် ၅ကြိမ်၊ စက်တင်ဘာလ ၁ဝရက်နေ့တွင် ၆၆ကြိမ် နှင့် စက်တင်ဘာလ ၁ရရက်နေ့တွင် ၃၁ကြိမ် လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ပါသည်။  ထိုဒေသတွင်နေထိုင်ကြသည့် ကျေးရွာလေးရွာရှိအရပ်သားများသည် တပ်မတော်မှ မည်သည့်အကြောင်းကြောင့်သေနတ်ပစ်ခတ်မှုပြုကြကြောင်း မသိကြသောကြောင့်မိမိတို့၏လုံခြုံရေးအတွက်စိုးရိမ်ပူပန်နေကြရပါသည်။    

တောအူးခရိုင်တွင် ယင်းနှင့်ဆင်တူသည့်ဖြစ်ရပ်ဖြစ်ပွားခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ သြဂုတ်လ ၁၃ရက်နေ့တွင် တောအူး မြို့နယ်ရှိ သအေးထတွင်အခြေစိုက်သည့် တပ်မတော်တပ်သားများမှပစ်ခတ်သောပေါက်ကွဲစေနိုင်သည့် လက်နက်ခဲ ယမ်းနှစ်လုံးသည် ခ---ရွာသား၏ တောင်ယာသို့ကျသွားခဲ့ပါသည်။ KHRG ၏လက်ခံရရှိသောသတင်းအချက်အလက် အရ အဆိုပါပစ်ခတ်လိုက်သည့် လက်နက်ခဲယမ်းနှစ်လုံးအနက် တစ်လုံးသည်မပေါက်ကွဲပဲရှိနေသေးပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်နေ့တွင် ဒေါ့ဖာခို့မြို့နယ်၊ ဘုရင့်နောင်စစ်သင်တန်းကျောင်းမှ တပ်မတော်တပ်သား များသည် အမြောက်ကျည်ဆံများအားလေ့ကျင့်ရေးဆင်းသည့်သဖွယ်ပစ်ခတ်ခဲ့ပါသည်။ အချို့သောအမြောက်ကျည် ဆံများသည် ဒေသခံရွာသားများအသုံးပြုသောလမ်းပေါ်သို့ကျခဲ့ပြီး အပင်များလည်းပျက်စီးသွားပါသည်။ ထိုပစ်ခတ်မှု ဖြစ်ပွားသွားသည့်နောက် ရွာသားများသည် ၎င်းတို့၏စိုက်ခင်းခြံသို့အလုပ်သွားလုပ်ရန်ကြောက်ရွံ့ကြရသဖြင့် ဝင်ငွေ များဆုံးရှုံးခဲ့ကြရပါသည်။ ထို့အပြင်၊ တပ်မတော်တပ်သားတစ်စုသည် KNU အခွန်ကောက်ခံဂိတ်အနီးတွင် စစ်ရေး လေ့ကျင့်မှုပြုခဲ့ပြီး လက်နက်ပစ်ခတ်ခဲ့ကြသဖြင့် ဂိတ်တွင်တာဝန်ကျသူများနှင့်ဒေသခံအရပ်သားများအား ကြောက်ရွံ့ မှုဖြစ်စေပါသည်။ 

ဒေသခံများ၏ပြောပြချက်အရ ဘုရင့်နောင်စစ်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုအတွက် အမြောက်ကျည်ဆံများပစ်ခတ်မည်ကို ကြိုတင်အသိပေးခြင်းမရှိခြင်းသည် ရွာသားများ၏အသက်အန္တရာယ်ကိုဖြစ်စေ ပါသည်။ စစ်ရေးလေ့ကျင့်ဆောင်ရွက်မှုများသည် စိုက်ပျိုးခြံများနှင့်လယ်ယာမြေများကိုပျက်စီးစေပြီး ယင်းသည် NCA အခန်း ၅(က)၌ပါရှိသော တပ်မတော်(နှင့်အခြားလက်မှတ်ရေးထိုးသည့်အဖွဲ့များ) သည် အပစ်အခတ်ရပ်ဒေသများ တွင် ပိုင်ဆိုင်မှုများအားဖျက်ဆီးခြင်းမပြုရ ဟူသည့်ကတိကဝတ်ကိုတိုက်ရိုက်ချိုးဖောက်ရာရောက်ပါသည်။ တပ်မ တော်၏လုပ်ရပ်များသည် ဒေသခံရွာသားများ၏ဘေးကင်းလုံခြုံမှုကို လုံးဝလျှစ်လျူရှုထားကြောင်းဖော်ပြနေပြီး NCA ၏ အခန်း ၉(တ) အရ “အပစ်အခတ်ရပ်စဲရေးနယ်မြေတွင်နေထိုင်ကြသည့် အရပ်သားတို့၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံ ရေးအတွက်သေချာစေပါ” ဟူသည့်တာဝန်ဝတ္တရားကိုကတိဖျက်နေခြင်းပင်ဖြစ်ပါသည်။

ခ. ပုဂ္ဂလိကကုမ္ပဏီများမှ ကျူးလွန်မှုများ

ပုဂ္ဂလိကကုမ္ပဏီများသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိအလုပ်သမားတို့၏အခွင့်အရေးများကို ဆက်လက်ကျူးလွန် နေကြဆဲပင်ဖြစ်ပါသည်။ ကျေးလက်ဒေသများတွင် နေစားအလုပ်များနှင့်သာမှန်အလုပ်အကိုင်တို့သည် များစွာရှိနေ ဆဲဖြစ်ပြီး ဒေသခံရွာသားများသည် မကြာခဏအားဖြင့်အလုပ်သမားအခွင့်အရေးနှင့်စာချုပ်စာတမ်းလုပ်ထုံးလုပ်နည်း များကိုမသိရှိကြပါ။ ထို့ကြောင့်၎င်းတို့သည် လုုံခြုံရေးနှင့်အနိမ့်ဆုံးလုပ်အားခကဲ့သို့သော တရားဝင်ကာကွယ်ပေးခြင်း နှင့်အကျိုးကျေးဇူးခံစားရမှုများမှ ဖယ်ထားခံနေရဆဲဖြစ်ပါသည်။ အခြားသူများသည် အလုပ်အကိုင်ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့ခြင်းသို့မဟုတ် တရားစီရင်ရေးစနစ်ကိုယုံကြည်မှုမရှိကြသဖြင့် တိတ်တဆိတ်နေနေကြချိန်တွင် အချို့သူ များသည် ပညာသင်ကြားတတ်မြောက်မှုမရှိခြင်းနှင့် ဥပဒေဆိုင်ရာအသိပညာမရှိခြင်းကြောင့် ကျူးလွန်မှုများကို နား လည်နိုင်ရန်နှင့်တင်ပြရန်အတွက်အတားအဆီးဖြစ်စေပါသည်။ ထို့ပြင်၊ အလုပ်အကိုင်အခွင့်အလမ်းများသည် ခဲယဉ်း သော်လည်း အချို့သောအလုပ်သမားများသည် အခြားမည်သည့်ရွေးချယ်မှုမှမရှိသဖြင့် ပင်ပင်ပန်းပန်းနှင့်လုပ်အားခ နည်းသည့်အလုပ်ကိုသာရွေးချယ်ရပြီး မိသားစုအတွက်ထောက်ပံ့ပေးကြပါသည်။ 

     (၁) အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းနှင့် ကျားမဆိုင်ရာခွဲခြားဆက်ဆံခြင်း

၂၀၁၉ခုနှစ်၊ သြဂုတ်လတွင် ဘလိ-ဒဝယ် (မြိတ်-ထားဝယ်)ခရိုင်၊ လေညာဘုတ်ပြင်းအထူးဒေသ၊ အ---ကျေးရွာရှိ အ လုပ်သမားဟောင်းတစ်ဦးမှ ဇေယျာနကုမ္ပဏီပိုင်ဆိုင်သော်ဇီးပင်စိုက်ပျိုးရေးတွင်အလုပ်လုပ်နေသည့် သူမ၏မိသားစု ဝင်တစ်ဦးသည် အသက်အာမခံချက်သို့မဟုတ် တရားဝင်စာချုပ်ချုပ်ဆိုခြင်းမရှိပဲအလုပ်လုပ်ခဲ့ကြောင်း KHRG ထံသို့ တင်ပြခဲ့ပါသည်။ ယင်းသည်အလုပ်အကိုင်အခွင့်အရေးအတွက်ချမှတ်ပေးထားသောတရားဝင်မှုဘောင်ကို သိသာစွာ ချိုးဖောက်ခြင်းဖြစ်ပါသည်။ “အချို့အလုပ်သမားတွေဆို အရင်က အလုပ်သမားတရားဝင်စာချုပ်စာတမ်းရှိတယ်။ အခု တော့သူတို့မှာ အဲ့ဒါတွေမရှိတော့ဘူး။” 

အလုပ်သမားများသည် တစ်ပတ်လျှင်ခြောက်ရက်အလုပ်လုပ်ကြရပြီး တစ်ခါတစ်ရံတနင်္ဂနွေနေ့၌ပါ အလုပ်လုပ်ကြရ ပါသည်။ ၎င်းတို့သည် သုံးလသို့မဟုတ် လေးလတစ်ကြိမ်သာ လုပ်အားခကိုရရှိကြပါသည်။ လခယူသည့်ကြားအချိန် တွင် ကုမ္ပဏီမှပေးသောရိက္ခာ ဆန် ၁ဝလုံးနှင့် ဆီ ၁ ပိသာဖြင့်သာအသက်ဆက်ရှင်ကြရပါသည်။ ထိုကြောင့် အလုပ် သမားအများစုသည် အလုပ်မှထွက်လိုက်ကြပြီး မည်သည့်စုဆောင်းမှုမှမပါဘဲ မိမိတို့၏ရွာသို့ပြန်သွားခဲ့ကြပါသည်။ “အလုပ်သမားတွေဆိုတာ သာမှန်အလုပ်ချိန်မှာပဲအလုပ်လုပ်ရမယ်။ ဒါပေမဲ့ လုပ်အားခကိုပုံမှန်ဒါမှမဟုတ် အချိန်မှန် လည်းမရကြဘူး။ မိသားစုကိုထောက်ပံ့ဖို့အတွက်အကြွေးတက်ကုန်တယ်၊ ဒါကြောင့်အချို့အလုပ်သမားတွေက အလုပ်ထွက်သွားကြတယ်။”

သို့သော် အချို့သောအလုပ်သမားများသည် အခြားရွေးချယ်စရာအခြားအလုပ်မရှိသောကြောင့် ၎င်းတို့၏မိသားစုများ အားထောက်ပံ့ရန် ထိုတွင်ဆက်လက်အလုပ်လုပ်ကြရပါသည်။ အမျိုးသားအလုပ်သမားများသည် လုပ်အားခပေး သည့်နေ့ရက်တွင် တစ်ခါတစ်ရံ ၂၀၀၊ဝဝဝကျပ်အထိရရှိကြပြီး အမျိုးသမီးအလုပ်သမားများသည် ၁၀၀၊၀၀၀ ကျပ် ကျော်ရရှိကြပါသည်။ အလုပ်သမားများသည် အနည်းဆုံးတစ်ပတ်လျှင်ခြောက်ရက်အလုပ်လုပ်ကြသော်လည်း ထိုကဲ့သို့သောအခြေအနေသည် ၂၀၁၃သတ်မှတ်ချက်ပါ မြန်မာနိုင်ငံ၏အနည်းဆုံးလုပ်အားခဥပဒေမှတစ်ရက်လျင်အနည်း ဆုံးလုပ်အားခ ၄၈၀၀ ကျပ်ကိုရရှိရမည်ကိုချိုးဖောက်ကြောင်းထင်ရှားပေါ်လွင်နေပြီး ကျားမဆိုင်ရာခွဲခြားဆက်ဆံရာ လည်းရောက်ပါသည်။ 

     (စ) လုပ်အားခမရရှိခြင်း

အစီရင်ခံစာရေးသားတင်ပြချိန်၌ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဖာပွန်မြို့မှရွာသားများသည် လက်ကီးဒီပလိုမာစီးပွား ရေးကုမ္မဏီ (Lucky Diploma) ထံမှ လုပ်အားခမရရှိကြကြောင်းအဖြစ်အပျက်တစ်ခုအားတင်ပြခဲ့ပါသည်။ ဤကုမ္ပ ဏီအား ဘားအံမြို့နယ်နေ ဦးဝင်းကိုမှပိုင်ဆိုင်ခြင်းဖြစ်ပါသည်။ အဆိုပါကုမ္ပဏီသည် ၂၀၁၈ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ တွင်ပထမဦးစွာ၎င်းတို့၏ကျေးရွာသို့လာရောက်ခဲ့ကြပါသည်။ ၎င်းကုမ္ပဏီ၏အလုပ်သမားမှရွာသား ၂ဝဦးအား ကျေး ရွာအုပ်ချုပ်ရေးမှူးရုံးတစ်လုံးနှင့် ကျောင်းဆောက်လုပ်ရန်အတွက် အုတ်ခဲ၊ မြေနှင့်သဲများအားသယ်ပေးရန်ငှားခဲ့သော်လည်း တရားဝင်စာချုပ်စာတမ်းအား ဘယ်တော့မျှမပေးခဲ့ချေ။ 

အစပိုင်းတွင် ၎င်းတို့သည်ရွာသားများရရှိရန်လုပ်အားခကို အုတ်ခဲ၊ မြေနှင့်သဲသယ်ဆောင်သည့်ကားကို ပိုင်ဆိုင်သော ဒေသခံရွာသား ဦးဝ---ထံမှ တစ်ဆင့်ပေးခိုင်းခဲ့ပါသည်။ ထို့နောက်၊ ကုမ္ပဏီမှ ရွာသားများအား ပေးရန်ကျန်ရှိနေသေး သည့်လုပ်အားခကိုနောက်မှပေးမည်ဟုပြောခဲ့ပြီးမပေးဘဲ လုပ်ငန်းအခြေချရာနေရာသို့ပြန်သွားခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဦးဝ---မှ KHRGထံသို့တင်ပြခဲ့ပါသည်။ “လက်ကီးဒီပလိုမာက ကျွန်တော့်ကို ၃၊၈၈၀၊၀၀၀ ကျပ် ပေးရမယ်၊ ဒါကြောင့်လုပ်အားခအားလုံးကိုမပေးနိုင်သေးဘူး။ ကုမ္ပဏီပိုင်ရှင်ဦးဝင်းကိုကို လုပ်အားခပေးဖို့တောင်း တော့ နောက်လနောက်လတွေအထိရွေ့တာအခုထက်ထိပဲ။ သူ့ကိုဖုန်းနဲ့ဆက်သွယ်လို့လုံးဝမရတော့ဘူး။” ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ရွာသားများသည်၎င်းတို့၏လုပ်အားခကို မရသေးပဲရှိနေပါသည်။ 

ဂ. ဓလေ့ထုံးတမ်းမြေယာများပေါ် ကြိုးဝိုင်းသစ်တောချဲ့ထွင်မှု

သတင်းမှတ်တမ်းပြုစုသည့်ကာလအတွင်း မြန်မာအစိုးရတရားဝင်မှုဘောင်၏ ဓလေ့ထုံးတမ်းမြေရာလုပ်ပိုင်ခွင့်အပေါ် အသိအမှတ်ပြုမှုမရှိခြင်းသည် တောင်သူလယ်သမားများ၏စားဝတ်နေရေးအသက်ရှင်နေထိုင်မှုကို ဆက်လက်၍အန္တ ရာယ်ဖြစ်စေပါသည်။ KHRG ၏လက်ခံရရှိသောသတင်းအချက်အလက်များအရ တပ်မတော်မှ ဘလိ-ဒဝယ်ခရိုင်၊ တနောသရီမြို့နယ်၊ ကမို့သွေးဒေသ၊ ဝါ့ရှုးခို့ကျေးရွာနှင့် တစ်ရက်တာခြေလျင်ဖြင့်လျှောက်ရသည့်အကွာအဝေးတွင် ရှိနှင့်နေ ပြီးသောသစ်တောကြိုးဝိုင်းကိုချဲ့ထွင်ရန်စီစဉ်လျက်ရှိပါသည်။ ကျေးရွာနှစ်ရွာရှိရွာသား ၃ဝယောက်ဝန်းကျင် တို့သည် ယခုလက်ရှိ၎င်းတို့အသက်မွေးဝမ်းကျောင်းအတွက် မှီခိုအားထားနေရသည့်မြေယာများအားဆုံးရှုံးရမည့် အန္တရာယ်အနေအထားတွင်ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် သစ်တောကြိုးဝိုင်းအတွင်းစိုက်ပျိုးရေးလုပ်ဆောင် မှုများကို တားမြစ်ထားသောကြောင့်ဖြစ်ပါသည်။ 

မြန်မာပြည်အရှေ့တောင်ပိုင်း၌ ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်သည် ယခုထက်ထိတိုင်လူမှုအသိုက်အဝိုင်းတွင် ကျင့်သုံးနေကြဆဲဖြစ်ပြီး ၎င်းသည်ကျယ်ပျံ့သောအနေအထားအဖြစ်တည်ရှိနေလျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်တွင် KNU ၏မြေယာစာချုပ်သည်ကို ရွာသားများရရှိကြသော်လည်း ၎င်းတို့ထဲတွင်မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာအစိုးရ၏မြေယာစာချုပ်မရှိပေ။ ဒေသခံအမျိုးသမီးခေါင်းဆောင်တစ်ဦးမှ “ကျမတို့ရဲ့ကျေးရွာအုပ်ချုပ်ရေးမှုးပြောတာကတော့ မြန်မာအစိုးရကကျမတို့ရဲ့မြေယာကို မြေလွတ်၊မြေလပ်၊ မြေရိုင်းအဖြစ်သတ်မှတ်ထားတယ်တဲ့။ မြေယာစာချုပ်မရှိပေမဲ့ ဟိုးအဖိုးအဖွားလက်ထက်ကတည်းက ကျမတို့မြေယာပေါ်မှာ လုပ်ကိုင်စားသောက်လာကြတာ။ ကျမတို့မှာသစ်သီးနှံပင်နဲ့အပင်တွေရှိတယ်။ ကရင်အမျိုးသားအစည်းအရုံးကနေပြီးတော့ မြေယာလုပ်ပိုင်ခွင့်ပေးထားပေမဲ့ မြန်မာအစိုးရကတော့လုပ်ပိုင်ခွင့်မပေးဘူး။” 

သစ်တောကြိုးဝိုင်းချဲ့ထွင်မှုအား အကောင်အထည်မဖော်ရသေးသော်လည်း သစ်တောကြိုးဝိုင်းအသစ်ကိုကန့်သတ် ရန်သစ်တိုင်များစိုက်၍အမှတ်အသားပြုလုပ်ခဲ့ကြသည်။ ရွာသားများသည် လယ်ယာများတွင်အလုပ်လုပ်၍ရနိုင်ကြ သေးသော်လည်း၎င်းတို့၏အနာဂတ်သည် သေချာမှုမရှိပေ။ ဒေသခံရွာသားတစ်ဦးမှ “ကျုပ်တို့ရဲ့မြေယာမှာတော့ အ လုပ်လုပ်လို့ရပေမဲ့စိုက်ခင်းတွေ ဒါမှမဟုတ်အပင်တွေကိုကျန်တဲ့မြေယာတွေမှ ချဲ့စိုက်လို့မရတော့ဘူး။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာအစိုးရကနေပြီးတော့ မြေယာမှာလုပ်ကိုင်ဖို့အတွက်ခွင့်ပြုလိုုက်ပြီးဖြစ်ပေမဲ့ ပိုင်ဆိုင်ဖို့ တရားဝင်လက်မှတ်အတွက်တော့မဟုတ်ဘူးဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကပြောတယ်။” ဒေသခံရွာသားများသည် မြန်မာအစိုးရ၏ မြေယာစာချုပ်ကိုရရှိရန်အတွက်ကြိုးစားပြီးတင်လျောက်ခဲ့ကြသော်လည်း ၎င်းတို့၏ဓလေ့ထုံးတမ်း နေရာများသည် ကြိုးဝိုင်းသစ်တောအတွင်းတွင်ရှိနေသောကြောင့် လျောက်ခွင့်မရခဲ့ပါ။ 

ဃ. ကျန်းမာရေးနှင့်ပညာရေးအခွင့်အလမ်း

     (၁) ပညာရေး

KHRG ၏မှတ်တမ်းပြုစုမှု၌ အချို့သောဖွံ့ဖြိုးတိုးတက်မှုများသည် တိုးတက်မှုရှိနေသော်ငြားလည်း မြန်မာပြည်အရှေ့ တောင်ပိုင်းရှိအချို့နေရာတွင် ပညာရေးသင်ကြားခွင့်ရရှိရန်မှာ ပြဿနာအဖြစ်ရှိနေဆဲပင်ဖြစ်နေကြောင်း ဖော်ပြထား ပါသည်။ ပညာရေးနှင့်ဆိုင်ရာအဆောက်အအုံများကို တိုးချဲ့ဆောက်လုပ်ရန်အစီအစဉ်ရှိနေသော်လည်း ထိုကဲ့သို့တိုး ချဲ့ဆောက်လုပ်ရာတွင်အခက်အခဲများဖြင့်ရင်ဆိုင်ကြရပါသည်။ ဒေသတစ်လျှောက်ငွေကြေးထောက်ပံ့မှုပြဿနာနှင့် ပညာရေးရရှိရန်အခွင့်အလမ်းသည် သားတူညီမျှမှုမရှိခြင်းတို့သည်ဆက်လက်ဖြစ်နေပါသည်။ 

ကရင်ဘာသာရပ်ကို ယခုလက်ရှိကျောင်းအများစုတွင်သင်ကြားပေးနေပါသည်။ သို့သော်၊ (တိုင်းရင်းသားယဉ်ကျေးမှု နှင့် စာပေများသင်ကြားပေးမှုအတွက် ၂၀၁၄ မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေမှ ထောက်ပံ့ပေးနေသော်လည်း) မြန်မာအစိုးရမှ ကရင်စာပေဘာသာရပ်သင်ကြားပေးနေသည့် ဆရာနှင့်ဆရာမများကိုထောက့်ပေးခြင်းမရှိသေးပါ။ ဒူးပလာယာခရိုင်၊ ဝေါ်ရေ (ဝင်းရေး) မြို့နယ်၊ မဲတလီးကျေးရွာအုပ်စု၊ အပုလုံကျေးရွာရှိရွာသားများသည် ဒေသခံ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ဆရာနှင့်ဆရာမများအား ကရင်ဘာသာကိုကျောင်း၌သင်ကြားရန်အ တွက်ငွေကြေးထောက်ပံ့မှုများကိုပြုလုပ်ကြပါသည်။ ဆရာ၊ဆရာမများသည် မြန်မာအစိုးရကျောင်းများတွင် ပညာသင် ကြားပေးနေကြသော်လည်း မြန်မာအစိုးရထံမှလခမရရှိကြပေ။ ဒေသခံတစ်ဦး၏ပြောပြချက်အရ မြန်မာအစိုးရသည် အစိုးရ၏ကျောင်းတွင်လေ့ကျင့်သင်ကြားပေးခံရသောဆရာ၊ဆရာမများကိုသာလစာပေးပါသည်။ သို့ဖြစ်သော ကြောင့် ရွာထဲ၌ရှိသောကျောင်းသားယောက်စီတိုင်းသည် ဒေသခံဆရာ၊ဆရာမနှစ်ဦးကို တစ်လလျင် ၂ဝဘတ်ထောက်ပံ့ပေး ကြရပါသည်။

ထို့နည်းတူ ဒူးသထူခရိုင်၊ကျိုက်ထို့ (ကျိုက်ထို)မြို့နယ်၊ ဝေါ်ကေးကျေးရွာအုပ်စု၊ ပေါ်ကဒါလော်ကျေးရွာရှိရွာသားများ သည်လည်း ဒေသခံကရင်ဆရာ၊ဆရာမများကို ငွေကြေးထောက်ပံ့ပေးကြပါသည်။ ထို့ပြင် ဒေသခံရွာသားများမှ မြန် မာအစိုးရကျောင်းဆရာ၊ဆရာမနှစ်ဦးအား အခန်းနှင့်လမ်းပန်းဆက်သွယ်သွားလာရေးတွင် ကူညီထောက်ပံ့ပေးခဲ့ကြ ပါသည်။ အိမ်တိုင်းမှ တစ်အိမ်လျင် ဆရာ၊ဆရာမများ၏ ဓာတ်ဆီအတွက်အကုန်အကျများကိုတစ်လလျှင် ၁၊၀၀၀ ကျပ်စီထောက်ပံ့ပေးကြပါသည်။KECD မှ သင်ထောက်ကူပစ္စည်းများနှင့်ကျောင်းသုံးပစ္စည်းများကိုထောက်ပံ့ပေးသော် လည်း တစ်ခါတစ်ရံထိုအထောက်အပံ့ပစ္စည်းများသည် တစ်နှစ်ပတ်လုံးအတွက်လုံလောက်မှုမရှိပေ။ ကျေးရွာတွင်းရှိ ကျောင်းအဆောက်အဦးသည်အလွန်သေးသောကြောင့် ကျေးရွာရှိဘုန်းကြီးကျောင်းဟောခန်းအား စာသင်ခန်းအဖြစ် လက်ရှိအသုံးပြုကြရပါသည်။ ၂၀၁၈ခုနှစ်တွင် ကျေးရွာခေါင်းဆောင်မှ မြန်မာအစိုးရနှင့် KNU အစိုးရနှစ်ဖွဲ့လုံးထံသို့ ကျောင်းတစ်လုံးဆောက်ရန် ငွေကြေးထောက်ပံ့မှုအားအဆိုပြုခဲ့ပြီး ထိုအဆိုပြုချက်အတွက်လက်ခံမှုရရှိမည်နှင့်မရရှိ မည်ကို ရွာသားများမှစောင့်မျှော်နေကြဆဲဖြစ်ပါသည်။ 

ဒွယ်လိုးမြို့နယ်တွင် ကျောင်းဆောက်လုပ်ရေးတွက်အစီအစဉ်ဆွဲခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် ဒွယ်လိုးမြို့ နယ်ပညာရေးဌာနမှူးစောကျော်စွာမှ ဖွေးထောရူတရယ်ရှိကျောင်းကော်မတီများ၊ မောလိုကလိုးကျေးရွာရှိဆရာ၊ ဆရာမများနှင့်အတူ အစည်းအဝေးတစ်ခုကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးတွင် မော်လိုကလိုး၊ဖါးလိုဒို့နှင့် နို့ဖထော် စသည့်ကျေးရွာများတွင် ကျောင်းအဆောက်အအုံများကို ပိုမိုဆောက်လုပ်ရန်အတွက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပြု ချက်အရ KECD မှ သစ် ၁၀ တန်ချိန်နှင့် ငွေ ၃၊၀၀၀၊၀၀၀ ကျပ်ကို အဆိုပြုကျောင်းတစ်ကျောင်းစီအတွက်ပေးမည် ဖြစ်ပါသည်။ ဒေသခံရွာသားများအနေဖြင့် အခြားလိုအပ်သည့်ပစ္စည်းများနှင့်အဆောက်အအုံများကို ၎င်းတို့ကိုယ်တိုင် ဆောက်ရမည်ဖြစ်ပါသည်။ ၂၀၂ဝခုနှစ်တွင် နို့ဖော်ထီးနှင့် ဖါးလိုဒို့ကျေးရွာတို့တွင်ကျောင်းဆောက်လုပ်သွားမည်ဖြစ်ပါ သည်။ ရွာသားများသည် ကျောင်းများကိုကိုယ်တိုင်ဆောက်လုပ်သွားမည် ဖြစ်ပါသည်။ 

သို့သော်၊ မော်လိုကလိုးမှရွာသားများသည် ကျေးရွာရှိကျောင်းများကို မြန်မာအစိုးရမှတာဝန်ယူဆောက်လုပ်ပေးသွား ရန်မျှော်လင့်သောကြောင့် အဆိုပြုချက်ကိုလက်မခံခဲ့ကြပါ။ KECD နှင့် ဒေသခံခေါင်းဆောင်များသည် မော်လိုကလိုး ရွာသားများ၏ဆုံးဖြတ်ချက်ကိုသဘောမတူခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှလူ့မှုအသိုက်အဝန်းတို့သည် ကိုယ်တိုင်ရပ်တည်ရန်နှင့် ၎င်းတို့မှရှိသည်တို့ဖြင့် အကူအညီပေးရန်လိုလားလျက်ရှိသောကြောင့်ဖြစ်ပါသည်။ ယင်းကိ စ္စကို လူမှုအသိုက်အဝန်းတွင်ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ယခုလက်ရှိတွင် မော်လိုကလိုးကျေးရွာတွင်နေ ထိုင်ကြသောရွာသားများသည် KECD မှကျောင်းအား ၎င်းတို့ကိုယ်တိုင်ဆောက်လုပ်သွားမည့်အဆိုပြုချက်ကိုလက်ခံ ကြောင်းမသိရှိရသေးပါ။ 

ကျေးရွာအများအပြား၌ ဒေသခံအခြေခံပညာမူလတန်းကျောင်းရှိသော်လည်း အလယ်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားနိုင်ရန်အတွက် စိန်ခေါ်မှုများကိုလက်ရှိကြုံနေရပါသည်။ ကျေးရွာများတွင် အလယ်တန်းကျောင်းများ မရှိပါက ကျောင်းသားများသည်နီးစပ်ရာခရိုင် သို့မဟုတ်မြို့နယ်ရှိကျောင်းသို့ အလွန်ဝေးသည့်ခရီးနှင်ကြရပါသည်။ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ မော်နေဖွားနှင့်ခို့ခီးကျေးရွာအုပ်စုရှိကလေးများသည် ခရိုင်နှင့်မြို့နယ်ကျောင်းများ သို့ ကားဆိုင်ကယ်တို့ဖြင့်ကျောင်းသွားရာတွင် နှစ်ရက်တာခရီးကြာမြင့်သောကြောင့် ၅၀ ရာခိုင်နှုန်းသောကလေးများ သာ ကျောင်းဆက်တက်နိုင်ကြပါသည်။ 

ထို့နည်းတူ၊ ကော်သေးဒဲဒေသခံကလေးအများစုသည် အလယ်တန်းတက်ပြီးသည့်နောက် အထက်တန်းကျောင်းကို ခလယ်လာ(ဘောဂလိ)မြို့သို့မဟုတ် တောအူးတို့တွင်သွားတက်ကြရပါသည်။ ထို့သို့ကားဖြင့်သွားရသောကျောင်း၏ ခရီးသည် နေ့တစ်ဝက်မှတစ်နေကုန်ကြာမြင့်ပါသည်။ ဤကဲ့သို့သောကွာဝေးမှုများကြောင့် အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားရန်ကျောင်းသားများသည် အခြားကျေးရွာများနှင့်အဆောင်တွင် အကုန်အကျခံကာ ပြောင်းရွှေ့ကြရပါသည်။ 

     (၂) ကျန်းမာရေးစောင့်ရှောက်မှု 

အချို့သောဒေသများသည် ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ပစ္စည်းမရှိခြင်းတို့ဖြင့်ရင်ဆိုင်ကြရ ပါသည်။ ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှုအထောက်အပံံ့ပစ္စည်းရှိသောနေရာများတွင်လည်း ပစ္စည်းများကိုအ ကန့်အသတ်ဖြင့်သာအသုံးပြုကြရပါသည်။ ဆေးဝါးကုသမှုဆိုင်ရာအဆောက်အအုံများနှင့် ကျန်းမာရေးဝန်ဆောင်မှု များအလုံးစုံရှိနေသော်ငြားလည်း ရွာသားအများစုအတွက် ကျန်းမာရေးဝန်ဆောင်မှုနှင့်ကုသမှု၏ကုန်ကျစရိတ်များ သည် ၎င်းတို့အတွက်မြင့်မားလျက်ရှှိနေသေးပါသည်။ 

ဒူးပလာယာခရိုင်၊ ဝေါ်ရေးမြို့နယ်ရှိကျေးရွာအများစုသည် ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ ပစ္စည်းများမရှိခြင်းကြောင့် ကောင်းမွန်သောကျန်းမာရေးဝန်ဆောင်မှုမရရှိကြပေ။ ၂၀၁၉နှစ်လယ်ပိုင်းတွင် မဲတလီး ကျေးရွာ၌ရှိသော အပုလုံကျေးရွာတွင်ကိုယ်ပိုင်ဆေးခန်းမရှိသေးပါ။ ထို့ကြောင့် အဆိုပါကျေးရွာတွင်နေထိုင်ကြသော ရွာသားများသည်ဆိုင်ကယ်ဖြင့် ၁နာရီကြာသွားရသော သေးကတိုင်နှင့်မြိုင်သာယာကျေးရွာရှိ KNU မှဖွင့်လှစ်သော ဆေးခန်းသို့သွားကြရပါသည်။ ကျန်းမာရေးအခြေအနေဆိုးရွားသောသူများသည် ကားဖြင့်နာရီအနည်းငယ်ကြာသွား ရသော ဘုရားသုံးဆူမြို့ရှိဆေးရုံသို့သွားကြရပါသည်။ ရွာသားများသည် လူထူထပ်သောဒေသနှင့်နီးစပ်ရာဆေးခန်း များတွင်သွားရောက်ရန်ခက်ခဲသည့်အပြင် မိုးရာသီတွင်လမ်းမကောင်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတို့ ကြောင့်  ၎င်းတို့ကျေးရွာတွင်ဆေးခန်းတစ်လုံးဆောက်လုပ်ပေးရန်အတွက် မျှော်လင့်နေကြပါသည်။ 

မူးတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိကျေးရွာများအနီးတွင် ကိုယ်ပိုင်ဆေးခန်းများရှိသော်လည်း ရွာသားများသည်ကုန်ကျစ ရိတ်အတွက်အခက်အခဲများရှိကြပါသည်။ ဆေးခန်းသို့သွားရာတွင် ဆေးဝါးသုံးရက်စာအတွက်ကုန်ကျစရိတ်သည် ၂၀၀၀ မှ ၃ဝဝဝကျပ်အထိကုန်ကျပါသည်။ ရွာသားများသည် အလုပ်အကိုင်မြဲမြံစွာမရှိသဖြင့်ဆေးဝါးကုန်ကျစရိတ် ပေးရန်မလွယ်ကူလှပေ။ ဒေသတွင်းရှိနေ့စားအလုပ်များသည် ပျမ်းမျှအားဖြင့်တစ်ရက်လျင် ၄၀၀၀ နှင့် ၅၀၀၀ ကျပ် အထိရှိသောလုပ်အားခဖြစ်ပါသည်။ မူတြော်ရှိအစိုးရ၏ဆေးရုံတွင် ဆေးရုံတက်ရသောကုန်ကျစရိတ်သည် တစ်ည လျင် ၃၀၊၀၀၀ ကျပ်ကုန်ကျပါသည်။ ရွာသားများမှ၎င်းတို့ဒေသတွင်းရှိဆေးရုံတွင် လူနာများအတွက်ဆေးဝါးလုံ လောက်မှုမရှိခြင်းအပြင် ဆေးဝါးကုန်ကျစရိတ်များသည် ဆေးရုံသို့သွားသည့်ကုန်ကျစရိတ်ထဲတွင်မပါဝင်ကြောင်း ပြောပါသည်။ ထို့ကြောင့်၊ ၎င်းတို့ဆရာဝန်၏ဆေးညွန်းအတိုင်းဆေးဝါးများကို အပြင်တွင်သွားဝယ်ကြရပါသည်။ ရွာ သားများသည် ဆေးရုံသို့သွားရသည့်ကုန်ကျစရိတ်နှင့်ဆေးဝါးကုန်ကျစရိတ်အတွက်ပေးရသောကြောင့် နှစ်ဆကုန် ကျသည်ဟုခံစားကြရပါသည်။ ၂၀၁၉ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘလအထိ ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW)မှ အသက် ၁၅နှစ်အောက်ရှိကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေးအခမဲ့ထိုးပေးရန်အတွက်နှင့် ၎င်း တို့၏ဝန်ဆောင်မှုအတွက်ကြော်ငြာစာတန်းတပ်ဆင်ကာ ရွာသားများကိုအသိပေးခဲ့ပါသည်။ 

KDHW မှ တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ခို့ခီးကျေးရွာအုပ်စု၊ တအေးခီးကျေးရွာရှိကျေးလက်ဒေသလှုမှုအသိုက် အဝန်းအတွက်ဆေးခန်းတစ်လုံးဆောက်လုပ်ပေးခဲ့ပါသည်။ ဤကဲ့သို့ဆေးခန်းဆောက်လုပ်ပေးခြင်းကြောင့် အနီးအ နားရှိကျေးရွာများသည် လွယ်ကူစွာကျန်းမာရေးစောင့်ရှောက်မှုကိုခံယူနိုင်ကြပါသည်။ သို့သော်လည်း ထိုရွာသို့ကား များဖြင့် သွားလာ၍မရသဖြင့် ဆိုက်ကယ်ဖြင့်နေ့တစ်ဝက်နှင့်ခြေကျင်ဖြင့်တစ်ရက်တာခရီးသွားရပါသည်။ မော်နေဖွား ကျေးရွာအုပ်စုရှိ အ---ကျေးရွာတွင် တပ်မဟာခေါင်ဆောင်များသည် Free Burma Ranger (FBR) ဆေးခန်းတစ်လုံး အားဆောက်လုပ်ပေးခဲ့ပြီး ၎င်းဆေးခန်းတွင်မော်နေဖွားကျေးရွာအုပ်စုရှိ သူများအားလုံးအတွက်ဖြစ်ပြီး ဝန်ဆောင်မှု မှာလည်းအကုန်အကျမရှိပေ။ ကောသေးဒဲနှင့်ဖဲထီးဒေသနေရွာသားများသည် ကျန်းမာရေးဝန်ဆောင်မှုအတွက်အနီး အနားရှိမြို့များဖြစ်သောထောတထူမြို့နယ်ရှိခလယ်လာနှင့်ဇရက်ကြီးမြို့များတွင် ကျန်းမာရေးစောင့် ရှောက်မှုကိုခံယူ ကြပါသည်။

င. အသက်မွေးဝမ်းကျောင်း

စိုက်ပျိုးရေးကိုအဓိကအားဖြင့် မှီခိုအားထားနေကြသည့်ရွာသားများသည် ရေးကြီးခြင်း၊ ခြောက်သွေ့ခြင်းနှင့် ပိုးမွားများ ဖျက်ဆီးခြင်းတို့ကြောင့် ပုံမှန်အားဖြင့် အသက်မွေးဝမ်းကျောင်းအခက်အခဲများဖြင့်ရင်ဆိုင်နေကြရပါသည်။ နေရပ်ရွှေ့ ပြောင်းနေထိုင်ရခြင်း၊ လက်နက်ကိုင်များ၏ပဋိပက္ခ၊ မြေယာသိမ်းဆည်းခြင်းသို့မဟုတ်ဖျက်ဆီးခြင်းနှင့် အစိုးရ၏ကူ ညီထောက်ပံ့ပေးမှုမရှိခြင်းတို့သည် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းအတွက်ပို၍ပင်အခက်အခဲဖြစ်စေပြီး မိမိတို့ ကိုယ်တိုင် ခိုင်မာသည့်အသက်မွေးဝမ်းကျောင်းကို ပြန်လည်တည်ဆောက်ရန်ကြိုးစားရုန်းကန်မှုကိုဖြစ်စေပါသည်။ 

ဒူးပလာယာခရိုင်၊ ဝေါရေ့မြို့နယ်၊ အပုလုံကျေးရွာတွင်နေထိုင်ကြသည့်ရွာသားများသည် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရန်အတွက်မြေယာများလျော့နည်းသွားသဖြင့်စိုးရိမ်ပူပန်နေကြပါသည်။ ၂၀၁၉ခုနှစ်၊ မိုးရာသီကာလအတွင်း KNU မှ ဒေသခံသစ်တောများကိုစောင့်ရှောက်ရန်အတွက် နောက်ထပ်စိုက်ပျိုးရေးများတိုးချဲ့မလုပ်ကိုင်ကြတော့ရန် သစ်တော်မြေယာများကိုစတင်ကန့်သတ်ခဲ့ပါသည်။ ရွာသားများသည် တိုင်ကြားခြင်းပြုလုပ်ရန်ကြောက်ရွံ့ကြပြီး KNU ဌာနချုပ်၏ခေါင်းဆောင်များမှ ၎င်းတို့၏စိုးရိမ်ပူပန်မှုများကိုအသိအမှတ်ပြုပြီး လက်ရှိရင်ဆိုင်နေရသောစိန်ခေါ်မှုများ အတွက်အထောက်အပံ့ကိုပြင်ဆင်ပေးရန် တိတ်တဆိတ်မျှော်လင့်နေလျက်ရှိနေကြပါသည်။ ၎င်းတို့မှပိုမိုခိုင်မာသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုများတွင်ကူညီထောက်ပံ့ပေးမှုကိုလိုချင်ကြပါသည်။ စောဘ---မှ “ကျနော်တို့က အလုပ် လုပ်ဖို့အတွက်တည်မြဲမှုရှိတဲ့နေရာတစ်နေရာကိုလိုချင်တယ်။ ဒါမှကျနော်တို့ကလေးရဲ့အနာဂတ်အတွက် မစိုးရိမ်ရ တော့မှာ။ ဥပမာ၊ ကျနော်တို့က မြေရာတစ်နေရာတောင်မပိုင်ဘူး၊ ဒါကြောင့်မြေရိုင်းပေါ်မှာပဲ တောင်ယာစိုက်ပျိုးကြ တယ်။ အလုပ်လုပ်ကိုင်စရာမြေနေရာမရှိဘူးဆိုရင် မိသားစုရဲ့လိုအပ်မှုတွေအတွက်တတ်နိုင်တော့မှာမဟုတ်ဘူး။ ကျ နော်တို့ရဲ့အသက်မွေးဝမ်းကျောင်းက လက်ရှိမတည်မြဲဘူး၊ ဘာကြောင့်လဲဆိုရင်တော့ ကျနော်တို့မှီခိုနေရတဲ့နေ့စဉ် ရေရှည်လုပ်ငန်းတွေမရှိတော့ဘူးလေ။ ကျနော်တို့က အခြားနိုင်ငံတွေမှာရွေ့ပြောင်းအလုပ်သမားတွေအဖြစ် အလုပ် သွားမလုပ်ချင်ကြဘူး။ ကျနော်တို့က ကိုယ်ပိုင်အလုပ်အကိုင်ဖြစ်တဲ့တောင်ယာလယ်ယာတွေကိုပဲမှီခိုချင်ကြတာ” ဟု ရှင်းပြခဲ့ပါသည်။ 

၂၀၁၉ခုနှစ်၊ ဇွန်လိုင်လတွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးမှ မြန်မာအစိုးရလုပ်သားများသည် မယ်ကလောကျေးရွာ အုပ်စုရှိရွာသားများအား လမ်းမကြီးဘေးတစ်လျှောက်မည်ကဲ့သို့စပါးများအားစိုက်ပျိုးရမည်ကို နောက်ထပ်တစ်ကြိမ် သင်တန်းပို့ချပေးခဲ့ပါသည်။ ၎င်းတို့မှ ဒေသတွင်းမြေဆီလွှာနှင့်သင့်လျှော်မှုရှိသော စိုက်ရမည့်စပါးမျိုးစေ့အမျိုးအစား အတွက်အကြံပြုခဲ့ခြင်းနှင့်စပါးများကိုကာကွယ်ရန်အတွက် ကြွက်သတ်ဆေးနှင့်ပိုးသတ်ဆေးများကို မည့်ကဲ့သို့အသုံး ပြုရမည့်နည်းလမ်းများကိုပါပြသပေးခဲ့ပါသည်။ သို့သော်လည်း ဤစိုက်ပျိုးရေးနည်းလမ်းသစ်အားအသုံးပြုရန်မှာ ရွာ သားများသည် စိုက်ပျိုးရေးနှင့်ဆိုင်သည့်လိုအပ်သောအသုံးအဆောင် (မျိုးစေ့၊ပျိုးပင်၊ကြွက်သတ်ဆေး)များကို မြန်မာ အစိုးရဆီမှဝယ်ယူရမည်ဖြစ်ပါသည်။ ပုံမှန်အားဖြင့်ရွာသားများသည် လတ်လောရာသီမှထွက်ရှိသောမျိုးစေ့ကိုစိုက်ပျိုး ရန်အသုံးပြုလေ့ရှိပါသည်။ သို့သော် ဤအခြေအနေအောက်တွင်၎င်းတို့သည် မျိုးစေ့သစ်နှင့်ပျိုးပင်သစ်အားလုံးအ တွက်ဝယ်ယူရမည်ဖြစ်ပါသည်။ 

မြို့နယ်များနှင့်ကျေးလက်ဒေသများတွင် ရေအလွန်ကြီးသဖြင့်အခက်အခဲများရင်ဆိုင်ကြရပါသည်။ ၂၀၁၉ခုနှစ်၊ သြ ဂုတ်လတွင် မကွေး-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်ရှိရွာသားများသည် ရေကြီးသောကြောင့်၎င်း၏အသက်မွေး ဝမ်းကျောင်း၊ အစားအစာနှင့်လမ်းပန်းဆက်သွယ်ရေးတို့တွင် အခက်အခဲများကိုရင်ဆိုင်ကြုံတွေကြရပါသည်။ အချို့ သောအိမ်များသည့် ရေးကြီးခြင်းကြောင့်နစ်မြုပ်သွားပါသည်။ တနောသရီမြို့နယ်ရှိ နေလွှမ်းမိုးခြင်းဒဏ်ကိုအများဆုံး ခံရသောကျေးရွာများမှာ ပလောသော၊ တကတ်၊ ပလောဖသော၊ ပဝ နှင့် တကတ်လာခေါကျေးရွာများဖြစ်ကြပါသည်။ သြဂုတ်လမှစက်တင်ဘာလအထိ ရေဘေးဒဏ်ကိုခံနေရသူများသည် အစိုးရအဖွဲ့အစည်းများ (NGOs) မဟုတ်သည့် MYTEL Company နှင့်TriNat ကဲ့သို့သောအဖွဲ့အစည်းများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် KNU တို့ထံမှ လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့များဖြစ်သည့် ဆန်၊ ခေါက်ဆွဲ၊ သောက်ရေသန့်၊ ငါးသေတ္တာ၊ စောင်၊ အိုဗာတင်းမှုန့်နှင့် မုန့်များကိုလက်ခံရရှိခဲ့ကြပါသည်။ အချို့လယ်သမားများသည် လူသားချင်းစာနာထောက်ထားမှုအ ထောက်အပံ့များနှင့်အတူ စပါးမျိုးစေ့ကောင်းများကိုပါလက်ခံရရှိခဲ့ကြပါသည်။ အိမ်ထောင်စု ၁၇၀ နီးပါး အထောက် အပံ့များကို လက်ခံရရှိခဲ့ပါသည်။

ရေးလွှမ်းမိုးပြီးသည့်နောက် ဒူးပလာခရိုင်၊ ဝေါ်ရေး (ဝင်းရေး) မြို့နယ်၊ အပုလုံကျေးရွာတွင်နေထိုင်ကြသောရွာသား များအတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ လူသားချင်းစာနာသည့်အထောက်ပံ့များကိုရရှိရန် မြန်မာအစိုးရတို့မှ စီစဉ်ကာကူညီမှုပေးခဲ့ကြပါသည်။ နိပွန်ဖောင်ဒေရှင်းမှ ရေပိုက်များနှင့် လူထုအခြေပြုဖွံ့ဖြိုးရေး(CDD) မှရေပိုက်များ ကိုတပ်ဆင်ပေးခဲ့ပြီး ကျေးရွာတွင်းခန်းမတစ်လုံးဆောက်ပေးခဲ့ကြပါသည်။ 

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလ ကောက်ရိတ်ရာသီကာလအတွင်း ဒွယ်လိုးမြို့နယ်ရှိကျေးရွာအုပ်စုသုံးစု မှ ရွာသားအများအပြားတို့သည် မိုးခေါင်ရေရှားခြင်းကြောင့် ၎င်းတို့၏စပါးပင်များပျက်စီးသွားသဖြင့် အသက်မွေးဝမ်း ကျောင်းနှင့် အစာရေစာပြတ်လပ်ခြင်းတို့ဖြင့်ကြုံတွေ့ကြရပါသည်။ 

အချို့သောလယ်ယာများတွင် စပါးအနည်းအကျဉ်းသာ ရိတ်သိမ်း၍ရပြီး အချို့သောလယ်ယာများတွင်စပါးများကို ရိတ်သိမ်း၍မရချေ။ ထို့ကြောင့်ဒေသခံရွာသားများသည် ဒေသခံအာဏာပိုင်များထံနှင့်သက်ဆိုင်သည့် လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်းများထံမှလာရောက် ကူညီပေးရန်မျှော်လင့်စောင့်စားလျက်ရှိပါသည်။ အဘယ် ကြောင့်ဆိုသော် လူသားချင်းစာနာသည့်အထောက်အပံ့ များကို အခြားဆိုးရွားမှုရှိသောပတ်ဝန်းကျင်အခြေအနေ များနှင့် ရေကြီးခြင်းကြောင့်အစားအစာပြတ်လပ်မှုဖြင့် ကြုံ တွေ့နေရသောနေရာဒေသတို့တွင် ထောက်ပံ့ပေးသော ကြောင့်ဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့မှမည်သည့် ထောက်ပံ့ပေးမှုများကိုမှ မရရှိကြပါ။ 

တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ကောသေးဒဲကျေးရွာနှင့် မောနေဖွေးကျေးရွာအုပ်စု၊ ခို့ခီးကျေးရွာတွင်နေထိုင်ကြ သောရွာသားများသည်လည်း နှစ်၏အစပိုင်းဖြစ်သည့် မတ်လနှင့်ဧပြီလအတွင်းဆိုးရွားစွာမိုးခေါင်ရေရှား၍ ပျိုးပင်များ ပျက်စီးသွားသဖြင့် အစာရေစာပြတ်လပ်မှုနှင့်အသက်မွေဝမ်းကျောင်းစိန်ခေါ်မှုများကိုရင်ဆိုင်ကြုံတွေ့နေရပါသည်။ 

စ. မြေမြှုပ်မိုင်းထောင်ခြင်း

မြေမြှုပ်မိုင်းညစ်ညှမ်းမှုသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိနေရာဒေသအများအပြားတွင် ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေပါသည်။ ၎င်းသည်ဒေသခံလူထုများအား ခြိမ်းခြောက်မှုဖြစ်စေပြီးဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်ရွှေ့ ပြောင်းနေထိုင်နေကြသူများ မိမိတို့၏မူလဒေသသို့ပြန်ရန်တားဆီးမှုကိုဖြစ်စေပါသည်။ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၁၈ရက် နေ့တွင် တောအူးခရိုင်၊ထောတထူမြို့နယ်၊စောဝါးဒဲရွာရှိရွာသားများသည် တပ်မတော်မှမြှုပ်ထားသည့် M-14 မြေမြှုပ် မိုင်းကို ခရီးသွားနေစဉ်အတွင်း ကားလမ်းမကြီး၏ဘေးဖက်တွင်တွေ့ရှိခဲ့ပါသည်။

ဆ. ထူတပ်သောလမ်းမပေါ်ရှိဖုန်မှုန့်များနှင့်ထိတွေ့မှု

ဒူးပလာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်၊ ထီးဝူသောကျေးရွာအုပ်စု၊ ထ---ကျေးရွာတွင်နေထိုင်ကြသောရွာသားများ သည် အာရှဒုတိယလမ်းမကြီးကို ၎င်းတို့ကျေးရွာအနီးတွင်ဆောက်လုပ်ခြင်းမှ ဆိုးကျိုးများအားတင်ပြခဲ့ကြပါသည်။ ၂၀၁၄ခုနှစ်တွင် ထိုလမ်းမကြီးဆောက်လုပ်ခြင်းလုပ်ငန်းကိုစတင်ခဲ့ကြပြီး ကုမ္ပဏီအများမှပါဝင်ဆောက်လုပ်ခဲ့ကြပါ သည်။ နောက်ဆုံးတွင်လမ်းမကြီးအား Stell Stone Company မှဆောက်လုပ်ခဲ့ပါသည်။ သို့သော်လည်း လမ်းများကို ခင်းကျင်းခြင်းများ မပြုလုပ်ကြရသေးပဲဖြစ်နေပါသည်။ 

လွန်ခဲ့သည့်ခြောက်နှစ်တွင် လမ်းဆောက်လုပ်ခြင်းလုပ် ငန်းများနှင့်ကားများဖြတ်သွားဖြတ်လာလုပ်မှုများကြောင့် ရွာသားများ ဖုန်မှုန့်များနှင့်ထိတွေ့ခြင်းခံနေကြရပြီး ယခုတွင် ၎င်းတို့၏ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေကြပါ သည်။ ၎င်းတို့ထဲမှတစ်ဦးသည် ၎င်းတို့၏ကလေးမှာ အ ဆက်မပြတ်ချောင်းဆိုးနေကြောင်း KHRG ထံသို့တင်ပြ ခဲ့ပါသည်။ ဒေသခံတစ်ဦးမှ “မခင်းရသေးတဲ့လမ်းက ငါး ကီလိုမီတာလောက်ရှည်တယ်။ ဒါကြောင့် ကျွန်တော်တို့ တွေကတစ်ခြားနေရာဒေသတွေထက် ဖုန်မှုန့်ကိုအကြာ ကြီးရှူနေရတယ်။ ကျတော့်ကလေးတွေအပါအဝင် အ ခြားကလေးတော်တော်များများက ဖုန်မှုန့်တွေကိုရှူနေရ လို့ ချောင်းဆိုးပြီးနာရည်တွေယိုနေကြတယ်” ဟူ၍ရှင်း ပြခဲ့ပါသည်။ 

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်နေ့တွင်ကုမ္ပဏီမှ ဖုန် မှုန့်များမထရန် ဒီဇင်ဘာလတွင်တစ်ကြိမ်သာ လမ်းပေါ် သို့ ရေဖြန်းခြင်းပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် တိကျသောရေရှည်ဖြေရှင်းမှုသည်မရှိသေးပဲ မျက်မှောက်တည်ရှိနေဆဲ ဖြစ်နေပါသည်။ 
 

Mon, 24 Feb 2020

Footnotes: 

[1] ဤအချက်အလက်သည် ဘူးသိုမြို့နယ်မှ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင်လက်ခံရရှိသော မဖြန့်ဝေရသေးသည့် အစီရင်ခံစာတစ်ခုတွင် ရယူထားသည်။

[2] ဤအချက်အလက်သည် ဒေါ်ဖာ့ခိုမြို့နယ်မှ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင်လက်ခံရရှိသော မဖြန့်ဝေရသေးသည့် အစီရင်ခံစာတစ်ခုတွင် ရယူထားသည်။ 

[3] ဤအချက်အလက်သည် ဒေါ်ဖာ့ခိုမြို့နယ်နှင့် ထောတထူမြို့နယ်မှ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် လက်ခံရရှိသော မဖြန့်ဝေရသေးသည့် အစီရင်ခံစာတစ်ခုတွင်ရယူထားသည်။

[4] ဤအချက်အလက်သည် ကောကရိတ်မြို့နယ်မှ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် လက်ခံရရှိသော မဖြန့်ဝေရသေးသည့်အစီရင်ခံစာတစ်ခုတွင် ရယူထားသည်။

[5] ကရင်လူ့အခွင့်အရေးအဖွဲ့၊ (၂၀၁၉ခုနှစ်၊ စက်တင်ဘာလ) "Southeast Myanmar Field Report: Growing concerns about militarisation, land tenure security, development projects and human rights abuses, January to June 2019"

[6] ဤအချက်အလက်သည် လယ်ဒိုမြို့နယ်မှ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်ရရှိသော မဖြန့်ဝေရသေးသောအစီရင်ခံစာတစ်ခုတွင်ရယူထားသည်။  

[7] ဤအချက်အလက်သည် လယ်ဒိုမြို့နယ်မှ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်ရရှိသော မဖြန့်ဝေရသေးသောအစီရင်ခံစာတစ်ခုတွင်ရယူထားသည်။

[8] ဧရာဝတီ၊ (၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ) "KNU Denies Targeting Myanmar Military Officer Killed in Mine Blast".  

[9] တပ်မတော်သည် ဦးပိုင်းကုမ္ပဏီနှစ်ခုအားပိုင်ဆိုင််ထားပြီး လုပ်ငန်းများဆောင်ရွက်နေသည်။ ၎င်းကုမ္ပဏီနှစ်ခုသည် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ဖြစ်ကြသည်။  

[10] ဧရာဝတီ၊ (၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ) “Karen State Residents Urge Govt to Stop Factory's Switch to Coal”.

[11] ဤအချက်အလက်သည် ဖားအံမြို့နယ်မှ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်ရရှိသော မဖြန့်ဝေရသေးသောအစီရင်ခံစာတစ်ခုတွင်ရယူထားသည်။ 

Related Readings