ဤသတင်းအကျဉ်းချုပ်တွင် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လအတွင်း ဒူးပလာယာခရိုင်နှင့် မြိတ်-ထားဝယ် ခရိုင်ကြားရှိ ထိစပ်နေသည့်ဒေသတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်ဖွဲ့တို့ကြားတွင် ဖြစ်ပွားခဲ့သောပစ်ခတ်တိုက်ခိုက်မှုများအကြောင်းကို လေ့လာဆန်းစစ်ဖော်ပြထားပါသည်။[1]

  • မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံးတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးသည့်အဖွဲ့များဖြစ်သော်လည်း ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လအတွင်း  မွန်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်ဖွဲ့တို့ကြားတွင် ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ 
  • ဒူးပလာယာခရိုင်တွင် လုပ်ဆောင်နေသည့် သစ်ထုတ်လုပ်မှုနှင့်ပတ်သတ်၍ အငြင်းပွားမှုများ ဖြစ် စေခြင်းကြောင့် ၎င်းတို့လက်နက်ကိုင်တပ်ဖွဲ့ ကြားတွင်ရှိသော ပဋိပက္ခများ ပို၍မြင့်မားလာခဲ့သည်။ အဆိုပါသစ်ထုတ်လုပ်ခြင်းကို  ၎င်းတို့လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ကြား အငြင်းပွားနေကြသည့် နေရာ ဒေသတွင် လုပ်ဆောင်ခဲ့သည်။

 

မကြာသေးမီက KNLA နှင့် MNLA ကြားတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများ

၂၀၁၈ခုနှစ် မတ်လအတွင်း ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ကုန်းမိုင်ကျေးရွာအုပ်စု၊ မန်အောင်ကျေးရွာအနီး တစ်ဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) နှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု အနည်းငယ်ဖြစ်ပွားခဲ့ပါသည်။ ဤပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက (နယ်မြေအုပ်ချုပ်ရေးပြဿနာနှင့်ပတ်သက်၍) နှစ်ဦးနှစ်ဖက်ကြား တင်းမာလာမှုကြောင့်ဖြစ်သည်။[2]  

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် အုပ်ချုပ်ရေးနယ်မြေဒေသများအား ကန့်သတ်၍ ရှင်းလင်းစွာသတ်မှတ်ထားခြင်းမရှိခြင်းကြောင့် လက်နက်ကိုင်တပ်ဖွဲ့များကြားတွင် တိုက်ပွဲများအသစ်တဖန်ဖြစ်ပွားလာနိုင်သည့် အခြေအနေရှိသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့မှလက်ခံရရှိသောအစီရင်ခံစာများအရ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လအတွင်းတွင် MNLA တပ်ဖွဲ့က KNLA တပ်ဖွဲ့အား သုံးကြိမ်တိုင်တိုင် ချုံခိုတိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုများသည် ဒူးပလာယာခရိုင်နှင့် မြိတ်-ထားဝယ်ခရိုင်ကြားရှိ ထိစပ်နေသည့်ဒေသတွင် ဖြစ်ပွားခဲ့သည်။

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၄ရက်၌ ဝင်းရေးမြို့နယ်၊ ကုန်းမိုင်ကျေးရွာအုပ်စု၊ မန်အောင်ကျေးရွာအနီးနားတွင် MNLA စစ်သားအယောက်နှစ်ဆယ်သည် KNLA စစ်သားအားချုံခိုပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုတွင် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ချေ။ သို့သော် KNLA စစ်သားတို့သည် ရှောင်တခင်တိုက်ခိုက် ခံရခြင်းမှ လွတ်မြောက်ရန်ကြိုးစားနေချိန်တွင် ၎င်းတို့ဖက်မှ သေနတ်နှစ်လက်ဆုံးရှုံးခဲ့သည်။

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ရက်နေ့၌ KNLA အရာခံဗိုလ်ထူးရောင်သည် ဆိုင်ကယ်စီး၍ ၎င်း၏တပ်စခန်း မှ မန်အောင်ရွာသို့ ခရီးသွားနေချိန်တွင် MNLA အရာရှိတစ်ဦးက အရာခံဗိုလ်ထူးရောင်အား ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်ရာတွင် သေနတ်ကျည်ဆံတစ်ထောင့်က အရာခံဗိုလ်ထူးရောင်၏ ခေါင်းကို ရှပ်ထိသွားခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။ ၎င်း၏ခေါင်းဒဏ်ရာသည် ဤအစီရင်ခံစာရေးသားနေချိန်အတွင်း လုံးဝ ပျောက်ကင်းသွားခြင်းမရှိခဲ့ပေ။ 

၂၀၁၈ခုနှစ်၊ မတ်လ၊ ၄ရက်နေ့ မနက် ၈း၃၅မိနစ်အချိန််၌ မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒို့စိုးမြို့နယ်၊ ဘုရားကုန်း ဒေသတွင် MNLA စစ်သားများသည် KNLA နယ်စပ်လုံခြုံရေးတပ်ဖွဲ့အားတိုက်ခိုက်ခဲ့သည်။ ထိုအချိန်သည် KNLAစစ်သားများသည် ၎င်းတို့၏တပ်စခန်းတွင်အနားယူနေသည့်အချိန်ဖြစ်သည်။ သို့သော်၊ ဤတိုက်ခိုက်မှုတွင် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။ 

အဆိုပါချုံခိုပစ်ခတ်တိုက်ခိုက်မှုများ သုံးကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့သည့်အပြင် ၂၀၁၈ခုနှစ်၊ မတ်လ၊ ၉ရက်နေ့တွင် နှစ်ဦးနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုလည်း တစ်ကြိမ်ဖြစ်ပွားခဲ့သည်။ MNLA စစ်သားအယောက် ၅ဝသည် တင်္နသာရီတိုင်း၊ ရေးဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတစ်ဝိုက်ရှိ ဒေသအတွင်း လှည့်လည်လှုပ်ရှားရာတွင် KNLA စစ်သားများနှင့်ထိပ်တိုက်ရင်ဆိုင်ရပြီး နှစ်ဦးနှစ်ဖက်ကြားတွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ KNLA ဒုတပ်ခွဲမှူးဒါးခူထူး၏ပြောပြချက်အရ တိုက်ပွဲသည် အလယ်စခန်းကျေးရွာရှိ MNLA တပ်စခန်းအနီးနားတွင်ရှိသော ရော ဘာခြံအတွင်း မနက်ပိုင်း ၉း၂၉မိနစ်အချိန််တွင် စတင်ဖြစ်ပွားခဲ့သည်။

သစ်ထုတ်လုပ်မှု အငြင်းပွားခြင်းက ပဋိပက္ခများ ဖြစ်ပွားစေမှု

တင်္နသာရီဒေသအတွင်း မြေယာကိစ္စနှင့်ပတ်သတ်၍ KNLA နှင့် MNLA တို့အကြား ဖြစ်ပေါ်ခဲ့သည့် အငြင်းပွားမှုသည် ၁၉၈၈ခုနှစ်မှ စတင်၍ဆိုရမည်ဖြစ်ပါသည်။ တိုင်းရင်းသားမဟာမိတ်အဖွဲ့များဖြစ်သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) မှ ကြားဖျန်ဖြေဆောင်ရွက်ပေးခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ကျင်းပခဲ့သည့်နောက်ပိုင်းတွင် စစ်ပွဲများရပ်ဆိုင်းရန် သဘောတူညီခဲ့ကြသည်။ အနှစ် ၂ဝကျော်အကြာတည်ငြိမ်မှုရှိလာခဲ့ပြီးမှ သယံဇာတနှင့် နယ်မြေဒေသအပေါ် အငြင်းပွားမှုတို့ကြောင့် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလတွင်[3] မန်အောင်ကျေးရွာ အနီးတစ်ဝိုက် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း သည် KNLA နှင့် MNLA တို့အကြားတိုက်ပွဲများ တစ်ဖန်ဖြစ်ပေါ်စေခဲ့သည်။ [4]   

တစ်ချိန်ထဲတွင် ဝင်းရေးမြို့နယ်ရှိKNU မြို့နယ်မှူးဖြစ်သူ ပဒိုစောမောင်ရွှေသည် ဤကိစ္စကို ဆွေးနွေး ညှိနှိုင်းဖြေရှင်းမည်ဆိုပါကပို၍ ကောင်းမည်ဖြစ် ကြောင်း သတင်းမီဒီယာတစ်ခုတွင် ပြောကြားခဲ့ သည်မှာ-

“ကြည့်ရတာတော့ နယ်မြေဒေသကို သူတို့ပြန် အုပ်ချုပ်ချင်တယ်နဲ့တူတယ်။ ဒီပြဿနာကို စစ် ရေးနဲ့မဖြေရှင်းဘဲ သံတမန်နည်းလမ်းနဲ့ ကျွှန် တော်တို့တွေ ပြန်လည်ဖြေရှင်းသင့်ပါတယ်။”[5]  

သစ်တောများဖြုန်းတီမှုကို ကာကွယ်ရန် NMSP သည် သစ်ထုတ်လုပ်မှုကို ၎င်းတို့အုပ်ချုပ်သောဒေသတွင် မလုပ်ရန်အတွက်တားမြစ်ခဲ့ပါသည်။ NMSP ပြည်ထဲရေးဌာနမှူးချုပ်ဖြစ်သူ နိုင်ဝင်းလှသည် ကရင်သတင်း စဉ်မီဒီယာတစ်ခုတွင် ဤကဲ့သို့တင်ပြခဲ့ပါသည်။

“မန်အောင်ရဲ့အရှေ့ဖက်ဒေသမှာ သစ်ထုတ်လုပ်မှု လုပ်ငန်းတွေကို တားမြစ်ထားတယ်။ အဲ့ဒီမှာ သစ် လာလုပ်တယ်ဆိုတဲ့သတင်းလည်းကြားရော ကျွန် တာ်တို့ရဲ့စစ်သားတွေက ကင်းလှည့်နေရခြင်းဖြစ်တယ်။”[6]  

မန်အောင်ကျေးရွာတဝိုက် KNLA နှင့် MNLA တို့ အကြား လတ်တလောလက်နက်ကိုင်ပဋိပက္ခများ ပိုမို၍ပြင်းထန်လာခြင်းသည် အငြင်းပွားမှုဖြစ်စေ သည့် နယ်မြေဒေသအတွင်း သစ်ထုတ်လုပ်ခြင်းပြ ဿနာနှင့်ဆက်စပ်နေပါသည်။ ကရင်လူ့အခွင့်အ ရေးအဖွဲ့မှလက်ခံရရှိသော သတင်းအချက်အလက် များအရ KNLA တပ်ရင်း (၁၆) မှ  ဒေသခံရွာသား များအား အခွန်ဆောင်စရာမလိုပဲ မန်အောင်ဒေသ တဝိုက်တွင် သစ်များကိုထုတ်လုပ်ရန်ခွင့်ပြု ချက်ပေးခဲ့သည်။[7] ဒေသခံစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ် သော ဒေါ်ဘ---သည် ရွာသားများကိုဦးဆောင်၍ တောထဲရှိသစ်များကို ထုတ်လုပ်ခဲ့သည်။

အဆိုပါသစ်ထုတ်လုပ်သည့်နယ်မြေဒေသအားထိန်း ချုပ်ရသော MNLA တပ်ရင်း (၇) အတွက် ဤသစ် ထုတ်လုပ်မှုသည် ၎င်းတို့သဘောတူလက်ခံခြင်း မရှိ သောကြောင့် ဤသစ်ထုတ်လုပ်မှုသည် တရားမဝင်ရခြင်းဖြစ်သည်။  

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ၊ ၁၃ရက်နေ့ညနေ ၄နာရီအ ချိန်တွင် MNLA စစ်သားများသည် ဆင်ထိန်းနှစ်ဦး အပါအဝင် သစ်ထုတ်လုပ်သည့်အလုပ်သမား ၄၈ဦး[8]  တို့အားဖမ်းဆီးခဲ့ပါသည်။ ဆင်နှစ်ကောင်နှင့် စတီး စက်၁၅လုံးတို့ကိုလည်းသိမ်းယူခဲ့ပါသည်။ ဆင်ထိန်း နှစ်ဦးသည် အကျယ်ချုပ်ခန်းထဲတွင် ဖမ်းဆီးခံထားရ ပြီးကျန်ရှိသောအ လုပ်သမားများအား တင်္နသာရီဒေ သ၊ ရေးဖြူမြို့နယ်တွင်း MNLA တပ်ရင်း (၇) တပ်စခန်းဖြစ်သည် အလယ်စခန်းသို့ခေါ်ဆောင်သွားခဲ့ကြ ပြီးဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။ ဖမ်းဆီးခံခဲ့ရသော အလုပ်သမားတစ်ဦးဖြစ်သူ စောဘ---၏ပြောကြား ချက်အရ 

“အစတုန်းကတော့ KNU ကို MNLA က သိန်းတစ်ထောင်ကျပ်တောင်းတယ်။ ဒါပေမဲ့ အဲ့ဒီငွေပမာဏကို လျော့ ချဖို့ MNLA ကို ဒေသခံ KNU အာဏာပိုင်တွေက တောင်းဆိုခဲ့တယ်။ အဲဒါနဲ့သူတို့က သိန်းငါးရာကျပ်ပေးရမယ် ဆိုပြီးချမှတ်ဆုံးဖြတ်ခဲ့တယ်။ MNLA စစ်သားတွေပြောတာက ဒါကနောက်ဆုံးဆုံးဖြတ်ချက်ပဲ ခင်ဗျားတို့ရဲ့လူ တွေကိုလာမခေါ်ဘူးဆိုရင်တော့ ကျုပ်တို့သတ်လိုက်လို့ရတယ်။ ကျုပ်တို့လုပ်ချင်တာလုပ်လို့ရတယ်။ ဘယ်သူကမှ ဂရုစိုက်မှာမဟုတ်ဘူး။” 

NMLA တပ်ရင်း (၇) မှ တပ်ရင်းမှူးစနိုထောသည် ဖမ်း ဆီးထားခြင်းခံရသောအလုပ်သမားများ လွတ်ပေးရန် ဒေါ်ဘ---ဆီမှ အာမခံအ ဖြစ် (သိန်းငါးရာကျပ်) ကို တောင်းဆိုခဲ့ပါသည်။ ၎င်းတို့၏တောင်းဆိုမှုကို လိုက် လျောပေးခြင်းမရှိပါက အလုပ်သမားများအား ပြန်လွတ် ပေးမည်မဟုတ်ကြောင်းကို သူပြောကြားခဲ့သည်။ မန် အောင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစ---၊ ဒေါ်ဘ---နှင့် အခြားသောရွာသားများသည် တောင်းဆိုထား သော သိန်းငါးရာကျပ်ကို ဖမ်းဆီးထားသောအလုပ်သ မားများအား ပြန်လွတ်ပေးရန်အတွက် MNLA မှ ဗိုလ်မှူးပန််းခိုင်ကို ပေးခဲ့ပါသည်။ သဘောတူထားသည့် အတိုင်း MNLA က အလုပ်သမားများအား လွတ်ပေးခဲ့ သည်။ 

MNLA ဗိုလ်မှူးပန်းခိုင်သည် ကျန်ရှိနေသေး သော သစ်တောများကို သစ်ထုတ်လုပ်ရန်အ တွက်၎င်းတို့အား (အလုပ်သမားများ) ခွင့်ပြုခဲ့ပါ သည်။ ဤကဲ့သို့သောဆုံး ဖြတ်ချက်ရှိသော်ငြား လည်းဘဲ ၂၀၁၈ခုနှစ်၊ ဖေဖော် ဝါရီ လ၊ ၂၄ ရက်နေ့တွင် MNLA စစ်သားအယောက် နှစ် ဆယ်သည် KNLA တပ်ရင်း (၁၆) မှ KNLA စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။ ထို့ပြင် သစ်ထုတ်လုပ်သော ဒေသခံရွာသားများ အား MNLA က ဒုတိယအကြိမ်ဖမ်းဆီးခဲ့ပြန် သည်။

KNLA နှင့် MNLA စပ်ကြား တင်းမာမှုပို၍ဆက် လက်ပြင်းထန်လာခြင်းသည် တိုက်ပွဲဖြစ်မည့်အ ခြေ အနေသို့တွန်းပို့ခဲ့သည့် အကြောင်းအရင်း ဖြစ်သည်။

KNU နှင့် NMSP စပ်ကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း

၂၀၁၈ခုနှစ်၊ မတ်လ၊ ၁၃ရက်နေ့၌ KNU နှင့် NMSP တို့သည် ဘုရားသုံးဆူတွင်ရှိသော NMSP ဆက်ဆံရေး ရုံးတွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ၎င်းတို့သည် နယ်မြေဒေသပဋိပက္ခများကို ပြန်လည် ဖြေရှင်းရန်နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားမှုကို တားဆီးနိုင်ရန်အတွက်  အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။[9] 

တွေ့ဆုံဆွေးနွေးပွဲတွင် KNLA တပ်ရင်း (၁၆)မှ ဒုတပ်ခွဲ မှူးဒါးခူထူး၏ပြောပြချက်အရ ဖမ်းဆီးရမိထားသော သစ်ဖြတ်စက်သမားများအား MNLA က ပြန်လွတ်ပေးခဲ့ပြီး ပဋိပက္ခဖြစ်ပွားချိန်အတွင်း သိမ်းဆည်းခဲ့ရသော သေနတ် များလည်း ပြန်အပ်ပေးခဲ့ပါသည်။ 

ကရင်လူ့အခွင့်အရေးအဖွဲ့မှ လက်ခံရရှိထားသော သ တင်းအချက်အလက်များအရ  KNU နှင့် NMSP တို့စပ် ကြားပြုလုပ်ခဲ့သောတွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေအုပ် ချုပ်မှုနယ်နိမိတ်မျဉ်းများအား ချမှတ်ထားခြင်းရှိသည်၊ မရှိသည်ကို ဒေသခံရွာသားများနှင့် တပ်ရင်း#၁၆ လက် အောက်ခံ KNLA စစ်သားများကသိချင်ကြပါသည်။ ဒေသခံရွာသားများသည် KNLA နှင့် MNLA နှစ်ဖွဲ့စလုံးအား ၎င်းတို့အုပ်ချုပ််သော နယ်နိမိတ်အကန့်အသတ် ကိုသိဖို့ KNU ဌာနချုပ်မှ သေချာစွာဆောင်ရွက်လုပ်ဆောင် ပေးရန်အတွက်ဆန္ဒရှိကြပါသည်။ နှစ်ဦးနှစ်ဖက်မှ အသိအမှတ်ပြုသော အုပ်ချုပ်ရေးနယ်နိမိတ်မျဉ်းများမရှိခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့မှအုပ်ချုပ် သောနယ်နိမိတ်ကန့်သတ်ခြင်းမရှိခြင်းသည် နယ်မြေဒေသနှင့်သယံဇာတများအပေါ် အငြင်းပွားမှုများဖြစ်ပေါ်စေ ပြီးတိုက်ပွဲများဖြစ်ပေါ်လာနိုင်ပါသည်။ 

ဒေသခံလူထုများများအပေါ် အကျိုးသက်ရောက်မှု

KNLA နှင့် MNLA တို့စပ်ကြားဖြစ်ပွားခဲ့သော လက် နက်ကိုင်ပဋိပက္ခကြောင့် မန်အောင်ကျေးရွာတွင် ရှိေ သာမွန်နှင့် ကရင်ရွာသားများ စပ်ကြားတင်းမာမှု ဖြစ်မည်ကိုစိုးရိမ်ကြောင်း ဒေသခံရွာသားများက ကရင်လူ့အခွင့်အရေးအဖွဲ့ထံသို့ တင်ပြခဲ့ပါသည်။ မွန်နှင့်ကရင်ရွာသားများသည် နှစ်ပေါင်းများစွာအ တူတကွညီညွှတ်စွာနေထိုင်လာခဲ့ကြပါသည်။ တိုက် ပွဲများကြောင့် တိုင်းရင်းသားလူမျိုးနှစ်စုအကြား ချစ် ခင်ရင်းနှီးမှုပျက်ပြယ်သွားမည်ကို၎င်းတို့က စိုးရိမ် ကြပါသည်။ 

လက်နက်ကိုင်ပဋိပက္ခကြောင့် မန်အောင်ကျေးရွာ တွင်နေထိုင်သော ဒေသခံများသည် ၎င်းတို့၏လုံခြုံမှု အတွက်ကိုလည်းစိုးရိမ်ကြရပါသည်။ ဒေသခံရွာ သားများသည် ၎င်းတို့၏စိုက်ခင်း၊ ယာခင်းထဲတွင် သွားလာလုပ်ကိုင်ရန်စိုးရိမ်ကြောက်ရွံ့နေကြသည်။ 

“ကျွှန်တော်တို့တွေရွာမှာနေရတာ ကြေက်တယ်ဗျာ။ ကရင်ရွာသားတွေသာမကဘူး  မွန်ရွာသားတွေလည်း ရွာပြင်ထွက်ပြီးလယ်ယာစိုက် ခင်းတွေထဲမသွားရဲကြဘူး။ ဒါကြောင့် ဒီမှာပဲနေပြီးစောင့်ရတာပေါ့။ တိုက်ပွဲတွေကြောင့် လယ်တွေနဲ့စိုက်ခင်းတွေ မီးရှို့ခံရမှာကိုလည်းကြောက်ကြတယ်။”[10]  

မြန်မာတိုင်း(မ်) သတင်းမီဒီယာမှ ဖော်ပြထားချက်အရ ရွာသားအယောက် ၁၀၀ ကျော်သည်တိုက်ပွဲများကြောင့် ရပ်ရွာမှစွန့်ခွာ၍ တိမ်းရှောင်ခဲ့သည်။ 

နိဂုံးချုပ်

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးသော်လည်း ၂၀၁၈ခုနှစ် တွင် KNLA နှင့် MNLA တို့အကြား လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ပါသည်။[11] တိကျရှင်းလင်းသော နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုမရှိခြင်းသည် နယ်မြေဒေသနှင့် သယံဇာတများပေါ် အငြင်းပွားမှုများ ရှေ့ဆက်၍ဖြစ်ပွားလာနိုင်သည့် အခြေအနေရှိသည်။  ဒေသခံလူမှု အသိုက်အဝန်းများအတွက် လုံခြုံစွာရှိနေနိုင်ရန်် KNLA နှင့် MNLA တို့သည် NCA ၏ လိုက်နာရ မည့်စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လက်နက်ကိုင်ပဋိ ပက္ခများကိုလည်း ရပ်တန့်ရမည်ဖြစ်ပါသည်။ KNU နှင့် MNSP စပ်ကြား တွေ့ဆုံဆွေးနွေးပွဲများပြုလုပ် ခဲ့သော်ငြားလည်း လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့တို့ ကြားတွင်ဖြစ်ပွားစေသောပဋိပက္ခ များသည် ထိထိ ရောက်ရောက်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။[12] 

Sat, 15 Sep 2018

Footnotes: 

[1] ဒေသခံ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်လေ့လာရန် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဖာပွန်ခရိုင်ရှိ ဒေသခံ အဖွဲ့ဝင် ထံမှ ရရှိသော သတင်းအချက်အလက်များအပေါ် အခြေခံကာ သတင်းအကျဉ်းချုပ်အား KHRG ရုံးဝန်ထမ်းများမှ စုဆောင်းတင်ပြ ထားပါသည်။ KHRG ၏ သတင်းမှတ်တမ်းပြုစုခြင်း နည်းလမ်းစနစ်အား ပွင့်လင်းမြင်သာမှု တိုးပွားလာရန်၊ မြန်မာပြည် အရှေ့ပိုင်းရှိ ရွာသူရွာသားများ၏ အမြင်ရှုထောင့်နှင့် အတွေ့အကြုံများအား ပိုမို၍ တိုက်ရိုက် ထိတွေ့ ပြောဆိုနိုင်ရန်အတွက် ကွင်းဆင်းလေ့လာသူများ ထံမှာ ရရှိလာသည့် သတင်းအချက်အလက်များအားလုံးကို KHRG ၏ လုပ်ငန်းစဉ်များအတိုင်း ဘာသာ ပြန်လုပ်ဆောင်ပြီးနောက် ပြစ်မှု ကျူးလွန်ခြင်း ခံရသူများ၏ လုံခြုံရေးပိုင်းဆိုင်ရာအား စီစစ်ပြီး ဝက်ဘ်ဆိုဒ်တွင် တင်ပြ ထုတ်လွင့်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် အစီရင်ခံစာများအား နေရာဒေသ၊ ခုနှစ်၊ အကြောင်းအရာ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး ဤသတင်းနှင့်ပတ်သက်၍ အခြားသောအကြောင်းအရာများနှင့် အစီရင်ခံစာတစ်ခုချင်းစီအား KHRG ဝက်ဘ်ဆိုက်တွင် ဆက်လက်ဖတ် ရှုနိုင်ပါသည်။

[2] ဤကောက်နုတ်ချက်နှင့် စပ်လျဉ်း၍ “Two ethnic armed groups agree to defuse territorial dispute at upcoming talks” တွင် ကြည့်ပါ။

[3] ဤကောက်နုတ်ချက်နှင့် စပ်လျဉ်း၍ “မွန်ပြည်သစ်ပါတီနှင့် KNU ပစ်ခတ်မှု ထပ်ဖြစ်” တွင်ကြည့်ပါ။ 

[4] ဤကောက်နုတ်ချက်နှင့် စပ်လျဉ်း၍ “Territory, Natural Resources Dispute Fuels Fighting Between Karen and Mon Armies in Burma’s Southern Township of Yephyu” တွင် ကြည့်ပါ။ 

[5] ဤကောက်နုတ်ချက်နှင့် စပ်လျဉ်း၍ “Territory, Natural Resources Dispute Fuels Fighting Between Karen and Mon Armies in Burma’s Southern Township of Yephyu” တွင် ကြည့်ပါ။ 

[6] ဤကောက်နုတ်ချက်နှင့် စပ်လျဉ်း၍ “Territory, Natural Resources Dispute Fuels Fighting Between Karen and Mon Armies in Burma’s Southern Township of Yephyu” တွင် ကြည့်ပါ။ 

[7] ဤသတင်းအချက်အလက်များကို မထုတ်လွှင့်ရသေးသည့် KHRG အစီရင်ခံစာမှ ကောက်နုတ်ထားပါသည်။

[8] ရွာသားများ၏ အမျိုးမျိုးသော ထွက်ဆိုချက်ပေါ်အခြေံခံ၍ ဤသတင်းအချက်အလက်များသည် တိကျသေချာမှုမရှိပေ။ တစ်ချို့ရွာသား များက အလုပ်သမား ၃၈ဦး အဖမ်းဆီးခံရသည်ဟုဆိုသည်။ တစ်ချို့ရွာသားတွေလည်း အလုပ်သမားဦးရေ ၄၀ ရှိသည်ဟု ဆိုသည်။ တစ်ချို့ဒေသခံတွေလည်း ၄၆ဦး ဖမ်းဆီးခံရသည်ဟုဆိုကြသည်။

[9] ဤကောက်နုတ်ချက်နှင့် စပ်လျဉ်း၍ “NMSP, KNU sit for talks following clashes over territory” တွင်ကြည့်ပါ။

[10] ဤသတင်းအချက်အလက်များကို မထုတ်လွှင့်ရသေးသည့် တွေ့ဆုံမေးမြန်းခန်း (အင်တာဗျူး) မှ ကောက်နုတ်ထားပါသည်။

[11] ဤကောက်နုတ်ချက်နှင့် စပ်လျဉ်း၍ “NMSP and KNU clash again in Tanintharyi Region” တွင် ကြည့်ပါ။

[12] ဤကောက်နုတ်ချက်နှင့် စပ်လျဉ်း၍ “KNU and NMSP reach 2-point agreement at meeting with Tanintharyi Gov’t” တွင် ကြည့်ပါ။

Related Readings