
တနေးဆားမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်၍ ရွာသားများထိမှန်သေဆုံး၊ ဒဏ်ရာရရှိမှု
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ ညနေ (၄) နာရီဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် ဘားအံ ခရိုင်၊ တနေးဆားမြို့နယ်၊ နို့ဖာဒို့ကျေးရွာအုပ်စု၊ အအ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ရွာသားတစ်ဦးဖြစ်သူ စောအ--- အားထိမှန်၍ သူ၏ညာဖက်ခြေမျက်စိမှာ ဒဏ်ရာရရှိခဲ့သည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ စောအ---မှ KHRG အား ယခုလိုပြောပြသည်။ “မနက်ပိုင်းမှာ ကျွန်တော်တို့ရွာဒေသမှာ တိုက်ပွဲတွေဖြစ်တယ် (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နှင့် SAC တို့ကြားတိုက်ပွဲဖြစ်ပွားခြင်း)။ နေ့လည်ရောက်တော့ သေနတ်ပစ်ခတ်သံတွေမကြားရတော့ ကျွန်တော့်အမေက ထမင်းသွားချက်တယ်။ ပြီးတော့ နွား တွေကိုအစာသွားကျွေးတယ်။” ၎င်းအမေဖြစ်သူသည် အိမ်ကနေထွက်လာပြီး နွားများကို အစာသွားကျွေးပြီးနောက်တွင် စောအ---သည် အိမ်အပြင်ဖက်ရှိ အိမ်သာသို့သွားခဲ့သည်။ စောအ--- သည် အိမ်သာသွားတက်ပြီးနောက် (ညနေ ၄ နာရီ ဝန်းကျင်) အိမ်သို့ပြန်လာသည့်အချိန်တွင် လက်နက်ကြီးတစ်လုံးသည် အိမ်သာအနောက်တွင် ကျရောက်ပေါက်ကွဲပြီး ပေါက်ကွဲကျည်စသည် သူ၏ခြေမျက်စိကို ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ သူ၏ခြေမျက်စိကို ကျည်စထိမှန်ပြီး ချက်ချင်းဆို သလို မြေပြင်သို့ သူလှဲကျသွားခဲ့သည်။
နို့ဖာဒို့ကျေးရွာအုပ်စု၊ အဃ--- ကျေးရွာရှိ ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) မှ လေ့ကျင့်သင်ကြားပေး သော ကျန်းမာရေးလုပ်သားတစ်ဦးနှင့်ရိုးရာဘိန်းတောဆရာတစ်ဦးတို့မှ စောအ--- အား အခမဲ့ဆေးကုသပေးခဲ့သည်။ စောအ---နှင့်သူ၏မိသားစုအပါအဝင် နီးစပ်ရာကျေးရွာများမှ အခြားရွာသားများသည် အဃ--- ကျေးရွာသို့ လာရောက် စစ်ပြေးရှောင်ခဲ့ခြင်းဖြစ်သည်။
အိမ်သာအနောက်တွင် ကျရောက်ပေါက်ကွဲသည့်လက်နက်ကြီးတစ်လုံးသည် (၁၂၀) မမလက်နက်ကြီးဖြစ်သည်။ SAC ခြေမြန်တပ်ရင်း (ခမရ)အမှတ်(၅၄၅)မှ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ရွာသားများက ယုံကြည်ကြသည်။ အကြောင်း မှာ ခမရ(၅၄၅)သည် ကရူတူးမြို့နယ်၊ ကရူတူးဒေသတွင်အခြေစိုက်၍ အအ--- ကျေးရွာနှင့်နီးစပ်သောကြောင့်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ မနက် (၇) နာရီနှင့် (၈) နာရီကြားတွင် မြန်မာစစ်တပ်မှ စစ်သားများသည် နို့ဖာဒို့ကျေး ရွာအုပ်စု၊ အဘ--- ကျေးရွာအတွင်းသို့ (၁၂၀) မမလက်နက်ကြီးတစ်လုံးပစ်ခတ်၍ အဘ--- ကျေးရွာရှိ မိသားစုဝင်(၉)ဦး အားထိမှန်၍ သေဆုံးသွားခဲ့သည်။ အဆိုပါမိသားစုသည် တမိလ်လူမျိုးဖြစ်ကြသည်။
အဘ--- ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဘ---၏ပြောပြချက်အရ မနက်ပိုင်းတွင် ကရင် (KNLA) စစ်သားများသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာသားများအား အခြားနေရာသို့ပြောင်းရွှေ့ရန်ပြောခဲ့သည်။ (အကြောင်းမှာ ရွာအ နီးနားတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။) SAC မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးအများအပြားသည် ကျေးရွာအနီး တစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ သို့သော်လည်း မည်သူ့ကိုမှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပေ။ မနက် (၇) နာရီ ခန့်တွင် လူ (၉)ဦးရှိသည့်မိသားစုတစ်စုသည် ကျေးရွာမှ ပုန်းရှောင်ရန်ပြင်ဆင်နေကြသည်။ ၎င်းတို့အားလုံးသည် ကားတစ်စီးပေါ်သို့ ရောက်ရှိနေသည့်အချိန်တွင် လက်နက်ကြီးတစ်လုံးသည် ထိုကားတစ်စီးပေါ်သို့ ကျရောက်ပေါက် ကွဲ၍ လူ (၇) ဦးမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
လက်နက်ကြီးထိမှန်သေဆုံးသွားသည့်လူ (၇)ဦးမှာ ဆ--- (၂၇ နှစ်)၊ ဒ--- (၃၅ နှစ်)၊ ဃ--- (၃၂ နှစ်)၊ ဖ--- (၂၂ နှစ်)၊ ဂ--- (၉ နှစ်)၊ ဟ--- (၇ နှစ်) နှင့် (၁၀) လသားအရွယ် ဧ---၏သမီးလေးတို့ဖြစ်ကြသည်။ ကျန်သော ရွာသားနှစ်ဦးမှာ မောင်သ--- (၂၈ နှစ်) နှင့် က--- (၂၇ နှစ်) တို့ဖြစ်ကြပြီး ၎င်းတို့သည် အသက်ရှင်နေသေးသော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးကို ဘားအံခရိုင်၊ ဘားအံမြို့ရှိ ဘားအံဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဘားအံဆေးရုံ သည် SAC စီမံခန့်ခွဲသောဆေးရုံတစ်လုံးဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ဆေးရုံသို့သွားပို့သည့်လမ်းတစ်ဝက်တွင် သေဆုံး သွားခဲ့သည်။ ၎င်းတို့ကို ဘားအံမြို့အနီးရှိ အဖ--- ကျေးရွာတွင် မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့သည်။
ဤလက်နက်ကြီးတစ်လုံးကို ကရူတူးမြို့နယ်၊ ကရူတူးဒေသတွင် အခြေစိုက်သော SAC စစ်သားများမှ ပစ်ခတ်ခဲ့သည် ဟု ရွာသားများက ထင်မြင်ကြသည်။ သို့သော် ခမရ (၅၄၅) နှင့် ခမရ (၅၄၆) တပ်ရင်းနှစ်ရင်းထဲမှ မည်သည့်တပ်ရင်းက ပစ်ခတ်ခဲ့ကြောင်း ရွာသားများက မသိကြပါ။ ထိုတပ်ရင်းနှစ်ရင်းသည် ကရူတူးဒေသတွင် အခြေစိုက်သည်။ (အဘ--- ကျေးရွာမှ ကျန်ရှိသောရွာသားများအားလုံးသည် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။)
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ ညနေ (၄) နာရီတွင် SAC မြန်မာစစ်တပ်သည် ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ကရူ တူးခီးကျေးရွာအုပ်စုရှိ အဆ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ စောလ---နှင့်စောမ---တို့အား ထိမှန်ခဲ့သည်။ စောလ---နှင့်စောမ---တို့သည် ဈေးသို့သွားရန် ဆိုယ်ကယ်ဖြင့်လာနေသည့်အချိန်တွင် လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ် သည်။ ဤလက်နက်ကြီးတစ်လုံးသည် (၁၂၀) မမလက်နက်ကြီးဖြစ်ကြောင်း ရွာသားများကပြောသည်။ မည်သည့် SAC တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ရွာသားများက မသိကြပါ။ သို့သော် ကရူတူးဒေသမှ SAC စစ်သားများသည် လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ရွာသားများက ယူဆခဲ့သည်။
စောလ---သည် လက်နက်ကြီးထိမှန်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ စောမ---သည် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးခန်း သို့ပို့ဆောင်ရန်ကြိုးစားခဲ့သည်။ သို့သော် သူသည် လမ်းတစ်ဝက်တွင် သေဆုံးသွားခဲ့သည်။ ထိုနေ့ညအချိန်တွင် ကျေးရွာ အုပ်စုခေါင်းဆောင်နှင့်အခြားရွာသားများက စောလ---နှင့်စောမ---တို့ကို တနေးဆားမြို့နယ်၊ ကရူတူးခီးကျေးရွာအုပ်စုရှိ အဂ--- သင်္ချိုင်းကုန်းတွင် မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ ညနေ (၃) နာရီတွင် မြန်မာစစ်တပ်သည် တနေးဆားမြို့နယ်၊ နို့တပွဲကျေးရွာအုပ်စု၊ အဒ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ရွာသားတစ်ဦးဖြစ်သူ စောန---၏အိမ်ခြံဝန်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အချိန်တွင် စောန---သည် ရေတွင်းဆောက်လုပ်နေခဲ့သည်။ မည်သည့် SAC တပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ရွာသားများက သေချာမသိရှိရပါ။ သို့သော်လည်း ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော်တရီမြို့အနီးရှိ လှိုင်ဝတပ်စခန်းတွင် အခြေ စိုက်သော SAC စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၁၂) သို့မဟုတ် ကရူတူးမြို့နယ်ရှိ ကျိုင်းတံတားတွင် အခြေ စိုက်သော SAC တပ်ဖွဲ့မှ ဤလက်နက်ကြီးကို ပစ်ခတ်ခဲ့ကြောင်းဖြစ်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဒေသခံအာဏာပိုင်များက ထင်မြင်ယူဆခဲ့သည်။
စောန---၊ မောင်ဝ--- နှင့် စောပ--- တို့သည် ရေတွင်းဆောက်လုပ်ရန်အတွက် ဘိလပ်မြေဖျော်နေစဉ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးကျည်စများသည် ရေတွင်းအုတ်တိုင်နှင့်အနီးအနားရှိသစ်ပင်များကို ထိမှန် ပျက်စီးခဲ့သည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် သဲနှင့်ကျောက်များသည် လေထဲသို့စင်ပြီး စောန---အားထိမှန်၍ အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။ ဤလက်နက်ကြီးသည် လေထဲတွင် ထပ်ဆင့်ပေါက်ကွဲသည့်လက်နက်ကြီးအမျိုးအစား တစ်ခုဖြစ်ပြီး (၁၂၀) မမလက်နက်ကြီးမဟုတ်ကြောင်း KNU မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုခဲ့သည်။
ကော်တရီမြို့နှင့်ကရူတူးမြို့အနီးပတ်ဝန်းကျင်တွင် မြန်မာစစ်တပ်နှင့် KNLA တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည့်အ ချိန်တွင် မြန်မာစစ်တပ်သည် ၎င်းတို့ရန်သူ (KNLA) ကို လက်နက်ကြီးဖြင့်မပစ်ဘဲ ကျေးရွာအတွင်းသို့ လက်နက်ကြီး များပစ်ခတ်တိုက်ခိုက်ခဲ့သည်။