press x to close
Karen Human Rights Group

ကရင်ပြည်နယ်တွင်း စစ်ဘေးရှောင်တွေ ရေဘေးဒဏ်ပါခံစားရ

 

မြန်မာနိုင်ငံအနှံ့ ရေဘေးသင့်နေချိန် ကရင်ပြည်နယ်အတွင်းမှာလည်း ရေဘေးဒဏ်ကိုကြုံတွေ့နေရပြီး သောင်ရင်းမြစ်၊ သံလွင်မြစ်ကမ်းဘေး တွေမှာနေနေကြရတဲ့ စစ်ဘေးရှောင် စခန်းတွေလည်း ရေဘေးဒဏ်ခံရတယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကရင်လူ့အခွင့်ရေးအဖွဲ့တွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာလည်း ရေဘေးဒဏ်ကိုကြုံတွေ့နေရပြီး သံလွင်မြစ်ကမ်းဘေးနေရာတွေမှာ ရေကြီး ရေလွှမ်းနေတာကြောင့် ရေဘေးရှောင်စခန်းတွေပါ ဖွင့်ထားရပါတယ်။ အလားတူ စစ်ဘေးရှောင်စခန်းတွေမှာလည်း ရေဘေးဒဏ်ခံရတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ကရင်လူ့အခွင့်ရေးအဖွဲ့တွေက ဆိုပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ ပလော့တပို့စစ်ရှောင်စခန်း၊ အီသူထစခန်း၊ သေဘောဘိုးစခန်း- စတဲ့ စစ်ဘေးရှောင်တွေနေတဲ့နေရာတွေမှာပါ ရေကြီးနေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကအခုလိုပြောပါတယ်။

“အိသူးထက တပ်မဟာ ၅ ထဲမှာပါ။ လူဦးရေကတော့ ထောင်ဂဏန်းလောက်ရှိပါတယ်။ IDP စခန်းတွေထဲက ပလော့တပို့စခန်းအပြင် သေဘောဘိုးစခန်းတွေလည်း ရေဘေးသင့်တဲ့အထဲမှာပါတယ်။ သူကလည်းသောင်ရင်းမြစ်အနားမှာရှိတယ်။ စစ်ဘေးရှောင်တွေက စစ်ဘေးသင့်တာအပြင် သဘာ၀ဘေးဒဏ်တွေကို ကြုံတွေ့ရတယ်။ အရင်တုန်းကတည်းကလည်း ရှိတယ်။ နောက်တခုကတော့ မိုးကြီးတာတို့၊ မိုးအရမ်းရွာတဲ့အချိန်မှာလည်း ဖြစ်တယ်။ ရာသီဥတုဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားနေရတာလည်းရှိတယ်။”
စက်တင်ဘာလ ၁၃ ရက်ကစပြီး ရေကြီးရေလွှမ်းနေတဲ့အတွက် ကရင်ပြည်နယ်ဘားအံမြို့မှာတော့ ရေဘေးရှောင်စခန်း ၁၇ ခုမှာ လူ တသောင်းကျော် ရေဘေးသင့်နေတယ်လို့ ကရင်ပြည်နယ်အတွင်းက လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေသူတဦးကလည်း ပြောပါတယ်။
“ဒုက္ခသည်စခန်းတွေမှာလည်း ရေဘေးကိုကြုံနေရတယ်။ သံလွင်မြစ်နားကပ်နေတဲ့နေရာတွေမှာလည်း ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရတာ ရွာ ၂၀ လောက်ရှိတယ်။”

(အပြည့်အစုံ ဖတ်ရန် လင့်ခ်)

https://burmese.voanews.com/.../myanmar.../7788156.html