
ကရင်လူ့အခွင့်အရေးအဖွဲ့မှ “ဌာနေအိမ်မှ ပျောက်ဆုံးသူ: ၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင် ပိုင်းရှိ ကျေးလက်နေလူထုအပေါ် ကျူးလွန်သည့် အတင်းအဓ္ဓမပျောက်ဆုံးစေမှုနှင့် ၎င်း၏ဆိုးကျိုးသက်ရောက်မှုများ” ခေါင်းစဉ်ဖြင့် နောက်ဆုံးထွက်အစီရင်ခံစာကို ထုတ်ဝေလိုက်ပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (နစက)၏ တပ်သားများသည် ရှေ့တန်းသို့ စစ်ကြောင်းထိုးသည့်အခါနှင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သည့်အခါ ရွာသားများကို ဖမ်းဆီးခေါ် ဆောင်လေ့ရှိကြသည်။ မတရားဖမ်းဆီးခံရသောရွာသားများ မည်သည့်နေရာတွင်ရှိနေသည်ကို ၎င်းတို့၏ မိသားစု ဝင်များအား အသိပေးအကြောင်းကြားခြင်းမရှိပါ။ စစ်ကောင်စီသည် အရပ်သားများကို မတရားဖမ်းဆီးပြီး အချိန် ကြာမြင့်စွာချုပ်နှောင်ထားသည်မက အကြိမ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကိုလည်း ကျူးလွန်လျက်ရှိသည်။
ဤအစီရင်ခံစာတွင် ကရင်ပြည်နယ်အတွင်းရှိ အတင်းအဓမ္မပျောက်ဆုံးခြင်းခံရသူများနှင့် မိသားစုဝင်များ၏ သက် သေခံချက်များအပါဝင် ထိုထိခိုက်နစ်နာသူများနှင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်း၊ ရပ်ရွာများကြုံတွေ့ခဲ့ရသည့်အ တင်းအဓမ္မပျောက်ဆုံးခြင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို မီးမောင်းထိုးတင်ပြထားသည်။ ဤအစီရင်ခံစာ သည် နိုင်ငံရေးအရ ပစ်မှတ်ထားမှုနှင့် အတင်းအဓမ္မ ပျောက်ဆုံးစေခြင်းဆိုင်ရာ ရာဇဝတ်မှုကို တုံ့ပြန်ရန် ရွာသား များအသုံးပြုနေသည့် နည်းဗျူဟာများအပါအဝင် အတင်းအဓမ္မပျောက် ဆုံးမှုများကို ဖြစ်ပေါ်စေသည့် အဓိကအ ကြောင်းရင်းများကို မီးမောင်းထိုးပြထားပါသည်။ ထို့အပြင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအပါအဝင် အခြား သော လက်နက်ကိုင်အဖွဲ့များမှကျူးလွန်သည့် အတင်းအဓမ္မပျောက်ဆုံးခြင်းဆိုင်ရာဖြစ်ရပ်များလည်း ဤအစီရင် ခံစာတွင်ပါဝင်ပါသည်။ နောက်ဆုံးအနေဖြင့် ဤအစီရင်ခံစာသည် ရွာသူရွာသားများ၏တောင်းဆိုမှုများဖြစ်သည့် တရားမျှတမှု၊ တာဝန်ခံမှုနှင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုလည်းတင်ပြထားပါသည်။
စစ်ကောင်စီမှ လုပ်ဆောင်ချက်သော အတင်းအဓ္ဓမပျောက်ဆုံးစေမှုများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ပြီး ဤကျူးလွန်မှုများသည် ယခင်ကတည်းကနှင့် ယခုအချိန်ထိ အပြစ်ပေးအရေးယူခံရခြင်းမရှိ ပဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် ဤအစီရင်ခံစာသည် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ သက်ဆိုင်သူများအား ဤရာဇ၀တ်မှုအား အရေးယူကိုင်တွယ်ရန်နှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံနိုင်စေမည့် နည်းလမ်းများကို နားလည်သဘောပေါက်ရန်ရည်ရွယ်ပါသည်။ စစ်ကောင်စီ၏ အကြမ်းဖက်လှုပ်ရှားမှုများကို ပြတ် ပြတ်သားသား အရေးယူဆောင်ရွက်သင့်ပြီး ရွာသူရွာသားများ၏ လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးရမည်ဖြစ် သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများထံသို့ အ ကြံပြုချက်များ
ဆက်သွယ်ရန် -
စောနန္ဒဆူး, စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ, hsue@khrg.org
နော်ဖောလား, စည်းရုံးလှုံ့ဆော်ရေးအရာရှိ, nawpawlah@khrg.org