ကရင်လူ့အခွင့်အရေးအဖွဲ့မှ “ကျွန်တော်တို့ကို ဘာကြောင့်ပစ်မှတ်ထားရတာလဲ - မြန်မာစစ်တပ်မှ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ရွာသားများအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် နောက်ဆုံးထွက် ထုတ်နုတ်တင်ပြချက်အစီရင်ခံစာကို ရေးသားဖြန့်ဝေလိုက်ပါသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)သည် မြန်မာ ပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာများတွင် လက်နက်ကိုင်အဖွဲ့များအစား အရပ်သားပြည်သူများကို ဦးတည် ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပါသည်။ သတ်ဖြတ်မှု၊ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ရမ်းသန်းပစ်ခတ်မှု၊ အဓမ္မဖမ်းဆီးမှု၊ ပိုင်ဆိုင်မှုများအား ဖျက်ဆီး လုယူမှုအပါ အဝင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများသည် ဒေသတွင်းရှိလူမှုအသိုက်အဝန်းများအပေါ် ဆိုးရွားသည့်အကျိုး ဆက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်စေပါသည်။ ဒေသခံရွာသူရွာသားများအား တွေ့ဆုံမေးမြန်းမှုများနှင့် ကွင်းဆင်းအစီရင်ခံစာများ၏ ကောက်နုတ်ချက်များမှ ရေးသားထားသောဤအစီရင်ခံစာသည် ဒေသအတွင်း တွင် မြန်မာစစ်တပ်မှအရပ်သား ပြည်သူများအပေါ်ကျူးလွန်သည့်ကွဲပြားသောဖိနှိပ်မှုပုံစံများကို တင်ပြထား ပါသည်။ ဤအစီရင်ခံစာသည် တိုင်းရင်းသားဒေသများရှိ အရပ်သားပြည်သူလူထုများအပါ် မြန်မာစစ်တပ်၏ အုပ်စုလိုက်ပြစ်ဒဏ်ပေးခြင်းဆိုင်ရာအလေ့အကျင့်ကို မီးမောင်းထိုးပြပြီး နိုင်ငံအတွင်း စစ်တပ်မှကျူးလွန်သော ရာဇဝတ်မှုနှင့် လူသားမဆန်သောလုပ်ရပ်များကို ပိုမိုနားလည်သဘောပေါက်စေပါမည်။
ဤအစီရင်ခံစာသည် ရွာသူရွာသားများ၏ကြုံတွေ့နေရသည့်လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ၎င်းတို့၏ အမြင်သဘောထားများနှင့် နားလည်သဘောပေါက်မှုများကို အထူးအလေးပေးရေးသားထားသည်။ ထို့အပြင် ဤအစီရင်ခံစာတွင် စစ်ကောင်စီ၏အကြမ်းဖက်မှုများမှကာကွယ်ရန်၊ တွန်းလှန်ရန်၊ တိမ်းရှောင်ရန်နှင့် အကာအကွယ်ပေးရာတွင် ဒေသခံအရပ်သားများ၏ကြိုးပမ်းဆောင်ရွက်မှုများသည် မရှိမဖြစ်လိုအပ်ကြောင်း နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ရွာသားများတောင်းဆိုသည့် ခိုင်မာသောကာကွယ်မှုအတိုင်းအတာများနှင့် လုပ်ဆောင်ချက်များကိုလည်း မီးမောင်းထိုးပြပါသည်။
ဤအစီရင်ခံစာသည် ဒေသတွင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာပါဝင်ပတ်သက်သူများအား ကရင်ပြည်နယ်အတွင်း ရှိပြည်သူများသည် ဖြစ်ပွားနေသောလက်နက်ကိုင်ပဋိပက္ခများအကြား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရင်ဆိုင် နေရကြောင်းသဘောပေါက်စေရန်ရည်ရွယ်ပါသည်။ ဤအစီရင်ခံစာသည် ရွာသားများ၏စွမ်းရည်ကို ပံ့ပိုးပေး ခြင်း၊ ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရန်နှင့် စစ်ကောင်စီ၏အရပ်သားပြည်သူလူထုများအပေါ် စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများအား ပြတ်ပြတ်သားသားအရေးယူပေးရန် အရေးတကြီးလိုအပ်နေကြောင်းကို မီးမောင်းထိုးပြထားပါသည်။ ဤအရေးယူခြင်းဆိုင်ရာလုပ်ဆောင်မှုများသည် မြန်မာပြည်အရှေ့တောင်ပိုင်း တွင် အဓိပ္ပါယ်ပြည့်ဝသောငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိလာအောင် အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင်မရှိမဖြစ်လိုအပ်ပါ သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၊ အာဆီယံ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အစိုးရများထံသို့ အကြံပြုချက် များ -
ဆက်သွယ်ရန် -
စောနန္ဒဆူး - စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ - hsue@khrg.org
နော်ဖောလား - စည်းရုံးလှုံ့ဆော်ရေးအရာရှိ - nawpawlah@khrg.org