press x to close
Karen Human Rights Group

ဒူးသထူခရိုင် - လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု

ဓာတ်ပုံ - ‌ဒေသခံ ရွာသား

Thaton (Doo Tha Htoo) District

၂၀၂၃ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့တွင် ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ကျောတလုဒို့(ကျောက်တလုံးကြီး) ကျေးရွာအုပ်စု၊ ဓာတ်ကျိုက်ဂူအနီးတွင်လှုပ်ရှားနေသည့် ဗိုလ်ညိုဝင်းဦးဆောင်သော နယ်ခြား‌စောင့်တပ်သားများသည် ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ နဲ့ဖောထ(မတ်ချ) ကျေးရွာအုပ်စု၊ ဝပူ(ဝင်းဖုန်း)ကျေးရွာဘက်သို့ ဦးတည်၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ဤရမ်းသမ်းပစ်ခတ်မှုကြောင့် လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော (၆၃)နှစ်အရွယ် ဝင်းဖုန်းရွာသားတစ်ဦးကို ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။