SAC လုပ်ရပ်များ
၂၀၂၂ခုနှစ်၊ မတ်လ ၂၆ရက်နေ့ ည (၁၀)နာရီနှင့် ၁၁နာရီကြားတွင် ဇရပ်ကြီးမြို့သစ်တွင် အခြေစိုက်နေသည်ဟု ယူဆရ သော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC)[2] စစ်သားများနှင့်ရဲတပ်သားများသည် အ---ရွာ အနောက်ဖက်ရှိ လမ်းကို အသုံးပြု၍ တောအူး (တောင်ငူ)ခရိုင်၊ ထောထထူမြို့နယ်၊ မိုးကောင်ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် ဝင်ရောက်လာခဲ့သည်။ ၎င်းစစ်သားများနှင့်ရဲတပ်သားများ၏တပ်ရင်း၊ တပ်ဖွဲ့များကို ရွာသားများက အတိအကျ မသိရှိ ရပါ။ အဘယ်ကြောင့်ဆိုသော် ညအမှောင်တွင် ၎င်းတို့ကို ရွာသားများက ရှင်းရှင်းလင်းလင်း မြင်တွေ့ရန်ခက်ခဲနေ သောကြောင့်ဖြစ်သည်။ ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ ရွာထဲတွင်ဝင် ရောက်လာသော ရဲတပ်သားများ သည် ၎င်းတို့၏ရဲဝတ်စုံယူနီဖောင်းကို ဝတ်ဆင်ခဲ့သည်။ သို့သော် စစ်သားများသည် ၎င်းတို့၏စစ်ယူနီဖောင်းကို မဝတ် ဆင်ခဲ့ပေ။ စစ်သားများသည် ၎င်းတို့၏စစ်ယူနီဖောင်းကို မဝတ်ဆင် သောကြောင့် ၎င်းတို့သည် မည်သည့်တပ်ရင်းမှ လာသည်ကို ရွာသားများ မသိရှိရပါ။ သို့သော်လည်း ၎င်းတို့သည် ကျေးရွာအနီးတစ်ဝိုက်တွင်နေထိုင်သည်ဟု ရွာသား များက ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် (နောက်ရက်အနည်းငယ်ကြာတွင်) ၎င်းတို့သည် ရွာမှ မကြာခဏ ဝင်ထွက်နေလျှက်ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဆိုင်ကယ်လေးစီးနှင့် ရွာကိုဝင်ရောက်လာခြင်းဖြစ်သည်။ ဆိုင်ကယ်တစ်စီးတွင် နှစ်ဦးတက်စီးကြ သည်။ ၎င်းတို့သည် ရွာထဲရှိအဓိကလမ်းမကို အသုံးပြု၍ ရွာမှ ထွက်ခွာမောင်း နှင်ခဲ့ပြီး ရွာ၏အဝင်တွင်ရှိသော တံတားတစ်ခုတွင် ရောက်ရှိသောအခါ ၎င်းတို့မှ သေနတ် (၇)ချက်မှ (၈)ချက်အထိ ပစ်ဖောက်ခဲ့သည်။ ၂၀၂၂ခု နှစ်၊ မတ်လ ၂ရက်နေ့ ည (၁၀)နာရီတွင် ၎င်းတို့သည် ရွာထဲသို့ တဖန်ဝင်ရောက်လာပြီး ရွာထဲတွင်သေနတ်ပစ် ဖောက်ခဲ့သည်။ ထပ်မံ၍ ၂၀၂၂ခုနှစ်၊ မတ်လ ၂၈ရက်နေ့ ည (၈)နာရီ သို့မဟုတ် (၉)နာရီ အချိန်တွင် ရွာထဲသို့ ဝင်ရောက်လာပြီး ရွာသားများကို စစ်ဆေးမေးမြန်းခဲ့သည်။ ထို့နောက် ၎င်းတို့သည် ရွာမှ ထွက်သွားတော့မည့် အချိန်တွင် ၎င်းတို့မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ဖောက်ခဲ့သောအသံကို ရွာအဝင်ဝအထိ ကြားနိုင်ပါသည်။ ရွာထဲတွင် SAC အဖွဲ့ဝင်များမှ မကြာခဏ သေနတ်ပစ်ဖောက်သောကြောင့် ယခုအချိန်တွင် ရွာသားများသည် အလွန်ကြောက်ရွံ့ပြီး လုံခြုံမှုမရှိဟု ခံစားနေရသည့်အတွက်ကြောင့် အကြောက်တရားများစွာနှင့် အသက်ရှင် နေရပါသည်။ ထို့အပြင် SAC စစ်သားများနှင့်ရဲတပ်သားများမှ မည်သည့်ရည်ရွယ်ချက်နှင့် မည်သည့် အတွက်ကြောင့် သေနတ်ပစ်ခတ်ရသည်ကို မည်သူမှ မသိရှိရပါ။
၂၀၂၂ခုနှစ်၊ ဧပြီလ ၁၅ရက်နေ့တွင် မည်သည့်တပ်ရင်းမသိရှိရသော SAC စစ်သားများ (၁၀)ဦးကျော်သည် ဝ---ကျေးရွာသို့ တဖန်ဝင်ရောက်လာခဲ့သည်။ ၎င်းတို့သည် လက်နက်များယူဆောင်၍ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ စစ်သားများသည် ရွာထဲတွင် ယာယီခေတ္တနေထိုင်ပြီး မနက်ပိုင်း (၈)နာရီ သို့မဟုတ် (၉)နာရီတွင် ထွက်ခွာခဲ့ သည်။ သို့သော်လည်း ၎င်းတို့ထွက်သွားသည့်အချိန်တွင် ၎င်းတို့လာသည့်လမ်းအတိုင်း ပြန်ထွက်ခဲ့ခြင်းမရှိပေ။ ၎င်းတို့သည် ရွာအပြင်ဘက်တွင် သွားလာလှုပ်ရှားကြပြီး ရွာပြင်ဖက်ရှိရွာသားများပိုင်ဆိုင်သော တဲအိမ်များတွင် ဝင်ရောက်ခဲ့ပြီး တဲအိမ်တစ်ဝိုက်တွင် စုံစမ်းရှာဖွေခဲ့သည်။ တဲအိမ်များတွင် ၎င်းတို့မှ စုံစမ်းရှာဖွေပြီးနောက် (ဧပြီလ ၁၅နေ့) မနက် (၁၁)နာရီဝန်းကျင်တွင် ရွာသို့ တဖန် ပြန်လာခဲ့သည်။ ၎င်းတို့သည် ဒုတိယအကြိမ်ရွာသို့ ပြန်လာသည့်အချိန်တွင် ရွာသားများသည် အင်္ဂလီကန်ဘုရားကျောင်းတွင် ပွဲတော်စားသည့်ပွဲကို ကျင်းပနေခဲ့သည်။ ဘုရားကျောင်း အပြင်ဖက် တွင် SAC စစ်သားများ ရောက်ရှိလာသောကြောင့် ဘုရားကျောင်းထဲရှိရွာသားများသည် စိုးရိမ်ကြောင့်ကြနေခဲ့သည်။
၂၀၂၂ခုနှစ်၊ ဧပြီလ ၁၄ရက်နေ့တွင် အ---ကျေးရွာအနီးရှိ ဗမာလူမျိုးများနေထိုင်သောရွာတစ်ရွာတွင် နေထိုင်ခဲ့သော ဒလန် (စပိုင် သို့မဟုတ် သတင်းထောက်) တစ်ဦးသည် သေနတ်ဖြင့် အပစ်ခတ်ခံခဲ့ရသည်။ အကျိုးဆက် အနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလ ၁၆ရက်နေ့တွင် SAC စစ်သားများသည် အ---ကျေးရွာသို့ တဖန်ပြန်လာခဲ့သည်။ အဘယ်ကြောင့်ဆို သော် ရွာထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)[3] အဖွဲ့ဝင်များရှိနေဟု ၎င်းတို့က ကြားသိရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ရွာထဲတွင် ရောက်ရှိလာပြီးနောက် ရွာသားတစ်ဦး၏အိမ်တွင် ဝင်ရောက်ခဲ့သည်။ ၎င်းတို့အထဲမှ စစ်သားတစ်ဦး သည် ပုခတ်တွင်ထိုင်နေသော အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ချိန်ရွယ်ခဲ့ သည်။ သို့သော်လည်း စစ်သားများသည် ထိုအမျိုးသားကို ဘာမျှမလုပ်ဘဲ အိမ်မှ ထွက်ခွာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသားသည် PDF အဖွဲ့နှင့် ပါဝင်ဆက်သွယ်ခြင်းမရှိဟု SAC စစ်သားများက ယူဆခဲ့ခြင်း ကြောင့်ဖြစ်သည်။ SAC စစ်သားများသည် ရွာထဲတွင် ဝင်ထွက်သွားလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသော ကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)[4] တွင် ပူးပေါင်းပါဝင်လာသော ရွာထဲရှိ ကျောင်းဆရာ၊ ဆရာများသည် စိုးရိမ်ကြောက်ရွံ့ခဲ့သည်။ ရွာသားများသည် (ရွာအပြင်ဖက်ရှိ) ၎င်းတို့၏တဲအိမ်များတွင် မနေရဲ ကြတော့ပေ။