Karen Human Rights Group

မူတြော်ခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - SAC တပ်သားများမှ ကျေးရွာတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ရွာသား (၇)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိ (၂၀၂၂ခုနှစ်၊ မတ်လ)

 

၂၀၂၂ခုနှစ်၊ မတ်လ ၅ရက်နေ့ ညနေ (၆း၃၀) မိနစ်တွင် ဖာပွန်မြို့တွင်အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင် စီ (SAC) စစ်ကွပ်ကဲအခြေစိုက် (စကခ) တပ်ဖွဲ့များ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) (တပ်ရင်း အမှတ်မသိရှိရပါ)   တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စကခတပ်ဖွဲ့များသည် ရည်ရွယ်ချက်ရှိရှိဖြင့် မူတြော် (ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဝ---ကျေးရွာတွင်းသို့ ၁၂၀ (မမ) လက်နက်ကြီးများ နှစ်ကြိမ်တိုင် ပစ်ခတ်မှုကြောင့် ရွာသား (၇)ဦးသေဆုံးခဲ့ပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးများပစ်ခတ်မှုကြောင့် သေဆုံးသောရွာသားများနှင့် ဒဏ်ရာရရှိသောရွာသားများသည် အခင်းမဖြစ်ပွားမှီ  အချိန်တွင် ၎င်းတို့သည် စိုက်ပျိုးခြံထဲတွင်အလုပ်လုပ်ခဲ့ပြီး ရွာထဲသို့ပြန်ရောက်လာချိန်တွင် လက်နက်ကြီးပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ လက်နက်ကြီးများမှာ ထိုရွာသားများနေသည့်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပါသည်။ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ရွာသား (၇)ဦးသေဆုံးခဲ့သည်။ ထိုရွာသား (၇)ဦးမှာ နော်တာလူး (အသက် ၂၀)၊ နော်ထူးဖော (၅နှစ်)၊ နော်တေနီလာဝေး (၁၄နှစ်)၊ နော်ဖောဝါး (၃၂နှစ်)၊ ကလေးသုံးဦးရှိပြီး ခြောက်လကိုယ်ဝန်ဆောင်မိခင်)၊ နော်ဖောဝါး ၏ညီမဖြစ်သူ နော်အယ်မူး (၂၂နှစ်)၊ စောဖါဒေးဖိုး (၁၉နှစ်) နှင့် စောကေး (၄၀နှစ်)တို့ဖြစ်ကြသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သောရွာသား (၄) ဦးမှာ နော်ပ--- (၁၇နှစ်)၊ နော်မ--- (၂၉နှစ်)၊ စောက--- (၃နှစ်)နှင့် စောတ--- (၂၈နှစ်)တို့ဖြစ်သည်။ နော်ပ---၏ဘယ်ခြေသလုံးတွင် လက်နက်ကြီးအစအနထိမှန်ခဲ့၍ သူမအား ထ---ဆေးရုံသို့ပို့ ဆောင်ခဲ့ပြီး ထိုဆေးရုံတွင် နှစ်ပတ်ထက်ပို၍ ဆေးကုသမှုခံယူခဲ့သည်။ နော်မ---မှာ သူမ၏ညာခြေထောက်ရှိ ဒူးခေါင်းတွင် လက်နက်ကြီးအစအနထိမှန်ခဲ့ပြီး ထ---ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီးနောက် ၂၀၂၂ခုနှစ်၊ မတ်လ ၂၀ရက်နေ့တွင် ထိုဆေးရုံမှဆင်းလာခဲ့ပါသည်။ စောက---မှာ ၎င်း၏ညာခြေထောက်တွင် လက်နက်ကြီး အစအန ထိမှန်ခဲ့ပြီး စောတ---မှာ ၎င်း၏နောက်ကျောဘယ်ဖက်ခြမ်းတွင် လက်နက်ကြီးအစအနထိမှန်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို ဆေးကုသမှုရရှိရန်အတွက် ထိုင်းနိုင်ငံရှိဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ပြီး ၂၀၂၂ခုနှစ်၊ မတ်လ (ရက်အတိအကျမသိရှိရ) တွင် ဆေးရုံမှ ဆင်းလာခဲ့သည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးသည် ဆေးရုံမှဆင်းပြီး နှစ်ပတ်ကြာလျှင် နောက်တဖန် ကျန်းမာရေးစစ်ဆေးရေးအတွက် ဆေးရုံသို့ ပြန်လာရန် လိုအပ်ခဲ့သည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ထိခိုက်ဒဏ်ရာရရှိခဲ့သော ထိုရွာသားတစ်ဦးစီကို ငွေ (၂) သိန်းကျပ်ထောက် ပံ့ခဲ့သည်။ KNU မှလည်း SAC လက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရသော ရွာသားများ၏ မိသားစုဝင် တစ်စုစီ တိုင်းကို စျာပနအခမ်းအနားအတွက် ငွေ (၃) သိန်းကျပ် ထောက်ပံ့ခဲ့သည်။

၂၀၂၂ခုနှစ်၊ မတ်လ ၅ရက်နေ့ လက်နက်ကြီးပစ်ခတ်ခဲ့သည့်နေ့တွင် ဝ---ကျေးရွာမှ အချို့သောရွာသားများသည် ကျေး ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ နောက်တစ်နေ့တွင် (၂၀၂၂ခုနှစ်၊ မတ်လ ၆ရက်နေ့) ဝ---ကျေးရွာမှကျန်ရှိသော ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ နီးစပ်ရာတောထဲသို့ ထွက်ပြေးတိမ်းရှောင်ရသည့် အိမ်ထောင်စု (၃၉) အိမ်ထောင်စုရှိပြီး လူဦးရေးအားဖြင့် စုစုပေါင်း (၃၀၈) ဦးရှိသည်။

ယခုချိန်တွင် ဝ---ကျေးရွာတွင်နေထိုင်သော ရွာသားများသည် ၎င်းတို့လယ်ယာခြံထဲတွင် အလုပ်လုပ်ရန် မသွားဝံ့ တော့ပဲ ၎င်းတို့တဲအိမ်တွင်သာ အိပ်ကြရပါသည်။ ရွာသားများသည် SAC မှ ၎င်းတို့တဲအိမ်ထဲတွင် မီးအ လင်းရောင် များတွေ့ရှိခဲ့မည်ဆိုပါက ၎င်းတို့နေရာသို့ လက်နက်ကြီးများထပ်မံ၍ ပစ်ခတ်မည်ကို ကြောက်ရွံ့နေခဲ့သည်။  ပုံမှန်အား ဖြင့်ဆိုလျှင် နွေရာသီတွင် ရွာသားများသည် ကောင်းမွန်စွာ စိုက်ပျိုးနိုင်ရန်အတွက် ၎င်းတို့ခြံများတွင် ချုံများခုတ်ထွင်း ရှင်းလင်း၍ မီးရှို့ခြင်းများ ကြိုတင်ပြုလုပ်သည်။ သို့သော်လည်း ရွာသားများသည် ၎င်းတို့ခြံထဲတွင် အလုပ်လုပ်နေစဉ် SAC မှ ၎င်းတို့အား လက်နက်ကြီးများပစ်ခတ်မည်ကို စိုးရိမ်ကြောက်ရွံ့နေကြသည်။

ရွာသားများသည် ၎င်းစိုက်ပျိုးခြံထဲတွင် မြေမြှုပ်မိုင်းများနင်းမိ၍ အန္တရာယ်ရှိကြောင်း မခံစားရဟု တင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မြေမြှုပ်မိုင်းများထောင်ထားသည့်နေရာဒေသများသို့ မသွားဘဲ ရှောင်ရှား၍ရ နေခြင်းဖြစ်သည်။ (KNLA မှ ရွာသားများအား တားမြစ်နေရာသို့ မသွားရန် သတိပေးခဲ့ခြင်းဖြစ်သည်။) ရွာသားများ သည် SAC မှ လက်နက်ကြီးပစ်ခတ်မှုကိုသာ ကြောက်ရွံ့နေကြသည်။

SAC တပ်ဖွဲ့များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သတ်ပြီး နိုင်ငံတ ကာအဖွဲ့အစည်းများနှင့် ဒေသခံ KNU ခေါင်းဆောင်များအနေဖြင့် ဖြေရှင်းပေးခြင်းမရှိဟု ရွာသားများမှ ပြောခဲ့သည်။ ၎င်းတို့မှ (နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသခံ KNU ခေါင်းဆောင်များ) (အရပ်သားနေထိုင်သည့်ဒေသအတွင်း) တိုက်ပွဲများမဖြစ်ပွားရန် ကြိုးပမ်းလုပ်ဆောင်မည်ဆိုပါက SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ အများစု သေဆုံးခဲ့ရမှာမဟုတ်ကြောင်း ရွာသားများမှ ယုံကြည်သည်။ ရွာသားများမှ မြေပြင်အခြေအနေကို စောင့်ကြည့်လေ့လာသည့်သူများရှိလားဟု မေးခွန်းထုတ်နေကြသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသခံ KNU ခေါင်းဆောင်များမှ တစ်စုံတစ်ရာဖြေရှင်းပေးမည်ဟု ရွာသားများက မျှော်လင့်နေကြသည်။