၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့တွင် လယ်ဒိုမြို့ရှိ သံဘိုတပ်စခန်းတွင်အခြေစိုက်နေထိုင်သည့် စကစ တပ်ဖွဲ့ဖြစ်သော ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၆၀)မှ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ထီးလော်ခီး (ရေလဲ) ကျေးရွာအုပ်စု၊ အ---ကျေးရွာမှ အသက် (၄၀) အရွယ် ဒေသခံရွာသားတစ်ဦးဖြစ်သူ စောစ---ကို လာရောက်ဖမ်းဆီးခဲ့သည်။ ထိုရွာသားသည် CDM တွင် လာရောက်ပါဝင်ပူးပေါင်းသူများကို KNLA နယ်မြေသို့ ပို့ဆောင်ခဲ့ သောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းသည် ပေါက်ကွဲစေနိုင်သည့်လက်နက်ခဲယမ်းများကို ထုတ်လုပ်၍အသုံးပြုနေသည်ဟုလည်း စွပ်စွဲခံရပါ သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျေးရွာများရှိလူငယ်များမှ KNLA တပ်စခန်းများတွင် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရန်အတွက် (၁၀) ရက်တာ အခြေခံစစ်သင်တန်းများအား တက်ရောက်သင်ယူနိုင်ရန် ၎င်းရွာသားမှဒေသခံ လူငယ်များကို ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေနှင့် ရောနှောအုပ်ချုပ်နယ်မြေများသို့ ကူညီပို့ ဆောင်ခဲ့သည်။ အခြေခံစစ်သင်တန်းတက်ရောက်ရန်အတွက် KNU ထိန်းချုပ်နယ်မြေသို့ ပို့ဆောင်ခံရသူများထဲတွင် CDM သမားများလည်းပါဝင်ပါသည်။ စောစ---၏အကိုဖြစ်သူမှ စောစ---သည် ပေါက်ကွဲစေနိုင်သည့်လက်နက်ခဲ ယမ်းများအား အသုံးပြုခြင်းများတွင် ပါဝင်ပတ်သတ်နေသည်ကို မယုံကြည်ဘူးဟု ထွက်ဆိုခဲ့သည်။ ထို့ပြင် ၎င်း၏ညီ သည် စွပ်စွဲခံရသည်ဟု ယုံကြည်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က စောစ---သည် အခြေခံစစ်သင်တန်းအား တက်ရောက်ခဲ့ဖူးသူဖြစ်သည်။ အစပိုင်းတွင် စောစ---အဖမ်းခံရပြီးနောက် သူ၏မိသားစုနှင့်သူငယ်ချင်းများသည် ၎င်း အား ဆက်သွယ်လို့ရခဲ့သည်။ သို့သော် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့ နောက်ပိုင်း တွင် မည်သူမှ ၎င်းအား ဆက်သွယ် လို့မရခဲ့ပေ။ ထို့ကြောင့် သူ၏မိသားစုသည် ၎င်းအတွက် လွန်စွာစိတ်ပူလျှက်ရှိသည်။
၂၀၂၁ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့တွင် KHRG မှ လက်ခံရရှိသည့်သတင်းအချက်အလက်များအရ စောစ---၏မိသားစု ဝင်များသည် ၎င်းအတွက် ဆေးဝါးများနှင့်အစားအစာများ ပို့ဆောင်နိုင်ခဲ့ပါသည်။ သို့သော် ၎င်းနှင့်လူကိုယ်တိုင်တွေ့ဆုံ နိုင်ခြင်းမရှိခဲ့ပေ။ ယခုအချိန်တွင် စောစ---သည် တောင်ငူမြို့ထောင်ထဲတွင်ရှိနေပါသည်။ ယခင်က စောစ---အား တ ရားစွဲဆိုသည့်အမှုကို ရုတ်သိမ်းပြောင်းလဲခဲ့ပြီး ယခုအချိန်တွင် ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲ ဆိုခံရပါသည်။ စောစ---သည် ၎င်းရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုဖမ်းဆီးခံရသည့် အခြားသူများနှင့်အ တူတကွ ထိန်းသိမ်းချုပ်နှောင်ခံထားရပြီး အခြားသောရာဇဝတ်မှုများဖြင့် ဖမ်းဆီးခံရသူများနှင့် သီးသန့်ခွဲခြား၍ နေထိုင် ရပါသည်။ ယခုအချိန်တွင် တရားစီရင်ရေးလုပ်ငန်းများအားလုံး ရပ်တန့်ခဲ့ရသည်။ (ထို့ကြောင့် စောစ---သည် မည် သည့်အချိန်တွင် တရားရုံးတွင် အမှုရင်ဆိုင်ရန်နှင့် ဘယ်အချိန်တွင် လွတ်မြောက်လာမည့်ကိစ္စများနှင့်ပတ်သတ်၍ သတင်းအချက်အလက်များ မရရှိကြပါ။)[2] စောစ---၏အကိုဖြစ်သူလည်း ၎င်း၏ညီ လွတ်မြောက်လာရန်အတွက် နံ့သာ ကွင်းကျေးရွာမှ ရဲအရာရှိတစ်ဦးနှင့်တွေ့ဆုံ၍ ကြိုးပမ်းနေပါသည်။ သို့သော်လည်း ယခုအချိန်တွင် ၎င်း၏မိသားစုဝင် များသည် သူလွတ်မြောက်လာရန်အတွက် ဘာမျှလုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။
ထိုရွာသားအား ဖမ်းဆီးမှုအပေါ် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့ ညနေပိုင်းတွင် မူးမြို့နယ်မှ ဒေသခံ KNU အာဏာပိုင် များသည် စကစ မှ ခန့်အပ်ထားသော ထီးလော်ခီးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရှစ်သိန်းကို ဆင့်ခေါ်ခဲ့သည်။ KNU အာဏာပိုင်များမှ ဦးရှစ်သိန်းအား ဖမ်းဆီးမှုနှင့်ပတ်သတ်ပြီး မေးမြန်းသိရှိရန်အတွက် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့ တွင် ၎င်းနှင့်တွေ့ဆုံရန်တောင်းဆိုခဲ့သည်။ အခွန်ကောက်ခံရေးနှင့် အခြားသောကိစ္စရပ်များတွင် တာဝန်ယူလုပ်ဆောင် နေသည့် ကျေးရွာအုပ်စုနယ်မြေမှူးသည် ဦးရှစ်သိန်းအား နှစ်ကြိမ်၊သုံးကြိမ်ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း ဦးရှစ် သိန်းမှ ၎င်းတို့နှင့်သွားရောက်တွေ့ဆုံခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့ညပိုင်းတွင် KNLA ဒုတပ်ခွဲမှူးစောဝါးလို၊ KNU ကျေးရွာအုပ်စုနယ်မြေမှူး ပဒိုစောကွာလာနှင့် KNLA တပ်စုမှူးစောကော်ဆဲတို့သည် ထီး လော်ခီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှစ်သိန်းအား ဖမ်းဆီးရန်အတွက်မူးမြို့နယ်၊ ထီးလော်ခီးကျေးရွာအုပ်စု၊ ထီးလော်ခီး ကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့သည်။ ၎င်းတို့နောက် ရွာသားနှစ်ဦးလိုက်ပါလာခဲ့သည်။ ရွာသားတစ်ဦးက အ---ကျေးရွာသားဖြစ်ပြီး နောက်တစ်ဦးမှာ ဒ---ရွာသားဖြစ်သည်။ (၎င်းတို့သည် လမ်းတစ်လျှောက်တွင် KNU ကျေးရွာ အုပ်စုနယ်မြေမှူးနှင့် KNLA အရာရှိများတို့နှင့်အတူ လိုက်ပါလာခဲ့သူဖြစ်သည်။) (အ---ကျေးရွာမှ KNLA တပ်စခန်း သို့) ၎င်းတို့ပြန်လာသည့်လမ်းတစ်လျှောက်တွင် ဟောခို့ဝေါ်နှင့် လယ်ဒိုလမ်းဆုံအရောက်တွင် တပ်မတော်စစ်ကားနှစ် စီးနှင့် တပ်ရင်းမှူးဇေယျာလင်းဦးဆောင်သည့် ခလရ (၆၀)မှ တပ်သား ၂၅ ဦးနှင့် ပတ်ပင်တိုးခဲ့သည်။ ထိုအချိန်သည် ည ၈း၃၀ ခွဲဖြစ်သည်။ စကစတပ်ဖွဲ့ မှ ၎င်းတို့အား (စကစ ကျေးရွာအုပ်ချုပ်ရေးမှူးဦးရှစ်သိန်းအပါအဝင် KNLA အရာရှိ များ၊ KNU ကျေးရွာအုပ်စုနယ်မြေမှူးနှင့် ရွာသားများ) စတင်ပစ်ခတ်ခဲ့သည်။ (KNLA အရာရှိများမှ စစ်တပ်အား ပြန် လည်ပစ်ခတ်ခဲ့ခြင်းရှိ၊မရှိနှင့်ပတ်သတ်၍ သိရှိရခြင်းမရှိခဲ့ပေ။) ဒေသခံရွာသားများ၏တင်ပြချက်များ အရ ၎င်းတို့ KNU သည် ကျေးရွာအုပ်ချုပ်ရေးမှူးကို KNLA တပ်စခန်းသို့ ခေါ်ဆောင်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး၏မိ သားစုမှ စကစ အား အကြောင်းကြားခဲ့သည်။ ပစ်ခတ်သည့်အချိန်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ အခွင့် အရေးယူ၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ (ဒေသခံများ၏ပြောပြချက်များအရ ထိုရက်တွင် ၎င်းသည် အခြားနေရာသို့ တိမ်း ရှောင်ခဲ့သည်။) KNLA အရာရှိများ၊ KNU ကျေးရွာအုပ်စုနယ်မြေမှူးနှင့်လိုက်ပါလာသည့်ရွာသားတစ်ဦးမှ တိမ်းရှောင် ထွက်ပြေးနိုင်ခဲ့သော်လည်း ၎င်းတို့ဆိုင်ကယ်များကို လမ်းဆုံတွင် ပစ်ထားခဲ့ရသည်။ အခြားသောရွာသား တစ်ဦးဖြစ် သည့် ဒ---ကျေးရွာတွင်နေထိုင်သော အသက် ၄ဝ အရွယ် စောဘ---သည် ၎င်း၏ရင်ဘတ်တွင် သေနတ်ကျည်ဆံထိ မှန်၍ ည ၁၁ နာရီဝန်းကျင်တွင် သေဆုံးခဲ့သည်။ ၎င်း၏အမျိုးသမီးနှင့် ကလေးငါးဦးကျန်ရစ်ခဲ့သည်။ ၎င်း၏ အမျိုးသ မီးမှာ နှလုံးရောဂါရှိပြီး မကြာခဏသတိလစ်ပြီးတက်သည့်အတွက် သူမတစ်ဦးတည်းအနေဖြင့် ကျန်ရစ်သည့်သူမ၏ ကလေးငါးဦးကို ပြုစုပျိုးထောင်ရန် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။
၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၂ဝရက်နေ့တွင် ဒေသခံခေါင်းဆောင်များမှ စောဘ---အသုဘနှင့် အောက်မေ့ဖွယ်ကျောက်တိုင် အား မူးမြို့နယ်၊ ပလီးထကျေးရွာအုပ်စု၊ မောလေးဒေသတွင် စီစဉ်ဆောင်ရွက်ခဲ့သည်။ အောက်မေ့ဖွယ်ကျောက်တိုင် အား ပြုလုပ်ရခြင်းသည် စောဘ--- အား သူ၏လူမျိုးအတွက် သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းဖြစ်ပြီး ၎င်းမှ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် စစ်တပ်အာဏာကို ဖြုတ်ချရန်အတွက် အသက်ပေးခဲ့သော ကြောင့်ဖြစ်သည်။