ဤဓာတ်ပုံကို ၂၀၁ရခုနှစ်၊ နိုဝင်ဘာလ၊ ၂၂ရက်တွင် ဖားအံခရိုင် လှိုင်းဘွဲမြို့နယ်၊ ဧ---မြို့အနီးရှိ ဧ---ဒေသတွင် ရိုက်ယူခဲ့သည်။ ပုံတွင် BGF လမ်းပြအဖြစ် စေခိုင်းခံခဲ့ရသည့် ရွာသားတစ်ဦး ဖြစ်သည့် စောင---၏ ပုံဖြစ်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ သတင်းမှတ်တမ်း ပြစုသူတစ်ဦးသည စောန---အား ၂၀၁ရခု နှစ်၊ နိုဝင်ဘာလ၊ ၂၂ရက်တွင် တွေ့ဆုံမေးမြန်းနေစဉ်တွင် သူသည် နှစ်လနီးပါး BGF လမ်းပြတစ် ယောက်အဖြစ် BGF အရာရှိ များဖြစ်သော မောင်နနှင့် နဲဝါးတို့၏ အတင်းအဓမ္မခိုင်း စေခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်း၏ ဖြတ်သန်းမှုအတွေ့အကြုံများကို ပြောဆိုထုတ်ဖော်ခဲ့သည်။ [ဓာတ်ပုံ - KHRG]
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း၏ နိဒါန်းအစနှင့် ဖြစ်ပေါ်လာရသည့် အကြောင်းအရင်း
ဖာပွန်ခရိုင်တွင် တပ်မတော်နှင့် BGF တို့ဖွဲစည်းသော ပူးပေါင်းတပ်ဖွဲ့နှင့် DKBA ခွဲထွက်အဖွဲ့[2]တို့ကြား တိုက်ပွဲများ မည်သို့ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် အစီရင်ခံစာ တင်ပြခဲ့သည်။ အဆိုပါတိုက်ပွဲများကြောင့် မဲသဝေါဒေသမှ ဒေသခံရွာသား ခြောက်ထောင်ကျော် မြိုင်ကြီးငူအထူးဒေသနှင့် ထီးသေ့ခိကျေးရွာသို့ တိမ်းရှောင်နေခဲ့ရသည်။[3] ၂၀၁၆ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကာလအတွင်း ရွာသားအချို့နှင့် ၎င်းတို့ပိုင်ဆိုင်သော ကျွဲအချို့သည် DKBA ခွဲထွက်အဖွဲ့မှ ထောင်ထားသော မြေမြှုပ်မိုင်းများကို တက်နင်းမိခဲ့သည်။ မြေမြှုပ် မိုင်းအန္တရယ်နှင့် ပတ်သက်၍ ၄၅နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်သူ နော်တ--- ၏ပြောပြချက်အရ သူမ၏အိမ်ဘေးနားတွင် မြေမြှုပ်မိုင်းအများအပြား ထောင်ထားခြင်းကြောင့် တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ရှောင်တိမ်းနိုင်ခဲ့လိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။ သို့သော်လည်း နောက်ဆုံးတွင် သူမ၏အသက်ကိုရင်းပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် မြေမြှုပ်မိုင်းများကို တက်နင်းမိနိုင်သည့် အခြေအနေမှ ရှောင်တိမ်းနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်သည့်နေရာမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ မြိုင်ကြီးငူဒေသရှိ ယာယီစခန်းတွင် တိမ်းရှောင်နေသော ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များသည် စားနပ်ရိက္ခာဖူလုံမှုပြဿနာ၊ ဆေးဝါးကုသမှုလုံလောက်မှုမရှိခြင်းနှင့် လူသားချင်းစာနာထောက်ပံ့မှုနည်းပါးခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်။[4] မည်သို့ပေဖြစ်စေကာမှု မြိုင်ကြီးငူအထူးဒေသနှင့် ထီးသေ့ခိကျေးရွာတွင် ကျန်ရှိနေသော ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များသည် ၎င်းတို့နေရပ်ဒေသသို့ ပြန်လည်နေထိုင်ရန် လုံခြုံစိတ်ချမှု မရှိဟု ခံစားနေရသည်။
ကော်လာဝါးတောင်ကုန်း၊ အ---ရွာ၊ ဖ---ရွာ၊ ခ---ရွာနှင့် သ---ရွာတို့တွင် ၂၀၁ရခုနှစ် အောက်တိုဘာလအတွင်း ဒုတိယမြောက်အပတ်မှစ၍ တိုက်ပွဲများ ပုံမှန်ဖြစ်ပွားခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြု စုသူများက ရေးသားတင်ပြထားသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူများမှ မကြာသေး မီက တင်ပြထားသော သတင်းအချက်အလက်များအရ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် နယ်ခြားစောင့်တပ်၏ ရည်မှန်းချက်ဖြစ်သည့် ဒေသအတွင်းရှိ DKBA ခွဲထွက်အဖွဲ့ကို ရှင်းလင်းရန် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အကြမ်းဖက်မှုကိုသုံး၍ ခြိမ်းခြောက်မှုများ ဖြစ်စေခဲ့သည့်အတွက်ကြောင့် အထက်ဖော်ပြပါ ကျေးရွာများမှ အချို့ရွာသားများနှင့် အခြားသောရွာမှ ရွာသားအချို့မှာလည်း ၎င်းတို့အတွက် လုံခြုံမှုမရှိဟု ခံစားခဲ့ရပြီး ၎င်းတို့၏ရွာများတွင် ဆက်လက်နေထိုင်ရန် ဆန္ဒမရှိကြတော့ပေ။ ထို့ကြောင့် အဆိုပါရွာသားများသည် ၎င်းတို့၏ကျေးရွာများကို စွန့်ခွာ၍ ဘူးသိုမြို့နယ်၊ ထီးသဒေါထကျေးရွာအုပ်စု[5]အတွင်း မြိုင်ကြီးငူအထူးဒေသနှင့် ရာမားထနေရာဒေသသို့ ထွက်ပြေးတိမ်းရှောင်ရန် ရွေးချယ်ခဲ့သည်။
နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်း၊ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းနှင့် ကလေးစစ်သားစုဆောင်းခြင်း
၂၀၁၆ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ပထမအကြိမ် တိုက်ပွဲများဖြစ်ပွားသည့်ကာလအတွင်း မဲသဝေါဒေသအနီးတဝိုက်ရှိ ဒေသခံရွာသားများ ခြောက်ထောင်ကျော် အိုးအိမ်စွန့်ခွာ၍ နေရပ်ရွှေ့ပြောင်း နေထိုင်ခဲ့ရသည်။ အဆိုပါရွှေ့ပြောင်းခံရသည့်ရွာသားများသည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် သော်လည်းကောင်း၊ မြေမြှုပ်မိုင်းအန္တရာယ်နှင့် အခြားသော အတားအဆီးအခက်အခဲများကြောင့်သော်လည်း ကောင်း နေရပ်သို့ ပြန်လည်အခြေချရန် လုံခြုံစိတ်ချမှု မရှိဟု ခံစားနေရသည်။ ဒေသခံအများစုသည် မြိုင်ကြီးငူအထူးဒေသတွင် ယာယီအခြေချနေထိုင်သော်လည်း အချို့ရွာသားများသည် ၎င်းတို့ပိုင်ဆိုင်သော အရာပစ္စည်းများ အစရှိသည့် ကျွဲနွားများနှင့် စိုက်ပျိုးခြံများကို လုံခြုံစွာ ထိန်းသိမ်းကြည့်ရှုရန်သော်လည်းကောင်း၊ ဒေသအခြေအနေ တိုးတက်မှုရှိမရှိ သိချင်ရန်အတွက်သော်လည်းကောင်း မေလနှင့် ဇွန်လအကြား မိုးရာသီကာလအတွင်း ၎င်းတို့ယခင်နေထိုင်ခဲ့သည့် ရွာများကို် ခဏတာ ပြန်လည်ရောက်ရှိခဲ့သည်ဟု ၂၀၁ရခုနှစ်၊ နိုဝင်ဘာလ၊ ၃ရက်နေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူများက အစီရင်ခံတင်ပြခဲ့သည်။
ဗ---ရွာသို့ ယာယီပြန်လည်နေထိုင်သည့် ဒေသခံရွာသားများထဲတွင် အမည်မဖော်လိုသူ ရွာသားတစ်ဦးလည်း ပါဝင်ပါသည်။ သူသည် ၁၃နှစ်အရွယ်ရှိပြီး မိသားစုထဲတွင် အကြီးဆုံးသားတစ်ယောက်ဖြစ်သည်။ ၂၀၁ရခုနှစ်၊ မေလနှင့် ဇွန်လအကြားတွင် သူသည် ဗ---ရွာသို့ ခေတ္တယာယီပြန်လည်ရောက်ရှိခဲ့သည်။ အဘယ့်ကြောင့်ဆို သော် သူ၏မိသားစုဝင်များက ရွာတွင် ယခင်လို ပုံမှန်အခြေအနေအတိုင်း ရှိနေသည်ဟု ထင်ထားကြသည်။ သို့သော်ငြားလည်း ဗျူဟာမှူး ဗိုလ်ဆန်းအောင်နှင့် ဒုဦးစီးချုပ်ဗိုလ်ဘိတို့ဦးဆောင်သော DKBA ခွဲထွက်အဖွဲ့က ရုတ်တရက် မမျော်လင့်ပဲ ယာယီပြန်လည်အခြေချနေထိုင်သော ရွာသားများကို အတင်းအဓမ္မ လာရောက်ဖမ်း ဆီးခဲ့သည်။ အချို့သော ရွာသားများသည် ဖမ်းဆီးခြင်းမှ ထွက်ပြေးလွတ်မြောက်သော်လည်း အမည်မဖော်လို သူ ၁၃နှစ်အရွယ်ရှိ ရွာသား တစ်ဦးမှာမူ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သူသည် ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် DKBA ခွဲထွက်အဖွဲ့က သူ့အား အလိုမပါပဲ ကလေးစစ်သားအဖြစ် လပေါင်းများစွာ ထမ်းဆောင်ရန် အတင်းအကြပ်ခိုင်း စေခဲ့သည်။
DKBA ခွဲထွက်အဖွဲ့မှ ၎င်း၏တပ်များ အင်အားဖြည့်ပြီးနောက်ပိုင်းတွင် ၂၀၁ရခုနှစ်၊ အောက်တိုဘာလအတွင်း ဒုတိယမြောက်အပတ်တွင် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မဲပရိုကျေးရွာအုပ်စုတွင် တပ်မတော်နှင့် BGF တို့၏ ပူးပေါင်းတပ်ဖွဲ့နှင့် DKBA ခွဲထွက်အဖွဲ့တို့ကြား တိုက်ပွဲများ တဖန်ဖြစ်ပွားခဲ့ပြန်သည်။ အမည်မဖော်လိုသူ ရွာသားတစ်ဦးက DKBA ခွဲထွက်အဖွဲ့အတွက် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတစ်ခုတွင် BGF တပ်ဖွဲ့က ထိုရွာသားအား စစ်မြေပြင်တွင် ဖမ်းဆီးမိခဲ့ရသည်။ BGF တပ်ဖွဲ့သည် သူ၏သေနတ်အပါအဝင် ပစ္စည်းအားလုံးကို သိမ်းယူခဲ့ပြီးနောက် ချက်ချင်းလွှတ်ပေးခဲ့သည်။ အဆိုပါ အမည်မဖော်လိုသူ ငယ်ရွယ်သော ရွာသားတစ်ဦးသည် မြိုင်ကြီးငူအထူးဒေသရှိ ယာယီစစ်ပြေးဒုက္ခသည်စခန်းတွင် ပြန်လည်ရောက်ရှိခဲ့ပြီး သူ၏မိသားစုတို့နှင့်လည်း ယခုတွင် အတူတကွ ပြန််လည်ပေါင်းစည်းနေထိုင်နေသည်ဟု ၂၀၁ရခုနှစ်၊ နိုဝင်ဘာလ၊ ၂၁ရက်နေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူများက အစီရင်ခံတင်ပြခဲ့သည်။
ပေါ်တာအဖြစ် အတင်းအဓမ္မခိုင်းစေခြင်း
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်လူ့အခွင့်အရေးအဖွဲ့၏သတင်းမှတ်တမ်းပြုစုသူများ၏ အစီရင်ခံတင်ပြချက် အရ ၂၀၁ရခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယမြောက်အပတ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ်ကတည်းက တပ်မတော်နှင့် နယ်ခြားစောင့်တပ်မှ ပူးပေါင်းအဖွဲ့တို့သည် ဒေသခံရွာသားများကို ပေါ်တာအဖြစ်သော် လည်းကောင်း၊ လုံခြုံရေးစောင့်အဖြစ်သော်လည်းကောင်း ၎င်းတို့အတွက် အမှုထမ်းဆောင်ရန် စေခိုင်းခဲ့သည်။ တပ်မတော်နှင့် နယ်ခြားစောင့်တပ်မှ ပူးပေါင်းအဖွဲ့တို့သည် ၂၀၁ရခုနှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလအထိ ရွာသားများကို ပေါ်တာနှင့်လုံခြုံရးစောင့်အဖြစ် လုပ်ဆောင်ရန် စေခိုင်းခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူများက ၂၀၁ရခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ရက်တွင် အတည်ပြုရေးသားတင်ပြခဲ့သည်။ ပေါ်တာဆွဲခံရသည့်ရွာသားများနှင့် KNU လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ပြောပြချက်အရ BGF တပ်ရင်းအမှတ် (၁၀၁၃) နှင့် (၁၀၁၄) တို့မှ[6] ကွီးလောပလို့၊ မဲသမူး၊ ကလယ်ဒေး၊ ယောပို့နှင့် ကလူးထောကျေးရွာအုပ်စုတို့တွင် နေထိုင်ကြသော ရွာသားများကို ပေါ်တာထမ်းဆောင်ရန် စေခိုင်းခဲ့သည်။ အဆိုပါကျေးရွာအုပ်စုများထဲမှ ဘ---၊ စ---၊ ဒ---၊ ဝ---၊ ဃ---၊ န---၊ ဖ---၊ ဇ---ရွာများနှင့် အခြားရွာများမှ ဒေသခံပြည်သူများသည် BGF တပ်ဖွဲ့အတွက် စားနပ်ရိက္ခာများ၊ လက်နက်ခဲယမ်းများနှင့် စစ်သားများ၏ အသုံးအဆောင်ပစ္စည်းများကိုပါ သယ်ယူပို့ဆောင်ရန်် အတင်းအဓမ္မ ခိုင်းစေခံခဲ့ရသည်။ BGF ပေါ်တာအဖြစ် ခိုင်းစေခံခဲ့ရသော ရွာသားများ၏ အဆိုအရ တချို့ရွွာသားများသည် BGF စစ်သားများကိုလည်း ဗ---ဒေသမှ ထ---နှင့် ယ---ရွာအထိ ပို့ဆောင်ခဲ့ရသည်။ ၎င်းတို့ပို့ဆောင်ရသောဒေသများသည် ထီးမောခီးဒေသရှိ BGF အခြေချရာ ရှေ့တန်းယာယီတပ်စခန်းတွင် တည်ရှိနေသည်။ ထိုနေရာ ဒေသသို့ ရောက်ရှိရန် တစ်နာရီခွဲ လောက် လမ်းလျှောက်ရခဲ့သည်။ ပေါ်တာလုပ်ဆောင်ရန် ခိုင်းစေခံခဲ့ရသော ရွာသားများသည် ပေါ်တာထမ်း ဆောင်ရန် ငြင်းဆိုပါက BGF ကို ၁၅၀၀၀ ကျပ် ပေးဆောင်ရမည်ဟု ရွာသားများက ကရင်လူ့အခွင့်အရေးအဖွဲ့ ကို တင်ပြခဲ့ကြသည်။ ငွေကြေးမပေးနိုင်သော သာမန်ပြည်သူများသည် ၎င်းတို့အသက်အန္တရယ်ရှိနေသော် လည်း BGF တပ်ဖွဲ့မှ စေခိုင်းတောင်းဆိုမှုများကို တသွေမတမ်း လိုက်နာဆောင်ရွက်ခဲ့ရသည်။
ဒေသခံရွာသား အများအပြားသည် BGF တပ်ဖွဲ့အတွက် ပေါ်တာထမ်းဆောင်ရန် ၎င်းတို့၏ဘဝများကို စတေး၍ အတင်းအဓမ္မခိုင်းစေခံခဲ့ရသည်။ ထောင်ထားသည့်မြေမြှုပ်မိုင်းများကြောင့် ရွာသားများ၏အသက်အန္တရယ်သည် အလွန်တရာစိုးရိမ်ဖွယ်ရာ ရှိခဲ့ပါသည်။ ထို့အပြင် DKBA ခွဲထွက်အဖွဲ့မှ BGF တပ်ဖွဲ့ကို အချိန်မရွေး တိုက်ခိုက်နိုင် သည့်အတွက်ကြောင့် ပေါ်တာခိုင်းစေခံရသည့် ရွာသားများသာမက အခြားသောရွာသားများအား ကြိုတင်အသိ ပေးခြင်းမရှိပဲ ၎င်းတို့၏အသက်အန္တရယ်များကိုလည်း ကာကွယ်ပေးခြင်းမရှိပေ။ ပေါ်တာစေခိုင်းခံရသော ရွာသားတစ်ဦး၏ ပြောပြချက်အရ ရွာသားများသည် မြေမြှုပ်မိုင်းများအား နင်းမိမည်ကို ကြောက်ရွံ့ကြ၍ ၎င်းတို့၏ခြေရာများသာ ထပ်ဆင့်နင်းပြီး လမ်းလျှောက်ခဲ့ရသည်။
ပေါ်တာစေခိုင်းခံရသည့် ရွာသားများ၏ အဆိုအရ တပ်မတော်နှင့် BGF တပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့တို့သည် ဒေသခံ ရွာသားသုံးလေးယောက်ဆီတိုင်းကို သုံးရက်တစ်ကြိမ် ပြောင်းလဲ၍ ပေါ်တာအဖြစ်် ခိုင်းစေခဲ့သည်။ ပိုက်ဆံရှိသောရွာသားများသည် ၎င်းတို့အစား ပေါ်တာအဖြစ် ဝင်ရောက်လုပ်ဆောင်ရန် အခြားရွာသားများကို ၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ပေးဆောင်ငှားရမ်းခြင်းရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူများကလည်း ရေးသားဖော်ပြခဲ့သည်။ အစားထိုးခံရသည့် ပေါ်တာအများစုသည် အလွန်ဆင်းရဲသော ရွာသားများဖြစ်ကြသည်။ ပေါ်တာအဖြစ် ဝင်ရောက်အစားထိုး လုပ်ဆောင်ခြင်းမပြုပါက ထိုရွာသားများသည် ၎င်းတို့၏ စားဝတ်နေရေးအခက်အခဲများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုရွာသားများသည် ပေါ်တာလုပ်ရန်အတွက် အသက်အန္တရယ်ရှိသည်ကို သိသော်လည်းပဲ ၎င်းတို့၏ဘဝကို စတေး၍ ဝင်ရောက်အစားထိုး လုပ်ဆောင်ခဲ့သည်။
ဒေသခံရွာသားများအား ပေါ်တာအဖြစ်လုပ်ဆောင်ရန် ခိုင်းစေမှုများ လုပ်ခဲ့သည်သာမက တပ်မတော်နှင့် BGF ပူးပေါင်းအဖွဲ့မှ ၎င်းတို့သွားလိုသည့်နေရာများကို လိုက်ပြနိုင်ရန်အတွက် ရွာသားများအားလမ်းပြအဖြစ် ပြုလုပ်ရန်လည်း ခိုင်းစေခဲ့ပြန်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်း ပြုစုသူများက ရေးသားဖော်ပြခဲ့သည်။ ဥပမာအားဖြင့်ဆိုရမည်ဆိုလျှင် BGF အရာရှိများဖြစ်သော မောင်နနှင့် နဲဝါးတို့မှ ဌ---ရွာတွင် နေထိုင်သော စောင--- ကို BGF လမ်းပြတစ်ယောက်အဖြစ် လုပ်ဆောင်ရန် အတင်းအဓမ္မခိုင်းစေခဲ့ သည်။ စောင--- သည် BGF လမ်းပြအဖြစ် ဆောင်ရွက်ရန် စေခိုင်းခံခဲ့ရကတည်းကစ၍ သူသည် တစ်ဦးတည်းသွားလာရန် လုံခြုံမှုရှိသည်ဟု မခံစားရတော့ပေ။ ထို့ကြောင့် ဌ---ကျေးရွာအုပ်ချုပ်ရေးမှူးက သူသွားသည့်နေရာတိုင်းတွင် နောက်လိုက်ပြီး စောင့်ကြည့်ရန်အတွက် တာဝန်ယူဆောင်ရွက်ခဲ့ရသည်။ ၂၀၁ရခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယမြောက်အပတ် မှစ၍ BGF တပ်ဖွဲ့မှ စောင--- နှင့် ဌ---ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားလေးဦးကို လုံခြုံရေးအစောင့်အဖြစ် တာဝန်ယူပေးရန် ခိုင်းစေခဲ့ သည်။ ၎င်းတို့သည် အခြားသော BGF စစ်သားများ၏ အရှေ့တည့်တည့်တွင် စိတ်ဆန္ဒမပါပဲ လမ်းလျှောက်သွား ခဲ့ရသည်။ အဘယ်ကြောင့်သော် BGF စစ်သားများသွားလာရသည့် လမ်းတစ်လျှောက်တွင် မြေမြှုပ်မိုင်းများ ရှိနေသောကြောင့်ဖြစ်သည်။ ထို့အပြင် DKBA က ၎င်း၏စစ်သားများအား အကယ်၍ BGF စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံပါက BGF ၏ လုံခြုံရေးစောင့်အဖြစ် တာဝန်ယူပေးရသော ရွာသားများကို အရင်ပစ်သတ်ပါဟု အမိန့်ပေးချမှတ်ခဲ့သည့် ကောလဟာလသတင်းများ ထွက်ပေါ်ပျံ့နှံ့ခဲ့သည်။ စောင--- သည် ထိုကောလဟလ သတင်းကို ကြားသိခဲ့ရပြီးသည့်နောက်တွင် ၎င်း၏အသက်အန္တရယ်များရှိနိုင်သည့်အတွက် BGF ကို ရင်ဆိုင်ပြီး ပြောဆိုခဲ့သည်။ သူက…
“တကယ်လို့များ ကျွန်တော်သေခဲ့ရင် ကျွန်တော့်မိန်းမနဲ့ကလေးတွေကို ဘယ်သူက တာဝန်ယူ စောင့်ရှောက်ပေးမှာလဲ။ အခုအချိန်မှာ ကျွန်တော့်မိန်းမက အရမ်းဖျားနေတယ်။ သူ့ကို စောင့်ရှောက်မဲ့သူ တစ်ယောက်မှ မရှိဘူး။ ကျွန်တော်လည်း သူတို့တွေကို မကာကွယ်စောင့်ရှောက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အရမ်းဆင်းရဲတယ်လေ။ ကျွန်တော့်မိသားစုကို ကျွေးမွေးဖို့ ဆန်တောင်မှ မရှိတော့ဘူး။ ဘာကြောင့် ခင်ဗျားတို့က ကျွန်တော့်ကို ဒီလိုဆက်ဆံနေရတာလဲ။”
စောင---သည် BGF စစ်သားများကို ပြောဆိုခဲ့ပြီးနောက်တွင် ၎င်းသည် BGF စစ်သားများ၏ အရှေ့တွင်နေ၍ လမ်းပြရခြင်းမှ ကင်းလွတ်ခဲ့သည်။ သို့ဖြစ်စေကာမူ သူသည် BGF လမ်းပြတစ်ယောက်အဖြစ် ဆက်လက်လုပ် နေရဆဲဖြစ်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ သတင်းမှတ်တမ်းပြုစုသူတစ်ဦးသည် စောန--- အား ၂၀၁ရခုနှစ်၊ နိုဝင်ဘာလ၊ ၂၂ရက်တွင် တွေ့ဆုံမေးမြန်းခဲ့သည့်အချိန်တွင် သူသည် အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် အချိန်အနည်းငယ်မျှမရှိဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် BGF လမ်းပြတစ် ယောက်အဖြစ် တာဝန်ယူခိုင်းစေခံရသည့် အချိန်အတွက် အခကြေးငွေများ မရရှိခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် စောင--- သည် ကရင်လူ့အခွင့်အရေးအဖွဲ့ သတင်းမှတ်တမ်းပြုစုသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်နေသည့်အချိန်တွင်သူ၏သက်သေထွက်ဆိုချက်များကို အလျှင်စလို ပြောပြရသည်။ အဘယ်ကြောင့်ဆို သော် သူသည် BGF စစ်သားများအတွက် လမ်းပြအဖြစ် ဆောင်ရွက်ရန်အတွက နောက်တစ်ကြိမ် ခေါ်ယူစေခိုင်းခံခဲ့ရခြင်း ရှိသောကြောင့်ဖြစ်ပြီး အကယ်၍ သူသည် နောက်ကျခဲ့မည်ဆိုလျှင် BGF စစ်သားများက ၎င်းအား ဆိုးရွားစွာ တစ်ခုခုလုပ်လိမ့်မည်ဟု ကြောက်ရွံ့နေခဲ့ရခြင်းဖြစ်သည်။
နိဂုံး
KNU နှင့် မြန်မာအစိုးရတို့မှ လက်မှတ်ထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ််တိုက်ခိုက်မှုရပ်ဆဲရေး သဘောတူစာချုပ် (NCA)[7] သည် (၂) နှစ်ပြည့်ခဲ့ပြီးဖြစ်သော်လည်း တပ်မတော်နှင့် BGF တပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့နှင့် (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးခဲ့သော) DKBA ခွဲထွက်အဖွဲ့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ရပ်တန့်ခြင်းမရှိခဲ့ပေ။ လက်နက်ကိုင်တပ်ဖွဲ့ (၈) ဖွဲ့သာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် ၎င်းငြိမ်းချမ်းရေးတည်ဆောက်သည့် ဖြစ်စဉ်တစ်ခုသည် လတ်တလောအခြေအနေတွင် BGF တပ်ဖွဲ့နှင့် တပ်မတော်တို့သာ အကျုံးဝင်သည်။ သို့သော် DKBA ခွဲထွက်အဖွဲ့အတွက် အကျုံးမဝင်ပေ။ မည်သို့ပေဖြစ်စေ ကာမူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့တို့သည် အများပြည်သူများ၏ အသက်များအား အန္တရယ်ဖြစ်စေခြင်း၊ အတင်းအဓမ္မစစ်သားစုဆောင်ခြင်းနှင့် ကလေးစစ်သားစုဆောင်းခြင်းများ အစရှိသည့် လူ့အခွင့်အရေးချိုးဖောက် မှုများ မဖြစ်ပွားစေရန်တွက် NCA ၏ နှစ်ဦးနှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းထုံးတမ်းများကို ခိုင်မြဲစွာ လေးစားလိုက်နာရမည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်မထိုးခဲ့သည့် အချိန်တွင် မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်ဖွဲ့များအကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ဖြစ်စေသော အဓိက အရာတစ်ခုဖြစ်သည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လှိုင်းဘွဲမြို့နယ်ရှိ ဒေသခံပြည်သူများသည် ၎င်းတို့၏ အိုးအိမ်များ၊ ကျွှဲနွားများနှင့် မြေယာများကို စွန့်ခွာ၍ ဆက်လက်ရွှေ့ပြောင်း နေရဆဲဖြစ်သည်။ ထိုမျှမက ရွာသားများ၏ အသက်အန္တရယ်သည် မြေမြှုပ်မိုင်းကြောင့်သော်လည်းကောင်း၊ တပ်မတော်နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့မှ ရွာသားများအား ပေါ်တာနှင့်လုံခြုံရေးစောင့်အဖြစ် လုပ်ဆောင်ရန်် အတင်းအဓမ္မခိုင်းစေမှုတို့ကြောင့် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ သို့သော်ငြားလည်း ရွာသားများသည် ခက်ခဲကြပ်တည်းသည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် ဥပမာအားဖြင့် ပို၍ကောင်းသော ပေါ်တာလုပ်ဆောင်ရခြင်းကို ရရှိရန် BGF စစ်သားများကို ညှိနှိုင်းတောင်းဆိုခြင်းနှင့် နေရပ်ဒေသသို့ပြန်လာနိုင်ရန်အတွက် အလုံခြုံဆုံးသော အချိန်ကိုရွေးချယ်ရန် ဒေသအခြေအနေများကို လေ့လာစောင့်ကြည့်ခြင်း စသည့် ၎င်းတို့၏ ကွဲပြားခြားနားသော ဗျူဟာစနစ်များကို ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာပြည်တွင်းရှိ ဒေသခံ ရွာသားများအတွက် လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရန် ငြိမ်းချမ်းရေး လုပ်ဆောင်ခြင်း၊ တိုက်ပွဲများ ရပ်တန့်ပေးခြင်းနှင့် မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးခြင်းတို့သည် မရှိမဖြစ် လုပ်အပ်ပေသည်။