အထက်ပါပုံများသည် ၂၀၁၈ခုနှစ်၊ ဧပြီလ၊ ၁၃ရက်နေ့တွင် ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ တရီပလောခေါ် ထီးဆီးထာပလောလယ်ကွင်းပြင်အစပ်နားတွင် ရိုက်ယူခဲ့သည်။ ပထမပုံသည် တပ်မတော် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန််တပ်ရင်းအမှတ် (၃၅၁)မှ စောအိုမူးကို ပစ်သတ်ခဲ့သောနေရာတွင် စောအိုမူး ဆိုင်ကယ်၏ပုံဖြစ်သည်။ တပ်မတော်သည် စောအိုမူး၏ဆိုင်ကယ်ကို ယူမသွားပဲ ဆိုင်ကယ်ဝါယာကြိုးများကို ဖျက်စီးပြီး ဘတ်ထရီကို ယူဆောင်သွားခြင်းဖြစ်သည်။ ဒုတိယပုံသည် စောအိုမူး၏ သွေးများနှင့် တပ်မတော်ပစ်ခတ်ခဲ့သည့် ကျည်ဆံများကြောင့် ထိမှန်သွားသော ဝါးများ၏ပုံဖြစ်သည်။ (ဓာတ်ပုံများ - KHRG)
နိဒါန်း
ဌာနေတိုင်းရင်းသား ကရင်လူထုခေါင်းဆောင် စောအိုမူးသည် ၂၀၁၈ခုနှစ်၊ ဧပြီလ၊ ၅ရက်နေ့တွင် တပ်မတော် စစ်တပ်မှ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ လက်ခံရရှိသော သတင်းအချက်အလက် များအရ စောအိုမူးသည် လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ ထီးစီးထပလော (သို့) တရီပလော လယ်ကွင်းပြင်အနားစပ်တွင်ရှိ ဝါ့ကလိုးထဒေသတွင် ရောက်ရှိနေစဉ် တပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ)အမှတ်(၃၅၁)သည် ၎င်းအား ပစ်သတ်ခဲ့သည်။ စောအိုမူးသည် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအား ကူညီရန် လူသားချင်းစာနာထောက်ပံ့မှုအကူအညီများစသည့် လုပ်ဆောင် ရန်အစီအစဉ်များကို ဆွေးနွေးရန်အတွက် အစည်းအဝေးတစ်ခုတက်ရောက်ခဲ့ပြီး အိမ်သို့ပြန်လာနေစဉ်တွင် ပစ် သတ်ခံရခြင်း ဖြစ်သည်။ စောအိုမူး အသတ်မခံရအချိန်တွင် သူသည် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တပ်ရင်းအမှတ် (၁) လက်အောက်ခံ တပ်ခွဲအမှတ်(၂)မှ ဒုတပ်ရင်းမှူးဖြစ်သည့် စောဆဲဘလုဒိုနှင့် အတူတူဆိုင်ကယ်စီးနင်းလာခဲ့သည်။ ၎င်းဒုတပ်ရင်းမှူးသည် လယ်မူပလောသို့သွားပို့ပေးရန်အတွက် စောအိုမူးအား အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။
စောအိုမူးသည် လယ်မူပလောသို့သွားရန်ဆိုင်ကယ်စီးနင်နေသည့်အချိန််တွင် ပစ်သတ်ခံရခဲ့သည်။ ၎င်း၏ရုပ်အ လောင်းကို ဘယ်မှာရှိမှန်း ယခုအချိန်ထိ မည်သူမျှမသိရှိရသေးချေ။ သို့သော် ဒုတပ်ရင်းမှူးသည် စောအိုမူးအ ပစ်သတ်ခံရသည့် နေရာတွင် သူ၏လက်နက်ကြီးကျည်ဆံလေးလုံးကို ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။ စောအိုမူး၏ဆိုင်ကယ်သည် ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းဆိုင်ကယ်၏ဘယ်ထရီကိုလည်း တပ်မတော်မှ ယူဆောင် သွားခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်သားများသည် စောအိုမူးအား ပစ် သတ်ခဲ့သည့်နေရာတွင် သွားရောက်ခဲ့သည့်အချိန်တွင် မြေပြင်ပေါ်တွင် စောအိုမူး၏သွေးစက်များနှင့် ၎င်း၏ ပျက်စီးနေသည့်ဆိုင်ကယ်ကိုသာ တွေ့ခဲ့ရသည်။ စောအိုမူး၏ရုပ်အလောင်းကို မတွေ့ရှိခဲ့ရသည့်အတွက် ကြောင့် ဒေသခံရွာသားများက စောအိုမူးကို တပ်မတော်က သေသည့်အထိ နှိပ်စက်ခဲ့သည်ဟု ထင်မြင်ယူဆကြ သည်။ ရွာသားများသည် တပ်မတော်က စောအိုမူး၏အလောင်းကို တစ်နေရာတွင် လျှို့ဝှက်စွာ မြှုပ်နှံခဲ့သည်ဟု ယုံကြည်နေကြသည်။
စောအိုမူး၏ကိုယ်ရေးအကျဉ်းချုပ်
စောအိုမူးသည် လယ်မူပလောဒေသတွင် နေထိုင်သော ဌာနေတိုင်းရင်းသားတစ်ဦးဖြစ်ပါသည်။ သူသည် အသက်၄၂နှစ် အရွယ်ရှိပြီး အသက်ရှင်ကျန်ရစ်သော ကလေးခုနှစ်ယောက်နှင့် အမျိုးသမီးတစ်ဦးရှိသည်။ သူ၏အငယ်ဆုံးသားသည် အသက် (၁၀)လ အရွယ်သာရှိသေးသည်။ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလုပ်ရှားမှု ကွန်ယက် (KESAN)[2] ၏ သတင်းမှတ်တမ်းပြုချက်အရ စောအိုမူးသည် သဘာဝပတ်ဝန်းကျင်၊ ကရင်မိရိုးဖလာဓ လေ့များ၊ ကရင်ဘိုးဘွားပိုင်နယ်မြေများနှင့် ဌာနေကရင်တိုင်းရင်းသားအခွင့်အရေးတို့၏ ကာကွယ်စောင့်ရှောက် သူတစ်ဦး ဖြစ်သည်။ သူသည် ဌာနေကရင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးအဖြစ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် စွမ်စွမ်းတမံ ပါဝင်လုပ်ဆောင်သူလည်းဖြစ်သည်။ စောအိုမူးသည် ဒေသခံအဖွဲ့အစည်းများဖြစ်သည့် Salween Peace Park ဆိုသည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နှင့် လူသောဖောဒေးတို့၏ ဖွံ့ဖြိုးတိုးတက်မှုအ တွက်ကိုလည်း လုပ်ပေးသူတစ်ဦးလည်းဖြစ်သည်။ ထိုမျှမက စောအိုမူးသည် ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေးစသည့်အရာများကိုလည်း စိတ်ဝင်စားပြီး ချစ် မြတ်နိုးသူတစ်ဦးလည်းဖြစ်သည်။ ၂၀၁၈ခုနှစ်၊ ဧပြီလ၊ ၅ရက်နေ့ မနက်ပိုင်းတွင် တပ်မတော်မှ ဆိုင်ကယ်စီး နင်းလာသော အခြားသောရွာသားများကို ပစ်ခတ်ခဲ့သည့် အကြောင်းအရာများကိုလည်း ကရင်လူ့အခွင့်အ ရေးအဖွဲ့မှ လက်ခံရရှိခဲ့သည်။[3]
စောအိုမူးအသတ်ခံရခြင်း - နိုင်ငံတကာလူ့အခွင့်အရေးနှင့် NCA ၏ လိုက်နာရမည့် ကတိကဝတ်များကို ချိုးဖောက်ကျုးလွန်ခြင်း
စောအိုမူး၏အမျိုးသမီးဖြစ်သော နော်က---သည် ပဋိပက္ခကာလအတွင်း သူမ၏အမျိုးသားသည် ဘာကြောင့် ခရီးသွားနေခဲ့ရသည်ကို ရှင်းပြခဲ့သည်။ စောအိုမူးယုံကြည်ထားသည်မှာ NCA[4] ၏ လိုက်နာစောင့်ထိန်းရမည့် က တိကဝတ်များကြောင့် တပ်မတော်သည် သူ့အား ပစ်သတ်လိမ့်မည်မဟုတ်ဟု ထင်မြင်ခဲ့မိသည်။ သူအသတ်မခံ ရသည့်အချိန်တွင် တပ်မတော်သည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်ကိုရှင်းပြရန်အ အတွက် ပြည်သူလူထုများသွားလာနေသည့်လမ်းများတွင် စာစောင်များချထားပြီး ဒေသခံရွာသားများနှင့်လည်း ဆက်ဆံရေးပိုမို၍ ကောင်းမွန်လာအောင် တည်ဆောက်ခဲ့သည်။ ၎င်းစာစောင်များတွင် တပ်မတော်မှ ဒေသခံရွာ သားများအား ထိခိုက်နာကျင်စေမည့်လုပ်ရပ်များကို မပြုလုပ်ပါဟု ဖော်ပြထားပါသည်။
သို့သော်ငြားလည်း တပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန််တပ်ရင်းအမှတ် (၃၅၁) သည် ၎င်းတို့၏ကတိစကားများကို စောင့်ထိန်းခြင်းမရှိဘဲ လက်နက်မရှိသည့်အရပ်သား စောအိုမူးအား ပစ် သတ်ခဲ့ပါသည်။ စောအိုမူးနှင့် ဆိုင်ကယ်အတူအတူစီးလာသော ဒုတပ်ရင်းမှူးသည် သေနတ်နှစ်လက်နှင့် လက်နက်ကြီးကျည်ဆံလေးလုံးကိုကိုင်ဆောင်လာသော်လည်း စောအိုမူးအသတ်ခံရခြင်းသည် NCA ၏ လိုက် နာစောင့်ထိန်းရမည့် ကတိကဝတ်များကို ချိုးဖောက်ကျူးလွန်နေသည့်လုပ်ရပ်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် တပ်မတော်မှ ဆိုင်ကယ်စီးနင်းလာသော အခြားရွာသားများကိုလည်း ပစ်ခတ်ခဲ့ သည့်သတင်းအကြောင်းအရာများကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့မှ လက်ခံရရှိခဲ့ပါသည်။
တပ်မတော်မှ စောအိုမူးကို ပစ်သတ်ခဲ့သည့် လုပ်ရပ်သည် NCA ၏လိုက်နာစောင့်ထိန်းရမည့် စည်ကမ်းချက်များ ဖြစ်သည့် အခန်း(3)၊ အပိုင်း(9) (ခ)ကို ချိုးဖောက်ရာဖြစ်စေသည်။ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ သဘောတူ ထားချက်အရ “ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက် ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်း မပြုလုပ်ရ” ဖြစ်သည်။ ၎င်းအပြင် တပ်မတော်သည် အ ပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း (UDHR)[5] တွင် ပါရှိသော အခန်း(၃)ကို ချိုးဖောက်ကျုးလွန် ခဲ့သည်။ ယင်းအခန်း(၃)၏ ဖော်ပြချက်ထဲတွင် “လူသားတိုင်းသည် အသက်ရှင််ရန် လွတ်လပ်မှုအခွင့်အရေးနှင့် လုံခြုံစိတ်ချမှုအခွင့်အရေးများရှိသည်” ဟု ဆိုပါသည်။ တပ်မတော်မှ စောအိုမူးကို ပစ်သတ်ခြင်းသည် စစ်ရာဇဝတ်မှုတစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းလုပ်ရပ်မျိုးသည် ၁၉၄၉ခုနှစ်တွင် လက်မှတ်ထိုးခဲ့သော ဂျီနီဗာသဘောတူညီချက်ထဲတွင်ပါဝင်သော အခန်း(၃)တွင် အရပ်သားများအား သတ်ဖြတ်ခြင်းကို တားမြစ်ထားပါသည်။[6]
တပ်မတော်မှ သတင်းမှန်ပြန်ကြားရေးအဖွဲ့သည်[7] အဆိုပါဖြစ်ပျက်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ခု ကြေငြာခဲ့သည်။ ၎င်းထုတ်ပြန်ချက်တစ်ခုမှာ တပ်မတော်က စောအိုမူးအားရပ်ဟု အမိန့်ပေးရာမှ ထွက်ပြေးသွား ကြောင်းဆိုပြီး ဖြစ်ရပ်မှန်များကို ငြင်းဆိုဖုံးကွယ်ခဲ့ပါသည်။ ဤထုတ်ပြန်ချက်ထဲတွင် တပ်မတော်သည် ဒေသခံရွာသားနှစ်ဦးအား အကြမ်းဖက် တိုက်ခိုက်မှုများနှင့် မိုင်းများထောင်သည့်လုပ်ရပ်များတွင် ပါဝင်ပတ် သက်ခဲ့သည့်ဆိုပြီး မသင်္ကာ၍ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားပါသည်။ ၎င်းတို့သည် မမှန်ကန်သော သက်သေအထောက်အထားများဖြင့် သေဆုံးသွားသည့်ရွာသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။ ဤထုတ်ပြန်ချက်ကို The Irrawaddy သတင်းမီဒီယာမှလည်း ထည့်သွင်းဖော်ပြထားပါသည်။[8]
တပ်မတော်ထုတ်ပြန်ချက်နှင့်ပတ်သတ်ပြီး စောအိုမူး၏အမျိုးသမီး နော်က---၏ ပြန်လည်ပြောပြချက်အရ သူမ၏အမျိုးသားသည် တပ်မတော်မှ သူ့အားပစ်ခတ်ခဲ့သည့်အချိန်တွင် သူသည် ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ဟု သူမယုံကြည်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စောအိုမူးပစ်ခတ်ခြင်းခံရသည့်နေရတွင် သစ်ပင်ဝါး ပင်များ ဘေးပတ်လည်တည်ရှိနေပြီး ထိုနေရာတွင် သူ၏သွေးစက်များကို တွေ့ရှိခဲ့ရခြင်းကြောင့်ဖြစ်သည်။
စောအိုမူးနှင့်ခရီးအတူသွားခဲ့သည့် စောဆဲဘလုဒိုသည် ဤကဲ့သို့ပြောဆိုခဲ့ပါသည်။ “ကျွန်တော်ဗမာစစ်သားများ ကိုတွေ့တဲ့ အချိန်မှာ ကျွန်တော်ဆိုင်ကယ်ပေါ်ကခုန်ဆင်းပြီး တစ်ခါတည်းထွက်ပြေးသွားခဲ့ပါတယ်။ စောအိုမူး က ဆိုင်ကယ်ကို ချက်ချင်းမရပ်နိုင်တဲ့အတွက်ကြောင့် သူ့ကိုပစ်လိုက်ပါတယ်။ ကျွှန်တော် တောထဲကို ထွက်ပြေး တဲ့အချိန်မှာ သေနတ်သံ တွေကို ကြားလိုက်ပါတယ်”။ ၎င်း၏ပြောဆိုချက်များကို Burma Link သတင်းဌာနမှ ဖော်ပြထားပါသည်။[9]
စစ်ဘက်ဆိုင်ရာ လမ်းပြုပြင်ဖောက်လုပ်မှုသည် တိုက်ပွဲများနှင့် နေရာရွှေ့ပြောင်းခံရခြင်းကို ဖြစ်ပေါ်စေခြင်း
၂၀၁၇ ခုနှစ် နိုဝင်ဘာလကစပြီး[10] KNLA နှင့် တပ်မတော်ကြားတွင် အခြေအနေတင်းမာမှု စတင်ဖြစ်ပေါ်လာခဲ့ သည်။ တပ်မတော်သည် လယ်မူပလော နှင့် ခေးပူကျေးရွာအုပ်စုကို ဆက်သွယ်ထားသည့်လမ်းကို စစ်ဘက် ဆိုင်ရာလှုပ်ရှားမှုများ အတွက် အသုံးပြုရန် ၎င်းလမ်းကို ပြန်လည်ပြုပြင်ဖောက်လုပ်ခဲ့သည်။ အဆိုပါလမ်းကို ပြုပြင်ဖောက်လုပ်သော တပ်မတော် တပ်ဖွဲ့များသည် တောင်ငူခရိုင်မှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်သည်။ ၎င်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ၎င်းလမ်း ဖောက်လုပ်မှုနှင့်ပတ်သက်ပြီး KNLA နှင့် ညောင်လေးပင်ခရိုင် အာဏာပိုင်များကို ကြိုတင်အကြောင်းကြားခဲ့ကြောင်း Burma Link သတင်းဌာနမှ ရေးသားဖော်ပြထားသည်။[11]
ဤလမ်းသည် ကရင်အမျိုးသားအဖွဲ့အစည်း (KNU) နယ်မြေအတွင်း၌တည်ရှိနေသည်။ ဒေသခံရွာသားများ သွားလာအသုံးပြုသည့်လမ်းလည်းဖြစ်သည်။ တပ်မတော်သည် ဒေသခံရွာသားများနှင့် KNU အာဏာပိုင်များဆီ မှ ခွင့်ပြုချက်မရရှိဘဲ ဌာနေကရင်တိုင်းရင်းသားများ ထိန်းသိမ်းစောင့်ရှောက်သည့် သစ်တောနယ်မြေများနှင့် ဒေ သခံရွာသားများ၏ လယ်ယာမြေများကို ဖြတ်ပြီး ၎င်းလမ်းကို ဖောက်လုပ်ခဲ့သည်။ ဒေသခံရွာသားများ ခရီးသွား လာရာတွင် အလွန်အန္တရာယ်များလှပါသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်သည် ရွာသားများအပေါ် အ ကြိမ်းဖက်ခြင်းများ ပြုလုပ်နေသောကြောင့်ဖြစ်သည်။ စစ်လှုပ်ရှားမှုအတွက်အသုံးပြုရန် ဖောက်လုပ်နေသည့် လမ်းသည် ဒေသခံရွာသားများအတွက် မည်မျှအန္တရယ်ရှိသည်ကို တပ်မတော်မှ ပစ်သတ်ခဲ့သည့် စောအိုမူး၏ သေဆုံးမှုသည် သက်သေသာဓကတစ်ခုဖြစ်သည်။
ဖာပွန်ခရိုင်ရှိ တပ်စခန်းများတွင် အခြေချသော တပ်မတော်စစ်သားများသည် လမ်းပြုပြင်ဖောက်လုပ်သည့် အခြားတပ်မတော်စစ်သားများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ရသည်။ စစ်လှုပ်ရှားမှုများ အသုံးပြုရန် ပြုပြင်ဖောက်နေသည့်လမ်းသည် ကျေးရွာအုပ်စုသုံးအုပ်စုအတွင်းရှိ ဒေသခံရွာသားများ၏ လယ် ယာ၊ တောင်ယာများနှင့် အများပိုင်သစ်တောနယ်မြေများကို ထိခိုက်ပျက်စီးစေခဲ့သည်။ ၎င်းကျေးရွာအုပ်စုသုံး အုပ်စုများမှာ စောမူပလော၊ လယ်မူပလောနှင့် ခေးပူကျေးရွာအုပ်စုတို့ဖြစ်ကြသည်။ ၎င်းလမ်းပြုပြင်ဖောက်လုပ်မှု ကြောင့် မြေယာပျက်စီးမှုများနှင့် မြေယာအသိမ်းခံရမှုများရှိနေသော်လည်း တပ်မတော်သည် ဒေသခံရွာသား များနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိသည့်အပြင် ရွာသားများအား နစ်နာကြေးများ ပေးလျော်ခြင်း မရှိခဲ့ပေ။
တပ်မတော်သည် KNU ထိန်းချုပ်သည့်နေရာဒေသတွင် KNU ၏ ခွင့်ပြုချက်မရရှိဘဲ စစ်လှုပ်ရှားမှုအတွက် လမ်းကို ပြုပြင်ဖောက်လုပ်ခြင်းကြောင့် တပ်မတော်သည် NCA ၏လိုက်နာစောင့်ထိန်းရမည့် ကတိကဝတ် များအောက်တွင်ရှိသည့် အခန်း (၈)၊ အပိုင်း (ခ) ဆိုသည့်အချက် ကျူးလွန်ချိုးဖောက်ခဲ့သည်။ ယင်းအခန်း(၈)၊ အပိုင်း (ခ)တွင် ဖော်ပြထားသည်မှာ “တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက် ဖြင့်သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန်” ဖြစ်သည်။
ဒေသခံပြည်သူလူထုများသည် ဤစစ်ဆိုင်ရာလှုပ်ရှားမှုအတွက် အသုံးပြုရန်် ပြုပြင်ဖောက်လုပ်ထားသည့်လမ်း ကို ခွင့်ပြုသဘောတူထားခြင်း မရှိဟု စောအိုမူး၏အမျိုးသမီး နော်---က ပြောဆိုတင်ပြခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ဒေသခံရွာသားများသည် သယ်ယူပို့ဆောင်ရေးအတွက်စသည့်လိုအပ်ချက်များကိုသာ အသုံးဝင်ဖြည့်ဆည်းနိုင်မည့်လမ်းကို ဆောက်လုပ်ခဲ့ချင်သောကြောင့်ဖြစ်သည်။ ထို့အတွက်ကြောင့်၂၀၁၈ခုနှစ်၊ မတ်လ၊ ၅ရက် နေ့တွင် တပ်မတော်နှင့် KNLA ကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အကျိုးဆက်အနေဖြင့် စောအိုမူး၏မိသား စုဝင်များအပါအဝင် ဒေသခံရွာသားပေါင်း ၂၀၀၀ ကျော် နေရာရွှေ့ပြောင်းခဲ့ရသည်။
စောအိုမူး၏မိသားစုအပေါ် အကျိုးသက်ရောက်မှုများ
ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းမှတ်တမ်းပြုစုသူတစ်ဦးမှ စောအိုမူး၏အမျိုးသမီး နော်က---အား တွေ့ဆုံ မေးမြန်းခဲ့သည်မှာ “ကျွန်မရဲ့အမျိုးသားကို အသက်ပြန်ရှင်လာအောင် သူတို့(တပ်မတော်)ကို တောင်းဆိုရင် သူတို့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်မနေတဲ့နယ်မြေ (ဖာပွန်ခရိုင်)ကနေ သူတို့ ပြန်ထွက်သွားဖို့ တောင်းဆို ချင်ပါတယ်။ သေဆုံးသွားတဲ့ ကျွန်မရဲ့အမျိုးသားအတွက် နစ်နာကြေးတွေမလိုချင်ပါဘူး။ ကျွန်မကသာ သူတို့ပြန်ဖို့အတွက် လျော်ကြေးပေးရရင်တောင် စိတ်ချမ်းသာပါတယ်။ ဒါဟာ ကျွန်မရဲ့အကြီးဆုံးအိမ်မက် ဖြစ်ပြီး တပ်မတော်ကိုပြောလိုချင်ပါတယ်” ဟုပြောဆိုထားပါသည်။
စောအိုမူး၏အမျိုးသမီးသည် တပ်မတော်စစ်သားများ ဌာနေတိုင်းရင်းသားနေထိုင်သည့်နယ်မြေက နေဆုတ်ခွာပေးရန် တပ်မတော်အား တိုက်တွန်းခဲ့သည်။ သူမသည် သူမ၏ကလေးများနှင့် အသိုင်း အဝန်းအတွက် စစ်မှန်သောငြိမ်းချမ်းရေးကိုသာ လိုချင်ပါသည်။ သူမသည် သူမနေထိုင်သည့် ရွာဒေသတွင် ငြိမ်းချမ်းစွာ ပြန်နေထိုင်ပြီး လယ်ယာ လုပ်ကိုင်နိုင်ခွင့်ကလွဲပြီး မည်သည့်အခြားအရာမျှ မလိုအပ်ကြောင်းပြောဆိုခဲ့သည်။
KNLA နှင့် တပ်မတော်ကြားတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စောအိုမူး၏မိသားစုဝင်များသည် ယခုအချိန်တွင် တောထဲတွင် ရွှေ့ပြောင်း တိမ်းရှောင်နေရပါသည်။ နေရပ်ပြောင်းရွှေ့ခံရမှုသည် ၎င်းတို့၏အသက်မွေးဝမ်းကြောင်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ စောအိုမူး၏အမျိုးသမီးသည် သူမ၏ကလေးများ၏ ကျန်းမာရေးနှင့် ပညာရေးအတွက် သူမ၏အမျိုး သားမရှိဘဲ တစ်ယောက်တည်းသာ ရုန်းကန်နေရပါသည်။ ဤကဲ့ သို့ကိစ္စရပ်မျိုးသည် နေရပ်ရွှေ့ပြောင်းခံရသော အမျိုးသမီးတစ်ယောက်အတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။ “တပ်မတော်တွေရဲ့လုပ်ရပ်တွေကြောင့် ကျွန်မအခုတောထဲမှာ ရွှေ့ပြောင်းနေထိုင်နေရတယ်။ ဒါကြောင့် ကျွန်မအခုရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ကတော့ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကျန်းမာရေးပြဿနာတွေဘဲ ဖြစ်တယ်” ဟု သူမက ပြောပြခဲ့သည်။
နိဂုံးချုပ်
တပ်မတော်မှ စောအိုမူးကို ပစ်သတ်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ကျူးလွန်သည်သာမက NCA ၏ လိုက်နာရမည့် ကထိကဝတ်များကိုလည်း ချိုးဖောက်ခြင်းလည်းဖြစ်သည်။[12] စောအိုမူး၏သေဆုံးမှုသည် သူ၏အမျိုးသမီးနှင့် ကလေးများအပေါ် များစွာထိခိုက်စေပါသည်။ ၎င်းတို့သည် အသက်မွေးဝမ်းကျောင်းဆိုင်ရာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ၎င်းတို့၏အနာဂတ်အတွက် စိုးရိမ်နေရပါသည်။ ကရင်ရိုးရာအစဉ်အလာတွင် အဖေသည် မိသားစုအတွက် အဓိကကျသောခိုနားရာနေရာဖြစ်သည်။ သူ၏သေဆုံးမှုသည် ကရင်ဒေသခံပြည်သူလူထုများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သလို ဒေသခံပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးသော ဌာနေတိုင်းရင်းသားခေါင်းဆောင်တစ်ဦး ဆုံးရှုံးနေရခြင်းလည်း ဖြစ်သည်။
ဤဓါတ်ပုံသည် ၂၀၁၈ခုနှစ်၊ ဧပြီလ၊ ၁၄ရက်နေ့တွင် ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ် စု၊ လယ်မူပလောဒေသတွင် ရိုက်ယူခဲ့ခြင်းဖြစ်သည်။ ပုံ တွင် စောအိုမူး၏အမျိုးသမီး ၃၅နှစ်အရွယ် နော်က---၏ ပုံ ဖြစ်သည်။ နော်က---သည် သူမ၏အမျိုးသားအား တပ်မ တော်မှ ပစ်သတ်ခြင်းကို အသေးစိတ် ရှင်းလင်းပြောဆို တင်ပြခဲ့သည်။ သူမသည် တပ်မတော်မှ သူမ၏အမျိုးသား သေဆုံးမှုအပေါ် တာဝန်ယူဖြေရှင်းရန် ငြင်းဆိုခဲ့သည့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သူမ၏ထင်မြင်ချက်များကို လည်း တင်ပြခဲ့သည်။ သူမ၏မိသားစုအခက်အခဲများကို လည်း ရှင်းပြခဲ့ပါသည်။ (ဓာတ်ပုံ- KHRG)