Karen Human Rights Group

ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကော်တရီမြို့နယ်တွင် SAC လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများဒဏ် ရာရရှိခြင်း၊ ရပ်ရွာအဆောက်အဦးများပျက်စီးခြင်းနှင့်နေရပ်အိုးအိမ်စွန့်ခွာရခြင်း (၂၀၂၅ ခုနှစ်၊ မေလ)

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နှင့် ၂၉ရက်

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာအုပ်စု၊ အအ--- ကျေး ရွာနှင့်အဘ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

စောဘ---

စောဆ---

စောဒ---

စောသ---

က---

အသက်

၁၄ နှစ်

၁၅ နှစ်

၁၆ နှစ်

၂၈ နှစ်

(မသိရှိရ)

(မသိရှိရ)

ကျား/မ

ကျား

ကျား

ကျား

ကျား

ကျား

မ

လူမျိုး

ကရင်

ကရင်

ကရင်

ကရင်

(မသိရှိရ)

(မသိရှိရ)

အိမ်ထောင် ရှိ/မရှိ   

-

-

-

ရှိ

(မသိရှိရ)

(မသိရှိရ)

အလုပ်အကိုင်

ကျောင်းသား

ကျောင်းသား

ကျောင်းသား

နေ့စား

(မသိရှိရ)

(မသိရှိရ)

ကိုးကွယ်သည့် ဘာသာ

နတ်ကိုးကွယ်

နတ်ကိုးကွယ်

နတ်ကိုးကွယ်

ဗုဒ္ဓဘာသာ

(မသိရှိရ)

(မသိရှိရ)

ရာထူးအဆင့်

(ကျောင်းသား)

(ကျောင်းသား)

(ကျောင်းသား)

(ရွာသား)

(မသိရှိရ)

(မသိရှိရ)

နေရပ် ရွာအမည်

ကော်တရီမြို့ နယ်၊နို့ဖိုးကျေး ရွာအုပ်စု၊ အဒ---ကျေးရွာ

နို့ဖိုးကျေးရွာ အုပ်စု၊ အဆ--- ကျေးရွာ

နို့ဖိုးကျေးရွာ အုပ်စု၊ အဆ--- ကျေးရွာ

သေ့ဘောဘိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

(သေ့ဘောဘိုးကျေးရွာအုပ်စု၊ အဘ--- ကျေးရွာ)

(သေ့ဘောဘိုးကျေးရွာအုပ်စု၊ အဘ--- ကျေးရွာ)

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

လေယာဥ်အမျိုးအစား

ပင်မတပ်

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

ဂျက်လေယာဉ်

မြန်မာစစ်တပ် (နိုင်ငံတော်စီမံအုပ် ချုပ် ရေးကောင်စီ - SAC)လေတပ်

မသိရှိရ

ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ကာကွယ်ရေးဦးစီးချုပ် (လေတပ်) အဖြစ် တာဝန်ထမ်းဆောင်သည်။

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကျွန်တော်သည် (KHRG သတင်းမှတ်တမ်းပြုစုသူ) ဒေသခံအာဏာပိုင်တစ်ဦးဖြစ်သူ စောဧ--- (အအ---ကျေးရွာအတွင်းအရေးမှူး) ထံမှသိရှိခဲ့ရပြီး (သေ့ဘောဘိုးကျေးရွာအုပ်စုရှိ အအ---ကျေးရွာနှင့်အဘ--- ကျေးရွာ သို့) ကိုယ်တိုင်သွားရောက်၍ဓာတ်ပုံရိုက်ယူခဲ့သည်။ ထို့နောက် ကျွန်တော်သည် အအ---စာသင်ကျောင်း၏ဒုကျောင်း အုပ်ဖြစ်သူ စောလ---နှင့်ဒဏ်ရာရရှိသူတစ်ဦး၏မိသားဝင်တစ်ဦး (စောဒ---၏ဇနီးဖြစ်သူ နော်ဃ---)နှင့်တွေ့ဆုံ၍  ၎င်း တို့အား အင်တာဗျူးခဲ့ပါသည်။ (ထို့အပြင် KHRG သတင်းမှတ်တမ်းပြုစုသူသည် အဘ--- ကျေးရွာမှ ကျောင်းကော်မတီ ဝင်တစ်ဦးနှင့်လည်းတွေ့ဆုံ၍ ၎င်းအား အင်တာဗျူးခဲ့သည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

နော်ဃ---၊ စောဧ---နှင့်စောလ---တို့သည် ကျေးရွာတွင်ဖြစ်ပွားခဲ့သည့်အခင်းဖြစ်စဉ်ကြောင့် အရပ်သားထိခိုက်မှုနှင့် ရပ်ရွာအဆောက်အဦးများပျက်စီးသည့်အကြောင်းများကို (KHRG သတင်းမှတ်တမ်းပြုစုသူအား) ပြောပြခဲ့ပါသည်။ နော်ဃ--- သည် ဒဏ်ရာရရှိသောစောဒ---၏ဇနီးဖြစ်သည်။ စောဧ---သည် အအ--- ကျေးရွာ၏အတွင်းရေးမှူးဖြစ်သည်။ စောလ---သည် အအ--- ကျေးရွာစာသင်ကျောင်း၏ဒုကျောင်းအုပ်ဖြစ်သည်။ ထို့အပြင် ကျွန်တော်သည် အဘ--- ကျေး ရွာစာသင်ကျောင်းမှ ကျောင်းကော်မတီဝင်တစ်ဦးဖြစ်သူ မဂ---ကိုလည်း အင်တာဗျူးခဲ့ပါသည်။ (အင်တာဗျူးခဲ့သည့်သူ များသည် ထိုအကြမ်းဖက်တိုက်ခိုက်သည့်ဖြစ်စဉ်ကို မျက်မြင်ကိုယ်တွေ့ခဲ့သူများဖြစ်သည့်အပြင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သူများဖြစ်သည့်အတွက်ကြောင့် ဤသတင်းသည် မှန်ကန်ကြောင်းဆိုနိုင်ပါသည်။)

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ - SAC လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့်  သေ့ဘောဘိုးကျေး ရွာအုပ်စု၊ အဘ--- ကျေးရွာမှ ရွာသားနှစ်ဦးထိမှန်ဒဏ်ရာရရှိခြင်း

 

၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် SAC ဂျက်လေယာဉ်တစ်စီးသည် သေ့ဘောဘိုးကျေးရွာအုပ်စု၊ အဘ--- ကျေးရွာအ တွင်းသို့ ဗုံး (၅)လုံးခန့် ကြဲချခဲ့သည်။ (သို့သော်လည်း မည်သူတစ်ဦးမှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပါ။)

 

ထိုနေ့အတွင်း အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်မှ စစ်သားများသည် ကျေးရွာတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ (လက်နက်ကြီးအရေအတွက်မသိရပါ) ရွာသားနှစ်ဦးအားထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးသည် စောသ---နှင့်က---တို့ဖြစ်၍ ၎င်းတို့သည် မောင်နှမများဖြစ်ကြသည်။ (၎င်းတို့အသက်ကို မသိရပါ။) အဘ--- ကျေးရွာမှ ကျောင်းကော်မတီဝင်တစ်ဦး၏ပြောပြချက်အရ ကော်တရီမြို့နယ်၊ ဝေါ်လေကျေးရွာအုပ်စုရှိ ဝေါ်လေတပ်စခန်း (မြန်မာစစ်တပ်စခန်း)မှ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ရွာသားများယူဆ ကြသည်။

 

၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ - SAC သည် အဘ---ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်၍ ရပ်ရွာအဆောက်အဦး များ ထိခိုက်ပျက်စီးခြင်း

 

၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် (မြန်မာစစ်တပ်) ဂျက်လေယာဉ်တစ်စီးသည် အဘ--- ကျေးရွာတွင်းသို့ ဗုံး (၄) လုံး၊ (၅)လုံးပစ်ချခဲ့ပြန်သည်။ အဆိုပါပစ်ချလိုက်သည့်ဗုံးတစ်လုံးမှာ မပေါက်ကွဲပဲရှိနေသေးသည်။ ကျေးရွာရှိ မူလတန်း ကျောင်းအရှေ့တွင် ဗုံးများကျရောက်ပေါက်ကွဲ၍ ကျောင်းအဆောက်အဦးနှင့်ဘော်ဒါဆောင်တစ် လုံးထိမှန်ပျက်စီးသွား ခဲ့သည်။ (ကျောင်းရှေ့တွင် ကျရောက်ပေါက်ကွဲသည့်ဗုံးအရေအတွက်ကို မသိရှိရပါ။) ဤကျောင်းသည် ကရင်ပညာရေး နှင့်ယဉ်ကျေးမှုဌာန (KECD) စီမံခန့်ခွဲသောကျောင်းဖြစ်သည်။ အဆိုပါဗုံးပေါက်ကွဲမှုတွင် လူနေအိမ် (၄)လုံးလည်း ထိ ခိုက်ပျက်စီးသွားခဲ့သည်။ (ပျက်စီးသွားသည့်အိမ်များ၏ပိုင်ရှင်များကို မသိရပါ။)            

 

၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ - သေ့ဘောဘိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင် SAC မှ အဆက်မပြတ် ဗုံးကြဲတိုက် ခိုက်မှုကြောင့် ရွာသားလေးဦးထိမှန်ဒဏ်ရာရရှိခြင်း

 

၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့၌ ည (၆း၄၆) မိနစ်နှင့် (၇)နာရီကြားတွင် SAC ဂျက်လေယာဉ်တစ်စီးသည် ဒူးပလာယာ ခရိုင်၊ ကော်တရီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင်းသို့ ဗုံး (၁၁) လုံးပစ်ချခဲ့သည်။

 

ဗုံး(၃)လုံးသည်(ကျေးရွာအပြင်ရှိ) ထင်းရှူးတောထဲတွင်ကျရောက်ခဲ့ပြီး (၂)လုံးပေါက်ကွဲ၍ ကျန်တစ်လုံးမှာ မပေါက်ကွဲ ပဲရှိနေသည်။

 

ဗုံးတစ်လုံးမှာ ဈေးဆိုင်အနီးတွင်ကျရောက်ပေါက်ကွဲ၍ ဈေးဆိုင်ထိမှန်ပျက်စီးသွားခဲ့သည်။ ၎င်းဈေးဆိုင်သည် ကျောင်း ဆရာတစ်ဦးဖြစ်သူ ဟ---၏ဈေးဆိုင်ဖြစ်သည်။ နောက်ဗုံးတစ်လုံးသည် နော်ဃ---၏နေအိမ်ပေါ်သို့ ကျရောက်ပေါက် ကွဲ၍ သူမ၏နေအိမ်၊ ပိုင်ဆိုင်မှုပစ္စည်းများနှင့်လယ်ထွန်စက်တစ်စီးထိခိုက်ပျက်စီးသွားပြီး သူမ၏အမျိုးသားဖြစ်သူ စောဒ---ကိုလည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။ နောက်ထပ်ဗုံးတစ်လုံးသည် ဒုကျောင်းအုပ်ကြီးဖြစ်သူ စောလ---၏အိမ် ဘေးတွင် ကျရောက်ပေါက်ကွဲ၍ ၎င်း၏နေအိမ်ခေါင်မိုးထိခိုက်ပျက်စီးခဲ့သည်။ (ထို့အတူ) ဗုံးတစ်လုံးသည် (KECD စီမံ ခန့်ခွဲသော အအ--- စာသင်ကျောင်းဝင်းထဲရှိ) မိန်းကလေးဘော်ဒါဆောင်အရှေ့တွင် ကျရောက်ပေါက်ကွဲ၍ ဘော်ဒါ ဆောင်တစ်လုံးနှင့်ကျောင်းအဆောက်အဦးနှစ်လုံး ထိမှန်ပျက်စီးသွားခဲ့သည်။ ပထမကျောင်းအဆောက်အဦးတစ်လုံး သည် မူလတန်းကျောင်းဖြစ်ပြီး ဒုတိယအဆောက်အဦးတစ်လုံးသည် အလယ်တန်းကျောင်းဖြစ်သည်။ အခြားဗုံးလေး လုံးသည် ဘုန်းကြီးကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲ၍ ဘာသာရေးအဆောက်အဦးသုံးလုံးနှင့်စေတီပုထိုးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။

 

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားလေးဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။ အအ--- ကျေးရွာမှ နော်ဃ---၏ အမျိုးသားဖြစ်သူ စောဒ--- သည် (၂၈ နှစ်) ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ကော်ပရာစစ်ကြောင်းမှ ဗိုလ်ဒါဘောသည် စောဒ--- ကို သေ့ဘောဘိုးကျေး ရွာအုပ်စုရှိ အဃ--- စစ်ဖက်ဆိုင်ရာဆေးပေးခန်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။

 

ထို့အပြင် ကျောင်းသားသုံးဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။ မည်သည့်ဗုံးက ၎င်းတို့အား ထိမှန်ခဲ့သည်ကို မသိရပါ။ ၎င်းတို့မှာ စောအ--- (၁၄ နှစ်)၊ စောဘ--- (၁၅နှစ်) နှင့် စောဆ--- (၁၆နှစ်)တို့ဖြစ်သည်။ စောအ--- သည် ၎င်း၏ပေါင်တွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး ၎င်းကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ အဂ--- ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ စောဘ--- နှင့်စောဆ---တို့သည် ဗုံးစထိမှန်သော်လည်း စိုးရိမ်ရသည့်ဒဏ်ရာများမရရှိသည့်အတွက်ကြောင့် ၎င်းတို့အား အဃ--- ဆေးဖက်ဆိုင် ရာဆေးခန်းသို့သာ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ စောအ--- သည် ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ အဒ--- ကျေးရွာတွင်နေထိုင်ပြီး (၇)တန်းကျောင်းသားဖြစ်သည်။ စောဘ---နှင့်စောဆ---တို့သည် နို့ဖိုးကျေးရွာအုပ်စု၊ အဆ--- ကျေးရွာတွင်နေထိုင်ပြီး (၇)တန်းကျောင်းသားများဖြစ်ကြသည်။ ၎င်းတို့သုံးဦးသည် အအ--- ကျေးရွာစာသင်ကျောင်း တွင် အတူတူကျောင်းတက်ခဲ့ကြသည်။

 

ဆေးကုသမှုခံယူနေစဉ်အတွင်း အဆိုပါကျောင်းသားသုံးဦးသည် ကျောင်းပျက်ခဲ့ရသည်။ (၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် လက်ခံရရှိသည့်သတင်းအရ) ၎င်းကျောင်းသားသုံးဦးသည် ဒဏ်ရာမပျောက်ကင်းသေးပါ။ ကျောင်းသား မိဘများကလည်း အဝေးမှာရှိနေသည့်အတွက်ကြောင့် ၎င်းတို့သားများကို စိုးရိမ်ပူပန်နေရသည်။ (ထိုကျောင်းသားသုံးဦး သည် အခြားကျေးရွာများတွင်နေထိုင်ကြသော်လည်း အအ--- ကျေးရွာစာသင်ကျောင်းတွင် ကျောင်းလာတက်နေရခြင်း ဖြစ်သည်။)

 

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒေသခံအာဏာပိုင်တစ်ဦးသည် လေယာဉ်လာမည်ဟု ရွာသားများအား သတိပေး ခဲ့သည်။ သို့သော်လည်း ရွာသားများက မယုံကြည်ကြပါ။ အကြောင်းမှာ ၎င်းတို့ရွာတွင် လေကြောင်းတိုက်ခိုက်မှု တစ်ခါ မှဖြစ်ပွားခဲ့ခြင်းမရှိသောကြောင့်ဖြစ်သည်။ ကျေးရွာအတွင်းရေးမှူးဖြစ်သူ စောဧ---သည် ယခုလိုပြောပြသည်။ “ရွာနဲ့ရွာ အနီးနားမှာ စစ်သားလည်းမရှိဘူး။ တပ်စခန်းလည်းမရှိဘူး။ သူတို့က (SAC) ရွာသားတွေကိုပဲ ပစ်မှတ်ထားပြီးလာပစ် သွားတာ။” (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦး၏တင်ပြချက်အရ အဆိုပါကျောင်း သားများသည် ၎င်းတို့ဒဏ်ရာပျောက်ကင်းသွားပြီးဖြစ်သည်။)

 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိတွင် ကလေးများသည် လုံခြုံရေးအခြေအနေကြောင့် ကျေးရွာရှိစာသင်ကျောင်းသို့ ကျောင်းမတက်ရဲသေးပါ။ သို့သော် ၎င်းတို့သည် တောထဲတွင် စာသင်ယူနေရပါသည်။ ဒုကျောင်းအုပ်ဖြစ်သူ စောလ--- သည် ဤသို့ပြောပြသည်။ “(KNLA) စစ်သားတွေရဲ့မိသားစုတွေက ရွာထဲမှာနေကြတယ်။ အဲဒါကြောင့် လေယာဉ်က ရွာထဲကိုလာပစ်သွားခဲ့တာ။ တစ်ခါတစ်လေမှာ ဗမာ (အလုပ်သမား)တွေလည်း ရွာထဲကို အလုပ်လာလုပ်ကြတယ်။ သူတို့က စပိုင်တွေလား ကျွန်တော်တို့မသိနိုင်ဘူး။ အဲဒါကြောင့် သူတို့က စစ်သားတွေရဲ့မိသားစုနေအိမ်တွေကို သိကြလို့ (SAC တွေကို) သတင်းသွားပေးတာဖြစ်မယ်ထင်တယ်။” ဤပြောပြချက်အရ ရွာထဲတွင်စစ်သားများမရှိကြပါ။ သို့သော် လည်း ၎င်းတို့၏မိသားစုဆွေမျိုးသားချင်းများရှိပါသည်။

 

အအ--- နှင့်အဘ--- ကျေးရွာများမှ ရွာသားများနေရပ်စွန့်ခွာရပြီးနောက် ကြုံတွေ့ရသောစိန်ခေါ်မှုများ-

 

လေကြောင်းတိုက်ခိုက်မှုကြောင့် အအ--- ကျေးရွာနှင့်အဘ--- ကျေးရွာတို့တွင်နေထိုင်ကြသောရွာသားများသည် ၎င်းတို့ စိုက်ပျိုးထဲသို့ဖြစ်စေ၊ တောထဲသို့ဖြစ်စေ သို့မဟုတ် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရွာသားများ သည် စားဝတ်နေရေးအတွက် ၎င်းတို့ရွာသို့ပြန်လာ၍ အလုပ်လုပ်ရန်ကြောက်ရွံ့နေကြသည်။ တောထဲတွင်ထွက်ပြေး တိမ်းရှောင်ရသည့်ရွာသားများသည် ၎င်းတို့ပိုင်ဆိုင်မှုပစ္စည်းများ ယူဆောင်သွားနိုင်ခြင်းမရှိသည့်အပြင် တောထဲတွင် အလုပ်လုပ်ကိုင်ခွင့်မရှိသောကြောင့် အခက်အခဲစိန်ခေါ်မှုများစွာနှင့်ကြုံတွေ့နေရသည်။ ထွက်ပြေးပုန်းရှောင်ရသည့်နေ ရာများတွင် နေထိုင်နေစဉ်အတွင်း ရွာသားများသည် ဌာနေမဲ့ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (CIDKP) အပါအဝင် ဒေသခံအဖွဲ့အစည်းများထံမှ ခြင်ထောင်အစရှိသောထောက်ပံ့မှုအချို့ကို လက်ခံရရှိခဲ့သည်။ သို့သော်လည်း လူတိုင်းအတွက် လုံလောက်မှုမရှိခဲ့ပါ။ နေရပ်မစွန့်ခွာပဲ ရွာထဲတွင်နေထိုင်ကြသောရွာသားများသည်လည်း လေကြောင်း တိုက်ခိုက်မှုနောက်တဖန်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောက်ရွံ့နေရသည်။

 

(ထို့အပြင်) အအ--- ကျေးရွာမှ ရွာသားများသည် ဖျားနာလာလျှင် ဆေးဝါးအလုံအလောက်မရှိကြပါ။ ရွာထဲတွင် ဆေးရုံ၊ ဆေးခန်းလည်းမရှိကြပါ။ ကျန်းမာရေးလုပ်သားများရှိကြသည်။ သို့သော်လည်း အကယ်၍အခြေအနေမကောင်းလျှင် ကျန်းမာရေးလုပ်သားများသည်လည်း မိမိလုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်ရသည်။ ၎င်းတို့လည်း သာမှန်ပြည်သူ များသာဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက အရေးပေါ်ဆေးကုသမှုလိုအပ်သည့်အချိန်တွင် ကြုံတွေ့ရသောအဓိက ပြဿနာသည် အင်တာနက်လိုင်းမရှိခြင်းဖြစ်သည်။ ကျေးရွာအတွင်းရေးမှူးဖြစ်သူ စောဧ---က ယခုလိုပြောပြသည်။ “တစ်စုံတစ်ယောက်က အရမ်းဖျားနာနေရင် ကျွန်တော်တို့က ကျန်းမာရေးလုပ်သားတွေကိုလိုက်ရှာရတယ်။ ဒါပေမဲ့ သူတို့က အိမ်မှာမရှိဘူးဆိုရင် ဘယ်သူမှ လူနာကိုကြည့်မယ့်သူမရှိဘူး။ အခြေအနေက အရမ်းခက်ခဲတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တစ်စုံတစ်ယောက်ဖျားနာလို့ အရေးပေါ်ဆေးကုသမှုလိုအပ်တဲ့အချိန်မှာ ကျွန်တော်တို့ဘာမှ မလုပ်ပေးနိုင် ဘူး။”

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အထက်ဖော်ပြပါသတင်းအကြောင်းအရာများကို KHRG အနေဖြင့်အသုံးပြုခွင့်ရရှိပါသည်။ ဒဏ်ရာရရှိသူတစ်ဦး၏ဇနီး ဖြစ်သူ နော်ဃ---၊ အအ--- ကျေးရွာအတွင်းရေးမှူးဖြစ်သူ စောဧ---၊ အအ--- ကျေးရွာစာသင်ကျောင်း၏ဒုကျောင်းအုပ် ဖြစ်သူ စောလ---၊ ဒဏ်ရာရရှိသည့်ကျောင်းသားတစ်ဦးဖြစ်သူ စောအ---၏အကိုနှင့်အဘ--- ကျေးရွာမှ ကျောင်းကော်မ တီဝင်တစ်ဦးတို့သည် ဤသတင်းအချက်အလက်များကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါ သည်။