Karen Human Rights Group

ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- SAC ၏ လေကြောင်းတိုက် ခိုက်မှုကြောင့် ကော်တရီမြို့နယ်အတွင်း ရွာသားနှစ်ဦးသေဆုံး (၂၀၂၅ ခုနှစ်၊ မတ်လ)

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားနှစ်ဦးသေဆုံး

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးပလာယာခရိုင်၊ ကောတရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ ကက---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောက---

စောခ---

အသက်

၃၅ နှစ်

၃၄ နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်ရှိ

အိမ်ထောင်ရှိ

အလုပ်အကိုင်

လယ်သမား

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

ကက---ကျေးရွာ

ကက---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) လက်အောက်ခံ) မြန်မာစစ်တပ်၏လေတပ်

မသိရှိရ

 

(ဗိုလ်ချုပ်ကြီးထွန်းအောင်သည် မြန်မာစစ်တပ်၏လေတပ် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ဒေသခံရွာသားတစ်ဦးထံမှ ဤသတင်းအချက်အလက်ကိုရရှိခဲ့ပြီး သတင်းအ ချက်အလက်များကို မှတ်တမ်းပြုစုရန်အတွက် ၂၀၂၅ ခုနှစ် မတ်လ (လုံခြုံရေးအရ နေ့ရက်အတိအကျကို ဖျက်ထား ပါသည်) တွင် အခင်းဖြစ်ပွားသည့်နေရာသို့သွားခဲ့ပါသည်။ အဆိုပါကွင်းဆင်းလုပ်သားမှ ကက---ကျေးရွာတွင် စောခ---၏ဇနီး နော်ဂ---၊ စောက----၏ ဇနီးနော်ဃ--- နှင့် ကက---ကျေးရွာအုပ်ချုပ်ရေးမှူး စောင---တို့နှင့် တွေ့ဆုံမေး မြန်းမှုပြုလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ကွင်းဆင်းလုပ်သားမှ စောခ---နှင့်စောက---တို့၏ဇနီးများဖြစ်ကြသည့် နော်ဂ---နှင့်နော်ဃ---တို့ကို တွေ့ဆုံမေးမြန်း မှုပြုလုပ်ခဲ့ပါသည်။ ထို့အပြင်၊ မှုခင်းအကြောင်းအရာကိုသိရှိသော (စောခ---၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့သော) ကက---ကျေးရွာ အုပ်ချုပ်ရေးမှူး စောင---- ကိုလည်း  တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်ခန့်တွင် လေယာဉ်တစ်စင်းသည် ဒူးပလာယာခရိုင်၊ ကော်တရီ မြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ ကက---ကျေးရွာအတွင်းသို့ လာရောက်ပြီး ပေါင် ၅၀၀ ဗုံးနှစ်လုံးကို ကျဲချခဲ့သောကြောင့် ရွာသားနှစ်ဦးသေဆုံးသွားခဲ့ပါသည်။ (ဗုံးတစ်လုံးသည် နော်ဂ----နှင့် စောခ---တို့၏အိမ်ရှေ့တွင် ကျပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးမှာ စောခ--- အနားယူနေသော လယ်တဲတစ်လုံး၏ဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပါသည်။ ပထမ ကျရောက်ပေါက်ကွဲသည့် ဗုံးတစ်လုံးနှင့် ဒုတိကျရောက်ပေါက်ကွဲသည့်  ဗုံးတို့၏နေရာအကွာအဝေးသည် မီတာ၂၀ ဝန်းကျင်ခန့်ရှိသည်။

 

စောခ---၏ သေဆုံးမှု  

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၌ စောခ----သည် ကက---ကျေးရွာရှိ ၎င်း၏အိမ်နှင့် မီတာ ၂၀ ဝန်းကျင်ခန့်အကွာ အဝေးရှိ လယ်တဲတစ်လုံးထဲတွင် အလုပ်လုပ်ရန် နားနေခဲ့ပါသည်။ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ၎င်းသည် လယ်တဲထဲ၌ရှိသော ပုခက်တစ်လုံးထဲတွင် တမှေးအိပ် စက်နေခဲ့သည်။ ထိုအချိန်တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား ခဲ့ပြီး တဲ၏အနီးသို့ ဗုံးတစ်လုံးကျဲချခဲ့ပါသည်။  ကျရောက်ပေါက်ကွဲသည့် ဗုံးအပိုင်းအစများသည် ၎င်းအားထိမှန်၍ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့် နေရာတွင် ချက်ချင်းသေဆုံးသွားခဲ့ပါသည်။ အဆိုပါတဲမှာလည်း ပျက်စီးသွားခဲ့ပါ သည်။

 

ထိုနေ့အစောပိုင်းတွင်  အသက် ၄၀ နှစ်ဝန်းကျင်ရှိ ကက----ကျေးရွာအုပ်ချုပ်ရေးမှူး စောင---နှင့် အခြားသောရွာသား တစ်ဦးဖြစ်သည့် စောစ--- တို့သည် ရွာနှင့်ဝေးသော တောထဲသို့ ဟင်းသီးဟင်းရွက်ရှာရန် သွားခဲ့ကြပါသည်။ ထို့ကြောင့် အဆိုပါရွာသားနှစ်ဦးသည် မနက် ၁၁ ဝန်းကျင်ခန့်တွင် ၎င်းတို့၏ကျေးရွာ၌ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ကို မသိခဲ့ကြပါ။ ထိုရွာသားနှစ်ဦးသည် ညနေဖက်တွင် ၎င်းတို့၏ကျေးရွာသို့ ပြန်လာခဲ့ကြပါသည်။ (၎င်းတို့ပြန်လာသည့် လမ်းတွင် စောင---သည် စောစ---- ရှေ့တွင် လမ်းလျှောက်နေခဲ့ပါသည်။) ‌စောင---သည် ကက---ကျေးရွာဘက်သို့ ရောက်လာသည့်အချိန်တွင် သစ်ပင်တစ်ပင်အောက်တွင် ဆောက်ထားသည့်  စောခ---အနားယူနေသော လယ်တဲကို တွေ့ခဲ့ပါသည်။ ထိုနေရာသည် ဆိတ်ငြိမ်အေးစက်မှုနှင့်ပြည့်နှက် နေခဲ့ပါသည် (၎င်းမှ တစ်ခုခုလွဲမှားနေကြောင်း ခံစားခဲ့ရပါသည်)။   ၎င်းမှလှမ်းကြည့်လိုက်ချိန်တွင် ပုခတ်နှင့် တွဲလှဲကျနေသောခြေထောက်များကို တွေ့ခဲ့ပါသည်။ သေဆုံးသူ၏ ခန္ဓာကိုယ်မှာလည်း ပုခက်ပေါ်မှ ကြမ်းပြင်ပေါ်သို့ လှဲကျနေခဲ့ပါသည်။ အဆိုပါ ပုခက်အား ကြမ်းပြင်နှင့် နိမ့်နိမ့်လေးချီထားပါသည်။ စောင---သည် တဲထဲသို့ တစ်ဦးတည်းဝင်သွားရန် ကြောက်သောကြောင့် ရွာထဲသို့ပြန် သွားပြီး အခြားသူများအား၎င်းနှင့်အတူလိုက်လာရန် အသိပေးခဲ့ပါသည်။   

 

၎င်းတို့ (စောင---နှင့် အခြားဒေသခံရွာသားများ) တဲသို့ပြန်လာသည့်အချိန်တွင် စောခ---၏ဝမ်းဗိုက်ကို ဝါးခြမ်းရှည် တစ်ချောင်းထိုးဖောက်သွားခဲ့သည်ကို တွေ့ရှိခဲ့ကြပါသည်။ ရွာသားများမှ ၎င်းအားပက်လက်လှန်လိုက်ချိန်တွင် စောခ--- ၏ ရင်ဘတ်မှ ခါးအထိ ခန္ဓာကိုယ်အသားများသည် ဗုံးအပိုင်းအစများကြောင့် ပွင့်ထွက်နေသည်ကို ၎င်းတို့မြင်တွေ့ခဲ့ ကြပါသည်။  ၎င်း၏အသားသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး တဲ၏အတွင်းပိုင်းနှင့် အပြင်ဘက်ရှိနေရာ အနှံ့ တွင် ဖြန့်ကျဲနေခဲ့ပါသည်။ အသားစများသည်သေး၍ နေရာအနှံ့အပြားတွင် လွှင့်စင်သဖြင့် ကျန်ရှိနေသေးသည့် အသားစ များအားလုံးကို ရွာသားများမစုစည်းနိုင်တော့ပါ။   ထို့ကြောင့် ရွာသားများသည် လယ်တဲကိုမီးရှို့ခဲ့ကြပြီး စောခ---၏ အလောင်းအား ရွာထဲပြန်သယ်သွားရန် အလွန်ခက်သောကြောင့် မှုခင်းဖြစ်ပွားသည့်နေရာတွင် မီးသဂြိုလ်ခဲ့ကြပါသည်။

 

စောခ---၏ဇနီး နော်ဂ---တို့၏အိမ်ဘေးတွင် အခြားသောဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါသည်။ ထိုနေ့တွင် သူမ သည် လေယာဥ်လာသည့်အသံကို ကြားသည့်အချိန်တွင် အိမ်ထဲတွင်ရှိနေခဲ့ပါသည်။   သူမနှင့် သူမ၏ကလေးနှစ် ယောက်သည် ဗုံးခိုကျင်း (တည်နေရာအားလုံခြုံရေးအရ တည်းဖြတ်ထားပါသည်) ထဲသို့ ဝင်နေခဲ့ကြပါသည်။  မိနစ် အနည်းငယ်ကြာသည့်အချိန်တွင် သူမသည် မိုးရွာသည့်အသံကိုကြားရသည်ဟုထင်၍  ဗုံးခိုကျင်းအပြင်သို့ ထွက်ကြည့်ခဲ့ ပါသည်။ ထိုသို့ထွက်ကြည့်ချိန်တွင် သူမ၏နေအိမ်မီးလောင်ကျွမ်းနေသည်ကိုတွေရှိခဲ့ပြီး ကလေးနှစ်ယောက်ကို ရွာ လယ်ခေါင်သို့ ဖိနပ်မပါပဲ ဆွဲခေါ်ပြေးသွားခဲ့ကာ မီးငြိမ်းသတ်ရန် အကူအညီအတွက် မျှော်လင့်နေခဲ့ပါသည်။   သို့သော် လည်း ရွာလည်ခေါင်သို့ သူမရောက်သွားသည့်အချိန်တွင် သူမ၏အိမ်မီးလောင်သွားပြီးဖြစ်ပါသည်။ ထို့နောက် သူမ သည် ခင်ပွန်းသေဆုံးသွားသည့်သတင်းကို ကြားသိလိုက်ရပါသည်။ သို့သော် သူမ၏ ချစ်မြတ်နိုးရသောခင်ပွန်းနှင့် ၎င်း တို့၏အိမ်ဆုံးရှုံးလိုက်ရသည်ကို တပြိုင်နက် မြင်တွေ့ရသည့်အတွက် အလွန်စိတ်မကောင်းဖွယ်ရာဖြစ်သောကြောင့် သူမ သည် ခင်ပွန်း၏အလောင်းကို သွားမကြည့်ရဲခဲ့ပါ။

 

နော်ဂ--- မှ သူမ၏အိမ်အတွင်းရှိ ပိုင်ဆိုင်မှုများနှင့် (အစားအစာ၊ ကုန်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ) အားလုံးပျက် စီးသွားပြီး ခင်ပွန်းဖြစ်သူသေဆုံးသွားပြီးနောက် အခက်အခဲများကြုံတွေရကြောင်း  (KHRG ကွင်းဆင်း လုပ်သားတစ်ဦး ထံသို) ပြောပြခဲ့ပါသည်။    သူမ၏ကလေးနှစ်ဦးမှာ ၎င်းတို့မိသားစု၏ အသက်မွေးဝမ်းကျောင်းအား ထောက်ပံ့ရန်အ တွက် အလွန်ငယ်သေးကြောင်းကိုလည်း ပြောပြခဲ့ပါသည်။ 

 

စောက--- ၏ သေဆုံးမှု

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ မနက်တွင် စောက---သည် မီးသွေးဖုတ်ရန်အတွက် ကက---ရွာအပြင်ရှိ တောင်ရာသို့ သွားခဲ့သည်။ ထို့နောက် သူ့ယောက်ခမအိမ်သို့ ချက်ပြုပ်ရန်သွားခဲ့ပါသည်။ ၎င်းမှ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်တွင် ၎င်း၏အိမ်သို့ပြန်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အိမ်အပြန်လမ်း (ရွာ၏အပြင်ဘက်ရှိလမ်းတစ်လမ်းပေါ်) တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် (စောခ--- နှင့် နော်ဂ--- အိမ်အနီးသော ကျရောက်ပေါက်ကွဲခဲ့သည့် ဗုံးနှစ်လုံးမှ ဗုံးအစအနများဖြင့်) ထိမှန်ပြီး လမ်းပေါ်တွင်သေဆုံးသွားခဲ့ပါသည်။ သူသေဆုံးသွားကြောင်း အပြည့်အစုံကိုမည်သူမ မသိရှိရပါ။ အဘယ် ကြောင့်ဆိုသော် သူသည် တစ်ဦးထဲသွားနေသောကြောင့်ဖြင့်သည်။ ၎င်းသည် တစ်ဦးထဲ အိမ်သို့ပြန်သောကြောင့် သူ့ သေဆုံးမှု အကြောင်းအရာ အသေးစိတ်ကို မည်သူမျှ မသိပါ။

 

နေ့လည်အချိန်တွင် စောက--- ၏ယောက်ကထီးသည် (ကျေးရွာ၏အပြင်ဖက်တွင်မြက်စားနေသော) နွားများကို ထွက်ရှာခဲ့ပါသည်။  မိနစ်အနည်းငယ်အကြာတွင် တူဖြစ်သူမှ ၎င်း၏နောက်လိုက်သွားခဲ့ပါသည်။ ခဏအကြာတွင် ၎င်းတို့မှ စောက--- သည် အရက်မူးပြီး လမ်းပေါ်တွင်အိပ်နေသည်ဟု ထင်ခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်သည် အသက်ရှုနေပုံပေါက်သောကြောင့်ဖြစ်ပါသည်။ ထိုကြောင့် ၎င်းတို့သည် စောက---ကိုကြည့်ရန်အတွက် အနားသို့ ချည်းကပ်ခဲ့ပါသည်။ ၎င်းတို့မှ စောက--- ၏ (ဘေးဖက်တွင်ကျနေသော) အမဲလိုက်သေနတ်သည် သွေးစွန်းနီ နေကြောင်းတွေ့ခဲ့ကြပါသည်။ အစပိုင်းတွင် ယောက်ကထီးဖြစ်သူမှ သူ့ကိုယ်သူပစ်သတ်ခဲ့သည်ဟု ထင်ခဲ့ပါသည်။ စောက--- သည် ဗုံးအပိုင်းအစများနှင့် ထိမှန်သဖြင့် ၎င်း၏ ကျောရိုးကျိုးသွားခဲ့ပြီး ၎င်း၏ကိုယ်ပေါ်မှ ပြတ်ထွက် သွားခဲ့သည်။ ယောက်ကထီးဖြစ်သူမှ စောက--- ၏ခန္ဓာကိုယ်အား ပက်လက်လှန်လိုက်သည့်အချိန်တွင် ၎င်း၏ အတွင်းကလီစာများ ထွက်လာခဲ့ပါသည်။ ၎င်းသည် မျက်လုံးများခတ်နေပြီး ပါးစပ်ပွင့်နေသော်လည်း စကားမပြော နိုင်ပါ။ ယောက်ကထီးဖြစ်သူမှ အခြားရွာသားများကိုအသိပေးရန်အတွက် ရွာသို့ပြန်လာခဲ့ပါသည်။ တစ်ချိန်တည်းတွင် တူဖြစ်သူသည် အလောင်း၏ဘေးတွင်နေနေခဲ့ပြီး ကျယ်လောင်စွာငိုနေခဲ့ပါသည်။ ထို့နောက် အလောင်းအား ၎င်း၏ အိမ်သို့ ပြန်သယ်သွားခဲ့ပြီး ၎င်းအားမြှုပ်နှံခြင်းမပြုလုပ်မီ ခန္ဓာကိုယ်ကိုရေဆေးပေးခဲ့ပါသည်။

 

လေယာဉ်လာသည့်အချိန်တွင် စောက---၏ဇနီး နော်ဃ---သည် (ကျေးရွာထဲရှိ) ၎င်းတို့အိမ်ထဲရှိ အပေါ်ထပ်တွင် ရှိနေခဲ့သော အသက် ၂ နှစ်အရွယ်ကလေးအငယ်ဆုံးနှင့်အတူ ရှိနေခဲ့ပါသည်။  ၎င်းတို့၏အခြား (အသက် ၉ နှစ်နှင့် အသက် ၈ နှစ် အရွယ်ရှိ) ကလေးနှစ်ဦးသည် အပြင်ဖက်ရှိကွင်းပြင်ထဲတွင် ဆော့ကစားနေခဲ့ကြပါသည်။ သူမသည် ကလေးနှစ်ယောက်ကိုခေါ်ခဲ့ပြီး အငယ်ဆုံးသောကလေးကို ဆွဲခေါ်ကာ ဗုံးခိုကျင်းထဲသို့ ပြေးဝင်ခဲ့ကြပါသည်။  ညနေ ဖက်တွင် သူမခင်ပွန်းသေဆုံးသွားသည့်သတင်းကို အကြောင်းကြားခံခဲ့ရပြီး  သူမ နှစ်ကြိမ် မေ့မျောသွားခဲ့ပါသည်။  နော်ဃ--- သည် သူမ၏ခင်ပွန်းသေဆုံးသွားခဲ့ပြီးသည့်နောက် အသက်မွေးဝမ်းကျောင်းအခက်အခဲ ပို၍များပြားလာခဲ့ ကြောင်း KHRG ကွင်းဆင်းလုပ်သားအား ပြောပြခဲ့သည်။ သူမသည် ဝင်ငွေရရှိရန်အတွက် မည်ကဲ့သို့ပြု လုပ်ရမည် ကိုမသိသောကြောင့်၎င်း၏ကလေးများအား ကျောင်းမထားနိုင်မည်ကို စိုးရိမ်နေခဲ့ပါသည်။  စောက---သည် မိသားစုဝင် ငွေရရှိရန် အဓိကရှာဖွေရသူ ဖြစ်ပြီး မိသားစုများသည် ၎င်း၏ဝင်ငွေကို မှီခိုနေခဲ့ကြရပါသည်။

 

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော လေယာဉ်သည် စစ်ကောင်စီလေယာဉ်ဖြစ်သည် ဟု ဒေသခံရွာသားများက ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် တိုင်ရင်သားလက်နက်ကိုင်အဖွဲ့များမှာ လေယာဉ်မရှိသော ကြောင့်ဖြစ် သည်။ စောခ--- ၏အိမ်တစ်ဖက်လမ်းဘက်၌ တည်ရှိသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ စစ်သင်တန်း ပေးခဲ့ သည့် အဆောက်အဦးကိုပစ်မှတ်ထားပြီး SAC သည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ရွာသားများ ယုံကြည် ကြပါသည်။

 

ဤဖြစ်ရပ်မတိုင်မီ ကျေးရွာထဲတွင် လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ပါ။ ယခုအချိန်တွင် ရွာသားများသည် လေယာဥ် လာမည်ကို ကြောက်ရွံ့ကြသဖြင့် ညဖက်အချိန်တွင်မီးမဖွင့်ရဲပဲ ဖြစ်နေကြပါသည်။  

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ကက--- ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကျွန်ုပ် (ကွင်းဆင်းလုပ်သား) မှ ရေးသားမှတ်တမ်းပြုစုထားသော အချက်အလက်များကို KHRG ၏ထုတ်ဝေမှုမူဝါဒအတိုင်း (တည်းဖြတ်၍) အသုံး ပြုရန် သေဆုံးသွားသူများ၏ မိသားစုဝင်များဖြစ်သော နော်ဂ--- နှင့် နော်ဃ--- တို့မှ ခွင့်ပြုချက်ပေးထားပါသည်။  ထို့အပြင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သည့် စောင--- သည်လည်း ဤသတင်းအချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပါသည်။