Karen Human Rights Group

ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဘားအံမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်၍ ရွာသားနှစ်ဦးထိမှန်ဒဏ်ရာရပြီး လူနေအိမ်ပစ္စည်း များပျက်စီးခြင်း (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ)

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်မှု) SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ) စစ်သားများမှ လက်နက်ကြီးများပစ်ခတ်သဖြင့် အသက် (၁၈) နှစ် အောက် ကျောင်းသားနှစ်ဦးထိမှန်ဒဏ်ရာရရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဖျာဝေါ်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောလ---

စောယ---

အသက်

၁၄ နှစ်

၁၆ နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

-

-

အလုပ်အကိုင်

ကျောင်းသား

ကျောင်းသား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

အအ--- ကျေးရွာ

အအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

မသိရှိရ

မသိရှိရ

ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀၈)

မူတြော် (ဖာပွန်) ခရိုင်၊ လူ သောမြို့နယ်၊ ကမမောင်းမြို့

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG မှတ်တမ်းပြုစုသူတစ်ဦးသည် လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်ကြားသိရှိရပြီးနောက် အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်၍ ဓာတ်ပုံရိုက်ယူခဲ့သည်။ (သတင်းအသေးစိတ်ရရှိရန်အတွက် KHRG မှတ်တမ်းပြုစုသူသည် လက်နက် ကြီးထိမှန်၍ဒဏ်ရာရရှိခဲ့သူ စောလ---နှင့် အအ---- ကျေးရွာမှ ကျောင်းဆရာမ နော်န--- တို့အား အင်တာဗျူးခဲ့ပါသည်။) 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG မှတ်တမ်းပြုစုသူတစ်ဦးသည် လက်နက်ကြီးပေါက်ကွဲသံကြားရပြီးနောက် အခင်းဖြစ်ပွားသည့်နေရာသို့ သွား ရောက်၍ ဓာတ်ပုံရိုက်ယူကာ ဤအစီရင်ခံစာတွင်ရေးသားထားသော သတင်းအချက်အလက်များကို အတည်ပြုခဲ့ သည်။ လက်နက်ကြီးစထိမှန်၍ဒဏ်ရရရှိသူနှင့် အခင်းဖြစ်စဉ်ကိုမြင်တွေ့ခဲ့သော ကျောင်းဆရာမ နော်န--- တို့သည် KHRG မှတ်တမ်းပြုစုသူအား ဖြစ်ကြောင်းကုန်စင်ပြောပြခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) စစ်သားများသည် ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဖျာဝေါ်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင်းသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့သည်။ ပထမလက် နက်ကြီးတစ်လုံးသည် အအ--- ကျေးရွာရှိ ရွာသားတစ်ဦး၏နေအိမ်အနီးနားတွင် ကျရောက်ပေါက်ကွဲ၍ အသက် (၁၈) နှစ်အောက် ကလေးနှစ်ဦးအား ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိသော ကလေးနှစ် ဦးသည် အအ--- ကျေးရွာရှိ အလယ်တန်းကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသားများဖြစ်ကြသည်။ ၎င်း တို့၏အမည်မှာ စောလ--- နှင့်စောယ--- တို့ဖြစ်သည်။ စောလ--- သည် အသက် (၁၄) နှစ်သာရှိပြီး စောယ--- သည် အသက် (၁၆)နှစ်ရှိပြီးဖြစ်သည်။ (အဆိုပါစာသင်ကျောင်းသည် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန - KECD မှ စီမံခန့်ခွဲ သောကျောင်းဖြစ်သည်။)

 

ဤဖြစ်စဉ်နှင့်ပတ်သက်၍ အအ--- ကျေးရွာမှ ကျောင်းဆရာမ နော်န--- ကယခုလိုရှင်းပြသည်။ “အခင်းဖြစ်ပွား တဲ့နေ့မှာ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်) ကျောင်းအုပ်ကြီးက ကျွန်မကိုဖုန်းဆက်ပြီးဒီလိုပြောတယ်။ ‘န--- ရေ… ငါတို့ကျောင်းသားတွေဒဏ်ရာရသွားတယ်။ (သူတို့ကိုဆေးရုံသို့ပို့ဆောင်ရန်အတွက်) ကျေးဇူးပြုပြီး ငါ့အတွက်ကားတစ် စီးရှာပေးပါ’တဲ့။ အနီးအနားမှာ ကားတစ်စီးမှမရှိဘူး။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေအချင်းချင်းဆက်သွယ်ပြီးကားရှာကြ တယ်။ နောက်ဆုံးတော့ကားတစ်စီးရသွားတယ်။ ဒီလက်နက်ကြီးပစ်တာက ကမမောင်းမြို့က (SAC တပ်စခန်းက) ပစ် တာ ထင်တယ်။ အဲဒီနေ့မှာ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်) (စစ် ကောင်စီစစ်သားတွေက) လက်နက်ကြီးနှစ်လုံး ပစ်သွားတယ်။ ပထမလက်နက်ကြီးတစ်လုံးမှာ ကျွန်မတို့ ကျောင်းသားတွေဒဏ်ရာရသွားတယ်။”

 

  • အသက် (၁၄) နှစ်အရွယ် စောလ--- ဒဏ်ရာရရှိမှု

စောလ--- က သူ၏ဝမ်းဗိုက်၊ ကျောကုန်းနှင့်ဘယ်ဖက်လက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ လက်နက်ကြီးကျည် စက သူ၏ဝမ်းဗိုက်ကိုထိမှန်၍ အူများထွက်လာကာ အူချင်းပြန်ဆက်ရန် ခွဲစိတ်ကုသခဲ့ရသည်။ ထို့အပြင် ဒဏ်ရာရရှိ သည့်ဘယ်ဖက်လက်တစ်ဖက်ကိုလည်း သူ၏ပေါင်အသားကိုယူ၍အစားထိုးထည့်ခဲ့ရသည်။ ထို့ကြောင့် ၎င်းကျောင်း သား၏ခန္ဓာကိုယ်သည် ဒဏ်ရာများကြောင့် အနည်းငယ်ပုံပျက်သွားခဲ့သည်။ အသက် (၁၄) နှစ်သာရှိသည့် စောလ--- သည် သူဘယ်လိုဒဏ်ရာရရှိခဲ့ကြောင်း ယခုလိုရှင်းပြသည်။ “ကျောင်းဆင်းပြီးတဲ့ နောက်မှာ သားလည်းအိမ်ကိုပြန်ပြီး ဘောလုံးသွားကန်မယ်။ အဲဒါကြောင့် သားသူငယ်ချင်းနဲ့ဆိုင်ကယ်စီးပြီး လက်အိတ်၊ ခြေစွပ်တွေကိုသွားယူမယ်ပေါ့။ သားသူငယ်ချင်းက ဆိုင်ကယ်မောင်းတယ်။ သားက ဆိုင်ကယ် နောက်မှာလိုက်စီးတယ်။ အဲဒီနေရာကိုရောက်တော့ (ကျောင်းအုပ်ကြီး၏နေအိမ်အနီး) လက်နက်ကြီးတစ်လုံးက ကျပြီးပေါက်ကွဲသွားတယ်။ အဲဒါကြောင့် သားရဲ့ဗိုက်၊ လက်၊ ခြေထောက်နဲ့ကျောကုန်းမှာ ကျည်စထိမှန်သွားတယ်။ သားရဲ့သူငယ်ချင်းလည်း လက်နဲ့ဗိုက်မှာဒဏ်ရာရသွား တယ်။ သားနဲ့သားသူငယ်ချင်းကို လက်နက်ကြီးစထိမှန်တဲ့အချိန်မှာ ဆိုင်ကယ်ပေါ်ကလဲကျသွားတယ်။ ဒဏ်ရာထိသွား တဲ့ အချိန်က ဘယ်အချိန်လဲအတိအကျတော့မမှတ်မိဘူး။ ဒါပေမဲ့ ညနေပိုင်းလောက်မှာဖြစ်သွားတာ။ ဆိုင်ကယ်လည်း ပျက်စီးသွားတယ်။” အခင်းဖြစ်ပွားသည့်နေရာအနီးတွင်နေထိုင်သောရွာသားနှစ်ဦးသည် ဒဏ်ရာရနေသည့်ကျောင်းသား နှစ်ဦးဆီကို ပြေးလာပြီးကူညီခဲ့သည်။ စောလ--- ကဤသို့ဆက်ပြောသည်။ “ပြီးတော့ သားကို အအ--- မှာရှိတဲ့ဆေးရုံကို ခေါ်သွားတယ်။ သားဒဏ်ရာထိပြီးနောက်မှာ သားရဲ့ဆရာ၊ ဆရာမတွေလည်း သားဆီကိုလာလည်တယ်။ ဒီလိုလက် နက်ကြီးပစ်ပြီးနောက်မှာ ရွာသားတွေကြောက်ကုန်ကြတယ်။ အဲဒါကြောင့် သူတို့တွေတစ်ခြားရွာမှာ သွားပြေးနေရ တယ်။ သားလည်းဒဏ်ရာရသွားတော့ ဝမ်းနည်းမိတယ်။ ဒီလိုအဖြစ်အပျက်တွေ သားရဲ့ရွာမှာ နောက်ထပ်မဖြစ်ပါစေနဲ့ လို့ဆုတောင်းတယ်။”

 

အအ--- ကျေးရွာရှိ ဆေးရုံသည် ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW) မှစီမံခန့်ခွဲသောဆေးရုံဖြစ်သည်။ ယခုအချိန်တွင် (၂၀၂၄ ခုနှစ်၊ မတ်လ) ထိုကျောင်းသားသည် (စောလ---) ထိုင်းနိုင်ငံရှိ ခခ--- ဒုက္ခသည်စခန်းသို့သွား ရောက်၍ ဆေးကုသမှုခံယူကာ သူ၏ဆွေမျိုးအိမ်တွင်နေထိုင်နေကြောင်း သိရှိရသည်။         

 

  • အသက် (၁၆) နှစ်အရွယ် စောယ--- ဒဏ်ရာရှိမှု

ဆိုင်ကယ်ကိုမောင်းနှင်လာသော အခြားကျောင်းသားတစ်ဦးဖြစ်သူ စောယ--- သည် သူ၏ဘယ်ဖက်လက်တွင် ဒဏ်ရာ ရရှိခဲ့သည်။ သူသည် ဆေးရုံသို့ရောက်ရောက်ချင်း အသက်ရှုမဝဖြစ်နေ၍ အောက်စီဂျင်ဗူးနှင့်အသက်ရှုနေရကြောင်း သိ ရှိရသည်။ ထို့ကြောင့် ခွဲစိတ်ဆရာဝန်က ထိုကျောင်းသား၏ခန္ဓာကိုယ်ထဲ ကျည်စထိမှန်ကျန်ခဲ့သည်ဟုထင်၍ ခွဲစိတ်မှုပြု လုပ်ကာ နေရာအနှံ့ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ရှိခဲ့ပေ။ အဆိုပါကျောင်းသားသည် ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ ပေ။ ထို့ကြောင့် စောလ--- ထက်ပိုစော၍ ဆေးရုံမှဆင်းခွင့်ရခဲ့သည်။ အကြောင်းမှာ စောလ--- သည် စောယ--- ထက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်။

 

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းဆရာမ နော်န--- ကဤသို့ထပ်မံရှင်းပြခဲ့သည်။ “ကျွန်မရဲ့ကျောင်းသားတွေ ဒဏ်ရာရ သွားတာသိတော့ စိတ်ထိခိုက်ပြီးသတိမေ့သွားမတတ်ပဲ။ (ထိုနေ့တွင်) လက်နက်ကြီးပစ်တာပြီးသွားတဲ့နောက်မှာ ကျွန်မ တို့တွေ ကျောင်းကိုရက်အတော်ကြာပိတ်လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ (နောက်တစ်ခါ လက်နက်ကြီးပစ်မှာကို) ကျွန်မတို့ကြောက်မိတယ်။ ကျွန်မတို့ကျောင်းအနီးမှာ ဗုံးခိုကျင်းတွေဆောက်လုပ်ခဲ့တယ်။ အဲဒါဆိုရင် လက်နက်ကြီး ပစ်တာဖြစ်ဖြစ်၊ လေယာဉ်နဲ့လာပြီးပစ်တာဖြစ်ဖြစ် ကျွန်မတို့ကျောင်းသားတွေ ဗုံးခိုကျင်းထဲကိုဝင်ပုန်းခိုင်းပြီး လုံခြုံ အောင်ထားရမယ်။ ကျွန်မတို့ကျောင်းက KG (မူကြို) ကနေ (၈) တန်း အထိရှိတယ်။ (…) သူတို့တွေ ဒီလိုပဲလက်နက် ကြီးတွေပစ်မယ်၊ လေယာဉ်နဲ့ပစ်မယ်ဆိုရင် ကလေးနဲ့ရွာသားတွေအတွက် လုံခြုံမှုရှိတော့မှာမဟုတ်ဘူး။ ဒီလိုအခြေအ နေနဲ့ပတ်သက်ပြီး အမြဲတမ်းသတိထားနေထိုင်ရမယ်။” နော်န--- ရှင်းပြခဲ့သည့်အတိုင်း လက်နက်ကြီးပစ်ခတ်မှု ဖြစ်ပွား ပြီးနောက် အအ--- ကျေးရွာရှိ တစ်ချို့ရွာသားများသည် အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တစ်ချို့ရွာသား လည်း ကျေးရွာတွင် ဆက်လက်နေထိုင်ခဲ့သည်။ ထို့နောက် ရွာသားများသည် အကာအကွယ်ရရှိရန်အတွက် ဗုံးခိုကျင်း များ ဆောက်လုပ်ထားကြသည်။

 

  • လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများပိုင်ဆိုင်သည့်အရာများပျက်စီးခြင်း

ပထမလက်နက်ကြီးပစ်ခတ်မှုတွင် ကျောင်းသားနှစ်ဦးဒဏ်ရာရရှိပြီးနောက် မကြာမီအတွင်း ဒုတိယလက်နက်ကြီးတစ် လုံးသည် နော်က--- ၏နေအိမ်အရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ နော်က--- သည် အအ--- ကျေးရွာရှိ KECD စီမံ ခန့်ခွဲသောအလယ်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ယူဆောင်ရွက်သည်။ ထိုလက်နက်ကြီး ပေါက်ကွဲမှုတွင် သူမ၏နေအိမ်တံခါး၊ ပြတင်းပေါက်များ၊ ဆိုဖာ၊ အိမ်ရှေ့အမိုးသွပ်ပြား၊ ဘုရားစင်မှန်၊ ခြေဆေးကန်နှင့် အိမ်တွင်းရှိအခန်းများကို ကျည်စများထိမှန်၍ ပျက်စီးသွားခဲ့သည်။ နော်က--- သည် ကလေးနှစ်ဦး၏မိခင်ဖြစ်သည်။ သူ မ၏အမျိုးသားသည် မိသားစုစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေလျက်ရှိသည်။  

 

ထို့အပြင် အအ--- ကျေးရွာတွင်နေထိုင်သော ဆေးဆရာမတစ်ဦးဖြစ်သူ နော်မ--- ပိုင်ဆိုင်သည့် (Dream 125) ဆိုင် ကယ် တစ်စီးလည်း လက်နက်ကြီးစများထိမှန်၍ ပျက်စီးသွားခဲ့သည်။ နော်မ--- သည် ကမမောင်းမြို့ (တပ်စခန်းမှ) လက်နက် ကြီးပစ်ခတ်သံကြားရပြီးချင်း ကျေးရွာတွင်းသို့အမြန်ပြန်လာခဲ့သည်။ ထို့နောက် (ဒုတိယ) လက်နက်ကြီးတစ် လုံးသည် အအ---ကျေးရွာရှိ သူမဆိုင်ကယ်ထားရှိသည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ သူမ၏ဆိုင်ကယ်အင်ဂျင် နှင့်တစ်ခြားပစ္စည်းများ ဆိုးဆိုးရွားရွားထိမှန်ပျက်စီးခဲ့သည်။

 

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် SAC သည် ဒူးသထူခရိုင်၊ သထူ (သထုံ) မြို့နယ်၊ ဖျာဝေါ်ကျေးရွာ အုပ်စု၊ အဘ--- ကျေးရွာအနီးပတ်ဝန်းကျင်တွင် လေယာဉ်ဖြင့်လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ သည်။ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင်) အအ--- ကျေးရွာသို့ SAC လက်နက်ကြီး များရမ်းသမ်းပစ်ခတ်သဖြင့် ကျောင်းသားများဒဏ်ရာရပြီး လူနေအိမ်ပိုင်ဆိုင်မှုများပျက်စီးခြင်းနှင့် ဖေဖော်ဝါရီလ တွင် (အဘ--- ကျေးရွာကိုလည်း) လေကြောင်းဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် ဖျာဝေါ်ကျေးရွာအုပ်စုတွင် နေထိုင်ကြသော ရွာသားများအားလုံးနီးပါးသည် ကြောက်ရွံ့ကြ၍ ၎င်းတို့ဆွေမျိုးများရှိသော နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန်အတွက် (KHRG အင်တာဗျူးခဲ့သော လက်နက်ကြီးထိမှန်သည့် ကျောင်းသားနှင့် ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည့်ကျောင်းဆရာမတစ်ဦးတို့မှ) ခွင့်ပြုချက်ပေးထားပါသည်။