ဘူးသိုနှင့်ဒွယ်လိုးမြို့နယ်များတွင် SAC လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပွားခဲ့သော ထိခိုက်ပျက်စီးမှုများ
(၂၀၂၄ ခုနှစ်၊ မတ်လနှင့်ဧပြီလအတွင်း) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် (မူကြော်ခရိုင်၊ ဖာပွန်မြို့ဒေသရှိ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၄၀) တပ်စခန်း၊ ခမရ (၃၄၁) တပ်စခန်း၊ ခမရ (၄၃၄) တပ်စခန်းနှင့် SAC ဗျူဟာကုန်းတို့ကို ဒရုန်းဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ ရှိသည်။ KNLA မှ ဤသို့ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် SAC သည် ၎င်းတို့တပ်စခန်းများအနီးနားတွင် တည်ရှိ သော ကျေးရွာများကို မကြာခဏ လေကြောင်းဖြင့်တိုက်ခိုက်လေ့ရှိသည်။ တစ်ရက်ထဲတွင်ပင် SAC သည် အနီးအနားရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုအကြိမ် (၁၀) ကြိမ်မှ (၄၀) ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ SAC တပ်စ ခန်းများအနီးနားတွင်တည်ရှိပြီး လေကြောင်းဖြင့်တိုက်ခိုက်ခံရသော ကျေးရွာများမှာ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ် ကလောကျေးရွာအုပ်စုရှိ အဆ---၊ အဒ---၊ အဃ---၊ အဖ---၊ အဘ---နှင့် အဂ---ကျေးရွာများ - မူတြော်ခရိုင်၊ ဒွယ်လိုး မြို့နယ်၊ မာထောကျေးရွာအုပ်စုရှိ အဟ---၊ အဧ---နှင့် အသ---ကျေးရွာများနှင့် မူတြော်ခရိုင်၊ ဖာပွန်မြို့၊ ရပ်ကွက် (၁) နှင့် (၂)တို့ဖြစ်သည်။
(၂၀၂၄ ခုနှစ်၊ မတ်လအတွင်း) SAC သည် ဖာပွန်မြို့ဒေသအတွင်း လေကြောင်းဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ ထို့ကြောင့် ဖာပွန်မြို့အနီးနားတွင်နေထိုင်ကြသော ရွာသားများသည် (ဒူးသထူခရိုင်ရှိ) ကမာမောင်းမြို့၊ (ဘားအံ ခရိုင်ရှိ) ခေါတောမြို့ (မြိုင်ကြီးငူ) နှင့် (ဒူးသထူခရိုင်ရှိ) ဘားအံမြို့သို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။ (၂၀၂၄ ခုနှစ်၊ မတ်လ အတွင်း) SAC ပြုလုပ်ခဲ့သောလေကြောင်းတိုက်ခိုက်မှုများကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ရွာသားများသည် သေ ဆုံး၊ ဒဏ်ရာရရှိမှုများရှိပြီး လူနေအိမ်များလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
(ဖာပွန်မြို့ဒေသအတွင်းရှိ) ကျေးရွာများနှင့်နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ SAC စစ်သားများတိုက်ခိုက်ခံရသည့်အချိန် တိုင်းတွင် SAC သည် ကျေးရွာများအား လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်လေ့ရှိသည်။ SAC သည် ၎င်းတို့ရန်သူ ဖြစ်သော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များထက် အရပ်သားများကို ပို၍ပစ်မှတ်ထားတိုက်ခိုက်လေ့ကြောင်း တွေ့ ရှိရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ရက်နေ့ - ဒွယ်လိုးမြို့နယ်တွင်ဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှု
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မနက် (၁း၃၀) မိနစ်တွင် SAC လေယာဉ်တစ်စီးသည် ဒွယ်လိုးမြို့နယ်၊ ထီးသာဘလုထ ကျေးရွာအုပ်စု၊ အအ--- ကျေးရွာအတွင်း ဗုံးများကြဲချခဲ့သည်။ (အအ---ကျေးရွာသည် ဖာပွန်ဒေသအနီးတွင် တည်ရှိ သည်။) SAC သည် ထိုကျေးရွာဒေသအတွင်း စုစုပေါင်းဗုံး (၂၈) လုံးပစ်ချခဲ့သည်။ (ဤဗုံးအရေအတွက်ကို ဒေသခံတစ်ဦး သည် ဗုံး (၂၈) လုံးပေါက်ကွဲသည့်အသံကိုကြားခဲ့ပြီး ရေတွက်ခဲ့ခြင်းဖြစ်သည်။)
အဆိုပါဗုံး (၂၈) လုံးအနက် ငါးလုံးမှာ အအ--- ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီး ကျောင်းနံရံ၊ မီးဖိုချောင်နံရံနှင့် ထမင်းစားဆောင်၏ခေါင်မိုးတို့ကို ထိမှန်ပျက်စီးသွားခဲ့သည်။ ထို့အပြင် ဗုံးပေါက်ကွဲမှု သည် အနီးနားရှိ ရွာသားများ၏နေအိမ်များကိုလည်း ထိမှန်ပျက်စီးခဲ့သည်။ ထိုအထဲတွင် ရွာသားတစ်ဦးဖြစ်သူ စောအ---၏အိမ်နံရံနှင့် စောဘ---၏အိမ်သာတစ်လုံးနှင့်ရေသိုလှောင်ကန်တစ်ကန်လည်း ပျက်စီးသွားခဲ့သည်။ ဗုံးသုံးလုံးသည် စောဆ---၏ဥယျာဉ်ခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ စောဆ---၏ဥယျာဉ်ခြံသည် စောဒ---၏အိမ်နှင့် စောဃ---၏ အိမ်တို့နှင့်နီးကပ်လျက်ရှိသည်။ ဗုံးပေါက်ကွဲမှုကြောင့် စောဒ---၏အိမ်နံရံနှင့် အိမ်ခေါင်မိုးကို ထိမှန်ပျက်စီးခဲ့သည်။ စောဃ---၏အိမ်လည်း ထိမှန်ပျက်စီးခဲ့သည်။ ဗုံးသုံးလုံးသည် စောဖ---၏အိမ်အနီးနားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ (သို့သော်လည်း စောဖ---၏အိမ်ကို ထိမှန်ပျက်စီးခြင်းမရှိခဲ့ပေ။) ဗုံးသုံးလုံးသည် စောဂ---၏အိမ်အနီးနားတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်း၏အိမ်ခေါင်မိုး၊ အိုးခွက်တို့ကို ထိမှန်ပျက်စီးပြီး ကြက်တစ်ကောင်လည်း ထိမှန်သေဆုံးခဲ့သည်။ ကျန်ရှိ သောဗုံးများသည် အအ---ကျေးရွာဒေသအတွင်းရှိ လယ်ယာများနှင့်စိုက်ပျိုးခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုမဖြစ်ပွားမီအချိန်၌ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နှင့် ၃၁ရက်နေ့တွင် SAC လေယာဉ်တစ်စီး သည် ဖာပွန်မြို့ဒေသအတွင်း နှစ်ရက်ကြာ ဝေဟင်ကင်းထောက်လှမ်းမှုပြုလုပ်ခဲ့သည်။ SAC သည် အအ--- ကျေးရွာအ တွင်းသို့ ဗုံးများပစ်ချရာတွင် မည်သည့်ရွာသားမှ ထိမှန်ဒဏ်ရာရခြင်းမရှိခဲ့ပေ။ အကြောင်းမှာ ရွာသားများသည် ကြိုတင် ၍ ထွက်ပြေးပုန်းရှောင်နေခဲ့ပြီးဖြစ်သည်။) အအ---ရွာသားများသည် ကျေးရွာထဲတွင် နေထိုင်ရန်ကြောက်ရွံ့သော ကြောင့် ၎င်းတို့လယ်ယာများ၊ စိုက်ပျိုးခြံများထဲရှိတဲအိမ်များနှင့် တောထဲတွင် သွားရောက်ပုန်းရှောင်နေထိုင်ကြသည်။ (၂၀၂၅ ခုနှစ်၊ ဖေဖော်ရီလအထိတွင်ပင် ရွာသားများသည် တောထဲတွင် ဆက်လက်ပုန်းရှောင်နေထိုင်နေရဆဲဖြစ်သည်။)
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ရက်နေ့နှင့် ၁၄ရက်နေ့ - ဘူးသိုမြို့နယ်တွင်ဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှု
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မနက် (ရး၃၀) မိနစ်တွင် SAC လေယာဉ်တစ်စီးသည် ဘူးသိုမြို့နယ်၊ မယ်ကလောကျေး ရွာအုပ်စု၊ အဘ--- ကျေးရွာတွင် ဗုံးများကြဲချခဲ့သည်။ SAC လေယာဉ်သည် အဘ--- ကျေးရွာတွင်း ဗုံးများပစ်ချ၍ ပေါက်ကွဲသွားသောကြောင့် ရွာသားတစ်ဦးဖြစ်သူ ဦးဟ---၏နေအိမ်ခေါင်မိုးကို ထိမှန်ပျက်စီးသွားခဲ့သည်။ ထို့အပြင် ရွာသားတစ်ဦးဖြစ်သူ ဦးဧ---၏နေအိမ်တစ်လုံးအပါအဝင် ၎င်း၏အုန်းပင်များ၊ စိုက်ပျိုးပင်များနှင့်အိမ်ပရိဘောဂများ လည်း ထိမှန်ပျက်စီးသွားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ မနက် (၁၀) နာရီတွင် SAC လေယာဉ်တစ်စီးသည် မယ်ကလောကျေးရွာအုပ်စုရှိ အဘ---ကျေးရွာကို ဗုံးများ နောက်တစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့ပြန်သည်။ ဗုံးများသည် စောဧ---၏အိမ်အနီးနားတွင် ကျရောက် ပေါက်ကွဲပြီး ၎င်း၏အိမ်နံရံနှင့်ခေါင်မိုးတို့ကို ထိမှန်ပျက်စီးသွားခဲ့သည်။ ဗုံးတစ်လုံးသည် စောသ---၏အိမ်အနောက်တွင် ကျရောက်ခဲ့သော်လည်း မပေါက်ကွဲဘဲရှိနေသည်။ ဗုံးတော်တော်များများသည် ကျေးရွာ (အဘ--- ကျေးရွာ)နှင့်လမ်း များပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။
SAC လေကြောင်းတိုက်ခိုက်မှုများကြောင့် (ဖာပွန်မြို့အနီးတွင်တည်ရှိသောကျေးရွာများမှ) ရွာသားများသည် ၎င်းတို့ရပ် ရွာဒေသမှ ထွက်ပြေးတိမ်းရှောင်ကြရပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ ပေ။ ထို့အတွက်ကြောင့် ရွာသားများသည် အနာဂတ်တွင် (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း) စားနပ်ရိက္ခာလုံလောက် မှုမရှိသည့်အခြေအနေနှင့်ရင်ဆိုင်ကြုံတွေ့ရမည်ကို စိုးရိမ်နေရသည်။