Fri, 05 Apr 2024
ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်အတွင်း ရွာသားများအနေဖြင့် အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေခံရသောအခြေအနေကို ဖော်ပြထားသည်။ အဓမ္မစစ်မှုထမ်းခိုင်းစေသည့်ဖြစ်စဉ်များသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့ပြီး ဤအစီရင်ခံစာအား ရေးသားထုတ်ဝေသည့်အထိ ၂၀၂၄ခုနှစ်၊ ဧပြီလ တွင်ပင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ လယ်ကဆောမြို့နယ်၊ ဘ---ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် နေထိုင် သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများနှင့် SAC လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့သည် ရွာသား များအား စစ်မှုထမ်းဆောင်ရန် အတင်းအဓမ္မခိုင်းစေခဲ့သည်။ အ---ကျေးရွာမှ ရွာသားများအနေဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ ထံတွင် စစ်မှုထမ်းဆောင်ရန်ငြင်းဆိုပါက ရွာမှ နှင်ထုတ်ခံရမည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။ ထို့အပြင် SAC နှင့် ပြည်သူ့ စစ်တပ်ဖွဲ့သည် အ---ကျေးရွာရှိ SAC တပ်စခန်း၏ဂိတ်ကို တစ်ပတ်လျှင် ရွာသား (၇)ဦးမှ ကင်းစောင့်ပေးရန်အတွက် ဒေသခံများအား ခိုင်းစေခဲ့သည်။ ဤကဲ့သို့သောလုပ်ရပ်များကြောင့် ကျေးရွာထဲတွင် လုံခြုံစိတ်ချမှုမရှိတော့ကြောင်း ခံစားရသည့်အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
Tue, 26 Mar 2024
ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဖော်ပြထား သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြည်ထဲရေးဝန်ကြီးဌာနမှ အာဏာပိုင် များသည် ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စုနှင့် အခြားကျေးရွာအုပ်စုများရှိ ကျေးရွာအလိုက် SAC ခန့်အပ်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူကြီးများကိုခေါ်ယူတွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူကြီးများအနေဖြင့် ၎င်းတို့ကျေးရွာမှ ရွာသားများကို တပ်မတော်အတွက် တပ်သားသစ်များ စုဆောင်းပေးရန် အမိန့်ပေးညွှန်ကြားခဲ့သည်။ တပ်သားအဖြစ်မလုပ်ဆောင်ရ သည့်ရွာသားများသည်လည်း ငွေကြေးပေးဆောင်ရမည်ဟုလည်း ပြောကြားခဲ့သည်။ ထို့ကြောင့် ရွာသားများကို မဲနှိုက်စနစ်ဖြင့်ကျင့်သုံး၍ အဓမ္မစစ်သားစုဆောင်းခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒေးလိုမူနူကျေးရွာအုပ်စုရှိ က---ကျေးရွာမှ အနည်းဆုံး ရွာသား (၆)ဦးသည် စစ်သားအဖြစ် အဓမ္မစစ်မှုထမ်းခိုင်းစေခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း က---ကျေးရွာမှ နောက်ထပ်ရွာသား (၄၀)ဦးသည် စစ်သားအဖြစ် အဓမ္မစစ်မှုထမ်းခိုင်းစေခံခဲ့ရပြန် သည်။ ဒေသခံရွာသားများသည် SAC မှ ၎င်းတို့အား အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် သို့မဟုတ် ဖမ်းဆီး၍စစ်သားအဖြစ် ခိုင်းစေမည်ကို ကြောက်ရွံ့ကြသောကြောင့် ရွာသားများသည် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်နေရပါသည်။
Fri, 22 Mar 2024
ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် တွင်ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းကို ဖော်ပြထားသည်။ အောက်တိုဘာလ ၂၅ရက်နေ့တွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၄၀၃)သည် ကစယ်ဒိုမြို့နယ်၊ ကစယ်ခလယ် ဒေသရှိ ကျေးရွာတစ်ရွာတွင် စစ်ကြောင်းထိုးလာသည့်အချိန်၌ ရွာသားတစ်ဦးကို အဓမ္မဖမ်းဆီးခဲ့သည်။ ထိုရွာသား၏ အမည်သည် ကိုက---ဖြစ်ပြီး အသက် (၃၁)နှစ်ရှိပြီးဖြစ်သည်။ ကိုက---အား မည်သည့်အကြောင်းကြောင့် ဖမ်ဆီးရ သည်ကို မသိရှိရပေ။ အခင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေသခံရွာသားများသည် ကျေးရွာအနီးနားတွင် သေဆုံးနေသော ကိုက---၏အလောင်းကို မြှုပ်နှံထားကြောင်းတွေ့ရှိခဲ့သည်။ ဤဖြစ်စဉ်ကြောင့် ရွာသားများကြားတွင် မလုံခြုံမှုများနှင့် အကြောက်တရားများအား ဖြစ်ပေါ်စေခဲ့သည်။ တစ်ချို့ရွာသားများသည်လည်း ဤကဲ့သို့ဖြစ်စဉ်မျိုးအားရှောင်ရှားရန် အတွက် နီးစပ်ရာကျေးရွာများ သို့မဟုတ် မြို့များသို့တိမ်းရှောင်၍ ခိုလှုံနေထိုင်ကြသည်။

နောက်ဆုံးရသတင်း

ကျွန်ုပ်တို့မှ လူထုအဖွဲ့ဝင်များအား ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတို့ကို မှတ်တမ်းတင်ရန် လေ့ကျင့်ပေးထားပြီး ရွာသားများ၏ ထင်မြင်ယူဆချက်များအားဝေမျှရန် ဘာသာပြန်ခြင်းနှင့် အစီရင်ခံစာများ ထုတ်ဝေခြင်းတို့အား ပြုလုပ်ပါ သည်။

ကျွန်ုပ်တို့မှ ရွာသားများ၏ဘဝများအပေါ် လွမ်းမိုးနိုင်မည့် ဆုံးဖြတ်ချက်ချသူများထံသို့ ၎င်းတို့၏အသံများ သေချာစွာရောက် ရှိစေရန် ပြည်တွင်းနှင့်နိုင်ငံတကာမှ လူ့အခွင့်အရေးဆိုင်ရာလုပ်ဆောင်သူများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့မှ ရွာသားများအား အလူ့အခွင့်အရေးဆိုင်ရာ အသိပညာရရှိရန်၊ ၎င်းတို့၏ အတွေ့အကြုံများ မျှဝေရန် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုမှ မိမိတို့ကိုယ်တိုင် ကာကွယ်သည့်နည်းလမ်းများ တိုးတက်ကောင်းမွန်လာစေရန် ကျေးရွာအဆင့် အလုပ်ရုံဆွေးနွေးပွဲများအား ပြုလုပ်ပေးပါသည်။

အနာဂတ်တွင် ဖြစ်ပွားလာနိုင်မည့် လူအခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ရန်နှင့် မှတ်တမ်းပြုစုရန်အတွက် ကျွန်ုပ်တို့မှ CBOs နှင့် EAOs များအား လူ့အခွင့်အရေးအသိပညာသင်တန်းများနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဥပဒေများဆိုင်ရာ သင်တန်းများကို ပို့ချသင်ကြားပေးပါသည်။

ထုတ်ပြန်ကြေညာချက်များ

အကြောင်းအရာအလိုက်နှစ်ချုပ်အစီရင်ခံစာများ ထုတ်နုတ်တင်ပြချက်အစီရင်ခံစာများ

သတင်းလွှာ