Fri, 22 Mar 2024
ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် တွင်ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းကို ဖော်ပြထားသည်။ အောက်တိုဘာလ ၂၅ရက်နေ့တွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၄၀၃)သည် ကစယ်ဒိုမြို့နယ်၊ ကစယ်ခလယ် ဒေသရှိ ကျေးရွာတစ်ရွာတွင် စစ်ကြောင်းထိုးလာသည့်အချိန်၌ ရွာသားတစ်ဦးကို အဓမ္မဖမ်းဆီးခဲ့သည်။ ထိုရွာသား၏ အမည်သည် ကိုက---ဖြစ်ပြီး အသက် (၃၁)နှစ်ရှိပြီးဖြစ်သည်။ ကိုက---အား မည်သည့်အကြောင်းကြောင့် ဖမ်ဆီးရ သည်ကို မသိရှိရပေ။ အခင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေသခံရွာသားများသည် ကျေးရွာအနီးနားတွင် သေဆုံးနေသော ကိုက---၏အလောင်းကို မြှုပ်နှံထားကြောင်းတွေ့ရှိခဲ့သည်။ ဤဖြစ်စဉ်ကြောင့် ရွာသားများကြားတွင် မလုံခြုံမှုများနှင့် အကြောက်တရားများအား ဖြစ်ပေါ်စေခဲ့သည်။ တစ်ချို့ရွာသားများသည်လည်း ဤကဲ့သို့ဖြစ်စဉ်မျိုးအားရှောင်ရှားရန် အတွက် နီးစပ်ရာကျေးရွာများ သို့မဟုတ် မြို့များသို့တိမ်းရှောင်၍ ခိုလှုံနေထိုင်ကြသည်။
Mon, 11 Mar 2024
ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့၌ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း)မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၀၇)သည် ငတိုးခင်ကျေးရွာအုပ်စု၊ န---ကျေးရွာအတွင်းသို့ လက် နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရွာသားနှစ်ဦးအား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုရွာသားနှစ်ဦးမှာ စောဆ--- (၄၆နှစ်) နှင့်နော်မ--- (၉နှစ်)တို့ဖြစ်သည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် စောဆ---၏ကျောကုန်းတွင် ဒဏ်ရာရရှိခဲ့ပြီး နော်မ---၏ဘယ်လက်တစ်ဖက်တွင် လက်ချောင်းသုံးချောင်းပြတ်ထွက်ခဲ့သည်။ ထိုရွာသားနှစ်ဦးကို နီးစပ်ရာကျေးရွာဆေးခန်း သို့ပို့ဆောင်ခဲ့ပြီး ဒေသခံကျန်းမာရေးလုပ်သားတစ်ဦးမှ ၎င်းတို့အား ဆေးကုသပေးခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှု ကြောင့် ရွာသားများ၏နွားနှစ်ကောင်ကိုလည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ကျွန်ုပ်တို့မှ လူထုအဖွဲ့ဝင်များအား ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတို့ကို မှတ်တမ်းတင်ရန် လေ့ကျင့်ပေးထားပြီး ရွာသားများ၏ ထင်မြင်ယူဆချက်များအားဝေမျှရန် ဘာသာပြန်ခြင်းနှင့် အစီရင်ခံစာများ ထုတ်ဝေခြင်းတို့အား ပြုလုပ်ပါ သည်။

ကျွန်ုပ်တို့မှ ရွာသားများ၏ဘဝများအပေါ် လွမ်းမိုးနိုင်မည့် ဆုံးဖြတ်ချက်ချသူများထံသို့ ၎င်းတို့၏အသံများ သေချာစွာရောက် ရှိစေရန် ပြည်တွင်းနှင့်နိုင်ငံတကာမှ လူ့အခွင့်အရေးဆိုင်ရာလုပ်ဆောင်သူများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့မှ ရွာသားများအား အလူ့အခွင့်အရေးဆိုင်ရာ အသိပညာရရှိရန်၊ ၎င်းတို့၏ အတွေ့အကြုံများ မျှဝေရန် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုမှ မိမိတို့ကိုယ်တိုင် ကာကွယ်သည့်နည်းလမ်းများ တိုးတက်ကောင်းမွန်လာစေရန် ကျေးရွာအဆင့် အလုပ်ရုံဆွေးနွေးပွဲများအား ပြုလုပ်ပေးပါသည်။

အနာဂတ်တွင် ဖြစ်ပွားလာနိုင်မည့် လူအခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ရန်နှင့် မှတ်တမ်းပြုစုရန်အတွက် ကျွန်ုပ်တို့မှ CBOs နှင့် EAOs များအား လူ့အခွင့်အရေးအသိပညာသင်တန်းများနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဥပဒေများဆိုင်ရာ သင်တန်းများကို ပို့ချသင်ကြားပေးပါသည်။

ထုတ်ပြန်ကြေညာချက်များ

အကြောင်းအရာအလိုက်နှစ်ချုပ်အစီရင်ခံစာများ ထုတ်နုတ်တင်ပြချက်အစီရင်ခံစာများ

သတင်းလွှာ