Wed, 22 May 2019
အိမ်ပြန်ချိန်ကိုတမ်းတရင်း ငြိမ်းချမ်းမှုကိုမျှော်လင့်ခြင်း: မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နှစ်ရှည်ကြာနေ ရပ်စွန့်ခွာရခြင်း

အိမ်ပြန်ချိန်ကိုတမ်းတရင်း ငြိမ်းချမ်းမှုကိုမျှော်လင့်ခြင်း: မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နှစ်ရှည်ကြာနေ ရပ်စွန့်ခွာရခြင်း

ယနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့မှ ‘အိမ်ပြန်ချိန်ကိုတမ်းတရင်း ငြိမ်းချမ်းမှုကိုမျှော်လင့်ခြင်း: မြန်မာပြည်အ ရှေ့တောင်ပိုင်းတွင် နှစ်ရှည်ကြာနေရပ်စွန့်ခွာရခြင်း’ ခေါင်းစဉ်ဖြင့် အစီရင်ခံစာမိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဒိုင်း မွန်းကွန်ဒိုတွင် ပြုလုပ်ခဲ့ပါသည်။ ဤအစီရင်ခံစာတွင် (ဘားအံခရိုင်) မြိုင်ကြီးငူဒေသအတွင်း လူသားချင်းစာနာ ထောက်ပံ့မှု အခြေအနေများကို သုံးသပ်ဖော်ပြထားပါသည်။ စစ်ပြေးရှောင်ဒုက္ခသည်များ၏အသက်ရှင်နေထိုင်မှု အခြေအနေများ၊ နေရပ်စွန့်ခွာရခြင်း၏အကြောင်းတရားများနှင့် ၎င်းတို့၏ဇာတိရပ်ရွာသို့ ပြန်လည်နေထိုင်ရန် ကြုံတွေ့ရမည့် အတားအဆီး၊ အခက်အခဲများကိုလည်း သုံးသပ်တင်ပြထားပါသည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သာ်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသ ခံပြည်သူများ နေရပ်စွန့်ခွာရခြင်းသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အဓိကကျသည့်ပြဿနာတစ်ရပ် အဖြစ် တည်ရှိနေသည်ကို ဤအစီရင်ခံစာတွင် မီးမောင်းထိုးပြနေသည်ကို တွေ့ရမှာဖြစ်ပါသည်။ 

၂၀၁၆ခုနှစ်ကတည်းက စစ်ပြေးရှောင်ဒုက္ခသည်ပေါင်း ၅၆၁၀ ဦးသည် မြိုင်ကြီးငူဒေသရှိ ယာယီစခန်းများတွင် နေထိုင်ခဲ့ကြသည်။ မြိုင်ကြီးငူဒေသတွင် စစ်ပြေးရှောင်ဒုက္ခသည်များအတွက် လုံလောက်သော စားနပ်ရိက္ခာနှင့် သောက်သုံးရေ မရရှိခြင်း၊ သန့််ရှင်းပြီး လုံခြုံစိတ်ချရသော မိလ္လာနှင့် အညစ်အကြေးများ စွန့်ပစ်ရန် စနစ်များ မရှိခြင်း၊ အသက်ရှင်နေထိုင်ရန် အခြေခံလိုအပ်ချက်များ လုံလောက်စွာ မရရှိခြင်းတို့အပြင် အလုပ်အကိုင်အခွင့် အလမ်းများ မရရှိပေ။ လုံလောက်သော စားနပ်ရိက္ခာများ မရှိခြင်းကြောင့် အချို့သော ပြည်တွင်စစ်ပြေးရှောင် ဒုက္ခသည်များအား ထိခိုက်ဒဏ်ရာစေပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စားစရာ၊ အသီးအရွက် များ သွားရောက်ရှာဖွေနေရသည့် ဒေသများတွင် မြေမြှုပ်မိုင်းများ တည်ရှိနေသောကြောင့် ဖြစ်သည်။

တွေ့ဆုံမေးမြန်းခံရသူများ (၈၂) ရာခိုင်နှုန်း၏တင်ပြချက်များအရ မြေမြှုပ်မိုင်းများသည် ၎င်းတို့၏ကျေးရွာဒေသ သို့ ပြန်လည်နေထိုင်ရန်အတွက် အတားအဆီးတစ်ခုဖြစ်သည်။ ဒေသအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများနှင့် စစ်လှုပ်ရှားမှုများသည်လည်း မြိုင်ကြီးငူဒေသရှိ စစ်ပြေးရှောင်ဒုက္ခသည်များအတွက် ၎င်းတို့ကျေး ရွာဒေသသို့ ပြန်လည်နေထိုင်ရန် အတားအဆီးများဖြစ်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့၏ စည်းရုံးလှုံ့ဆော်သူ စောဝေလေးမှ ထုတ်ဖော်ပြောဆိုခဲ့သည်မှာ ၎င်းပြဿနာများကို ဖြေရှင်းရန်အတွက် လုပ်ဆောင်မှုတွေ အနည်း ငယ်သာရှိခဲ့ပါသည်။ “ချမှတ် ထားတဲ့ကတိကဝတ်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေခဲ့တာကို ကျွန်တော်တို့နားလည်ထားရမှာဖြစ်တယ်။ ငြိမ်းချမ်းမှုတွေရှိလာဖို့နဲ့ စစ်ပြေးရှောင်ဒုက္ခ သည်များ သူတို့ရဲ့ရပ်ရွာမှာ လုံလုံခြုံခြုံနဲ့ ပြန်လည်နေထိုင်နိုင်ဖို့အတွက် မြန်မာအစိုးရအပါအဝင် ကရင်အမျိုး သားအဖွဲ့အစည်းနဲ့ သက်ဆိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရဟာ စစ်ပြေးရှောင်ဒုက္ခသည်များရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ လက်တွေ့ကျတဲ့လုပ်ငန်းစဉ်တွေကို ချမှတ် ထားရမယ်။ ပြီးတော့ သူတို့တွေ ရဲ့ဂုဏ်သိက္ခာတွေကိုလည်း လေးစားတန်ဖိုးထားရမယ်။”

ထို့အပြင် စစ်ပြေးရှောင်ဒုက္ခသည်များ ၎င်းတို့ရပ်ရွာဒေသသို့ ပြန်လည်အခြေစိုက်နိုင်ရန်နှင့် ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းသည့်ဘဝများတွင် အသက်ရှင်နေထိုင်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအဖွဲ့အစည်း တို့မှ အတူတကွအကောင်အထည်ဖော်လုပ်ဆောင်ပေးရန် ကရင်လူ့အခွင့်အရေးအဖွဲ့မှ အကြုံပြုတိုက်တွန်း လိုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့၏ပရိုကရမ်ဒါရိုက်တာ  နော်ထူးထူးမှ မီးမောင်းထိုးပြခဲ့သည်မှာ “အနာ ဂါတ်မှာ စစ်ပြေးရှောင်ဒုက္ခသည်များဟာ သူတို့ရဲ့ဇာတိရပ်ရွာမှာ ပြန်လည်နေထိုင်မယ်ဆိုရင် သူတို့တွေ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပြန်လည်ထူထောင်နိုင်ဖို့အတွက် ငွေးကြေးထောက်ပံ့မှုတွေ ပေးဖို့ အရမ်းအ ရေးကြီးတယ်။ ဤပြဿာနာကို မဖြေရှင်းနိုင် ဘူးဆိုရင် သူတို့တွေကို ပိုမိုခက်ခဲတဲ့ အခြေအနေကိုတွန်းပို့စေပြီး သူတို့ရဲ့ဘဝမှာ မသေချာ၊ မရေရာမှုနဲ့ ကြုံတွေ့ရလိမ့်မယ်။ အဲဒီအပြင် သူတို့တွေဟာ အသက်မွေးဝမ်း ကျောင်း ပြုနိုင်ဖို့အတွက် အခြားသောအရပ်မှာ ရွှေ့ပြောင်းစေမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။”

ဤအစီရင်ခံစာမှ ပြည်တွင်းနှင့်နိုင်ငံတကာမှ ပါဝင်ပတ်သက်ဆုံးဖြတ်ချက်ချသူများသည် မြိုင်ကြီးငူဒေသရှိ ထောင်ပေါင်းများစွာသော စစ်ပြေးရှောင်ဒုက္ခသည်များ ကြုံတွေ့နေရသည့် စိန်ခေါ်မှု၊ အခက်အခဲများကို ပိုမိုနားလည်သိရှိလိမ့်မည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ မျှော်လင့်မိပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့၏ လက်တွေ့ကျသောအကြံပြုချက်များတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နေရပ်စွန့်ခွာရခြင်း၏ အဓိကအ ကြောင်းတရားများကို ရှာဖွေဖြေရှင်းရန်၊ စစ်ပြေးရှောင်ဒုက္ခသည်များ ၎င်းတို့ရပ်ရွာသို့ ဂုဏ်သိက္ခာရှိရှိနှင့် ပြန်လည်နေထိုင်နိုင်ရန်အတွက် သေချာပြုလုပ်ပေးရန်၊ ၎င်းတို့ကြုံတွေ့ခံစားနေရသည့် အခက်အခဲ၊ ပြဿနာ များအား ဖြေရှင်းပေးရန်အတွက် လိုအပ်သည့်လုပ်ငန်းစဉ်များ ချမှတ်ထားပေးရန် ပါဝင်ပတ်သက်ဆုံးဖြတ်ချက် ချသူများအားလုံးအား တိုက်တွန်းနှိုးဆော်ပါရသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရခြင်းသည် ဆယ်စုနှစ်များစွာ တည်ရှိနေခဲ့ပြီး ဒေသအတွင်း မရေမတွက်နိုင်သည့် လူသားချင်းစာနာထောက်ထားမှု ပြဿနာများအား ဖြစ်ပေါ်စေခဲ့သည်။ နှစ်ရှည်ကြာနေရပ်စွန့်ခွာစေမှုကို အဆုံးသတ်နိုင်ရန်အတွက် အားလုံး အစွမ်းကုန် ကြိုးစားလုပ်ဆောင်ရန် လိုအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်

စောဝေလေး - (waylay@khrg.org, +95 9 799913078).

နော်ထူးထူး - (htoothu@khrg.org, +95 9 774270479)

Wed, 22 May 2019

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်