Wed, 29 Aug 2018
လူထုပါဝင်ခွင့်မရှိသည့်ဖွံ့ဖြိုးရေးစီမံကိန်းများ- မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မြေယာသိမ်းယူမှုများနှင့်ကျေးလက်စွမ်းရည် လုပ်ဆောင်ချက်များ

   

ရန်ကုန်၊ ၂၀၁၈ခုနှစ် သြဂုတ်လ ၂၉ရက်

ယနေ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ “လူထုပါဝင်ခွင့်မရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းများ- မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မြေယာသိမ်းယူမှုများနှင့် ကျေးလက်စွမ်းရည်လုပ်ဆောင်ချက်များ”  ဆိုသည့်ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင်ကို ရန်ကုန် မြို့ရှိ Orchid ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ဤအစီရင်ခံစာတွင် စီးပွားဖြစ်ဖွံဖြိုးရေးစီမံကိန်း များနှင့်ရင်းနှီးမြှုပ်နှံမှုများပြားလာသည်နှင့်အမျှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်နေပြည်သူလူထုများ၏မြေယာအခွင့် အရေးများအား ကာကွယ်ရန်အတွက် ၎င်းတို့၏စုပေါင်းလုပ်ဆောင်ချက်များကို သုံးသပ်တင်ပြထားပါသည်။ ထို့ပြင် အကြီးစား စီးပွားဖြစ်ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ဖြစ်ပေါ်လာသော မြေယာသိမ်းဆည်းမှုနှင့် အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုတို့နှင့် စပ်လျဉ်း၍  ဒေသခံရွာသားများ ရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများကို ရည်ရွယ်ပြီး ရှင်းလင်းဖော်ပြထားပါသည်။    

ကရင်လူ့အခွင့်အရေးအဖွဲ့အနေဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်း၌ စစ်ရေးပဋိပက္ခများဖြစ်ပွားစဉ်ကာလအတွင်း ဒေသခံရွာ သားများမှ ၎င်းတို့၏လူ့ခွင့်အရေးဆိုင်ရာကြိုးပမ်းလုပ်ဆောင်မှုနည်းလမ်းများအား မီးမောင်းထိုးတင်ပြထားသည့် ‘Village Agency: Rural Rights and Resistance in Militarised Karen State’ ဟူသည့် အစီရင်ခံစာကို ထုတ်ဝေပြီး ဆယ်နှစ်အကြာ ဤ “လူ ထုပါဝင်ခွင့်မရှိသည့်ဖွံ့ဖြိုးရေးစီမံကိန်းများ- မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မြေယာသိမ်းယူမှုများနှင့်ကျေးလက်စွမ်းရည်လုပ် ဆောင်ချက်များ” အစီရင်ခံစာကို ထုတ်ဝေခြင်းဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် ၂၀၁၂ခုနှစ် ပဏာမပစ်ခတ်ရပ်စဲရေးနှင့် ၂၀၁၅ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသသောတူစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ဌာနေတိုင်းရင်းသားလူမျိုးများမှ မြေယာအခွင့်အရေးနှင့်ပတ်သက်သည့် ပဋိပက္ခများ ပိုမိုရင်ဆိုင်ကြုံတွေ့နေရသည်ကို မီးမောင်းထိုးဖော်ပြထားပါသည်။ မြန် မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်နေပြည်သူလူထုများမှာ မြေယာသိမ်းယူမှုနှင့်ပတ်သတ်၍ ပို၍နစ်နာခံစားရပါသည်။ အဘယ့်ကြောင့်ဆိုသော် လုံလောက်သောပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုမရှိဘဲ ရင်းနှီးမြှုပ်နှံမှုများ မြှင့်မားလာ ခြင်းနှင့်မြေယာအုပ်ချုပ်မှုစနစ်များရောယှက်နေခြင်းတို့ကြောင့်ဖြစ်သည်။ အဓမ္မမြေယာအသိမ်းယူမှုသည် ကျေးလက်နေပြည် သူများ၏ရေရှည်အသက်ဝမ်းကျောင်းကို ထိခိုက်စေပါသည်။   

သတင်းစာရှင်းလင်းပွဲတွင် ကရင်လူ့အခွင့်အရေးအဖွဲ့၏ညွန်ကြားရေးမှူး ဆရာမနော်ထူးထူးက အဓိကပြဿနာအကြောင်းရာ များကို ဆွေးနွေးခဲ့သည်မှာ- “ဒေသခံရွာသားတွေဟာ မိမိလုပ်နိုင်သလောက် သူတို့ရဲ့မြေယာနှင့်အခွင့်အရေးကို ခုခံ ကာကွယ်ဖို့ အစွမ်းကုန်ကြိုးပမ်းပေမဲ့ ကုမ္ပဏီတွေက သူတို့ရဲ့စီးပွားရေးလုပ်ငန်းကိုသာ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဖို့အ တွက် ဒေသခံလူထုရဲ့အခွင့်အရေးကို မျက်ကွယ်ပြုကြတယ်။ မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးနှစ်ရပ်လုံးဟာ ကျေးလက်နေပြည်သူလူထုရဲ့အခွင့်အရေးကို ကာကွယ်ဖို့ ထိရောက်လုံလောက်တဲ့လုပ်ဆောင်ချက်တွေ ပြုလုပ်တာတွေ မရှိဘူး”။

ကျေးလက်နေပြည်သူလူထုများအတွက် လုံခြုံစိတ်ချရသော မြေယာမှတ်ပုံတင်များရရှိရန် ကူညီပံ့ပိုးရာတွင် မြေယာပျက်စီး ဆုံရှုံးမှုနှင့်သိမ်းဆည်းမှုအတွက် မြန်မာအစိုးရနှင့် KNU အာဏာပိုင်များမှ မြေယာအရေးစောင့်ကြည့်ခြင်းနှင့်မြေယာပြဿနာ များကို ဖြေရှင်းရန် ၎င်းတို့၏ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ဆောင်နိုင်စွမ်းမြင့်တက်လာအောင် အရည်အသွေး မြှင့်တင်ပေး ရန် လိုအပ်ပါသည်။ ဤအစီရင်ခံစာမှ တရားဥပဒေအရသော်လည်းကောင်း ရိုးရာဓလေ့အရသော်လည်း မြေယာပိုင်ဆိုင် သော ဒေသခံပြည်သူများ၏ တူညီသော၊ ခွဲခြားမှုမရှိသော မြေယာပိုင်ဆိုင်မှုအခွင့်အရေးအမြှင့်တင်ပေးရန်နှင့် ကျေးလက် ဒေသအတွင်းဖြစ်ပွားသော မြေယာသိမ်းဆည်းမှုများ ပပျောက်စေရန် အစိုးရအာဏာပိုင်များအား တိုက်တွန်းအကြံပြုထားပါ သည်။    

လွတ်လပ်စွာကြိုတင်အသိပေးခြင်းနှင့် သဘောတူညီမှုရယူခြင်း (FPIC)၏လုပ်ထုံးလုပ်နည်းစည်းမျဉ်းများသည် NCA ၏ တစ် စိတ်တစ်ပိုင်းဖြစ်သော်လည်း ကျေးလက်နေပြည်သူလူထု၏သဘောထားအမြင်များအား ကုမ္ပဏီနှင့်အစိုးရအာဏာပိုင်များမှ အသိအမှတ်ပြုခြင်းမရှိပေ။ တောင်ငူခရိုင်မှ ဒေသခံအဖွဲ့ဝင်တစ်ဦး၏ တင်ပြချက်အရ-

“ရွာသားတွေနဲ့တွေ့ဆုံဆွေးနွေးမှုမရှိပဲစီမံကိန်းတစ်ခုကဂုဏ်သိက္ခာရှိရှိလုပ်ဆောင်တယ်လို့ ကျွန်တော့်အနေနဲ့အသိအမှတ် မပြုဘူး.... ကုမ္ပဏီတွေဖြစ်ဖြစ်တစ်ခြားဘယ်သူပဲဖြစ်ဖြစ်ဖွံ့ဖြိုးရေးစီမံကိန်းကိုဆောင်ရွက်ရာမှာအကောင်းဆုံးနည်းလမ်းက တော့ရွာသားတွေနဲ့အဓိပ္ပါယ်ပြည့်ဝစွာတွေ့ဆုံဆွေးနွေးမှုရှိဖို့ပဲ။”

ကျေးလက်နေပြည်သူလူထုများ မြေယာအခွင့်အရေးရရှိရန်အတွက် ဆက်လက်ကြိုးပမ်းမှုများအကြောင်းကို ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ နက်နဲနားလည်ရန် ဤအစီရင်ခံစာမှ ပံ့ပိုးပေးမည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ မျှော်လင့် ပါသည်။ မျက်မှောက်ကာလမြေယာအငြင်းပွားမှုများသည် မြန်မာပြည်အရှေ့တောင်ပိုင်း၏ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေး ရရှိရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် မြေယာအငြင်းပွားမှုများသည် နိုင်ငံရေးနှင့် လူမှုရေး မတည်ငြိမ်မှုအား ပိုမိုဆိုးရွားစေပါသည်။ ဒေသခံတိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့်မြေယာအခွင့်အရေးကို မြန်မာတစ်နိုင်ငံလုံးမှ လေးစားရမည်ဖြစ်သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့သည် လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်သောအဖွဲ့အစည်းဖြစ်ပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မကြာခဏ ၎င်းတို့၏အသံများ ဥပက္ခာပြုခြင်းခံရသည့် ရွာသူရွာသားများ၏အတွေးအမြင်များ ပိုမိုတိုးတက်ကောင်းမွန်လာ စေရန် လုပ်ဆောင်လျက်ရှိပါသည်။  ၁၉၉၂ခုနှစ်မှ စတင်ထူထောင်ထားသော ကရင်လူ့အခွင့်အရေးအဖွဲ့သည် ကွင်းဆင်း သုတေသနပြုခြင်း၊ မှတ်တမ်းပြုစုခြင်း၊ အစီရင်ခံစာရေးသားခြင်းနှင့် ပြည်တွင်းနှင့် နိုင်ငံတကာသို့ စည်းရုံးလှုံ့ဆော်ခြင်း များကို လုပ်ဆောင်လျက်ရှိပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့သည် ရွာသူရွာသားများအနေနှင့် ၎င်းတို့ကြုံတွေ့ခံစားရသော စိန်ခေါ်မှုများနှင့်လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်ရန်၊ မိမိကိုယ်ကို ခုခံကာကွယ်ရန် နည်းဗျူဟာများဖြစ်စေ၊ ဒေသခံအဆင့်တွင် မည်သို့စုပေါင်းကြိုးပမ်းမှုများ ပြုလုပ်နိုင်သည်ဖြစ်စေ စသောဗဟုသုတများရရှိရန် ကရင်လူ့အခွင့်အရေးအဖွဲ့မှ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးပါသည်။  

ဆက်သွယ်ရန်ဖုန်းနံပါတ်-

ဆရာမနော်ထူးထူး- ၀၉၇-၇၄၂၇-၀၄၇၉

စောနန္ဒာဆူး- ၀၉၇-၇၆၇၅-၃၇၉၀

Wed, 29 Aug 2018

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်